Thursday, December 15, 2011

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP ပါတီ မြို့နယ်အမှုဆောင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားခဲ့သဖြင့် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် လူဝတ်လဲရန်၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှ နှင်သည့်စာ လက်ခံရ
Yangon Press International - ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI) ည ၉ နာရီ ၁၀ မိနစ်

၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့် အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိစာသင်တိုက်နှင့် ရွှေည၀ါပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃနာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။

ရွှေည၀ါကျောင်းတိုက် ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃနာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားသည်။

မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖော်ပြထားခြင်းမရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ ပြောသည်။

၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက် ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူးလို့ ဆိုလိုတာပဲ” ဟု ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင်
သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်

နှင်ထုတ်သည့် စာမိတ္တူအား သာသနာရေးဝန်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေးဝန်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖော်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။

ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေးဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။

နိုင်ငံတော်သံဃနာယကအဖွဲ့က တိုင်းသံဃနာယကမှတဆင့် ဆရာတော်ထံ ပေးပို့လာသည့် စာ

ရွှေညဝါဆရာတော်အား နိုင်ငံတော်သံဃနာယကအဖွဲ့မှ စွဲချက်တင်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင်
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ

19 comments:

သစ္စာ said...

ဦးသိန်းစိန် အစိုးရမှာ ပြောင်းလဲလိုစိတ်ရှိတယ်လို့ပြောတဲ့သူတွေကိုဘဲမေးချင်ပါတယ် စစ်အစိုးရအဆက်ဆက် ဗဟိုသံဃာ့နာယကအဖွဲ့ဆိုတာကိုလက်ကိုင်ဒုတ်အဖွဲ့တခုလိုသုံးပြီးသာသနာအတွက် တိုင်းပြည်နဲ့ပြည်သူတွေအတွက်လုပ်ကိုင်ပြောဆိုတဲ့ ဆရာတော်တွေနှိပ်ကွပ်တာတွေ သတင်းစာတွေထဲမှာ ရေးသားနေတဲ့ဝါဒဖြန့်ချီရေးတွေ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဆိုသူရဲ့ ပြောကြားချက် သတင်းထုတ်ပြန်ချက် ဘာတွေများပြောင်းလဲသွားပါသလဲ..။

Me said...

လက်ရှိစစ်အစိုးရနဲ့ ဆွေးနွေးနေတဲ့ အန်တီစုအနေနဲ့ ရွှေည၀ါဆရာတော်ကိစ္စကို ထိထိရောက်ရောက် လိုက်ပါဆောင်ရွက် အကာအကွယ်ပေးစေချင်ပါတယ်။

နန္ဒထက် said...

တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ပေးနေတဲ့ နိုင်ငံရေးသမားတွေကို အမြဲလေးစားလျက်ပါ..လူမှာ လူ့ စည်းကမ်း ရှိသလို ဘုန်းကြီးမှာလည်း ဘုန်းကြီး စည်းကမ်း (၀ိနည်း)ရှိပါတယ်..ဘုန်းကြီး နိုင်ငံရေး လုပ်ချင် ရင် လူဝတ်လဲပါ.. ၀ိနည်းပျက်ရင် ထေရ၀ါဒဗုဒ္ဓ ဘာသာပျောက်ကွယ်သွားပါလိမ့်မယ်..

mwrn said...

မြန်မာပြည်... ထေရ၀ါဒ တိုင်ပြည်လော။
အတ္တ၀ါဒ တိုင်းပြည်လော..။
ဝိ၀ါဒ တိုင်းပြည်လော။

myochitnanda said...

