Tuesday, December 6, 2011

Facebook မှာ ဖတ်ရှုရတဲ့ တွေးဆဆင်ခြင်စရာများ

(၁) ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးရာထူး ယူသင့် မယူသင့်
(၂) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရင် ပြည်ထောင်စုဝန်ကြီးအဆင့်ထက် ပိုမရနိုင်
(၃) မြန်မာ့နိုင်ငံရေး မှောင်ရီပျိုးချိန်
(၄) ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပျက်သလား၊ မပျက်သလား ဒေါ်အောင်ဆန်းစုကြည် ပြောတာ မရှင်း
(ခင်ရတနာ၏ facebook စာမျက်နှာမှ ...)
Articles From Khin Yadanar's Facebook

11 comments:

Khin said...

ကျွန်မ ရဲ့ အမြင် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကို ဝင်မပြိုင်စေချင်ပါဘူး။
အပြင် ကနေပြီး ပြည်သူလူထု ပါတီ အားလုံး ရဲ့ ခေါင်းဆောင် အဖြစ် နဲ့သာ နေစေချင်ပါတယ်။
ဒါပေမဲ့ အဲဒါဟာလဲ ကောင်းမကောင်း ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် လို IQ ရော EQ ပါ မြင့်တဲ့၊ နား မျက်စိ ကို အမြဲဖွင့် ထားတဲ့၊ ပြည်သူ အပေါ် စေတနာ စစ်မှန်တဲ့ သူ အတွက် လမ်းရွေး မမှားနိုင်ပါဘူး။
မှားခဲ့ရင် ကော။ အခုလက် ရှိ အခြေအနေ ထက်တော့ ဆိုးစရာ မရှိပါဘူး။
အမှား ကို ပြန်ပြင် နိုင်တဲ့ ပညာ နဲ့ မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ စိတ်ဓာတ် ရှိတဲ့ သူအတွက် ကျွန်မတို့ ပံ့ပိုး ဖို့ အဆင်သင့်ပါဘဲ။
အဓိက အရေးကြီးဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကိုယ်ကျိုး မပါဘဲ ပြည်သူလူထု အတွက် အလုပ်လုပ် နေတယ် ဆိုတာ ကျွန်မတို့ အားလုံး အကြွင်းမဲ့ ယုံကြပါတယ်။
လုပ်သင့်တယ် ထင်တာကို ရဲရဲသာ လုပ်ပါ အမေ။ ကျွန်မတို့ ပြည်သူလူထု (အားလုံး မဟုတ် ပေမဲ့ တိုင်းပြည် နဲ့ လူထုကို ကောင်းစားစေချင်တဲ့ လူတိုင်း အများစု) အမေ့ နားမှာရှိနေပါတယ်။
----
We all wish for change, but there is no guarantee that change will take place or that it will live up to expectations. There is always an element of risk when we step out into the unknown.

From Aung San Suu Kyi - The Essential Flame
-----
အမေပြောသလို Risk ဘဲ ကတော့ ဘယ်မှာမဆို ရှိနေမှာပါဘဲ။
အမေ့ ရဲ့ ကျွန်မတို့ လူထုအပေါ် ထားတဲ့ အနှိုင်းမဲ့ မေတ္တာတရား နဲ့ အားလုံးဟာ အောင်မြင် ပါ။
ကိုယ့်အတွက် လဲ သတိကို တော့ မပြတ်ထားစေ ချင်ပါတယ်။
အမေ ကျန်းမာ ရွှင်လန်းချမ်းမြေ့ပြီး အမေ့ စေတနာ အတိုင်း မြန်မာပြည် ကြီး တိုးတက်ကြွယ်ဝ ကာ ပြည်သူပြည်သားများ ဆင်းရဲတွင်းမှ မကြာမှီ လွတ်ပါစေ။

Khin said...

အမှား ဆိုတာ ကတော့ ဘယ်သူမှမကင်း ပါဘူး။ အဲဒီ အမှား ကို မြင်နိုင်တဲ့ ၊ ပြင်နိုင်တဲ့ ပညာ ဥာဏ် နဲ့ စိတ်စေတနာမှန် ဖို့ဘဲ လိုပါတယ်။
မှားမှာ ကြောက်နေရင်တော့ ဘာမှဖြစ်မလာပါဘူး။
ရှေးရိုးကြီး အတိုင်း သွားနေရင်လဲ တိုးတက်မှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် မှာ အရည်အချင်းရှိတယ်။ စေတနာမှန်တယ်။
သူ့ကိုမှ မယုံရင် အခုချိန်မှာတော့ ဘယ်သူ့ကိုမှ ယုံစရာမရှိပါဘူး။ အားလုံး အသိပါဘဲ။

TEA said...

