တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးမှာ ...
(၁) ကိုထွန်းမြင့်အောင်
(၂) ကိုစိုးထွန်း
(၃) ကိုကိုကြီး(စမ်းချောင်း)
(၄) ကိုမြတ်သူ
(၅) ကိုချစ်ကိုလင်း
(၆) ကိုဇော်ထက်ကိုကို
(၇) ကိုရဲဝင်း
(၈) မမီမီလွင်
(၉) မနုနုအောင်
(၁၀) မစမ်းစမ်းမော် တို့ဖြစ်ကြပါသည်။
ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်အား ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၀န်းရံကူညီမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ရပ်တည်နေမှုအနေအထားကို နားလည်သဘောပေါက်ပါကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ၈၈ ကျောင်းသားများနှင့် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကွဲပြားပုံကို တိတိကျကျ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၈၈ ကို ဖြတ်သန်းလာခဲ့သည့် ကျောင်းသားအားလုံး ၈၈ ကျောင်းသားဟူ၍ ခေါ်ဆိုနိုင်ပါကြောင်း၊ သို့သော် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် ကိုမြအေးတို့ ပြန်လည်လွတ်မြောက်လာပြီး ဖွဲ့စည်းတည်ထောင်ခဲ့သည့်အဖွဲ့မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဖြစ်ကြောင်း၊ ထိုအဖွဲ့ထဲတွင် ၈၈ ကျောင်းသားများ၊ ၉၆/၉၈ကျောင်းသားများနှင့် ယခုနောက်ပိုင်း ၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများပါ ပူးပေါင်းပါဝင်ကြောင်း၊ ၂၀၀၅ မှစတင်၍ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအဝင် ယနေ့အထိ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းများလည်း အခိုင်အမာရှိခဲ့ပြီး နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များတွင် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် လက်တွဲကာ ကြိုးစားရုန်းကန်ခဲ့ကြသော ကျောင်းသားများသည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်များဖြစ်ကြောင်း၊ ၈၈ ကျောင်းသားနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွင် မည်သို့ကွာခြားပုံ၊ သုံးစွဲသည့် တံဆိပ်အမှတ်အသားများ၊ လုပ်ငန်းတာဝန်ကို အတူတကွ တာဝန်ခွဲဝေလုပ်ကိုင်ပုံ စသည့်အကြောင်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် နှစ်ကာလများဆီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကြိုးပမ်းအားထုတ်ခဲ့သည့် တရားဟောပွဲများ၊ Campaign များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် အစဉ်တစိုက် ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံခဲ့ပြီး နောင်လည်း ဆက်လက် ဝန်းရံသွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ကိုမင်းကိုနိုင် ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ပြန်လည်ပြောကြားခဲ့သည်များမှာ ...
(၁) ပါတီမှတ်ပုံတင်ပြီးသည့်အခါ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက် ရွေးကောက်ပွဲပညာပေးဆိုင်ရာ သင်တန်းတွေ လိုအပ်ကြောင်း၊
(၂) ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် နည်းဥပဒေများကို နားလည်သိရှိရန် လိုအပ်ကြောင်း၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိရန် လိုအပ်ကြောင်း၊
(၄) အခြေခံဥပဒေထဲမှ မည်သည့်အချက်ကို အဘယ်ကြောင့် ပြောင်းလဲပြဌာန်းစေချင်သည်ကို လူအများသိရှိအောင် ပြည်သူလူထုကြားထဲထိရောက်အောင် အသိပေးရန် လိုအပ်ကြောင်း၊
(၅) NLD ပါတီအနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်သွားသည့်အခါတွင်လည်း အခြားနိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးအနေဖြင့် ဆက်လက်တည်ရှိနေရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအင်အားစုများအနေဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်သည်လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊
(၆) နိုင်ငံရေးအကျဉ်းသားများလည်း မကြာမီ ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း (မှတ်ချက်။ ။ မည်သည့်အချိန်တွင် ပြန်လည်လွတ်မြောက်လာမည်ဆိုသည်ကို “အန်တီ့အနေဖြင့် ဒီလောက်ပဲပြောနိုင်ပါတယ်” ဟု ပြန်ဖြေကြားခဲ့ပါသည်။)
(၇) လွှတ်တော်တွင်းဝင်ရောက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာရေးအတွက် အထောက်အကူပြုနိုင်သလို နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာခြင်းက လွှတ်တော်တွင်း နိုင်ငံရေးတိုးတက်မှု (ဒီမိုကရေစီ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု)ကို အပြန်အလှန်အားဖြင့် အထောက်အကူပြုနိုင်ကြောင်း၊
(၈) ရွှေည၀ါဆရာတော်ကြီးကိစ္စနှင့်ပတ်သက်၍လည်း NLD နှင့် အန်တီ့အနေဖြင့် အလေးထား ဆောင်ရွက်နေကြောင်း စသည်များကို ပြောကြားခဲ့ပါသည်။
၈၈ မျိုးဆက်ကျောင်းသားဦး
4 comments:
DASSK walking on the rope without
bamboo bar.