လူတွေကတော့ အာဏာမက်၊ေုကာက်တတ်လို့ ၊ မျက်နှာလို မျက်နှာရ လုပ်ချင်လို့  ထားပါတော့ အရှင်ဘုရား... မြတ်စွာဘုရား အဆုံးအမ ဒေသနာတော်တွေကို ပြန့် ပွားအောင် ဆောင်ရွက်နေပါတယ်ဆိုတဲ့၊ တရားရှိပါတယ်ဆိုတဲ့ အရှင်သူမြတ်တွေက အာဏာကိုမက်စရာလဲမရှိ၊ေုကာက်ဖို့ ဆိုတာကလည်းတရားရှိပြီးသားသူတွေ မို့ လဲ သူတပါးကိုတောင် တရားပြ ဆုံးမနေတာဆိုတော့ လောကဓံကို မှုစရာလည်းမလို၊ မျက်နှာလို မျက်နှာရလုပ်ရအောင်လည်း လောကမှာ အမြတ်ဆုံး တရားဓမ္တတွေကို ကိုယ်တိုင်လည်း ကျင့်ုကံ အရသာတွေ သိနေလို့  အများဝေနေယျာတွေကိုတောင် တရားရေအေးတိုက်ကျွေးနေသူတွေ မို့ လို့ .... အရှင်ဘုရားတို့  သံဃာ့အုကီးအမှူးတွေ ဘာေုကာင့် အုပ်ချုပ်သူတွေရဲ့  ရုပ်သေးတွေလို ဖြစ်သွားရတာပါလဲဘုရား... တပည့်တော်တို့  ယုံကည်နားလည်တာကတော့ သာသနာ နဲ့  ဝေနေယျာ၊ ဆရာနဲ့  ဒကာ ကင်းကွာမရသလို ဝေနေယျာနဲ့  ဒကာတွေကလည်း အစားအစာ၊ ခိုနားရာနေရာတွေနဲ့ ကွဲကွာမရစကောင်းပါဘုရား။ အစားအစာ၊ ခိုနားရာနေရာ ဆိုတာကလည်း တိုင်းရေးပြည်သာ ရှိပါမှ အဆင်ပြေသလိုအမျိုးမို့  သာသနာတော် စည်ပင်ပြန့် ပွားရေးက နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်ဘုရား။ နိုင်ငံရေးဆိုတာကလည်ုးကီုးကီးကျယ်ကျယ်မဟုတ်လို့  တပည့်တော်ယူဆပါတယ်... မိသားစုအရေး-ရပ်ရေးရွာရေး-တိုင်းခရိုင်ရေး တွေရဲ့  စုရာပေါင်းရာ အများအရေးပါဘုရား... တိုင်းရေးပြည်ရာသာယာပါမှ သာသနာတော်လည်း အရှည်တည်မှာမို့  အရှင်ဘုရားတို့  လောကုတ်တရာအရေးတွေကို ကျောင်း၊ကွမ်း၊ဆေးပြည့်စုံစွာနဲ့  (အရှင်ဘုရားတို့ အနေနဲ့  သံဃရာဇာများ ဖြစ်တဲ့အားလျော်စွာ ပြည့်စုံမှုတွေ များနေပေမယ့် မြို့ နယ်အဆင့် ဘုန်းတော်ုကီးကျောင်းတွေမှာတောင် ဆွမ်းကွမ်းမပြည့်စုံမှုတွေ ဒုနဲ့ ဒေးပါဘုရား) စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေ အကျိုးငှါ အများသူငါ ဒကာ၊ဒကာမအပေါင်း စားဝတ်နေရေးပြေလည်ပါမှ သာသနာတော်ရေရှည်တည်တံ့မယ်ဆိုတဲ့ တဖက်ကအမြင်နဲ့  သာသနာပြုနေတဲ့ ရွှေည၀ါဆရာတော်လို သံဃာတော်အရှင်သူမြတ်တွေကိုတော့ အရှင်ဘုရားတို့  မကာကွယ်နိုင်ရင်တောင်မှ လူငှါးအရိုက်ခိုင်းတာကို မလုပ်စေချင်၊ မလုပ်သင့်ဖူးလို့ လည်း မြင်မိပါတယ်ဘုရား။ ဒီလိုသာရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်သင့်ေုကးဆို လွတ်လပ်ရေုးကိုးပမ်းမှုခေတ်က အရှင်ဥတ္တမ၊ အရှင်ဝိစာရတို့  ဘယ်လိုလုပ်ုကမလဲ ဘုရား။ မြတ်စွာဘုရားကိုယ်တော်တိုင်တောင် နှစ်ပြည်ထောင်စစ်ဖြစ်မယ့်အရေုးကားဝင်တရားပြ ဆုံးမခဲ့သေးတယ်မဟုတ်လား ဘုရား... အရှင်ဘုရားတို့  အခုလိုသာ အုပ်ချုပ်သူတွေရဲ့  အလိုကျကို လိုက်နေရရင်ဖြင့် တပည့်တော်တို့ မှာ ဒီလိုသတင်းမျိုးတွေ ဖတ်ရ၊ုကားရတိုင်း၊ ပြင်ပလောကမှာ ဆွမ်းကွမ်းမပြည့်စုံတဲ့ ဘုန်ုးကီးကျောင်းတွေ၊ လှုချင်ပါလျက်ကယ်နဲ့  စီးပွားမပြည့်စုံလို့  ချို့ တဲ့အားငယ်သူတွေကိုပါ မြင်ယောင်ရင်း ရင်ထဲ၊ အသည်းထဲကကို တဆစ်ဆစ်နေအောင် နာကျင်ခံစားမိရပါတယ်ဘုရား.... ဒီလိုလုပ်တာလည်း ဖြေရှင်းနည်းအမှန်မဟုတ်ပါပဲ မီးလောင်အားပိုကောင်းအောင် လောင်စာတွေ ထပ်ဖြည့်နေတယ်ပဲ ထင်မြင်မိပါတယ်ဘုရား.....

