Tuesday, November 15, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၄-၁၁-၂၀၁၁)

ပခုက္ကူရေဘေးသင့်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေးအတွက် ၉-၁၁-၂၀၁၁ နေ့က မန္တလေးမြို့အနှံ့ အလှူခံထွက်ခဲ့တဲ့ ငွေငန်းမြို့မ အလှပြဧည့်ခံဖျော်ဖြေရေးယာဉ်ကြီး (FB-Mg Ba Oo)
ရန်ကုန်ကနေ လာတဲ့ နယူးမန္တလာထွန်းကား မိုင်တိုင် ၃၃၅/၁ နဲ့ ၃၃၅/၂ အကြား ကွန်ကရစ်လမ်းသစ်ကြီးမှာ အရှိန်လွန် လမ်းဘေးချောက်သို့ကျပြီး ကားမှောက်၊ ၉ ဦး သေ ၂၇ ဦး ဒဏ်ရာရ (FB-Mg Ba Oo)
ကျနော် မရေးဖြစ်ခဲ့သော သတင်းတပုဒ် (FB-ဟာဂျူလီ ကသာ)
မြစ်ကြီးနားမြို့ ပေါက်ကွဲမှု သေဆုံးသူမရှိလို့ အစိုးရ ပြော (FB-Winmit WinMyint)
၁၃-၁၁-၂၀၁၁ နေ့တွင် ကြည့်မြင်တိုင်မှ သူငယ်ချင်းများနှင့် Clean Hand ပန်းချီဆရာများအဖွဲ့ ပူပေါင်းပြီး စုစု ပေါင်း ငွေသား ၁ သိန်း ၁ သောင်းကျပ်နှင့် အခြားအ၀တ်အစားများ သွားရောက်လှူဒါန်းခဲ့ပါသော ပုည၀ိသုဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (FB-Sandi Htet)
ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အော်ဝဲလ် ကသာမှာ နေသွားခဲ့တဲ့ ရှေးဟောင်းအိမ်ကြီးပါ။ ယိုယွင်းနေပါပြီ။ ဒါပေမယ့် နိုင်ငံခြားသားတွေ စိတ်ဝင်တစား လာကြည့်နေကြဆဲပါ။ (FB-ဟာဂျူလီ ကသာ)
ကိုဇာဂနာသို့ ပေးစာ ... ခင်မြရီ (၁၄-၁၁-၂၀၁၁)

(လူ့အခွင့်အရေး ချက်ချင်းပေး၊ လူ့အခွင့်အရေး ချက်ချင်းပေးလို့ အော်တိုင်းသာ ပြည့်ဝမယ် တိုး တက်မယ်ဆိုရင် ကျနော်တို့ကမ္ဘာကြီး အသံဝင်တာ ကြာရောပေါ့။ ။)

ကိုဇာဂနာရဲ့ ၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၈ က ဆောင်းပါးပါ။

ကိုဇာဂနာဆိုတာ ကျမတို့ပြည်သူတွေ မပြောရဲတာတွေ ပြောချင်တာတွေကို ဟာသဉာဏ်နဲ့ ပြောပေးခဲ့တဲ့သူ၊ အစိုးရကို ဗြောင်ကျကျ သရော်ရဲခဲ့လို့ နှစ်ပေါင်းများစွာ လေးစားခဲ့ရသူပါ။

ဒီဆောင်းပါးက တမျိုးဖြစ်နေတယ်လို့ ခံစားရပါတယ်။

အော်တိုင်းသာ ရနေမယ်ဆိုရင် အပါအ၀င် တခြားစကားလုံး တော်တော်များများကို ကျမ ခံစားရတဲ့အတိုင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။

ကိုဇာဂနာ့အတွက် ပြည်ပမှာရှိနေတဲ့ အတိုက်အခံတွေက အော်ပေးခဲ့ကြပါတယ်။

ကိုဇာဂနာကို ကမ္ဘာက သိသွားတာ ပြည်သူတွေက လက်ခံပြီး အော်ပေးခဲ့လို့ပါ။ အလိုလို မသိပါဘူး။

ဒါသူတို့တတ်နိုင်သလောက် လုပ်ခဲ့ကြတာပါ။ ပြည်တွင်းက ပြည်သူတွေခမျာမှာ သူတို့ မအော်ရဲလို့ ကိုဇာဂနာ အော်တာကို လက်ခုပ်တီးပေးခဲ့တဲ့သူတွေပါ။

သူတို့က အားပေးရုံအပြင် ဘာတတ်နိုင်မှာလဲ။

စည်းကမ်းမဲ့လို့၊ လာဘ်စားလို့၊ ဆဲဆိုနေလို့၊ နိုင်ငံရေးစကားလုံးတွေ မသုံးတတ်လို့ဆိုတဲ့ လိုအပ်ချက်တွေ ကြောင့် နိုင်ငံသားတာဝန်မကျေပြွန်ဘူးလို့ ခံစားရတယ်ဆိုရင် နိုင်ငံအရေးအတွက် ကျရာနေရာကနေ တာဝန် ယူချင်တယ်ဆိုတဲ့သူတွေက တတ်နိုင်သလောက် ပြောပြ ရေးပြရမှာပဲ။