ဦးသိန်းစိန် ။ ။
" ဦးတို့ ရဲ့ အသွင်ကူးပြောင်းရေး ကြန့် ကြာတယ်သာ
ဆိုတယ်...
မောင်တို့ မယ်တို့ က...
ခုအချိန်ထိကို...
လူ နဲ့ အဖွဲ့ အစည်း ကိစ္စတွေနဲ့ မှာတင်..
ဂျွမ်းပစ်၊ နပန်းလုးံ၊ ချာလပတ်ရန်း ပြီး..... အပတ်မလည် ဖြစ်နေကြတာကိုး..."
" ဦးတို့ တောင်..တမလွန်ကို မျက်စောင်းထိုးနေပြီ..၊
ကဲပါလေ...ဦးတို့ မရှိတော့လဲ..ကိစ္စတော့မရှိပါဘူး။
ဦးတို့ လဲ...မျိုးဆက်သစ်ဖွဲ့ ပြီး..
မှာ ထားပေးခဲ့ပါမယ်..."
နားလည်မှုရှိဋ္ဌကတာကို ၀မ်းသာပါတယ်။
အဝေးက ငစနေ
(ရှော့ ဖြစ်သွားတဲ့ ဇာဂနာ)
ကျွန်ုပ် ပထမဦးစွာ ပြောဆိုလိုသည်ကား..
သတင်းထောက်များ ကလပ် (FCCT)သတင်းစာ ရှင်းလင်းပွဲတွင် ကျွန်ုပ်သည်လည်း ရှော့ ဖြစ်ခဲ့ရခြင်း အကြောင်းပင်တည်း။
“လေယာဉ်ကြီးကို တွေ့တဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်ကြီးကို
မြင်ရတဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်သွားတယ်၊ အဆောက်အအုံကြီးတွေ တံတားကြီးတွေ
ကောင်းမွန်တဲ့ လမ်းမကြီးတွေကို မြင်ရတဲ့ အခါမှာလည်း ကျနော်ရှော့ ဖြစ်သွားခဲ့တယ်” ဟု မစ္စတာဇာဂနာက ပြောလိုက်သည့် အချိန်သမယ
တွင် အံသြရမှုများ၊ ကျွန်ုပ်၏ ရင်ထဲ ဖြစ်တည်လာရတော့လေ၏။
နိုင်ငံတကာရုပ်ရှင် ဇာတ်ထုတ်ပေါင်းမြောက်မြားစွာကို
တစ်ခွေထဲတွင် ၁၀ထုတ်၊ အထုပ်၂၀ ထည့်သွင်းကာ ဈေးနှုန်းသက်သာသက်သာဖြင့်
ပျော်ပျော်ကြီး အားပေးနေမှုများရှိနေနိုင်သည့်
နိုင်ငံရှိ အနုပညာရှင်မစ္စတာဇာဂနာ သည်ကား
မကြည့်ရှု ခြင်းကြောင့် နိုင်ငံတကာအကြောင်းကို မသိရှိရလေခြင်းလားဆိုသည့် မေးခွန်းများ ကျွန်ုပ်၏ခေါင်းထဲ အစီအရီ ပေါ်ပေါက်ခြင်းမက
ပေါ်ပေါက် လာရကာ၊
နိဂုံ တွင် ရှော့ ဖြစ်ခဲ့ရပြီး အနီးရှိ သတင်းထောက်တစ်ဦးအား အကူအညီ
တောင်းခဲ့ရလေတော့၏။
" မိတ်ဆွေကြီး ခင်ဗျား...ခေါင်းကိုက်ပျောက်ဆေး
လေးများ မိတ်ဆွေကြီးမှာပါခဲ့လျှင်၊ ကျေးဇူးပြုရ်ျ ကျွန်ုပ်ကို တစ်လုးံလောက် ပေးစေလိုပါသည်.."
(မှတ်ချက်။ ။ သတင်းစာ ရှင်းလင်းပွဲတက်ရောက်ခဲ့သူ သတင်းထောက် မစ္စတာ ဘားကလပ် မိုက်ကယ်အဲရစ်လွှတ်ဆွ ၏ ပြောဆိုချက်များကို ဘာသာပြန်ပါသည်)
Post a Comment