Saturday, November 19, 2011

“NLD အတွက် ၀မ်းနည်းတယ်၊ သူတို့လမ်း သူတို့ ရွေးသွားတာပဲ” (ဒေါ်နော်အုံး လှနှင့် အင်တာဗျူး)

NLD ပါတီ မှတ်ပုံတင်သင့် မတင်သင့် စည်းဝေးဆုံးဖြတ်သည့် ၁၈- ၁၁-၂၀၁၁ နေ့တွင် NLD ပါတီရုံးချုပ်ရှေ့တွင် စုဝေးနေသူများအား ဒေါ်နော်အုံးလှက ပါတီမှတ်ပုံမတင်သင့်ကြောင်း သဘောထားထုတ် ပြန်ချက်များ လိုက်လံဝေငှခဲ့သည်။ ၎င်း၏ သဘောထားအမြင်နှင့် ပတ်သက်ပြီး The Messenger ဂျာနယ်က အင်တာဗျူးမေးမြန်းထား ပါသည်။

မေး ။ ။ ဒေါ်နော်အုံးလှက NLD ပါတီ မှတ်ပုံမတင်သင့်ဘူးလို့ သဘော ထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ NLD ပါတီသာ မှတ်ပုံတင်ခဲ့မယ်ဆိုရင် ၁၉၉၀ ရွေးကောက် ပွဲရလဒ်ကို ကိုယ်တိုင် နင်းခြေသလို ဖြစ်မယ်။ NLD ဟာ အမျိုးသား ညီလာခံရော၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ခဲ့တယ်။ ခုလည်း ဒီအတိုင်း ဆက်ရပ်တည်ရမယ်။ NLD အနေနဲ့ ဂုဏ်သိက္ခာထိန်းရမယ်။

မေး ။ ။ NLD က မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ဘယ်လိုဆက်ရပ်တည်မလဲ။
ဖြေ ။ ။ NLD ရပ်တည်ခဲ့တာ ၁ နှစ်ကျော်ပြီ။ အစိုးရကိုယ်တိုင်လည်း မဖျက်ရဲဘူး။ ၉၀ ရွေးကောက်ပွဲရလဒ်ကို လည်းမဖျက်ရဲဘူး။ အခုအချိန်မှာ အစိုးရက လွှတ်တော်ခေါ်ပြတယ်။ တကယ်တမ်း နိုင်ငံတကာမှာက အဆင် မပြေဘူး။ နိုင်ငံတကာမှာ အမြင်ကောင်းဖို့ NLD ကို အတင်း လာပူးပေါင်းတယ်လို့ထင်တယ်။ မှတ်ပုံတင်လိုက် ရင် NLD က ၂၀၀၈ အခြေခံဥပဒေအောက်ကို ရောက်သွားမယ်။ ဒါကြောင့် မတင်သင့်ဘူး။

မေး ။ ။ NLD ပါတီအနေနဲ့ မှတ်ပုံတင်ရင် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလို့ ရတယ်။ မတင်ဘူးဆိုရင် NLD က နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍက ပါနိုင်မလဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောထားတယ်။ ပါတီက ပြည်သူ့အကျိုးကို ကြည့်ပြီး ပါတီဖြစ် လာတာ။ အခုက ပြည်သူ့အကျိုးကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက ပြည်သူအကျိုးမရှိတဲ့ ဥပဒေ ဖြစ်နေတယ်။ နံပါတ် ၁၊ နိုင်ငံတော် ဦးဆောင်အခန်းကဏ္ဍမှာ စစ်တပ်ပါတာကို လက်မခံနိုင်ဘူး။ ဒီမိုကရေစီနဲ့ မညီတဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူး။ အချိန်မရွေး အာဏာသိမ်းနိုင်တယ်။ နောက်တခုက ၀န်ကြီးချုပ်တွေက စစ်ရေးအမြင်ရှိရမယ်ဆိုတာကိုလည်း လက်မခံနိုင်ဘူး။။ ၂၀၀၈ အခြေခံဥပဒေ မပြင်သရွေ့ မှတ်ပုံမတင်သင့် ဘူး။

မေး ။ ။ ဒါဆိုရင် NLD အနေနဲ့ ဘယ်လိုအခြေအနေမျိုးရောက်မှ မှတ်ပုံတင်သင့်တယ်လို့ ဒေါ်နော်အုံးလှ ထင် ပါသလဲ။
ဖြေ ။ ။ ၂၀၀၈ ဥပဒေကို အစိုးရက ပြင်ပေးရမယ်။ ပြုသာပြင်သာဖြစ်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ်။ အဲ ဒီလို အခြေအနေကျမှ မှတ်ပုံတင်သင့်တယ်။