အဲဒီလိုတွေ ရန်သူအားရ ပြောနေမယ်.အစား ဒေါ်အောင်ဆန်းစုကြည် နည်းလမ်း မမှန်ရင် မှန်တဲ.နည်းလမ်းလေး နဲ.ဦးဆောင်ပေးပါ..
ရှေ.ကလဲ မသွားဘူး နောက်ကလဲမလိုက်ဘူး
ဘေးကနေ ကန်.လန်.တိုက်နေလိုကတော.
ဘယ်တော.မှအောင်မြင်မှာ မဟုတ်ဘူး
ရန်သူရဲ.အဝေးကနေအော်နေမယ်.အစား ရန်သူကို ကိုယ်လူ.ဖြစ်အောင်လုပ်နိုင်ဖို.အရေးကြီးတယ်

TEA said...

ဘုရင်.နောင် ဖောင်ဖျက်တဲ.အချိန်မှာ ဒီလူတွေသာရှိရင် ဘုရင်.နောင်ကိုဖောင်ဖျက်ရမလားဆိုပြီး အရင်တိုက်မယ်.လူတွေ
ကျုပ်သာ ရန်သူဆိုရင် အရမ်းပျော်မှာ ပဲ ကျေးဇူးတင်တယ်ဗျာ
များများကန်.လန်.တိုက်ကြပါ..

Unknown said...

ဒေါ်အောင်ဆန်းစုကြည်နောက်ကမလိုက်ချင်ရင်၊ခင်ဗျားတို့ဘယ်လမ်းရွေးမလဲ။
ခင်ဗျားတို့ကိုယ်တိုင်ရောလမ်းသစ်ဖေါက်နိုင်ခဲ့သလား။
ကိုယ်တိုင်သာသာထိုးထိုးလေးဖြေကြည့်ပါ။
ခင်ဗျားတို့အဖြစ်က မဿဿဿ၊ဆ၊လ ခေတ်မီးရထားလမ်းဖေါက်သလိုဖြစ်နေတယ်၊
ကိုယ်ကိုတိုင်က၁၅မိုင်မကျော်ပဲ၊အင်္ဂလိပ်ဖေါက်ပေးတာကိုပဲဘာလေး၊ညာလေးနဲ့။
ခင်ဗျားတို့အဓိကလုပ်ကမှာက ဒေါ်အောင်ဆန်းစုကြည်မအောင်မြင်ရင်၊
ခင်ဗျားတို့၊ကျနော် တို့ဘာလုပ်ကြမလဲ။သေချာပါတယ်၊ရိုးရာမပျက်ရှေ့ကလုပ်တဲ့သူကို
လက်ညှိုးထိုးကြတာပေါ့၊။မကောင်းဘူးလား၊။

seinnmyanaddy said...

ပြောချင်တာပြောပါစေ။ အာညောင်းရင် ရပ်သွားလိမ့်မယ်။ ပြန်ပြောတဲ့သူ ရှိနေသရွေ့ သူတို့ပြောစရာရှိနေဦးမှာပဲ။ အဖက်မလုပ်ပဲသာနေလိုက်ကြ။

ရွှေတုတ် said...

ခင်ရေ...မပူပါနဲ့။

ယူချင်တယ်ဆိုတာတောင် ပြောင်ကြီးသိန်းစိန်က ၀န်ကြီးရာထူးပေးဦးမှရမှ ရမှာလေ...။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာဝန်ကြီးဖြစ်စရာမလိုသလို...၀န်ကြီးဖြစ်ရင်လည်း လွှတ်တော်ကိုယ်စားလှယ်လုပ်လို့မရတော့ဘူး...။

