ဦးကျော်သူ+ဒေါ်မြင့်မြင့်ခင်ဖေ ဇနီးမောင်နှံ
ဒေါက်တာဘွဲ့နှင့် မာစတာဘွဲ့ ချီးမြှင့်ခံရ (သို့မဟုတ်) ငြိမ်းချမ်းရေးပြယုဂ်
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၁ ခုနှစ် (တနင်္ဂနွေနေ့)
ပြည်သူ့ဂုဏ်ရည်ဆုရှင်တဦးဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ် မြင့်မြင့်ခင်ဖေတို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက် ညနေက ပြုလုပ်သော ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၄၁၁၊ မဟာဗန္ဓုလ လမ်းရှိ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ ၂၁ နှစ်မြောက် မဟာဓမ္မသဘင်ပွဲတွင် ယင်းသို့ လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဦးကျော်သူ (ခ) ဦးကျော်ဝင်းအား Doctor of Humane Social Services (D.H.S.S) ဘွဲ့၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား Master of Humane Social Services (M.H.S.S) ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပြီး သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ပေးအပ်ခဲ့သည်။ ထို့ပြင် ဆ ရာမကြီး ဒေါ်မေမေခင်အား Doctor of Divinity (D.D) ဘွဲ့ပေးအပ်ခဲ့ပြီး ဒေါ်မော်မော် (စာရေးဆရာမ လမင်း အိမ်)၊ ဒေါ် Peggy Gyaw၊ ဒေါ် Rowena Hein တို့အား Master of Humane Social Services (M.H.S.S) ဘွဲ့များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဦးကျော်သူအား D.H.S.S ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်အသင်း တော်၏ သိက္ခာတော်ရဆရာတော်ကြီး ပေါလ်အက်ဖ် ဂျွန်စ်က “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင် ဘွဲ့ ပေးအပ်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်း လုပ်တယ်။ လူမျိုးမရွေး၊ ဘာ သာမရွေး ကူညီမစတတ်တဲ့ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကို ပေးအပ်ရတာဖြစ်ပါတယ်။ သမ္မာ ကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့မျက်ရည်ကို သုတ် ပေးတဲ့လူတွေအကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရားတွေ့မှပဲ လူတွေ က မျက်ရည်ကျတာများတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာကတကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင်လုပ်တဲ့အလုပ်ကို ကိုကျော်သူ က လုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကို ချီးမြှင့်ပေးခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား M.H.S.S ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း “ခင်ပွန်းဖြစ်သူနှင့် အတူ လူမှုရေးလုပ်ငန်းများကို ‘မောင်တထမ်း မယ်တရွက်’ တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်း သာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူ သော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိ ဤဘွဲ့အား ရရှိခြင်း မှာ မိမိတို့နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူအသင်းသားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူ ဒါန်းမှုများ ပါဝင်ပတ်သက်ကြောင်း၊ နိုင်ငံတော်အစိုးရအား မိမိတို့ တဘက်တလမ်းမှ လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို တိုင်းရင်းသားဒေသ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံး ရပ်ဆိုင်းခွင့်ရရှိကာ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်ခင်ဖေကလည်း“ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာဝမ်းမြောက်မိပါတယ်။ မိမိတို့လို ဘာ သာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျမ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိ အမှတ်ပြု ဂုဏ်ပြုချီးမြုင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မှာ ဘာသာတွေ ကွဲပြားနေခြင်း၊ လူမျိုးများ ကွဲပြားနေခြင်းကို အမြန်ဆုံး စည်းလုံးညီညွတ်မှုကို ရနိုင်မယ့် ပြ ယုဂ်လေးတခုဖြစ်ပါစေလို့ ကျမ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများက ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် နှင့် မွေးနေ့အထူးဖယောင်းတိုင်များ ထွန်းညှိဆုတောင်းခြင်း၊ ပရိသတ်များက ဓမ္မသီချင်းများ သီဆိုခြင်း၊ တေး သံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့က ဓမ္မတေးများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။
အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ) တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။
*******
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်း လူမျိုးဘာသာမခြား ဆင်းရဲချမ်းသာမရွေး တို့အား ပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တော်မူသော “ကိုယ်ပြုသော ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော စကားအတိုင်း ယခုကဲ့သို့ လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံရခြင်းဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသား လူမျိုးဘာသာ ကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျနော်တို့ မြန်မာနိုင်ငံအ တွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဂ်တခုပင် ဖြစ်တော့သည်။ကျော်သူ
(ပြည်သူ့ဂုဏ်ရည်နှင့် မိုးမခအင်တာနက်စာမျက်နှာမှ ...)
3 comments:
Congratulation Dr.Kyaw Thu.
Stay away from Dr.Khin Shwe(Zay Ka Bar) hee hee
ဒေါက် တာ လို့ ခေါ် ရ တော့ မှာ လား ?
“ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ ” ဆိုသည်မှာ ဂုဏ်ဓနကို ပြောတာလား? ဘာကိုချီးမြှင့်ခံချင်တာလဲ? ဗုဒ္ဓဘာသာ အမည်ခံမဟုတ်ဘဲ ဗုဒ္ဓဘာသာရဲ့ ဦးတည်ချက်က ဘာလဲ? ဆိုတာ ဗုဒ္ဓဘာသာစစ်စစ် ဗုဒ္ဓဘာဝင်ကောင်းဖြစ်ဖို့ ဘာတွေလိုအပ်သေးလဲဆိုတာ ကိုယ့်ကိုယ်ကို စီစစ်သင့်သေးတယ်လို့ ထင်ပါတယ်......ဗုဒ္ဓဘာဝင်ကောင်းဖြစ်စေခြင်း အလိုငှာ..........
Post a Comment