မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီလ် ၆၉ နှစ်မှာ ကွယ်လွန် (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:26 AM
Labels: ဗွီဒီယိုမှတ်တမ်း
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
2 comments:
မြောက်ကိုရီးယား မှာ အာဏာရှင် ချီးမွမ်းတဲ့ အခန်းအနားတွေ အစီအစဉ်တွေမှာ ရှိရှိသမျှအကုန် တက်ညီလက်ညီ ချီးမွမ်းရပုံရှိတယ်။ မလုပ်ရင် မလုပ်တဲ့လူ နာမယ်ဆိုပြီး ငယ်ငယ်ကတည်း က ရိုက်သွင်းခံခဲ့ရပုံရပါတယ်။ အဲ့ဒါကြောင့် သူတို့တွေ အမျိုးသားနေ့ တို့ ဘာတို့ အခန်းအနားတွေမှာ လိုသည်ထက်ပိုပြီး တက်ကြွစွာ လုပ်ပြတာ မကြာခန မြင်တွေ့ရပါတယ်။ နိုင်ငံတကာ က စားစရာ တွေ ရလို့ စားရတဲ့ အခါမှာ လည်း ခေါင်းဆောင်ကြီးကြောင့်၊ နိုင်ငံတကာ ဆေး ပါ ရ ဂူတွေ ကုပေးလို့ ရောဂါ ပျောက်သွားရင်လည်း ခေါင်းဆောင်ကြီးကြောင့် ဆိုပြီး ငိုယိုချီးမွမ်းတာကြည့်ခဲ့ ဖူးပါတယ်။ အခု ဒီလူ့ အတ္တကောင်ကြီးသေ တော့လည်း ငယ်ငယ်ကတည်းက ရိုက်သွင်းခံခဲ့ရလို့လား ၊ ဒါမှမဟုတ် မလုပ်ရင် နာမှာစိုးလို့လားမသိ၊ ငိုယိုပြ နေကြရပြန်ပြီ။ ကိုယ့်တိုင်းပြည် ကို ဒီလောက် စုတ်ပြတ်သတ် အငတ်ဘေးသင့်အောင် လုပ်ခဲ့တဲ့ ဒီသားအဖတွေအတွက် ငိုယိုပြနေရတဲ့ ဒုက္ခ မသေးလှပါလားနော်။
(ငယ်ငယ်ကတည်းက ရိုက်သွင်းခံခဲ့ရပုံ ရပါတယ်)
ငယ်စဉ်ကတည်းကကို ရိုက်သွင်းပစ်လိုက်တာပါ။
(မလုပ်ရင် နာမှာစိုးလို့လားမသိ)
မလုပ်ရင် တကယ့်ကို နာမှာပါ။
ကွန်ရက်ပုံစံက ငါလဲ သူ့ ကိုမယုံရ၊
သူလဲ ငါ့ ကိုမယုံရ လုပ်ထားတာပါ။
ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှကို
ပြောလို့ မရတော့ဘူး။
စိတ်ဓာတ်ပျော့တဲ့သူဆိုရင် အဲဒီဒေသရောက်သွားရင်
စိတ်ခြောက်ချားသွားနိုင်တယ်။
ခံစားမှု ကင်းမဲ့တဲ့ မျက်နှာတွေပဲ တွေ့ ရမှာမလို့ ။
ငို ရမယ်ဆို ငို။ ရီ ရမယ်ဆို ရီ။
တိုင်းပြည်စုတ်ပြတ်သတ် အငတ်ဘေးသင့်နေပေမဲ့
ပါတီ၊ကောင်စီ၊ကေဒါတွေကတော့ သိတဲ့ အတိုင်းပဲ..၊
သူတို့ ပါးစပ်ပေါက်တွေထဲ အသေစို့ ပေးထားတာ။
ခိုးကြောင်ခိုးဝှက် MARLBORO ခိုးသောက်နေတဲ့
ကောင်တွေ။
ခုပုံတွေက ၀ါဒဖြန့် ချီရေးလုပ်ကြံ ပြကွက်တွေပါ။
Post a Comment