သံဃစွမ်းအားရှင်အဖွဲ့ said...

အင်း ... သံဃာတွေထဲမှာလည်း စွမ်းအား၇ှင်ရှိတယ်နော်
ခေတ်တွေတကယ်အပြောင်းအလဲဖြစ်နေပြီဆို၇င် မဟာသံဃစွမ်းအား၇ှင်အဖွဲ့ကို ဖျက်သိမ်းဖို့ သံဃာတော်တွေ ကြိုးစားသင့်ပြီ

wanderbird said...

နန္ဒထက် ထောက်ပြတာကို လက်ခံပါတယ်၊ ကောင်းမွန်တဲ့ အယူအဆလေးပါ၊ ဒါပေမယ့် (ကို)နန္ဒထက် ပြောသလို ရွှေည၀ါဆရာတော်က နိုင်ငံရေးလုပ်နေတဲ့ ဆရာတော်တစ်ပါး မဟုတ်ပါဘူး၊ စာပေမှာတွေ့ရှိတာနဲ့ လက်ရှိဖြစ်ပျက်နေတာတွေကို တရားပွဲတွေမှာ ထောက်ပြ ဟောပြတတ်တဲ့အတွက်ကြောင့် သတင်းနဲ့ မီဒီယာသမားတွေက နိုင်ငံရေးလုပ်နေသယောင်ယောင်နဲ့ ပြောဆိုနေကြတာပါ၊ တစ်ခုတော့ ရှိတာပေါ့ဗျာ ဘယ်နိုင်ငံသားတိုင်းမဆိုတော့ ကိုယ့်တိုင်းပြည် ငြိမ်းချမ်းဖို့အရေး၊ သာယာဝပြောဖို့အရေး၊ လွတ်လပ်မှု ရှိဖို့အရေးဆိုတာတွေကိုတော့ ဘုန်းကြီးသော လူသော မကွဲပြားပဲ လိုလားချက်ချင်းကတော့ အတူတူတွေချည်းပဲလို့ထင်ပါတယ်၊ အပေါ်မှာပြောထားတာလေးက နဲနဲဖွသလိုဖြစ်နေတယ်၊ ဆရာတော် လူဝတ်လဲစရာမလိုပါဘူး၊ ညွှန်ကြားချက်ထဲမှာလဲပဲ လူဝတ်လဲရမယ်လို့ မပါသလို၊ ဒီညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဆောင်ရမယ့် တိုင်း သာသနာရေးမှူးရဲ့ တစ်စုံတစ်ရာ အကြောင်းကြားမှုလဲ မရှိသေးပါဘူး၊ မီဒီယာတွေ နဲနဲတော့ များတယ် ထင်တာပဲဗျာ။။။

သတိ said...