မေး ။ ။ တကယ်လို့ NLD ကလည်း မှတ်ပုံမတင်ဘူး၊ အစိုးရကလည်း ဒီပုံစံအတိုင်းပဲဆိုရင် ဒေါ်နော်အုံးလှတို့ အနေနဲ့ ဘယ်လို ဆက်လှုပ်ရှားသွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ အခြေအနေတွေအပေါ် မူတည်ပါတယ်။ လုပ်နိုင်တဲ့သူတွေလုပ်ခဲ့တယ်။ ဒီလိုပဲ တဖြည်းဖြည်း အဆက် မပြတ် ဆက်ပြီး တိုက်ပွဲဝင်သွားရမယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေးမှာ ဖြစ်ခဲ့တဲ့ သံဃာတော် ၅ ပါးရဲ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဘယ် လိုမြင်ပါသလဲ။
ဖြေ ။ ။ သံဃာတော်တွေက လုပ်နိုင်သလောက် လုပ်ပေးတာ။ သူတို့ပြောတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တ ကယ်တောင်းဆိုသင့်တဲ့အရာပဲ။

မေး ။ ။ တကယ်လို့ NLD က မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ရင်ရော ဒေါ်နော်အုံးလှ အနေနဲ့ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ ဒီလိုသာ ဆုံးဖြတ်ခဲ့ရင် NLD အတွက် ၀မ်းနည်းတယ်။ သူတို့လမ်း သူတို့ ရွေးသွားတာပဲ။ အန်တီတို့ ကတော့ ဒီအတိုင်း ဆက်ပြီး ရပ်တည်နေမယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ဒေါ်နော်အုံးလှသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်သော အင်္ဂါဆုတောင်းပွဲများ ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။
(မက်စင်ဂျာ ဂျာနယ်ဖေ့စ်ဘွတ်ခ်မှ ...)

23 comments:

K said...

၉၀ ရလဒ်နဲ့  ပတ်သက်ပြီး ဒေါ်စု ပြောသွားတဲ့ စကားတွေကို တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ ၉၀ ရလဒ် နဲ့  ဒေါ်စု ဆိုတာ ကျနော်တို့  အားလုံးအတွက် အတိုင်းအဆ မရှိတဲ့ လက်နက်နဲ့  ခွန်အားပါ။ ဒါကြီးကို မဖြစ်မနေ ပြန်အသက်သွင်းနိုင်မယ်လို့  ကျနော်တို့ မျှော်လင့်ခဲ့ကြတာ မဟုတ်ပါ။ ဒါပေမယ့် ဒါဟာ တိုက်ပွဲအတွက် ကျနော်တို့ စွဲကိုင်စရာ အကောင်းဆုံးများထဲက တစ်ခုပါ။ ဒေါ်စုကို ကျနော်တို့ အားလုံးက ခေါင်းပေါ်တင်ထားခဲ့ကြတာပါ။ လက်တွေ့ မကျတော့ဘူး၊ ဒါကိုအော်နေကြတယ် ဆိုတဲ့ စကားလုံးနဲ့  အလှောင်ခံလိုက်ရလိမ့်မယ်လို့ တော့ ဘယ်တုန်းကမှ မထင်ခဲ့ပါလေ။ ကျနော် မှားခဲ့ရင် ခွင့်လွှတ်ပါ။ (NLD နဲ့  ဒေါ်စုရဲ့ ပေးဆပ်စွန့် လွှတ် အနစ်နာခံခဲ့မှုများကိုတော့ ရင်ထဲကနေ တကယ် SALUTE ပေးပါတယ်)။
http://burmese.dvb.no/archives/18012

123456 said...

NLD ဆုံးဖြတ်ချက် ကိုကြိုဆိုပါတယ်။ မကြေနပ်တဲ့သူ ကိုယ့်လမ်းကိုယ်လျှောက် ၊ သူများကို လိုက်လက်ညှိုးထိုးမနေ နှင့် ကိုလွမ်းဆွေ ရေ အားလုံး ပဲဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့.... ( ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ်ချစ်ရင် အာရပ် လှိုင်းကို မြန်မာပြည် ကို မရိုက်ခက်ပါစေ နှင့် )

ငြီမ်းသူ said...

နော်အုံးလှရေး... မင်းရဲ့အနစ်နာခံလုပ်ရပ်တွေအတွက် လေးစားပါတယ်၊ နိင်ငံရေးမှာ ကိုယ်နားမလည်ဘဲ အရမ်းအရမ်း မဝေဖန်ရဘူး ၊ နောက်လိုက်ကောင်း တယောက်ဖြစ်ဖို့ကြိုးစားပါ ။ ( ဒီတွေးအခေါ် နဲ့ ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်လို့ပါ )။

Anonymous said...