သူတို့တတွေမှာ စားဝတ်နေရေးအတွက် ရုန်းရကန်ရ၊ သားသမီးအတွက် ပူရပင်ရ (သူတို့မိန်းမတွေနဲ့ ကလေး တွေက အမေရိကားမှာ မဟုတ်ဘူးလေ)၊ အခွန်အကောက်အတွက် တွေးရ တောရ။

အစိမ်းရောင်ဝတ်ထားသူ မှန်သမျှကို ကြောက်ရ ပုန်းရပါ။

ဒီလိုအချိန်မျိုးမှာ လက်ခုပ်တီးပေးဖော် ရနေတာကိုပဲ မကျေနပ်သင့်ပေဘူးလား ကိုဇာဂနာရေ …။

ပေးပို့်လာသူ -- khin mya yee
(FB-Ko Thaung)

6 comments:

waiyanheain said...

Why you are trying to push U Zar Ganar like that in that way? U Zar Ganar just advice for our nation.

I don't believe that letter is from the facebook and a woman wrote it. The writer may be as before ..

soe88 said...

ဒီအချိန်ဟာ မြန်မာနိင်ငံအတွက် တော်လှန်ရေးကာလလို့ ကျနော်မှတ်ယူပါတယ်..တော်လှန်ရေးကာလမှာ မိမိကိုယ်တိုင်းခေါင်းဆောင်ပြီး နိင်ငံအရေးကို လုပ်နိင်ရင်လုပ် မလုပ်နိင်ရင် ဦးဆောင်နိင်သူကိုခေါင်းဆောင်တင်ပြီး မိမိကိုယ်တိုင်း နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားရမယ်လို့ ယုံကြည်ပါတယ်..ဒါကြောင့် ကိုယ်ဦးမဆောင်နိင်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇာဂနာတို့ကို ဝေဖန် ရှုတ်ချတာတွေကို ရပ်တန့်စေလိုပါတယ်..နိင်ငံအကြိုးအတွက် သူတို့ရဲ့ စွန့်လွတ် အနစ်နာခံမူကို မမေ့သင့်ပါဘူး..အခုတလော ဒေါ်စုတို့ကို ဝေဖန်ရှုတ်ချတာတွေများလာတော့ ဒေါ်စုကို ပြည်သူတွေ အကြည်ညိုပျက်အောင်လုပ်နေသလားလို့ သံသယဖြစ်လာမိပါတယ်..
ကိုလွဏ်းဆွေ..ဒေါ်စုကို ခင်ဗျာကိုယ်တိုင်းဝေဖန်သလို အခြားသူရဲ့ ဝေဖန်စာတွေကိုလည်း ခင်ဗျာPOSTမှာ ၀မ်းသာအားရ တင်နေတာကိုတွေ့ရပါတယ်..ဒေါ်စုကို ငါ့နဲ့မတူ ငါ့ရန်သူလို့ထင်နေပါသလား.ကျနော်လေ့လာရသမျှတော့ ဒီလိုအတွေးအခေါ်မျိုးဟာ မြန်မာနိင်ငံရေးလောကမှာ ENGLISH လက်ထက်မှယနေ့ထက်တိုင်း ရှိနေတာကိုတွေ့နေရပါတယ်..ဖောက်ထွက် တွေးခေါ်နိင်ပါစေလို့ အကြံပြုလိုက်ပါတယ်....

Anonymous said...

Zarganar has been talking arpalar recently.

KoTOE said...

ကိုဇာဂနာ..က...ထောင်ကလွှတ်ပေးတဲ့..ကျေးဇူးတွေဆပ်ချင်တာထင်ပါတယ်ဗျာ....

စိန်ဘဂွမ said...

ကျွန်တော်ဟာ သာမာန် အလုပ်သမား လူတန်းစား မြန်မာပြည်သား တစ်ယောက်ပါ။ ပြည်ပမှာ Professional တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေပါတယ်။

ကိုဇာဂနာ ကို ဝေဖန်ထားတဲ့ စာနဲ့ပတ်သက်ပြီး နည်းနည်း debate လုပ်ချင်ပါတယ်..