အားလုံးသတိ

ဒီနေရာမှာ သံဃနာယကကို လက်ကိုင်တုတ်အဖွဲ့လို အသုံးချနေပါတယ် ပြောသမားတွေ.. သံဃနာယက ဆရာတော် ဘုရားကြီးတွေကို ပုတ်ခတ်သမားတွေကို သတိပေးချင်ပါတယ်.. သံဃနာယက စာရင်းကိုကြည့်လိုက်ရင် တကယ့် ၀ိနည်းတော်နဲ့ ညီရုံမက ညာဏ်ပညာအရလဲ ထက်မြက်လှတဲ့ လေးစား ကြည်ညိုဖွယ် သံဃာ့ဂိုဏ်းဝင် ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးများပါ.. ခုလို ကိုယ်နဲ့ သဘောမတိုက်ဆိုင်တာနဲ့ပဲ တကယ့်အဖြစ်ဆိုတာကို သေချာလဲ မသိပဲနဲ့ ဆောင်းပါးတစ်ပုဒ် စာတစ်ကြောင်းပေါ် မူတည်ပြီး စော်ကားမော်ကား ပြောဆိုပုတ်ခတ်သူတွေဟာ သူတို့စိတ်ထဲက သံဃာအပေါ်ထားရှိတဲ့ ကြည်ညိုမှုကို အရင်မှတ်ကျောက်တိုက်ကြည့်ဖို့ လိုပါလိမ့်မယ်.. ရတနာနွယ်ဝင် သံဃာဟာ ကျွန်တော်တို့ရဲ့ ကိုးကွယ်ရာ.. ဆည်းကပ်ရာပဲ ဖြစ်သင့်ပါတယ်.. မေတ္တာသုတ်ရွတ်ဆို+ဆန္ဒပြ.. ရွှေဝါရောင်+တော်လှန်ရေး.. သံဃာ့+တပ်ပေါင်းစုတို့လို အတူတွဲမရှိအပ်တဲ့ စကားစုတွေကို ပေါင်းစည်းပြီး ကြည်ညိုမှုကို အတင်အချလုပ်တဲ့ ဘာသာဝင်တွေတော့ မဖြစ်စေချင်ပါဘူး.. သံဃာ့စည်းကမ်း မလိုက်နာတဲ့ သံဃာကို အခြားသံဃာတွေက အရေးယူ သပိတ်မှောက်တယ်ဆိုတာ အရင်ထဲက ရှိတာမို့ ကိုယ်တိုင် မဖြစ်သင့်ဘူးထင်တယ်.. ပစ်တင်ဝေဖန်ချင်တယ် ဆိုရင်တောင် အဖြစ်မှန်ကို သေချာသိအောင် အရင် လုပ်သင့်တယ်လို့ မြင်ပါတယ်လေ..

အားလုံးသက်သာ
မောင်သတိ

koko said...

ဟေ့ကောင်နန်ဒထက် မင်းကဘယ်နိုင်ငံသားလဲ မင်းတို့ငါတို့မြန်မာပြည်လွတ်လပ်ရေးရအောင်လုပ်တဲ့အထဲမှာ ဘုန်းကြီးတွေပါတယ်ဆိုတာမင်းသိလား နောက်တော့ မင်းက ၀ိနည်းဥပဒေအကြောင်းဘာသိလဲ မြတ်စွာဘုရားကိုယ်တော်တိုင် ရောဟိဏီမြစ်ကမ်းမှာ စစ်မဖြစ်ဘို့အတွက် သုံးကြိမ်တိုင်တိုင်ကယ်တင်ခဲ့တာမင်းသိလား အရှင်အာနန်ဒါကိုယ်တော်က သူ့အတွက်နဲ့ ပြည်နှစ်ပြည်ရန်ဖြစ်မှာဆိုးလို့ နိုင်ငံနှစ်ခုအကြားမှာ ပရိနိဗ်ဗန်စံဝင်သွားတာမင်းသိလား မင်းမသိဘူးထင်လို့ထောက်ပြတာ အေး မသိရင် မသိသလိုနေကွ မျက်လုံးနှစ်လုံးရှိတာကို တစ်ဘက်ပိတ်မထားနဲ့ နှစ်ဘက်လုံးနဲ့ကြည့်

သွေးသစ် said...

