Friday, December 30, 2011

“အဲ့ဒီအခန်းဖြတ်” ဇာတ်လမ်းတို ရုပ်ရှင်ကားမှ သရုပ်ဆောင် ဇော်ဝင်းနိုင်နှင့် သန်းသန်းစိုးတို့အား ဂုဏ်ပြုငွေ ကျပ်တသိန်းစီ ချီးမြှင့်

သရုပ်ဆောင်၊ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတင်ပြသော “အဲ့ဒီအခန်းဖြတ်” ဇာတ်လမ်းတို ရုပ်ရှင်ကားမှ ဗိုလ်မှူးအဖြစ် သရုပ်ဆောင်သည့် (ဦး) ဇော်ဝင်းနိုင်နှင့် ဆင်ဆာအရာရှိအဖြစ် သရုပ်ဆောင်သည့် (ဒေါ်) သန်းသန်းစိုးတို့အား အင်္ဂလန်မှ အမည်မဖော်လိုသူ မြန်မာပရိသတ်တဦးက ငွေကျပ်တသိန်းစီ ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ အဆိုပါ ပရိသတ်မှ “လွတ်လပ်မှုအနုပညာ ရုပ်ရှင်ပွဲတော်” (The Art of Freedom Film Festival) အတွက်လည်း အလှူငွေ ကျပ်နှစ်သိန်း ပေးပို့လှူဒါန်းခဲ့သည်။ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လှူဒါန်းငွေ စုစုပေါင်း ကျပ်လေးသိန်းကို ဒေါက်တာလွဏ်းဆွေမှတဆင့် ကိုဇာဂနာ (ကိုသူရ) ထံသို့ ပေးပို့ခဲ့သည်။

Maung Thura ၏ ဖေ့စ်ဘွတ်ခ်မှတဆင့် ကိုဇာဂနာ၏ ကျေးဇူးတင်ကြောင်း ပြန်ကြားလွှာ

1 comment:

Min Htet said...

ကိုဇာဂနာကိုဘယ်လိုဆက်သွယ်ရမလဲခင်ဗျာ။