ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသစစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။
ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ် ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာတဲ့ ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန် သတ်မှတ်ထားတဲ့ အရပ်ဒေသအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာဖြစ်ကြောင်း သိရပါတယ်။
လှူဒါန်းနိုင်သည့် နေရာများ
ဦးဥတ္တမသာရ - 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။
ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် - 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။
ကိုတာတာ - 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။
ကိုဇော်မင်းခိုင် - 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။
ကိုမြင့်သန်း - 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။
(သတင်းဓာတ်ပုံ-ညိုကြီး)
No comments:
Post a Comment