တကယ်က သံဃာတွေဟာခေတ်အဆက်ဆက် ဒကာဒကာမ ပြည်သူတွေရန်သူမျိုးငါးပါးဘေး ကြုံလာရင် ရှေ့ကမားမားမတ်မတ်ရပ်ပြီ အများအကျိုးအတွက် ကိုယ်ကျိုးမဖက် အသက်စွန့်လုပ်ခဲ့ကြတယ်။
အုပ်စိုးသူတွေဟာ အဓမ္မ လူထုကိုဖိနှိပ်လာတဲ့အခါ
အမှန်ကိုရဲရဲပြောသူများများပေါ်လာရင် သူတို့ကုလားထိုင်
ထိမယ် ။ဒီတော့ သူတို့မဟုတ်တာလုပ်နေတဲ့ကိစ္စကိုပြောလာသူဟာရန်သူပဲ။ မသိနားမလည်သူတွေမျက်စေ့လည်အောင် ဝိနည်းဆိုတာနဲ့မညီဘူးလို့ ခြိမ်းခြောက်ကြတယ် .။၂၂၇ -သိက္ခာ ပုဒ်တွေကိုကြည့်လိုက် နိုင်ငံရေးလုပ်လို့ အာပတ်သင့်တာ ဘုရားဟောပိဋကတ်အတိုင်းတရားဟောလို့အာပတ်သင့်တာ ဘယ်သိက္ခာပုဒ်ရှိလဲလို့ နန္ဒထက် ဆိုသူသိရင်ဖြေပါ
မင်းလိုလိုက်ပြီး တိုင်းပြည်ဒုက္ခပေးနေသူတွေ ဘက်ကရပ်တဲ့ စကားက ပြည်သူတွေ ပြည်သူတွေဒုက္ခထက် ကိုယ့်ရာထူးမြဲရေးဖြစ်နေပါတယ် ဘုရားက -လောကာနုကမ္ပာယ ဟိတာယ သုခါက ဆိုပြီးဟောခဲ့တာ မောင်နန္ဒာထက်မသိရင် ခုပြောတဲ့ပါဠိစကားကို နားလည်တတ်ကျွမ်းသူကိုမေးလိုက်ပါ။

Anonymous said...

လွတ်လပ်သော တိုင်းပြည်ဟု့ကျေညာချင်ရင် ဒီလုပ်ရပ်မျိုး မဖြစ်သင့်ပါ ရွှေည၀ါဆရာတော်သည် နိုင်ငံရေးလုပ်နေခြင်းမဟုတ် နိုင်ငံအတွက် ကောင်းစေ ချင်သော စေတနာတစ်ခုဖြင့် ပြောဆိုခြင်းဖြစ်ပါသည် ဗုဒ္ဓတက္ကသိုလ်များကိုလဲ ပိတ်ဖို့မလို့ ယ္ခုလက်ရှိ တည်ထောင်ထားသော ဗုဒ္ဓတက္ကသိုလ်များမှ အသီးအပွင့်များသည် နိုင်ငံအသီးသီးမှာ ပညာသင်ကြားနေသော ကျောင်းသားရဟန်းတော်များရှိပါသည် အဲဒီလို အောင်မြင်သောအသီးအပွင့်များ ထွက်ရှီသော ဗုဒ္ဓတက္ကသိုလ်တစ်ခုကို ပိတ်သိမ်းလိုက်ရင် သာသနာအတွက် အားအာင်တစ်ခု ယုတ်လျော့သလို ဖြစ်သွားနိုင်ပါတယ် ဒါကြောင့် အဖက်ဖက်က ပြန်လည်စဉ်းစားသင့်ပါတယ် သံဃနာယ အဖွဲ့သည်လည်း သံဃာနာယက အဖွဲ့ဘဲဖြစ်စေချင်ပါတယ် ဘုရားသားတော်များဟူသည် ဘုရားစကားကိုဘဲ လိုက်နာရမည်ဖြစ်ပါသည် မည်သည့် အာဏာပိုင်အဖွဲ့အစီးကမှ ချုပ်ကိုင်ချယ်လယ်မှုကို ခံရသောအဖွဲ့အစည်းတရပ်မဖြစ်သင့်ပါဘူး သာသနာအဓွန့်ရှည်ပါစေ...........

lickeroo said...

ကိုကိုရေ.....ဘာမှသုံးစားမရတဲ့ဥဏှောက်နဲ့နန္ဒထက်ဆိုတဲ့ကောင်ကိုပြောပြရတာအချိန်တွေနှမျောစရာကြီး......ဒါပေမယ့်..ပြောမှသိထိမှနာမယ့်ကောင်မျိုးတွေကိုပြောတာကိုတော့အားရသဗျာ..
ဆရာတော်အတွက်တော့တော်တော်လေးရင်နာပါတယ်ဗျာ..

ဒီမို said...

