Saturday, December 17, 2011

ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည့် ကချင်စစ်ပြေးဒုက္ခသည်များ (ရုပ်သံ)

3 comments:

Anonymous said...

ဆရာသမားနှစ်ယောက်...
ကုပ်ချောင်း၊ကုပ်ချောင်း နဲ့ ရှေ့ ကို မဲ ကြည့်
မနေနဲ့ ။
နောက်ကျောက အဘတရုတ်ကြီးက တိုက်ခိုင်းတာ။
ပြည်နယ်ထဲဝင် ပေါက်စီ စားနေတာ
ကောင်းကောင်းကို မစားရဘူး။
စ စားမယ်ရှိသေး
တရုတ်ကြီးဖင် သွားဆိတ်တာကိုး..။
ကြားထဲက ငထွား(လူထု)ခါး နာတယ်။

ပြည်နယ်ထဲမှာ တရုတ်စီမံကိန်းများ အကောင်အထည်
ဖော်ရေး...တို့ အရေး၊တို့ အရေး..၊
စီမံကိန်းများ အောင်ရမည်။အောင်ရမည်..လို့ 
ကြွေးကြော်လိုက်..တိုက်ခိုင်းတာ ရပ်သွားလိမ့်မယ်။

ဘယ့်နှယ်..စပြီး တိုက်ခံရတုန်းက၊
တရုတ်ကြီး ဆီ စာပို့ ပြီး တိုင်ရတယ်လို့ ..။
အံ့ပါ့ ။
တရုတ်ကြီးက ကိုယ်တိုင်ကို ၀င်နွာချင်တာ။

နောက်တခါဆို..
စီမံကိန်းက တရုတ်အလုပ်သမားတွေရဲ့ 
ရှေ့ ဖြတ်ရှောက်ရင်တောင် လေမလည် မိစေနဲ့ နော်.။
ခင်လို့  အခမဲ့ အကြံပေးတာပါ။

International Youth Fellowship said...

are you making joke of others people life and dead?

Anonymous said...

ဆိုလိုရင်းက..

(ကြားထဲက ငထွား(လူထု)ခါး နာတယ်)=
တရုတ် စားခွက် သွားလှုပ်သူများကို
ရှင်းခိုင်းသည့် စီးပွားရေးစစ်ပွဲတွင်
ဒေသခံတိုင်းရင်းသားလူထုများမှာ ကြားထဲတွင်
မြေဇာပင်ဖြစ်ကြရလေ၏။

(တရုတ်ကြီးဖင် သွားဆိတ်တာကိုး) =
KIO က မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးရန် တရုတ်သမ္မတ ဟူကျင်းတောင်ထံ စာပေးပို့ခဲ့။ (၂၀ စက်တင်ဘာ)
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဒု နိုင်ငံခြားရေးတာဝန် ခံ ဗိုလ်မှူးကြီးဂျိမ်း(စ်)လွန်းဒေါင် ကျနော်တို့အနေနဲ့လည်း ဒီစီမံကိန်းကြီး ဆက်ပြီး မသွားအောင် ရပ်ထားတယ်။
စာပေးပို့ခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်တည်ရှိပြီး တရုတ်တို့ ပါဝင်ပတ်သက်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း အနီးတွင် KIA နှင့် အစိုးရအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။(၂၀ စက်တင်ဘာ)

(စီမံကိန်းက တရုတ်အလုပ်သမားတွေရဲ့ 
ရှေ့ ဖြတ်ရှောက်ရင်တောင် လေမလည် မိစေနဲ့ )=
KIA က အေးရှားဝေါလ်ကုမ္ပဏီအတွက် တရုတ်ပြည်မှ တင်သွင်းလာသော ဘိလပ်မြေ၊ သံထည် စသည့် ဆောက်လုပ်ရေး ပစ္စည်းများကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယနေ့အထိ ပိတ်ပင်ထားခြင်းဖြစ်သည်။ (၂၀ စက်တင်ဘာ)