၁) ပြည်ပမှာအော်တာနဲ့ ပြည်တွင်းမှာအော်တာ ဘယ်မှာအော်တာ ပိုထိရောက်ပြီး အန္တရာယ် ပိုများတယ်ဆိုတာ လူတိုင်း အသိပါ။
ပြည်ပမှာ အော်ချင်တဲ့အချိန်(အလုပ် အားတဲ့အချိန်တိုင်း) အော်ချင်တိုင်းအော်လို့ရပြီး၊ ပြည်တွင်းမှာ အခြေအနေ နှင့် အချိန်အခါကို ကြည်ပြီးအော်ရပါတယ်။
ပြည်ပက အော်တိုင်းသာရခဲ့မယ် ဆိုရင် အခြားသော နိုင်ငံရေး ခေါင်းဆောင်တွေဟာ ကိုဇာဂနာထက် အရင်လွတ်မြောက်ခဲ့မှာပါ။

၂) ကိုဇာဂနာ အစိုးရကို နှစ်ပေါင်းများစွာ ဗြောင်ကျကျ သရော်ရဲခဲ့တယ်ဆိုတာ နာမည်ကြီးဖို့ ကမ္ဘာကျော်ဖို့ သက်သက် လုပ်ယူခဲ့တာ မဟုတ်ခဲ့ပါဘူး။
သူလည်းသာမာန် မြန်မာပြည်သား တစ်ယောက် အနေနဲ့ မခံမရပ်ဖြစ်နိုင်ရာကနေ သူ့အတတ်ပညာနဲ့ ပညာရှင်ဆန်ဆန် သရော်ရင်း ပြည်သူအများလက်ခံရာကနေ ပြည်သူ့အသံ ဖြစ်ခဲ့တာပါ။

၃) ပြည်တွင်းက ပြည်သူတွေခဗျာ မအော်ရဲလို့ ကိုဇာဂနာ အော်တာကို လက်ခုပ်တီးပေးခဲ့တဲ့သူတွေပါ ဆိုတဲ့ ကိစ္စကို ကျွန်တော်အခုလိုမြင်ပါတယ်။
"ဟေး... ငါတို့တော့ထောင်ကျမှာကြောက်လို့ မအော်ရဲဖူး... ငါတို့ လိုချင်တာရဖို့ ပြောရဲဆိုရဲရှိတဲ့ ကိုဇာဂနာထောင်ကျရင်ကျပါစေ သူ့ကို ဝိုင်းလက်ခုပ်တီးပြီး မြှောက်ပေးလိုက်ကြရအောင်" ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။
လူ့ဘဝရဲ့ Basic Theory အရ၊ ကိုယ်လိုချင်တာကို ကိုယ်တိုင်ရအောင်လုပ်ယူရမှာပါ၊ သူများကို အားပေးရုံသက်သက်နဲ့ ရလာမှာမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှုကလဲ အရေးကြီးပါတယ်။

၎) လူတိုင်းမှာ မိသားစုရှိချင်မှရှိမယ် ဒါပေမယ့် အစာအိမ်တော့သေချာပေါက် ရှိပါတယ်။ လူတိုင်းဟာ ကိုယ့်တဝမ်း တစ်ခါးအတွက် နေ့စဉ်ဓူဝ ရုံးကန်လှုပ်ရှား တွေးတောပူပင် နေရတာပါ၊ မဆန်းပါဘူး။
တကယ်လို့ ကိုဇနာဟာ ထောင်တွင်းမှာ တစ်သက်လုံး နေထိုင်သွားရမယ်ဆိုရင်၊ သူ့မိသားစုဟာ ဘယ်နိုင်ငံ(နတ်ပြည်၊ နိဗ္ဗာန်) မှာရောက်နေနေ၊ သူ့ဘဝကတော့ ငရဲခန်း ထဲမှာပါပဲ။
အစိမ်းရောင် ဝတ်ထားတဲ့သူတွေကိုကြောက်လို့ ပုန်းမနေချင်ရင်၊ မဲပြာရောင်ဝတ်ထားတဲ့လူတွေရှိတဲ့ နေရာမှာ ခနလောက်သွားနေကြည့်လိုက်ပါ။

၅) ကိုဇာဂနာဟာ ပြဇာတ်စင်မြင့်မှာ ပြက်လုံးထုတ်နေတဲ့ အချိန်မှာတော့ လူတွေရဲ့ခဏတာပျေော်ရွင်မှု လက်ခုပ်သံအတွက် ပီတိဖြစ်နိုင်ပေမယ့်၊ နိုင်ငံရေးစင်မြင့်မှာ ကပြနေချိန် မှာတော့ ပြည်သူတွေရဲ့ ထာဝရပျော်ရွင်မှု လက်ခုပ်သံပဲမျှော်လင့်မိလိမ့်မည်ဟု
ကျွန်တော်ယူဆပါတယ်။

ကျေးဇူးတင်ပါတယ်။ လေးစားစွာဖြင့်.. စိန်ဘဂွမ်။

Hi Dr.LuneSwe, I am not so sure why you deleted above comment. I posted this comment just now because I though I have a right to debate openly as a Myanmar Citizen. I am just an audience who always accessing your blog to read Myanmar news. I didn't use any inconvenience words nor insulting anyone in this comment. I really feel upset deleting the comment without any reason. Please let me know if there is any reason behind deleting the comment.

ko latt thu said...

meaningless article, article is encouraging to lazy men

do you think that encouraging is only things people could conduct?

do you think that a person whose family are at other country have a responsible to do politic?

do you think that all the people in Myanmar have nothing else to do except afraid to Green?

do you think that only superhero could change the situation?