အမေစုဟာ မိန်းမသားတယောက်ဖြစ်လင့်ကစား တိုင်းပြည်နဲ့လူထုအတွက် သူဘ၀တခုလုံး အနစ်နာခံခဲ့ပီးပီပဲ အခုချိန်မှာ သူလုပ်နိုင်သမျှ တိုင်းပြည်နဲ့လူထုအတွက် ဆုံးဖြတ်ပေးတာ အရမ်းသဘောကျတယ်..အရမ်းလည်း အမေစုကို ချစ်မိသွားတယ်။ ကျန်တဲ့ နိုင်ငံရေး လူအစုတွေကတော့ သူ့အမြင့် ကိုယ့်အမြင်နဲ့ လျှောက်နေကြတာ ခေတ်အဆက်ဆက်ပဲလေ။ ဘာလုပ်ပေးနိုင်ကြလို့လဲ။။ လေပဲတက်နိုင်သူတွေ လေပဲလုပ်ကြပေါ့ဗျာ။။ အမေစု.. ဆက်ချီတက် ပြည်တွင်းက သားတို့ ရှိနေပါတယ်

သစ္စာတရား said...

ကရင်တွေ မင်းတို့မနေ့တနေ့ကမှ နိုင်ငံရေးဆိုတာမင်းတိုသိတာမဟုတ်လား။
မင်းတို့ကတော့ ဘယ်လောက်နိုင်ငံရေးကျွမ်းကျင်လို့လဲ
ခေါင်းဆောင်ဖြစ်ရေးမဖြစ်ရေးကို ပြောစရာမလိုပါဘူး။
သူရဲ့ခံယူချက်ကို သူတင်ပြသွားခြင်းဖြစ်ပါတယ်။
မင်းတို့ကလူသတ်လက်နက်ကိုင်ပြီး နိုင်အောင်လဲမတိုက်နိုင်ဘူး။ နှုတ်ခမ်းမွှေးတစ်ယောက်ကလဲ အခုဝင်လိုက် အခုတောခိုလိုက်နဲ။ မင်းတို့ကရင်လူမျိုးစုတွေမကောင်းလို့ တို့တိုင်းပြည်နစ်နာနေတာ။ မင်းတို့က ဘယ်သဘောတူမှာလဲ။ မင်းတို့လုပ်စားလို့မရတော့ဘူးလေ။ နိုင်ငံတော်တည်ငြိမ်နေရင် မင်းတို့နေရာပျောက်ပြီးမဟုတ်လား။ မင်းတို့က မင်းတို့နေဖို ထိုင်ဖို့စားလောက်ပဲကြည့်နေတဲ့ကောင်တွေ။ ငါကိုယ်တိုင်မဲဆောက်မှာခဲ့ဘူးပါတယ်ကွ။ .ဒေါ်အောင်ဆန်းစုကြည်ပြောရဲ့ဆုံးဖြတ်ချက်ကို သဘောတူတယ်။ ထောက်ခံတယ်။ မကြိုက်သူများကိုယ်လမ်းကိုယ်လျောက်ပါ။ မင်းတို့ကောင်တွေ သူများနိုင်ငံထဲမှာ ကျွန်စိတ်ရှိနေလို့ မင်းတို့ကရင်လူမျိုးနဲ ဗမာလူမျိုးတွေမကောင်းစားတာ။ ကျောင်းသားတပ်မတော်ကောင်တွေလဲမှတ်ထားပါ။မင်းတို့ကိုလဲ ငါကပြောကြားလိုက်ခြင်းဖြစ်ပါတယ်။
မဖြစ်နိုင်တဲ ၉၀ရွှေးကောက်ပွဲကိုပဲ မင်းတို့က လိုချင်နေတယ်။ မပေးပါဘူးနေ။ လက်ခံပေါ့။ ရှေးခေတ်နိုင်ငံရေးစနစ်နဲဆိုရင် ပုန်ကန်သူအားလုံးသတ်ပစ်တယ်ဆိုတာ မင်းတိုသိထားပါ။
အခုနိုင်ငံတော် တည်ငြိမ်နေပြီး ပုန်ကန်သူအားလုံး ထိုက်တန်တဲ့ရလာဒ်ကို မင်းတို့ခံစားရမယ်။ အခု အိုဗမားကလဲ မနေ့ကပြောသွားပါတယ်ဗျာ။
အမေရိကန်နိုင်ငံကြားရေးဝန်ကြီးလဲ လာမှာပါဗျာ။
တမ္ဘာလုံးက ထောက်ခံပါတယ်။
မထောက်ခံတာက မတောက်တခေါက် နိုင်ငံရေးမသားတွေက ကိုယ့်အခြေနေကိုယ်သိပါ။
ကိုယ်စောက်သုံးမကျတာကို အသုံးမကျဘူးလို့သိနေရင်။ အသုံးကျဖို့ အလားလာများတယ်။ ကိုယ်ကလဲ အသုံးမကျဘူး။ ကိုယ့်ကို အသုံးကျတယ်လို့ထင်နေရင်တော့ မင်းတို့ဘယ်တော့မှ နိုင်ငံရှိမှာမဟုတ်ဘူး။ မင်းတို့နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီး ထိုင်းနိုင်ငံကယ်လို့ပေါ့့။ မကယ်ရင် မင်းတို့ သေလို့ ဘဝတွေ ဘယ်နှစ်ဘဝတောင်ရောက်သွားမှန်းတောင်သိမှာမဟုတ်ဘူး။ ငါတို့နိုင်ငံအဓိ မတိုးတက်တာ ငါပြောပြမယ်။
