Wednesday, November 23, 2011

ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ရရှိ

ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု
(Imprisoned Artist Prize) ရရှိ
သတင်း - Burma VJ Media Network

ကျောက်ဖြူထောင်တွင် ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသည့် တေးရေးနှင့် ဂစ်တာတီးခတ်သူ ကိုဝင်းမော်ကို Freedom to Create အဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့၌ အ ကျဉ်းကျ အနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို ချီးမြှင့်ခဲ့သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွှေဝါ ရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ)မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်မှုဥပဒေ၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာက ကိုဝင်းမော်အတွက် ဗွီဒီယိုအမှာစကား ပေးပို့ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယိုအမှာစကား ပေးပို့ခဲ့သည်။

အခုလို ကိုဝင်းမော်ဆုရရှိသည်ကို သိရှိရသည့်အတွက် ၀မ်းသာစရာဖြစ်သော်လည်း၊ အနုပညာရှင်ကိုယ်တိုင် မှာ ထောင်ထဲတွင်ရှိနေသဖြင့် ၀မ်းနည်းစရာဖြစ်ရကြောင်း၊ သာမန်လူများ မတွေ့မမြင်နိုင်သည့် ရှုထောင့်မှနေ ပြီး အနုပညာရှင်များမှာ ကမ္ဘာကြီးကို ပိုမိုလှပစေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်၊ အတွေးအ ခေါ်တို့ကြောင့် လူများကို ထောင်သွင်းအကျဉ်းချသည့်အလုပ်မှာ ကျဉ်းမြောင်းသည့်အလုပ်ဖြစ်ကြောင်း၊ ကို ၀င်းမော်နဲ့လည်း လူချင်းသိရှိပြီး အနုပညာအပေါ်ထားသည့် သူ့ယုံကြည်ချက်ကို နှစ်သက်ကြောင်း၊ ယခုလို ကာလတွင် ဆုချီးမြှင့်ပေးသည့် Freedom to create အဖွဲ့ကို ကိုဝင်းမော်ကိုယ်တိုင် လာရောက်ပြီး ကျေးဇူး တင်စကား ပြောနိုင်မည့်အချိန်ကာလမှာ မဝေးတော့ပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမှာ စကားထဲတွင် ထည့်ပြောသွားသည်။

ကိုဇာဂနာကလည်း သူဆုရစဉ်က ခံစားမှုဖြင့် နှိုင်းယှဉ်ပြီး ကိုဝင်းမော် ဆုရသည့်အတွက် ၀မ်းမြောက်ကြောင်း၊ ကိုဝင်းမော်မှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဒီဗွီဘီသို့ သတင်းပေးပို့မှုဖြင့် အကျဉ်းချခံနေရသော်လည်း ထောင်တွင်းတွင် အနုပညာများ ဆက်လက်ဖန်တီးနိုင်နေဆဲဖြစ်ကြောင်း၊ သူ မကြာခင် လွတ်မြောက်လာပြီး အနုပညာများကို လွတ်လပ်စွာ ဖန်တီးသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောခဲ့သည်။
ရွှေသံစဉ်တေးဂီတအဖွဲ့ ထူထောင်သူ၊ တေးရေးနှင့် လိဒ်ဂစ်တာ တီးခတ်သူ ကိုဝင်းမော်မှာ အနုပညာသမား အဖြစ်သာမက ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင်လည်း ပြည်သူကြားမှ သတင်းသမားတယောက်အနေဖြင့် ဗီဒီ ယိုရုပ်ပုံများကို တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းပြီး မီဒီယာသို့ ဖြန့်ဝေနိုင်ခဲ့သဖြင့် ၂၀၀၇ စက်တင်ဘာလှုပ် ရှားမှုကို ကမ္ဘာက ပိုမိုသိရှိခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမော်၏ ခံယူချက်နှင့် ဘ၀တစိတ်တပိုင်းကို အော်စကာဆု ပေးပွဲ နောက်ဆုံးအဆင့်သို့ ရောက်ခဲ့သည့် ဘားမားဗွီဂျေ မှတ်တမ်းရှပ်ရှင်ထဲတွင် တစိတ်တဒေသ ဖော်ကျူး ထားသည်။

ဆုပေးပွဲကို ကိုဝင်းမော်နှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက တက် ရောက်လက်ခံယူခဲ့ပြီး ကိုဝင်းမော်အား စစ်အစိုးရမှ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုအတွင်း သတင်းများ ပေးပို့ ရာတွင် အဓိကကြိုးကိုင်အဖြစ် စွပ်စွဲပြီး နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ ကိုဝင်းမော်မှာ ယုံကြည်ချက်အတိုင်း လုပ် နေသူသာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆုရရှိခြင်းဖြင့် ကလေးများနှင့် အိမ်ထောင်တာဝန်ကို ထမ်းနေရသူ ဇနီး သည်အတွက် တဘက်တလမ်းမှ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု ၂၀၁၁ ခုနှစ် ဆုပေးပွဲတွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကိုလည်း Freedom to create leadership ဆု ချီးမြှင့်ခဲ့သည်။

FREEDOM TO CREATE ဆုသည် လူမူရေးအပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် ကြိုးစားနေ သည့် ကမ္ဘာအနှံ့က အနုပညာသမားများ၊ လူမှုရေးလုပ်ဆောင်သူများအား ပေးအပ်ချီးမြှင့်သည့်ဆုဖြစ်သည်။

http://www.freedomtocreate.com/win-maw
http://www.freedomtocreate.com/aung-san-suu-kyi

Aung San Suu Kyi congratulates Win Maw

Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw. A specially recorded congratulatory message for Win Maw from Burma's pro-democracy leader and Nobel Peace Prize Laureate, Aung San Suu Kyi, that was shared with the audience at the 2011 Freedom to Create Prize Concert in Cape Town.

Date of film: 19 November 2011
Length of film: 1min 50sec


လူရွှင်တော် ကိုဇာဂနာရဲ့ ဗွီဒီယိုအမှာစကား

ကိုယ်စားဆုလက်ခံယူသူ ကိုအောင်ကြီး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အမှတ်တရစကား

ကိုဝင်းမော်ရေ ... ခင်ဗျားကိုယ်စား ဆုသွားယူပေးတဲ့အတွက် ထောင်ထဲကနေ ကျေနပ်နေမယ်လို့ မျှော်လင့်မိ ပါတယ်။ ဒီဆုကို လက်ခံရယူခဲ့ရလို့ ခင်ဗျားနဲ့ ထောင်တူတူကျခဲ့တဲ့သူတဦးအနေနဲ့ ကျေနပ်ဂုဏ်ယူခဲ့ရပေမယ့် အခုချိန်ထိ ခင်ဗျား ထောင်က မလွတ်သေးတဲ့အတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။

No comments: