နားလှည့်ပါးရိုက်ခံရခြင်း
စိန်သံလုံး
(ကာတွန်းဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
(ကာတွန်းဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
မြန်မာပြည်သူလူထုတွေ နားလှည့်ပါးရိုက်တာ ခံနေရတာ ကြာပါပြီ။ သိသိကြီးနဲ့ ခံနေရတာတွေ ရှိသလို မသိ မသာလေးခံနေရတဲ့ ကိစ္စတွေကလည်း ဒုနဲ့ဒေးပါ။ လှည့်စားတယ်၊ လှည့်ဖြားတယ်ဆိုတာ မသိသေးခင်တော့ ကောင်းတာပေါ့။ သိသွားလို့ကတော့ ဇာတ်သိမ်းမကောင်းဘူးဆိုတာ သေချာပါတယ်။
မြန်မာပြည်သူတွေက ရိုးသားပါတယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က လှည့်စားမှုတွေ လှည့်ဖြားမှုတွေကို တတ် နိုင်သလောက် သိသိကြီးနဲ့ သည်းခံပြီးမှ တော်လှန်ဆန့်ကျင်ခဲ့တဲ့ဖြစ်ရပ်တွေကို ကြည့်ရင်လည်း သိနိုင်သလို သင်ခန်းစာတွေလည်း ယူနိုင်ပါတယ်။
အခုလည်းကြည့် ...။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကစပြီး ရိုးသားမှုမရှိဘူး။ လှည့်စားမှုတွေ လှည့်ဖြားမှုတွေ က အများကြီး၊ လူတစု ကောင်းစားဖို့အတွက် အဓိက ဦးတည်ပြီး လုပ်ထားတာ သိသာနေတယ်၊ အဲဒါတွေကို ပြည်သူတချို့က သိကြတယ်၊ တချို့က မသိကြဘူး၊ တချို့က သိတော့သိတယ်၊ မသိချင်ယောင်ဆောင်ပြီး လုပ်ချင်ရာလုပ်ဖို့ ကြိုးစားနေကြတယ်။
“နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့အမိန့်ကို သမ္မတက နာခံရမည် ဆိုတဲ့အတိုင်း လွှတ်တော်အမတ် ၁၇ ဦး အများဆုံး ထောက်ခံတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အဆိုကို သမ္မတ ချက်ချင်း မဆုံးဖြတ်နိုင်ဘဲ ကြန့်ကြာနေမှုက သက်သေခံနေတာကို မြင်ရ တွေ့ရ သိရမှာပါ”
အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အာဏာရှင်ကြီးက သူ့ကို လိုလားသူတွေနဲ့ တိုင်ပင်ပြီး ရေးဆွဲထား တာဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ရန်ကုန်မှာရှိတဲ့ သူရဲ့ အလိုတော် ရိတွေကို နေပြည်တော်ကိုခေါ်ပြီး တိုက်တလုံး၊ မတ်တူး သို့မဟုတ် ဖင်ကောက် ကားတစီး၊ အခိုင်းအစေတဦး စီ ပေးသနားပြီး စည်းစိမ်ခံစေပြီးမှ ရေးဆွဲခိုင်းတာပါ။ အဲဒီအလိုတော်ရိတွေအတွက် ဘာညာဘာညာတွေ ပေး၊ ပါမစ်တွေပေးပြီး ချွေးသိတ်ထားတဲ့ကိစ္စတွေက အများကြီးမို့ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်မှာစိုးလို့ မပြော တော့ပါဘူး။
အဲဒီဖွဲ့စည်းပုံဥပဒေ ရေးဆွဲလိုက်တဲ့အခါ ဘာတွေပါသလဲဆိုတာ အသေးစိတ် မဟုတ်ပေမယ့် လိုရင်းအချက် အလက်တွေကိုပဲ အကျဉ်းချုံးပြီး ပြောပြရမယ်ဆိုရင်တော့ ...