ဆောင်းပါးရှင်ကြီးဆရာစိန်ခမျာမှလည်း... အခြေခံဥပဒေလေးတောင်မှ နှံ့စပ်စပ်ဖတ်ထားပုံမရဘူး...ထင်ပါရဲ့..။ ၀န်ကြီးချုပ်ဆိုတာက တိုင်းဒေသကြီး၊ပြည်နယ် လွတ်တော်ကိုယ်စားလှယ်...ဖြစ်မှရမှာ..။ ပြည်ထောင်စုလွှတ်တော်ထရောက်သွားရင် ၀န်ကြီးချုပ်မဖြစ်နိုင်တော့ဘူး..။ နောက်ဆုံးတစ်ခုကတော့ အရမ်းရမ်းတုတ်တာများသွားတယ်ထင်ထယ်...။ နိုင်ငံခြားသားနဲ့ယူတဲ့ သမတဖြစ်နိုင်တဲ့...ဥပဒေက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခ့ဥပဒေထဲမှာလည်း ဒီအတိုင်းဘဲ..။ ၇၄ မဆလဥပဒေမှလည်း ဒီအတိုင်းဘဲ..။ အခု ၂၀၀၈ အခြေခံဥပဒေမှာလဲ ဒီအတိုင်းဘဲ...။ ဆိုတော့... ၁၉၄၇ ခုနှစ်ကတည်း ဒိပုဒ်မကြီးကို ထည့်ခိုင်းထားတဲ့ အခြေခံဥပဒေကို အတည်ပြုပေးလိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလ လွှတ်တော်ကိုဘဲအပြစ်တင်ရတော့မယ်....။ ဟဲဟဲအဖေထုတ်ခဲ့တဲ့ ဥပဒေ သမီးမှာ လာညိနေတာကတော့.....ကိုယ့်ဒေါသနဲ့ကိယ်ပေါ့ဗျာ.....။ စိတ်ထိန်းပါဦး..။

Nga Sanay said...

အချက်အလက် ကိန်းဇယားများ၊ ဂရပ်များ၊ အကျိုးအဋ္ဌေကာင်းများပြ၍ တင်ပြထားသည့် စာရေးသူများကို အထူးကျေးဇူးတင်ရှိပါသည်။ အသေးစိတ် မသိသည့် အချက်များ သိခွင့်ရ၍ အကျိုးရှိသည်ဟု ယုဆပါသည်။

သို.ရာတွင်း စာရေးသူတို. အာဘော်မှားသည် မှန်သည် ဘယ်နေရာတွင် လိုသွားသည်တို.ကို ကိုယ်တိုင်သုတေသန ဆက်ပြုသင့်သည်။ ဒါမှမဟုတ် ထောက်ပြသူများ ပေါ်လာခဲ့ရင်လည်း ပို၍ဖတ်ကောင်းပါမည်။ ဥပမာအားဖြင့် ကွန်မင့်ပေးသည့် "nga" ကဲ့သို.သောသူများ။

မဝေးလှသော အနာဂါတ်တွင် ရင်ဆိုင်ဋ္ဌကုံတွေ.ရမည့် အခြေအနေများ၊ သတိပြုစရာများ၊ ထောင်ချောက်များကို သိသင့်သည်ဟု ခံယူပါသည်။ ဒေါ်အောင်ဆန်းစုဋ္ဌကည် ကိုယ်တိုင်လည်း သူတခုခု မဆုံးဖြတ်မီ အားသာချက်၊ အားနည်ချက်၊ အန်ဒရယ်၊ အကျိုးရှိနိုင်မှုများကို ချိန်ထိုး ဆန်းစစ်မှာ အသေအချာပင်ဖြစ်ပါသည်။

ကွန်မင့်ရေးသူ "Khin" ဖေါ်ပြထားသလို "There is always an element of risk when we step out into the unknown"
အန်ဒရယ်၊ စိန်ခေါ်မှုနဲ. စွန်.စားမှုတွေဟာ မရောက်ဘူး၊ မသွားဘူးသော နယ်မြေတွေကို သွားတာနဲ. ရင်ဆိုင်ရမယ်လို. ဒေါ်စုကိုယ်တိုင် ပြောထားတာကို မှီငြမ်းထားပါတယ်။

ယခုကဲ့သို. တင်ပြချက်များကို ဒေါ်စုဖတ်ခွင့်ရခဲ့လျှင် အကျိုးရှိကောင်း ရှိပေမည်။ ဒါမှမဟုတ် သူကိုယ်တိုင် လေ့လာသိရှိသည်ဖြစ်စေ၊ အဋ္ဌကံပေးများက ထောက်ပြထားပြီးကောင်း ဖြစ်ပေမည်။