အနှစ်ချုပ်ပေါကွာ။
တို့နိုင်ငံမှာ အာဏာပြိုင်နေတယ်။
တစ်ဘက်က အကြမ်းနည်း (စစ်အစိုးရပါ)
တစ်ဘက်က အနုနည်း(ဒေါ်အောင်ဆန်းစုကြည်နဲဒီမိုကရေစီလှုပ်ရှားသူအဖွဲ့)
အခုသူတို့ သဘောတူစွာပဲ ရွှေးကောက်ပွဲဝင်မယ်လို့ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။
တို့တိုင်းပြည်တိုင်းတိုးတက်တော့မယ်။
အေး........
ဒေါ်အောင်ဆန်းစုကြည့်ဆုံးဖြတ်လို့ ဝမ်းနည်းတယ်ဆိုရင်လဲ အဲဒီမှာ လဲပြီးသေကြပါလို့..ပြောလိုက်ပါတယ်။
ကိုယ်လမ်းကိုယ်လျောက်။
ကိုယ်စကားကိုယ်ပြောပါ။
မင်းတို့နဲ ဒေါ်အောင်ဆန်းစုကြည့်မသတ်တော့ပါဘူး။
.................................
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန်းခွန်းကို သေချာနားထောင်ပါ။
............
လုံးဝကို မလုပ်လို့ရလို့ဆုံးဖြတ်လိုက်တာပါ။
....................
နိုင်ငံရေးလုပ်နေတာလား စားဝတ်နေရေးအတွက်မင်းတို့အလုပ်လုပ်နေတာလား
။ မင်းတို့ကိုယ့်ကိုသဘောပေါက်ပါ။
.........
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည့်ကိုလေးစားတယ်ဗျား။
ရန်ဖြစ်နေတာနဲ အချိန်ကုန်စေချင်ဘူး။
ဘာပဲဖြစ်ဖြစ်နောင်လာမယ့် ရွှေးကောက်မှာ ဒေါ်အောင်ဆန်းစုကြည်အနိုင်ရမှာပါ။
....................
အနိုင်ရပါစေလို့လဲ ဆုမွန်ကောင်းတောင်းလျက်...(ထောက်စူး)

ှဲKaung said...

ဒီမိုကရေစီနည်းအတိုင်း ဆုံးဖြတ်တာကို နာခံလိုက်နာဖို့ က ဒီမိုကရေစီ မြတ်နိုးသူတွေ တာဝန်ပဲ မဟုတ်လား။ ကန့် လန်လုပ်နေရရင်တော့ တတ်နင်းခံရလိမ့်မယ်။

pncc said...

တက်နင်းလိုက်တာ မိုင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

ပုံ ... ပူနောင်ချပ်ချိန်း

Yangon Thar said...

Please remember without Daw Aung San Suu Kyi and NLD, nobody give a shit about Burma-Myanmar. So if you think that other ordinary person can raise the suppressing issues to the world, unit people inside and outside against the military dictatorship SLORC-SPDC, you are dreaming in technicolor. There were people well known like U Nu, Bo Lat Yar, Bo Mya and Khin Maung Win already tried and failed. DASSK and NLD leadership and members have suffered (jailed, black-listed, exiled, forced unemployment, barred from writing) through the years and even the jailed 88 generation group of student leaders supported DASSK and NLD action because politics is not win or lose but willingness to negotiate and compromise for the betterment of people and the country.

When someone criticized DASSK and NLD for compromising with the government, I am not going to give a shit about criticism unless its coming from someone who suffered like DASSK, 88 generation student group and NLD leadership in Burma-Myanmar under the military boot of SLORC-SPDC. These heroes have sacrificed their lives, ambitions, personal believes and future during those dark years and now they believed that instead of criticizing from the sidelines, negotiating, compromising, participating are the way to shape a better Myanmar-Burma future in the years to come. The people have suffered more than 50 years since March 2, 1962 and enough is enough!!!

never trust said...

to daw naw own hla

like your name u choose your own

nin south yuu ma
soute thone ma kya tae soute advice twae shout pyaw ma nay nae

lee bell

burma said...

ဒေါ်နော်အုန်းလှရေ။။ ခင်ဗျား ကဘယ်အချိန်ထိစောင့်နေမှာလဲ...ခင်ဗျားဗမာပြည်မှာနေပြီးပြည်သူတွေဘာဖြစ်နေလဲမြင်နေရတာပဲ..ဒေါ်စုတို့ NLD လုပ်နေတာအကောင်းဆုံးဖြစ်နေမယ်ဆိုတာ ခင်ဗျားသိသင့်ပါတယ်...ပြည်သူတွေအတွက်ပါ...အစွဲတွေဖျောက်ပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ...

thanlwinkha said...

ရဲရင့်ပြတ်သားတဲ့ဒေါ်နော်အုန်းလှကိုချီးကျူး
ထောက်ခံပါတယ်..

အလင်းရောင် said...

ဒေါ်နော်အုံးလှ ကို တခုပဲမေးပါမယ် NLD က ပြည်သူလူထု ကောင်းစားရေးအတွက်လုပ်နေတာလား NLD သိက္ခာရှိဖို့ကိုပဲ လုပ်နေတာလား? ဒေါ်စု ကိုယ်တိုင်က ပြည်သူလူထု ကောင်းဖို့ အကောင်းဆုံးလမ်းကို ရွေးခဲ့ပါတယ်။ ဒေါ်နော်အုံးလှ ခင်ဗျား အတ္တအတွက် အတိုက်အခံလုပ်နေတာလား ပြည်သူလူထုအတွက်အတိုက် အခံလုပ်နေတာလား ဆိုတာ ကိုယ့်ပါကိုယ်ပြန်မေးကြည့်ပါဦး ..

Myawadi said...

ပြည်သူလူထု ကို ဆင်းရဲတွင်း ထဲက လွတ်စေချင်ရင် စေတနာ စစ်မှန်တဲ့ ခေါင်းဆောင် ရှိရပါမယ်။
အဲဒီ ခေါင်းဆောင်ဟာ
(၁) နှလုံးရည် ပြည့်တဲ့အရည်အချင်း ရှိ ရပါမယ်။
(၂) ကိုယ်ဆန္ဒ (ငါစွဲ) ကို ရှေ့တန်းမတင်ဘဲ လက်တွေ့ ဖြစ်နိုင်တဲ့ အကောင်းဆုံး လမ်း ကို မြင်နိုင် သူဖြစ်ရပါမယ်။
(၃) ကိုယ်ကျိုးမကြည့် ကိုယ်ကျိုးစွန့်သူဖြစ်ရပါမယ်။
(၄) ကမ္ဘာ အလယ်မှာ ဝင်ဆန့်နိုင်တဲ့ အရည်အသွေး ရှိရပါတယ်။
(၅) အဃာတ မထားတဲ့ မြင့်မြတ်တဲ့စိတ်ထား ရှိရပါမယ်။
(၆) မိမိ လူမျိုးနဲ့ နိုင်ငံ ကို ချစ်ခင်မြတ်နိုးသူ ဖြစ်ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည် မှာ အဲဒီ အချက်တွေ အားလုံးနဲ့ ပြည့်စုံပါတယ်။
ဒီလို လူမျိုးတော်ရုံ ရှာလို့မရ နိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှု နဲ့ သာ ကျွန်မတို့ ပြည်သူတွေ လူ့ငရဲ က လွတ်နိုင်ပါမယ်။
လတ်တလော အရေးကြီးဆုံး က မြန်မာပြည်သူလူထု ဆင်းရဲတွင်း က အမြန်ဆုံး ထွက်ပေါက်ရရေးပါဘဲ။