(၁) စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးထားခြင်း။
(၂) စစ်အုပ်စု ဗိုလ်ချုပ်ကြီး/ငယ်များ အတိတ်က ကျူးလွန်ခဲ့တဲ့ (န၀တ-နအဖခေတ်က) ကျူးလွန်မှုတွေကို ကြိုတင် လွတ်ငြိမ်းချမ်းသာခွင့်ပေးထားခြင်း (နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ ပြန် ပေးတွေလို ကြေးညှိပြီး ဈေးဆစ်ပြီး တထစ်ချင်း ရစ်ထားတယ်။ သူတို့အတွက်ကတော့ ကြိုပြီး ပြင်ပြီးသား နော်)။
(၃) အနာဂတ်မှာ လိုအပ်ရင် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခွင့်၊ လွှဲပြောင်းရယူခွင့် ပြုထားခြင်း (အဲဒီကိစ္စကလည်း အခြေခံဥပဒေနဲ့ စစ်တပ်က အာဏာသိမ်းခွင့်ကို အခိုင်အမာ ကျူးလွန်ခွင့် ပေး ထားတာဖြစ်ပြီး သူတို့ မလိုလားတဲ့ပါတီ၊ သူတို့ရဲ့ကြံ့ဖွံ့ပါတီ အနိုင်မရရင် အာဏာသိမ်းမယ့် အစီအစဉ်တွေ ကြိုတင်သတ်မှတ်ထားတာဖြစ်လို့ ဒီမိုကရေစီနဲ့တော့ ဆန့်ကျင်ဘက်ပဲဆိုတာ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံက သက် သေခံနေတယ်)။
(၄) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၁၁ ဦးအဖွဲ့နဲ့ နိုင်ငံတော်အာဏာကို ကျားကန်ပေးထားခြင်း။
(၅) စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ စီမံချက်အခိုင်အမာတွေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထိထိရောက် ရောက် ပါဝင်အောင် တမင်ထည့်ထားခြင်း။
(၆) ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ဆိုပြီး ဒီမိုကရေစီအခင်းအကျင်းတွေ ရဲ့နောက်မှာ နောက်ဆုံး ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာဟာ နိုင်ငံတော်သမ္မတမှာ မရှိဘဲ ကာကွယ်ရေးဦးစီး ချုပ်လက်ထဲမှာ ရှိနေခြင်း (နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အမိန့်ကို သမ္မတက နာခံရမည် ဆိုတဲ့အတိုင်း လွှတ်တော်အမတ် ၁၇ ဦး အများဆုံး ထောက်ခံတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အဆိုကို သမ္မတ ချက်ချင်း မဆုံးဖြတ်နိုင်ဘဲ ကြန့်ကြာနေမှုက သက်သေခံနေတာကို မြင်ရ တွေ့ရ သိရမှာပါ)။
(၇) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ စကားလုံးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တကယ့် လူထုခေါင်းဆောင် မဖြစ်စေရအောင် နည်းပေါင်းစုံနဲ့ ပိတ်ဆို့ကန့်သတ်ထားခြင်း (ဥပမာ - ဒေါ်အောင်ဆန်းစု ကြည် သမ္မတရာထူး၊ ဒုတိယသမ္မတရာထူး ရွေးချယ်ခြင်းမခံရအောင် စစ်ရေးအမြင်ရှိရမည်။ ဇနီး၊ ခင်ပွန်း၊ သားသမီး နိုင်ငံခြားသားမဖြစ်စေရ၊ နိုင်ငံသားစစ်စစ် ဖြစ်ရမည်။ ပြည်ပသြဇာခံ မဖြစ်စေရ ဆိုတဲ့ ကန့်သတ် ချက် တားမြစ်ချက်တွေနဲ့ ပိတ်ဆို့ထားပါတယ်၊ တကယ်လို့များ ၁၉၉၀ ပြည့်ကလို NLD ပါတီက အပြတ်အ သတ် အနိုင်ရပြီး နိုင်ငံတော်အာဏာကိုရခဲ့ရင်၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာ ဏာကို လွယ်လွယ်လေး သိမ်းနိုင်အောင် ကြိုတင်အကွက်ချပြီးသားဆိုတာ ထင်ရှားပါတယ်။)
ဒါကြောင့် ဒါတွေကြောင့် “ညီမလေးရယ် စိုးရိမ်မိတယ်” သီချင်းကိုပဲ ဆိုရလေမလား၊ “သေချင်တဲ့ ကျား တော ပြောင်း” ဆိုတဲ့ စကားနဲ့ပဲ ဟစ်အော်ရမလား၊ “တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မမှားနဲ့” ဆိုပြီး တားမြစ် လိုက်ရမလားဆိုတာ ဝေခွဲရခပ်ခက်ခက်ပဲ။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမသမာမှု၊ မဲလိမ်မှု၊ မဲခိုးမှုတွေနဲ့အတူ ကြိုတင်မဲဆိုတဲ့ လက်နက်ကြီးနဲ့ အပစ်ခံလိုက်ရတဲ့ နိုင်ငံရေးပါတီတွေ အနိုင်ကျင့်ခံရမှုတွေနဲ့ မရှုမလှ အရေးနိမ့်ကြသူများအတွက် တခုတော့ ဆုတောင်းလိုက်ပါရစေ ...။
“လူအချင်းချင်း လှည့်စားခြင်း ... ကင်းဝေးကြပါစေ”
မှတ်ချက် ။ ။ နားလှည့်ပါးရိုက်ခံရတာ တော်တော် ခံရခက်တာနော်၊ သိလား။
စိန်သံလုံး
11 comments:
Because of this kind of articles, i don't like Dr Lwan Swe Blog. Why can't write the real status? If you really want that our country will be better and better in various fields - education , economy , political .... you should think the better way. Not in this kind of way.
