Tuesday, November 29, 2011

မိုးအေး (DVB) တင်ဆက်သည့် “အာဏာရှင် ဂဒါဖီမိသားစုရဲ့ အသုံးချခံဖြစ်ခဲ့ ရတဲ့ ပြောခွင့်ရနဲ့ ပြန်ကြားရေးဝန်ကြီး မူဆာအီဗရာဟင်ရဲ့ ဘ၀တစိတ်တဒေသ”

လန်ဒန်မှာ ၁၅ နှစ်ကြာ သတင်းမီဒီယာပညာရပ်ကို ပါရဂူဘွဲ့ ရဖို့အထိ လေ့လာဆည်းပူးခဲ့ပေမယ့် နောက်ဆုံး တော့ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်ကို သတင်းလွတ်လပ်ခွင့်အတွက် အသုံးမချနိုင်ခဲ့ဘဲ အာဏာရှင် ဂဒါဖီမိ သားစုရဲ့  အသုံးချခံဖြစ်ခဲ့ရတဲ့ ဂဒါဖီရဲ့ပြောခွင့်ရနဲ့ ပြန်ကြားရေးဝန်ကြီး မူဆာအီဗရာဟင်ရဲ့  ဘ၀တစိတ်တဒေ သကို နိဒါန်းပျိုးတဲ့အနေနဲ့ ဒီတပတ်အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လစ်ဗျားကပေးတဲ့ သင်ခန်းစာ များ အစီအစဉ်တွေထဲက သိပြီးသား တင်ပြပြီးသား အချက်အလက်တချို့ ပါဝင်ပါကြောင်း အသိပေးအပ်ပါ တယ်။ (မိုးအေး)

1 comment:

မင်းဒင် said...

တင်ပြထားတာက မူဆာအီဗရာဟင်အကြောင်း ၊ကြည့်နေရင်း မြင်ယောင်လာတာက ဝန်ကြီး ဦးကျော်ဆန်းရဲ့ မျက်နှာ ...၊ဒါဟာ အနုပညာမြောက် ခြင်းပါပဲ။