ဒေါ်နော်အုံးလှ တို့လို လူတွေ ဆန္ဒလို ဆိုရင်ဖြင့် ကျွန်မတို့ ရဲ့ တိုင်းပြည်ဟာ ၁၉၆၃ ခူဆီ ကို ပြန်ရောက် သွားပါမယ်။
ဒေါ်နော်အုံးလှ လဲ ငါစွဲ ၊ ပါတီစွဲကင်းပြီး အမှန်မြင်နိုင်ပါစေ လို့ ဆူတောင်းပါတယ်။

ကျွန်မ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုကို ဘယ်လို ပုံစံနဲ့ မဆို လိုက်နာနိုင်ပါတယ်။
ဘာလို့လဲ ဆိုတော့ သူ့အရည်အချင်းနဲ့ သူ့ရဲ့ စွန့်လွတ်မှု တွေ ကို မြင်ခဲ့ရုံသာမက သူ့စိတ်စေတနာကို အကြွင်းမဲ့ယုံလို့ပါဘဲ။

မျှတ said...

NlD အလုပ်အမှုဆောင်ဦးဝင်းတင် ကိုယ်တိုင်၂၀၀၈ အခြေခံဥပဒေကို သံသယရှိတယ်လို့ ပြောပါတယ်။ ဒေါ်စု
ကလွတ်တော်ထဲဝင်ပြီး ဥပဒေကိုပြင်ပေးဖို့ ကြိုးစားပေးမယ်ပြော
လို့ စိတ်အေးရတယ်တဲ့။ သဘောတူလက်မှတ်ထိုးပြီးမှ ဟိုဟာလေးပြင်ပေးပါ၊ ဒီဟာလေးပြင်ပေးပါ တောင်းဆိုခွင့်
ရှိသေးလား။ ထပ်ပြီးတောင်းဆိုရင် ကလေးကလား
ဖြစ်မနေဘူးလား။ ကျနော်သဘောအကျဆုံးခေါင်းဆောင်ကတော့
'ဆိုခဲစေမြဲစေ" ကို ကိုင်ဆွဲနိုင်သူတစ်ဦးဦး

pncc said...

မဆလ တပါတီ အာဏာရှင်
တိုင်းပြည် အရေးနဲ. ပါတီအရေး ယှဉ်လာရင် တိုင်းပြည်အရေးကို ဦးစားပေးရမယ်။ နှစ်၂၀ဋ္ဌကာ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းဋ္ဌကီး ပလုံဖြစ်သွားပြီ။ မဆလပါတီကို လူထုအုံဋ္ဌကွမှုနဲ.ဖျက်၊ အတုအယောင် အာဏာသိမ်းပွဲနဲ. တစ်ကပြန်စမယ်။

အင်အယ်ဒီ ပါတီ
ဒီမိုကရေစီ လှုပ်ရှားမှု တခုတည်းအတွက်နဲ. လုပ်နေတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်နေတာ။ ဒါဋ္ဌေကာင့်မို. ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မယ်။ နှစ်၂၀ကျော် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ် လက်တွေ. မကျတော့ဘူး။ အခင်းအကျင်းအသစ်နဲ. လွှတ်တော်ထဲမှာ ပြန်စမယ်။

bokyaw said...

ဒေါ်စုကလက်တွေကျကျလုပ်နေတာပါ..ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုရွေးချယ်ရမဲကအချိန်ကိုရောက်နေပါပြီ။
ဒေါ်နော်အုန်းလှ..တိုင်းပြည်ကောင်းစားတာကိုခင်ဗျား
မဖျက်ဆီးသင်.ဘူးလို.ထင်တယ်။ ကိုယ်မလုပ်နိုင်ရင်
ဝေးဝေးကနေပါ။ လုပ်.သင်.တဲ.အချိန်မှာလုပ်သင်.
တာကိုရွေးချယ်သင်.ပါပြီ။ အတိတ်ကိုအတိတ်မှာထား
ပြီရှေ.ဆက်လှမ်းရမဲ.လမ်းမှန်ကိုရှာဖွေကြပါစို.

Anonymous said...

ငြီမ်းသူ said...
နော်အုံးလှရေး... မင်းရဲ့အနစ်နာခံလုပ်ရပ်တွေအတွက် လေးစားပါတယ်၊ နိင်ငံရေးမှာ ကိုယ်နားမလည်ဘဲ အရမ်းအရမ်း မဝေဖန်ရဘူး ၊ နောက်လိုက်ကောင်း တယောက်ဖြစ်ဖို့ကြိုးစားပါ ။ ( ဒီတွေးအခေါ် နဲ့ ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်လို့ပါ )။

Anonymous said...