ဒါလားဟဲ့ဒီမိုကရေစီ
ဒီမိုကရေစီပန်းတိုင်ကို.ကြိုးစားညှိုနှိုင်းလှမ်းကြ
ရင်းနဲ့ပြည်သူလူထုကတော့.မြောင်းထဲကိုရောက်
ကုန်ပြီ။တိုက်ကတဲဖြစ်.တဲကမြေကြီးပေါ်အိပ်..
အိမ်မှာနေရင်း..အခွန်ကတိုး..ကားခကမလျှော့
မွဲပြာဘ၀က..နင်းပြားဘ၀ရောက်ဖို့ပဲရှိပါတော့
တယ်..

သာဓုခေါ်မလား လက်ခုပ်တီးမလား said...

ဒီနေရာမှာ တစ်ခု သတိထားမိတာလေး
ပြောချင်တယ်။ ငယ်ငယ်က တရားပွဲတွေမှာ ဘုန်းဘုန်းတွေ တရားဟောရင် ကျွန်တော်တို့ အပါအ၀င် တရားနာပရိတ်သတ်တွေက စိတ်လက်ကြည်သာစွာနဲ့ သာဓုခေါ်ခဲ့ကြတဲ့အစဉ်အလာ ရှိခဲ့ပါတယ်။
ခုနောက်ပိုင်းကြတော့ ဆရာတော်တွေပဲ ထွင်လာတာလားမသိ။ တရားပွဲတွေမှာ အစိုးရ မကောင်းကြောင်းတွေ ပြောတာပဲ ကြားလာရတယ် (နိုင်ငံရေးမဟုတ်) ။ နိဗာန်ရောက်ကြောင်း မပါ။ သာဓုခေါ်သံအစား လက်ခုပ်သံကြားရတယ်။ ဒါကိုသဘောကျတဲ့ သူတွေလည်းရှိတယ်။ ဘာမှတော့မပြောလိုပါဘူး။ လက်ခုပ်သံကိုမှ သာယာတတ်တဲ့ သဘာဝ ကတော့ ပုထုဇဉ်တိုင်းမှာ ရှိနိုင်ပါတယ်။ နိဗာန်ရောက် ကြောင်းတရားတော်များသာ ဘာသာရေး ကိုင်းရှိုင်းသူများအတွက် သင့်တော်ပါတယ်။ ဒီတော့ ထေရ၀ါဒ တရားတော်ကို ညွှန်ပြ သွန်သင်တဲ့ ဆရာတော်ကြီးများ နဲ့ တွေ့ရင် သာဓုခေါ်ပြီး ပေါ်ပင် ကိုယ်တော်တွေနဲ့ တွေ့ရင် လက်ခုပ်တီးရမယ် ဆိုတာ ဗုဒွဘာသာဝင်မြန်မာ လူမျိုးတွေအတွက် ကျင့်သား ရနေပါပြီလေ။

မြန်မာ ဗုဓ္ဓဘာသာဝင် တယောက် said...