You already worked as an editor about 9 years. You have so many knowledge. So i just want to advice you to write the real status and don't make our nation to feel worse for your article.
With the best wishes ...
(တခုတော့ ဆုတောင်းလိုက်ပါရစေ ...။
“လူအချင်းချင်း လှည့်စားခြင်း ... ကင်းဝေးကြပါစေ”
မှတ်ချက် ။ ။ နားလှည့်ပါးရိုက်ခံရတာ တော်တော် ခံရခက်တာနော်၊ သိလား။)
ဟုတ်တယ်ဗျ....။
ဆရာသမားရဲ့ ဆောင်းပါး ဖတ်နေရင်း ဆောင်းပါးတ၀က်လောက်မှာ..
နား နဲ့ ပါး က ဖျင်းဖျင်း၊ ဖျင်းဖျင်း နဲ့ ထူပူ လာသလိုပဲ..။
ဆောင်းပါးလဲဆုးံရော..
(တော်တော် ခံရခက်တာနော်၊ သိလား)..လို့ 
မေးလိုက်တော့မှ...
နားလှည့်ပါးရိုက် နေတာကိုး...ဆိုတာ သိလိုက်ရတယ်။
“လူအချင်းချင်း လှည့်စားခြင်း ... ကင်းဝေးကြပါစေ” လို့ ဆိုတော့...
နောက်တခါ ဆရာသမားရဲ့ ဆာင်းပါးမဖတ်ပဲ ကျော်မှ
ဖြစ်မယ်..။
ခုထိ..နားတွေပါးတွေက ကျိန်းနေသလိုပဲ...။
ဟုတ်ပါပြီ... သိပါတယ်...မင်းတို့ပဲ ပြန်လာပြီး ဦးဆောင်ပါ...အာရဗ်လှိုင်းစီးကြပါ၊ လစ်ဗျားမှာလို တအိမ်သေနတ်တလက်စီ ရအောင်လုပ်ပေးပါ၊ နေတိုး နဲ့ အမေရိကန်ကိုလဲ မထွက်တဲ့ ရေနံကို ထွက်တဲ့နေ့မှာ အကုန်ပေးပါမယ်ဆိုပြီး စစ်ရေး အကူအညီတောင်းပေးကြပါ။ မင်းတို့ အကြံအောင်ရင် ဒေါ်စုကို ဘယ်တော့မှ ခေါ့င်းဆောင်အဖြစ်မသတ်မှတ်တော့ပါဘူး၊ မင်းတို့နဲ့ ဘားမားကင်ပိန်းက ရိုဟင်ဂျာဆိုတဲ့ မုတ်ဆိတ်ဖါးဖါး အကောင်တွေကိုပဲ အိမ်ဦးခန်းမှာ တစ်သက် တင်ကျွေးထားပါ့မယ်။
ဗကပ အာဏာမရမချင်း ဒီလိုဆောင်းပါးတွေ တွေ့ နေရမယ်သာမှတ်။
ဗကပ အကြောင်းတော့ မပြောနဲ့မောင်..
တရုတ်ဖင်ရက်နေရတော့ ခါတိုင်းရဲရဲတောက်နေသူတွေတောင် ဧရာဝတီကိစ္စမှာ လေသံတောင်မဟနိုင်ဘူး..