ကဲ နော်အုံးလှ ... ဒါမလုပ်ရင် ဘာလုပ်မလဲ သွားမေး။ ခုချိန်ထိ မဖြေနိုင်သေးဘူး စိတ်ချ။ အစပိုင်းသူလုပ်ခဲ့တာတွေ ကောင်းတယ်။ ကောင်းမှာပေါ့ သူလုပ်သင့်တဲ့အလုပ် သူနဲ့သင့်တော်တဲ့အလုပ် မို့လို့...
အခုတစ်ခါတော့ ခေါက်ဆွဲသုတ်နေတာကရင် တရုတ်ခေါက်ဆွဲထကြော်တယ်။ ဒါလည်း ရသေးတယ် ခပ်ဆင်ဆင်ပဲ။ အဲဒါကတဆင့် ခေါက်ဆွဲချင်းနာမည်တူတယ်ဆိုပြီး အီတာလျံခေါက်ဆွဲ ထလုပ်ရော ၀က်ဝက်ကွဲရော။ ဘာလို့လဲဆိုတော့ ခေါက်ဆွဲဆိုတာ နာမည်ပဲ တူတာလေ ကွာခြားတွေအများကြီး သူမသိပဲကိုး။
ခေါက်ဆွဲလေးသုတ်ရင်း ပြည်သူမေတ္တာခံယူပါ မမရယ်။ နိုင်ငံရေးဆိုတာလေ တင်းခံနေလို့လည်းမရ အရမ်းလျော့နေလို့လဲမရ။ အဓိက ဘယ်သူအတွက်လုပ်တာလဲပေါ်မူတည်တယ်။ NLDနဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေ အကျဉ်းစံနေရတဲ့ ရဲဘော်တွေအတွက် လုပ်တာဆို နော်အုံးလှမှန်တယ်။ ပြည်တွေအတွက်ဆို ပြည်သူတွေ ဆန္ဒကလား စာဝတ်နေရေးပြေလည်ပြီး အဆင့်အအတန်းရှိတဲ့ နိုင်ငံအဖြစ်ကို ညင်သာစွာကူးပြောင်းသွားတာပဲကြိုက်တယ်။ ပဋိပက္ခတွေ မဖြစ်လေကောင်းလေပဲ။ ရှင်းတယ်နော်။

aungmyin said...

အ နှစ် နှစ်ဆယ် ကျော် လာ ပီ / အ မေ စု ပြော သ လို ပဲ /လက် တွေ့ မ ကြ တော့ ဘူး /
တိုင်း ပြည် နောက် ကျ ကြန် နေ ပီ /သ ဘော မ တူ တဲ့  လူ တွေ ရော ဘာ များ လုပ် နိုင် သေး လဲ
မျက် စိ မှိတ် ပြီး အော် မ နေ ကြ နဲ့  /ကျုပ် တို့ က တော့ ပြည် ပ နေ ပြီး အော် နေ တဲ့  သူ
တွေ ကို လဲ မ ယုံ တော့ ဘူး ဗျို့ 

Myanmar said...

Dear Nor Ohn Hla,
You can reveal your opinion openly. But you are not worth to make a comment against Daw Su, she is our most reliable leader in our age. I'm also feeling so sad for you.

king min don said...

ဒေါ်နော်အုံးလှခင်ဗျား !