အလွန်စိတ်မကောင်းစရာကိစ္စတခုဖြစ်ပါတယ်။
မြန်မာ ဗုဓ္ဓဘာသာ လူမျိုးတယောက်အနေနဲ့ သာသနာရေး နဲ့ အမျိုးသားရေး ဟာ တခါတရံမှာ ကျနော်တို့ ကြိုစားနေတဲ့ ဒီမိုကရေစီရေး နိုင်ငံရေးတို့ထက် ပိုပြီးအရေးကြီးတယ်ထင်မိလို ဝင်ပြီးပြောခြင်းပါ။ ပထမဆုံးပြောချင်တာက ကိုယ်က ရွှေညဝါဆရာတော် အတွက် ခံစားပြီး ဒါမှမဟုတ် လူအခွင့်ရေး ရူထောင့်ကကြည့်ပြီး ဒါမှမဟုတ် သာသနာတရပ်လုံး အတွက်ကြည့်ပြီး ပြောတဲ့နေရာမှာ
၁) ရေးအကြီးဆုံးက သာသနာနဲ့ အခြား ဆရာတော်ကြီးတွေကို မစော်ကားမိဘို့လိုတယ်။
၂) မဟာသံဃနာယကအဖွဲ့ ဆရာတော်ကြီးများဟာ
ရွှေညဝါဆရာတော် လိုပဲ သာသနာပြု သာသနာစောင့်ထိန်းနေတဲ့ ဆရာတော်ကြီးတွေ
ဖြစ်တယ်။
၃) မဟာသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ကို
အစိုးရရဲ့ ရုပ်သေးရုပ်တွေလို့ စွတ်ဆွဲတာမျိုး မပြုလုပ်သင့်ပါ။ ရုပ်သေးရုပ် ဆိုတာ သက်မြဲ့ပီး ကိုယ်ပိုင်အရည်အချင်းမရှိတဲ့သူ အဖြစ် အဓိပ္ပါယ် ရောက်စေပြီး ဒီအချိန်မှာ အခြာဘာသာတွေက အခွင့်ကောင်းယူပြီး ကိုယ်ဘာသာကို စော်ကားတာမျိုး လုပ်လာနိုင်ပါတယ်။
၎) ကိစ္စရပ်တိုင်းမှာ ချက်ချင်းမသိနိုင်တဲ့ အချက်အလက်တွေ ရှိတက်ပါတယ်။
၅) ကိုယ်ကိုတိုင်က ဒီကိစ္စကို အဆောတလျှင် အစိုးရဆန့်ကျင်ရေး စစ်တပ်ဆန့်ကျင်ရေး လက်နှက်အဖြစ် မသုံးမိဘိုလိုပါတယ်
၆) ရွှေညဝါဆရာတော် ကိုယ်တိုင်က ဘာမှဝင်မပြောကြနဲ့အုံး လို့ မေတ္တာရပ် ထားတာကို သိဘို့လိုပါတယ်။
၇) ရွှေညဝါဆရာတော် ကိုယ်တိုင်ကလဲ အခြားဆရာတော်ကြီးတွေကို စော်ကားမူဖြစ်စေမဲ့ အပြောအဆို အပြုအမူ တွေကို လက္ခံမယ်မထင်ပါ။
၈) ဒီကိစ္စက NLDပွဲ မှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် တို့လဲပါလာနိုင်ပါတယ်။ ဆောင့်ကြည့်ဘို့လိုပါလိမ်မယ်။
၉) သာသနာ နဲ့ သံဃာတော် တွေကိုမစော်ကားမိဘို အရေးကြီးဆုံးဖြစ်တယ်။ ဒီနေရာမှာ စစ်တပ်ကကော သံဃာတော် တွေကိုမစော်ကားနေတာမဟုတ်ဘူးလား လို့ ဆောဒကတက် တက်ချင်တက်နိုင်ပါတယ် ၊ သူတို့ လုပ်နေတယ်ဆိုရင်တောင် ကိုယ်က လိုက်မလုပ်မိ ဘို့လိုပါတယ်။

Admin Group said...

ဘာမှ လာပြောမနေနဲ့ အဲဒီဘုန်းကြီးက ဘာဆိုင်
လို့ နိုင်ငံရေးအထိန်းအမှတ်ပွဲကိုသူ့ဆီမှာလုပ်
ခွင့်ပေးတာလဲ . သူနဲ့ဘာဆိုင်လို့လဲ..
သူ့အလုပ်က ဘုန်းကြီးမဟုတ်ဘူးလား..။
ဘုန်းကြီးက ဟီလာရီကလင်တန်နဲ့ ဓါတ်ပုံရိုက်
စရာလိုလို့လား..။ ဒေါ်စုလိုမာတုဂါမပုံကို
ကျောင်းဝင်းထဲမှာချိတ်ဖို့လိုလား..။(ရဟန်းအမ၊
လည်းမဟုတ်ကျောင်းအမလည်းမဟုတ်..၊ တဲ့
မစ္စစ် အဲရစ်ပုံပေါ့.)တရားဟောတိုင်း မှန်တာတွေ
ကိုထည့်ပြောတတ်တယ်ဆိုရင် ကျန်တဲ့ဆရာတော်တွေက အမှန်ကိုမဟောတော့ဘူးလား
ဒါဆို ဘာလို့ သူ့လို ဘုန်းကြီး တွေက လက်ချိုးရေလို့ရနေတာလဲ.။ ဦးနှောက်လေးနဲ့စဉ်းစားပါ မဆိုင်တဲ့ သံဃာ့နာယက ဆရာတော်ကြီးတွေကို ပြစ်မှားမနေနဲ့.. ဂေါ်ပြားနဲ့ခြစ်ထုတ်နေရမယ်..(ငရဲအိုးကနေ.)
အဲဒီကျမှ ဘုန်းကြီးဝတ်နဲ့နိုင်ငံရေးသမားတွေနဲ့တစ်အိုးသက်သက် နေပေါ့..။

Admin Group said...