အခုလည်း ဒေါ်စုက ဗကပ ခေတ်ဆွေး..ခေတ်ပျက်..ခေတ်သစ်တွေ စကားနားမယောင်တော့မှာမို့..ဆွေ့ဆွေ့ခုန်နေတာ.
အမေရိကန် နိုင်ငံရဲ့  သမ္မတ ဟာ အမေရိကန် စစ်တပ်ရဲ့  commander-in-chief ပါ။ မြန်မာနိုင်ငံလို ပထ၀ီ အနေအထားအရ အရေးကြီးတဲ့ နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ သမ္မတ ကိုယ်တိုင်ကလဲ စစ်ရေးအမြင် မရှိလို့  မရပါ။ ဒေါ်အောင်ဆန်း စုကြည် သမ္မတ မလုပ် နိုင်အောင်လို့  ဆိုတာနဲ့ ဘာမှမဆိုင်ပါ။
ွှThe most important of all presidential powers is command of the United States armed forces as commander-in-chief. While the power to declare war is constitutionally vested in Congress, the president commands and directs the military and is responsible for planning military strategy.
နိုင်ငံတစ်နိုင်ငံရဲ့  သမ္မတ ဟာ တစ်ခြားနိုင်ငံတွေရဲ့ သြဇာခံ ဖြစ်နေရင် ကောင်းပါသလား။ သင့်တော် ပါသလား။
လုံးဝမကောင်းပါ။ လုံးဝမသင့်တော်ပါ။
ဒေါ်အောင်ဆန်း စုကြည် သမ္မတ မလုပ် နိုင်အောင်လို့  ဖွဲ့စည်းပုံ အခြေခံထဲ ထဲ့ထားတယ် ဆိုတာနဲ့ ဘာမှမဆိုင်ပါ။
တစ်သက်လုံးမှတ်ထားကြ......
နိုင်ငံပြည်သူတွေ အချင်းချင်းး ဒါမှ မဟုတ် အဖွဲ.အစည်းတစ်ခု မှာ အဖွဲ.၀င် အချင်းချင်း မစည်းလုံးရင် ဘယ်သူမှ.. ဘယ်နိုင်ငံမှ မလေးစားဘူး
ထား လိုက် ပါ ဗျာ /ဒီ ကောင် လက် ပါ လို့ ရေး တော့ ဖတ် ရ တာ ပေါ့
ကြောင်တောင်တောင်တွေလျှောက်ရေးထား တာကို လွဏ်းဆွေက တင်ပေးတယ်ဆိုတော့...လွဏ်ဆွေရဲ့ နိုင်ငံရေး ရေချိန်ကိုမှန်းလို့ရပါပြီ။
နောက်လည်း ဒီလိုကြောင်တောင်တောင်တွေကို မဖတ်ဖြစ်အောင်ကြိုးစားရမယ်။
ယခုလက်တလော ဖြစ်ပေါ်လာသော
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုမှ မည်သို့သော အကြောင်းကြောင့်မျှ နောက်ပြန်ဆုတ်မသွားစေသင့်ပါ၊ အမြင်အမျိုးမျိုးဖြင့် ဝေဖန်ပြောဆိုနေကြသော်လည်း အစိုးရ၏ သဘောထားအမှန်ကို အနီးစပ်ဆုံး မှန်မှန်ကန်ကန် သိနိုင်သူများမှာ အစိုးရ၏ထိပ်တန်းအရာရှိပိုင်းနှင့် ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံခွင့် ရကြသူများသာ ဖြစ်သည်၊ ထိုပုဂ္ဂိုလ်တို့တွင် နိုင်ငံခြားအစိုးရများနှင့် UN မှ ကိုယ်စားလှယ်များ အပါအဝင်ဖြစ်သည်၊ ထိုပုဂ္ဂိုလ်များအားလုံးက လက်တလောပြောင်းလဲလာမှုကို အကောင်းမြင်နေကြသည်၊ ထိုသူတို့ထဲတွင် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်၊
ဒေါ်စု၏ နိုင်ငံရေးရပ်တည်ချက်နှင့် တိုင်းပြည်နှင့် ပြည်သူအပေါ်ထားသည့် စေတနာကို သံသယဖြစ်ရန် အကြောင်းမရှိပါ။
Post a Comment