တစ်ဖက်တစ်လမ်းကနေပြီး တိုင်းပြည်အတွက်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့တာတွေကို အသိအမှတ်ပြု လေးစားလျက်ပါ။ အခုလို NLDရဲ့ မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက်ကို ကန့်ကွက်တာဟာ ဒေါ်နော်အုံးလှရဲ့ အခွင့်အရေးပါ (ဒါဟာ ဒီမိုကရေစီ ပါပဲ)။
သို့သော် NLD ပါတီရဲ့ဂုဏ်သိက္ခာ အတွက် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားကို ဥပက္ခာပြုလဲလှယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။
"ပါတီက ပြည်သူ့အကျိုးကိုကြည့်ပြီးဖြစ်လာတာပါ"
ခေတ်စနစ် မူဝါဒတွေ၊ ပြောင်းလဲနေပါပြီ၊ အချိန်ကာလအားဖြင့်လည်း များစွာကုန်ဆုံးပေးဆပ်ခဲ့ကြပြီးပြီ။
အရာမထင်ပဲ ကမ္ဘာတစ်ခွင်မှာ အဆင်းရဲဆုံးနိုင်ငံရယ်လို့လည်း
ကျော်ကြားခဲ့ပါပြီ။
NLDကိုမှတ်ပုံမတင်ရွေးကောက်ပွဲမဝင်စေချင်လျှင်
ဒေါ်နော်အုံးလှ ဘာတွေဆက်လုပ်မှာလဲ ?
အခြေနေပေါ်မူတည်ပြီး မီးစင်ကြည့်ကမယ့် နိုင်ငံရေးဆိုကတည်းက
ကောင်းစွာ သဘောပေါက်ပါ၏။
ဗုဒ္ဓမြတ်စွာပင်လျှင် ဒုက္ခစရိယာကျင့်စဉ်မှ
မဇ္ဇိမပဋိပဋာလမ်းမှန်လျှောက်တော်မူသည့်အခါ ပဉ္စဝင်္ဂီငါးပါးတို့က
ကြိုးစားမှုအရာလျော့ပါးသည်ထင့်၊ စိတ်ပျက်အားလျော့ကာ
ဖယ်ကျဉ်ခွာဝေး ပြေးကြသေးသည်ပင်။ (မနိုင်းအပ်သော်ငြား
သာဓကပြုခြင်းမျှသာ)
မှားယွင်း တည်ငြိမ်မှုမရှိတဲ့ကာလံ၊ ဒေသံမှာ ဂုဏ်သိက္ခာဆိုတာ
ပရမံမြူမှုန်မျှပါ။
မှတ်ပုံမတင်တော့ ရွေးကောက်ပွဲဝင်မရ၊ ရွေးကောက်ပွဲမဝင်တော့ လွှတ်တော်နိုင်ငံရေးမှာ
ဝင်ရောက်ဆွေးနွေးဖိုက်တင်ပလေးခွင့်မရ၊
ဖိုက်တင်ပလေးလို့မရတော့ လူထုအတွက် ထိုင်ကြည့်နေရ။
ဒါကြောင့် ဒီလိုလုံးလည်ချာလိုက်နေတဲ့ နိုင်ငံရေး ဇာတ်မျောကြီးကို ပြီးအောင်ကဖို့ NLD ပါတီက မျှော်လင့်တကြီးစောင့်စားနေတဲ့ ချစ်လှစွာသောပြည်သူလူထု ကြီးအတွက် အကောင်းဆုံး ရွေးချယ်ဆုံးဖြတ်ခဲ့တယ် ဆိုတာ ယုံမှားသံသယမရှိစေချင်ပါဘူး အမိုး................
မာနတွေ ခဝါချလို့ ပြန်လည်စုစည်းကြပါစို့။

Anonymous said...

မလုပ်ဘဲထိုင်နေရမှာလား။ လူစွမ်းလူစဆိုတာ အခက်အခဲကြားက ရုံးထနိုင်ရတာမျိုး။ သူများက အဆင်သင့်ခင်းတဲ့လမ်းစောင့်လျောက်စေချင်တယ်ဆိုရင်တော့ကိုယ့်ခေါင်းဆောင်ကြီးအရည်အသွေးကိုမယုံကြည်ရာ ကျပါတယ်လေ။ လက်ရှိအစိုးရကိုယုံလို့မဟုတ်ဘူး အမေ့ကိုယုံတာ အမေ့ကိုချစ်တာ အမေဘယ်တော့မှသားသမီးတွေအတွက်လမ်းမှားမရွေးဘူး။ ဒါအမေ့ရွေးချယ်မှု အမေ့ရဲ့စွန်စားမှု အမေကဘုရားမှမဟုတ်ဘဲ အမှားနဲအောင်ဘဲလုပ်နိုင်တဲ့ အမှားမကင်းတဲ့ပုထုဇဉ်။ အမေအမှားလုပ်ခဲ့မိရင်တောင် သူ့သားသမီးတွေအတွက် ချစ်လွန်းလို့ဘဲမှားတာ။ သူ့အတ္တအတွက် အမှားလုပ်တာမဟုတ်ဘူး။ ဒို့တော့အမေနဲ့အတူ ဝေေ၀ ကြွေကြွေ မျှဝေမယ်။

five O two said...

မေး ။ ။ တကယ်လို့ NLD ကလည်း မှတ်ပုံမတင်ဘူး၊ အစိုးရကလည်း ဒီပုံစံအတိုင်းပဲဆိုရင် ဒေါ်နော်အုံးလှတို့ အနေနဲ့ ဘယ်လို ဆက်လှုပ်ရှားသွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ အခြေအနေတွေအပေါ် မူတည်ပါတယ်။ လုပ်နိုင်တဲ့သူတွေလုပ်ခဲ့တယ်။ ဒီလိုပဲ တဖြည်းဖြည်း အဆက် မပြတ် ဆက်ပြီး တိုက်ပွဲဝင်သွားရမယ်။
without any good reason, how to understand? what is her intention? how to she go ahead? Its looks like a joke! hahahaa.