သိပ်ပြီးအံ့သြစရာကောင်းတာက .. ဘာလို့များ
နိုင်ငံရေးအတိုက်အခံတွေ ဘက်က ကိုးကွယ်
ဆည်းကပ်ကြတဲ့ ဘုန်းကြီးတွေက ဟိုယောင်
ယောင်ဒီယောင်ယောင်ကိုယ်တော်တွေဖြစ်နေတတ်တယ်..။
http://mm-express.blogspot.com/2011/07/blog-post_24.html
ဒီလိုဘုန်းကြီးတွေဆိုရင် ဘာတဲ့ ဒကာမတွေဒုက္ခ
ကိုမကြည့်ရက်လို့ ကိုယ်တိုင်တောင်းဆိုတာဆို
ပဲ...။ကျွန်တော့်လင့်ခ် ကဗွီဒီယိုကိုကြည့်လိုက်ပါ
ဦး..။ အဲဒီ မှာ ဒေါသ တွေထွက်နေလိုက်တာ..။
ကိုယ်တော် တစ်ပါး ဟာဟ.. ရီချင်လိုက်တာ.။
ပြီးတော့ ဘေးနားက ပုဂ္ဂိုလ်များကလည်း
သရုပ်ဆောင်သိပ်မကောင်းကြဘူး..။သိလား
သိပ်သိသာလွန်းနေတယ်..ဇာတ်တိုက်ထား
တယ်ဆိုတာ..။ရီရတယ်ဗျို့..။

Admin Group said...

ဘုန်းကြီးတန်မဲ့ လက်ထိပ် စွပ်ပြရတာနဲ့
ဆာဂျီကယ် Mask ကိုအုပ်ထားရသေး..။
ဒါလားဘုန်းကြီး..။ ကြည်ညိုလိုက်ကြတာ..။ရှိခိုး
လိုက်ကြတာ..။ဆွမ်းသွားကပ်တဲ့ဟို လေအိုးဇာ
ဂနာ ကြက်သရေတုံးကပါသေးတယ်..။ဥပုသ်
ဘယ်နှခါစောင့်ဖူးလဲ မသိဘူး ...။အသက်က နား
ထင်ဆောင့်နေပြီ..။ စွယ်တော်လာတော့သွားမ
ဖူးဘူး..။တကယ်တော့ သာသနာကိုပါခုတုံးလုပ်
ကြတာတော်တော်ဆိုးတယ်..။ ဒေါက်တာလွဏ်း
ဆွေကြီးလည်းပါမှာပေါ့..။ဒေါက်တာကတော်ပါ
သေးတယ်..။ ကျွန်တော် တော်တော်ကိုတုန်
လှုပ်သွားတာက နစ်နေမန်းဘလော့..။
ခွေးသူတောင်းစားက ဆရာတော်ကြီးတွေကို
တောင် ပြည်သူတွေကိုသပိတ်မှောက်ခိုင်း
တယ်..။ သေရင် ဘယ်လောက်ငရဲကြီးလိုက်
မလဲ..။ ဘုန်းကြီးဝတ်လိုက်တယ်..။ တော်ကီ
နဲ့ စိတ်မခိုင်တဲ့ ဟေးလားဝါးလား ကိုယ်တော်
တွေကိုချုပ်တယ်..။ နောက်တော့လမ်းပေါ်ထွက်တယ်..။ စစ်တပ်က ထိန်းတယ် ။တကယ်
ဖြစ်တော့ အဲဒီအတုတွေကြက်တွေငှက်တွေလို
ပျောက်သွားတယ်..။ဟိုယောင်ဒီယောင်ကိုယ်
တော်တွေထိတယ်..။ နည်းတောင်နည်းသေးတယ်..။ဒါတောင် သတ်တယ်ဘာညာ ဖြီးချင်သေးတယ်..။
သေတာလည်း တစ်ယောက်မှ မကြားပဲနဲ့
ဘုန်းကြီး ပျံလွန်တာ ကြားလို့လား
ဘယ်ကျောင်းက ပျံတာကြားလို့လဲ
အလကား လူတွေပါ..။

Kyaw Zaw Lin said...

ငတိန်းစိန်တို့ အဖွဲ့ ဇာတိပြပြီ။