နားမလည်သည်မှာ မျက်စိမှိတ်၍ ဒေါ်စုဘက်မှထောက်ခံသူများရဲ. ရေးသားချက်များ ဖြစ်ပါသည်။

စာရေးသူတို.ရဲ. ရေးသားထားချက်များသည် ဒေါ်စုကို ပြင်းပြင်းထန်ထန် ဝေဖန်ထားခြင်း မရှိပါ။ ကျိုးဋ္ဌေကာင်း အချက်အလက်များကို တင်ပြထားခြင်းသာဖြစ်ပါသည်။ ဒါကိုပင် ကျိုးဋ္ဌေကာင်းမပြနိုင်ဘဲ ပစ်ပစ်ခါခါ ပစ်တင်ရှုတ်ချနေသူတို.သည် ကိုယ်တိုင်လေ့လာမှုအားနဲနေ၍ဘဲလား၊ ဒါမှမဟုတ် ထွက်ပေါက်ဒီတခုတည်း ရှိနေပါတယ်လို. အားကိုးရာမဲ့ ခံယူထားလို.လား မေးစရာဖြစ်လာပါတယ်။

ငစနေ

min said...

ဘယ်သူတွေ ဘာတွေပဲ လုပ်လုပ် ကိုယ့်တာဝန်ကျေဖို့ပဲလိုတယ်ထင်တယ်...ခေါင်းဆောင်လုပ်ဖို့ ကိုယ့်မှာ အရည်ချင်းပြည့်လား...မပြည့်ရင်တော့ နောက်လိုက်ကောင်း ဖြစ်အောင် လုပ်ရမှာပဲ...ကန့်လန့်တော့ မသွားနဲ့ ခရီးမတွင်ဘူးဗျ

The Reader said...

Hi, Nga Sanay,
I might be wrong but let me comment how I found some of our Myanmar people ( I don’t say All )
1. Always need the leader to guide them how to think and find the way.
2. Sometimes encounter with difficulty to accept the reality.
3. Don't even want to listen to any one giving different suggesion.
4. Have narrowed mind.
5. Are Unable to appreciate the group discussion.
6. Accepted “Must follow the instruction of the leader without fail” as it is the only LINK in between the leader and followers.””
( for example, the passengers don’t need to say anything even bus driver crosses the road while the RED traffic light is lit, because passengers don’t know how to drive a car. )
The reason is we have been trained and learnt SPOON FEEDING SYSTEM from the school started from primary and practicing until now.
so..........
Best wishes to all.

Nga Sanay said...

The Reader သို.ပြန်ဋ္ဌကားချက်။
ကွန်မင့်ကို ကျေးဇူးတင်ပါတယ်။ ကွန်မင့်ပြုထားသော အချက် ၆ ချက်ကို ယေဘူယျအားးဖြင့် လက်ခံပါတယ်။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့အပြင်၊ တိုင်းပြည်အတွက် ရင်လေးမိပါတယ်။

ကျနော်နေထိုင် လေ့လာစည်းပူးနေသော အနောက်ဒီမိုကရေစီ နိုင်ငံရဲ. ကျင့်သုံးပုံမျိုး အဆင့်သို. ကျနော်တို.နိုင်ငံ ရောက်ရှိဘို. အချိန်များစွာ ယူရမည်ဆိုတာကို ပိုမိုသဘောပေါက်လာပါတယ်။

ဒီမိုကရေစီရဲ. အနှစ်သာရကို ကျနော်တို. ပြည်သူတွေ၊ အနဲဆုံး ကွန်ပြူတာရှေ.မှာထိုင်ပြီး၊ ကီးဘုတ်နှိပ်နိုင်တဲ့ အဆင့်ရှိသူတွေ အတွင်းနက်နက် လေ့လာဘို. လိုလိမ့်မယ်လို. ယူဆမိပါတယ်။

မတူညီသော အမြင်များကိုလည်း လေးစားနားလည်မှုမရှိ။ ပြန်လည်ပြီး ကိုယ်ပိုင်အယူအဆကို အဋ္ဌကိုးအဋ္ဌေကာင်းနဲ. ရှင်းပြနိုင်ခြင်းမရှိဘဲ။ မိမိထင်တာ အမှန်၊ မိမိခေါင်းဆောင်ပြောတာ ဘုရားဗျာဒိတ်၊ ကိုယ်ကျိုးစီးပွားနဲ. ခံစားချက်ကို ဦးထိပ်ထားပြီး၊ တိုင်းပြည်အရေးကို ဆောင်ရွက်ဋ္ဌကမယ်ဆိုရင်တော့။

ဒီမိုး ဒီလေ ဒီလူ ဒီစိတ်ဓါတ်တွေ ဒီစစ်အာဏာရှင်စံနစ်ဆိုးနဲ. တိုင်းပြည်အရေးကို ကံဋ္ဌကမာပေါ်သို.ဘဲ ပုံချရတော့မလို ဖြစ်နေပါပြီ။

ငစနေ