Saturday, November 5, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၅-၁၁-၂၀၁၁)

ဦးထိန်လင်း (၁၉၂၆-၂၀၀၄) (ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း) ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဆွမ်းကျွေးအလှူကို ဗဟန်းမြို့ နယ်၊ သီရိမင်္ဂလာမဟာဓမ္မာရုံကျောင်းတိုက်မှာ အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် မိတ်ဆွေ စာနယ်ဇင်းသမားများ တက်ရောက်ခဲ့ ကြပါတယ်။ (FB-Burma VJ Media Network)
အဲဒါ မြန်မာ့ connection! (FB-Imran Ismail)
ဆရာကောင်း တပည့် တန်ဘိုးရှိပြီး တပည့်ကောင်း ဆရာ စိတ်ချမ်းသာ၏။ (FB-Agga Vamsa)
တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ဘာဝနာသုခ၀တီကျောင်း - ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်း ၌ ယနေ့ ၅-၁၁-၂၀၁၁၀ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ (FB-Idea Linlin)
ရဲတိုက်ဖောင်ဒေးရှင်း၏ အလှူပစ္စည်းများ တင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံ များ ၀ိုင်းဝန်းကူညီပေးနေစဉ်။ ရဲတိုက်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများသည် ရေလွှမ်းမိုးမှုကို ဆိုးရွားစွာခံ ခဲ့ရသော ဆိပ်ဖြူမြို့နယ်မှကျေးရွာအချို့သို့ အောက်တိုဘာ ၂၂၊ ၂၃ ရက်နေ့များက သွားရောက်ကာ ရေဘေး သင့်ပြည်သူများ လိုအပ်နေသော ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဆေး၊ ပဲကြော်၊ ရေသန့်ဘူး စသည့် အစား အသောက်များကို သွားရောက်လှူဒါန်းခဲ့သည်။ ယောချောင်းနှင့် ချစ်ချောင်း စသည့် ချောင်းရေများ လျှံကာ အိုးအိမ်များ ဆုံးရှုံးခဲ့ရသည့် ထိုဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၂၅ ရွာမှာ အကူအညီများစွာလိုအပ်နေပါသေးသည်။ အကူအညီများ လိုအပ်နေသေးသော ဒေသခံများအတွက် အကူအညီများ၊ အိမ်သုံးပစည်းများ တတ်နိုင်သ လောက် လှူဒါန်းပေးကြပါရန် ရဲတိုက်ဖောင်ဒေးရှင်းမှ တိုက်တွန်းအပ်ပါသည်။ (FB-Yeyint Kyaw)
ရဲတိုက်ပုံလေး၊ ဒီပုံကို ကြည့်ရင်း ကိုယ်တောင် ကြည်နူးမှု ကူးစက်လာတယ်။ ချီးကျူးပါတယ်။ (FB-Ei Aye)
ရှင်ကွဲ ကွဲကွာခဲ့ရ၊ ဖုန်းလေးနဲ့တောင် အသံမကြားခဲ့ရတဲ့ အမေစုရဲ့ အသည်းကွဲ အချစ်ဇာတ်လမ်း (FB-ဒီမိုဖက်တီး)
အလိုအပ်ဆုံးက ဖြစ်တည်လာတဲ့ ဘ၀မှာ အငြိမ်းချမ်းဆုံးနေဖို့ ... (FB-Ma Su Mon)
မဲဆောက်က ရဲရဲတောက် ဘီဘီစီသတင်းထောက်ကြီး (FB-Aung Kyaw Oo)
Tibetan sets himself on fire at Chinese embassy in Delhi, November 2011. (FB-ဒီမိုဖက်တီး)
အောက်တိုဘာ ၄ ရက် မနက် ၁၁ နာရီမှာ အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ်စနာနဲ့ မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ နိုင်ငံရေးအ ကျဉ်းသားတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုကိုကြီး (စမ်းချောင်း)၊ ကိုညီညီဦး၊ ကိုအာကာဗိုလ်၊ မထက်ထက်ဦးဝေ၊ မစုစုနွေးတို့ ၆ ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကိုပါ အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်နဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ်စနာတို့ကို ပေးအပ်ခဲ့ပါတယ်။ (FB-Burma VJ Media Network)
ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။ (FB-Thaung Tan Cho)
သတိသာ ထားပေတော့ မဟုတ်တရုတ်ရေ …။ (FB-B Sit Minn)
Zarganar Meets Censorship Officials. (FB-Ba Kaung)
“တပ်မတော်သားများအပေါ် ကြင်နာချစ်ခင်သော ဒေါ်အောင်ဆန်းစုကြည်” - အရင်အပတ် မြန်မာတိုင်းမ်ပါ ဆောင်းပါး (FB-ဒီမိုဖက်တီး)
ဆဲဗင်းဒေးက ဆောင်းပါးလေးပါ။ ကောင်းလို့ ဒေါင်းပြီး ဖတ်ရအောင် တင်ပေးထားပါတယ်။ (FB-ဒီမိုဖက်တီး)

3 comments:

Anonymous said...

ဒေါက်တာ လွဏ်းဆွေ လဲ ........ သူရဲဘောကြီး ပဲ ........ facebook က အပြန် ဖေ့ ဘွတ် က အပြန် ဆိုပြီး .. ဟော့ ဖြစ်နေတဲ့ ကျူးကျော် ကုလား အရေး ကြတော့ .. ဖေ့ဘွတ် မပြန် နိုင်တော့ ဖူး ပေါ့ ..... မနေ့ က ကျုပ် ကွန့်မန်ကိုလဲ အဖျက် ခံရ တယ် ......

Anonymous said...

သူ့ဘလော့ပါဆိုမှ သူသာလျှင် ဘလော့ရဲ့အရှင်သခင်ပဲ သူလုပ်ချင်တာလုပ်မှာပေါ့ကွာ။ မင်းဖြစ်စေချင်တဲ့အတိုင်း သူလုပ်ချင်မှလုပ်မှာပေါ့။ မင်းဆန္ဒရှိတဲ့အတိုင်း ဖြစ်စေချင်ရင် မင်းဘလော့မင်းလုပ်ပြီး မင်းရေးချင်တာရေးပေါ့ကွာ။ ဟုတ်ဖူးလား။ ဘာခက်တာမှတ်လို့...........လွယ်လွယ်လေး.........

Anonymous said...

Anonymous said...

သူ့ဘလော့ပါဆိုမှ သူသာလျှင် ဘလော့ရဲ့အရှင်သခင်ပဲ သူလုပ်ချင်တာလုပ်မှာပေါ့ကွာ။ မင်းဖြစ်စေချင်တဲ့အတိုင်း သူလုပ်ချင်မှလုပ်မှာပေါ့။ မင်းဆန္ဒရှိတဲ့အတိုင်း ဖြစ်စေချင်ရင် မင်းဘလော့မင်းလုပ်ပြီး မင်းရေးချင်တာရေးပေါ့ကွာ။ ဟုတ်ဖူးလား။ ဘာခက်တာမှတ်လို့...........လွယ်လွယ်လေး.........

November 6, 2011 2:10 AM



(ဟား ဟား ဟား ကောင်းလိုက်တဲ့ စကား ၊ ဟုတ်သားပဲဗျာ )