Monday, November 7, 2011

နှစ်နှစ်ဆယ်ကျော် မွေးလာတဲ့ကြက် တရက်တည်းနဲ့ ရိုက်သတ်မှာလား

နှစ်နှစ်ဆယ်ကျော် မွေးလာတဲ့ကြက် တရက်တည်းနဲ့ ရိုက်သတ်မှာလား
စိန်သံလုံး

ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်လောက်ရှိမယ်။ အဓိက ပြောချင်တာကတော့ လူဆို တာ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါ။ လတ်တလောမှာပဲ ကြည့်။ အာဏာရှင် ကဒါဖီ သေဆုံးသွားပုံက လူလို သူလို သေရခြင်းမဟုတ်။ ရေဆိုးပြွန်ပေါက်တခုထဲမှာ ပုန်းရှောင်ရင်း ဘယ်သူ့လက်ချက်မှန်းမသိတဲ့ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလေ။ ဦးခေါင်းနဲ့ မျက်နှာတွေမှာလည်း ဒဏ်ရာတွေနဲ့၊ သွေးအလိမ်းလိမ်းနဲ့ တိမ်းပါးသွားခဲ့တဲ့ ဖြစ်ရပ်ကတော့ သင်ခန်းစာယူစရာ အထူးသဖြင့် သူ့လို အာဏာရှင်တွေ တဇောက်ကန်း တွေ တုန်လှုပ်စရာကောင်းပါ့ဗျာ။

အာဖရိကတိုက်ရဲ့ ဘုရင်တကာ့ဘုရင်လို့ ကင်ပွန်းတပ်ခံရတဲ့၊ ခပ်ကြောင်ကြောင်လုပ်ရပ်တွေ လုပ်ခဲ့တဲ့ မွမ်မာ ကဒါဖီဟာ သူ့ကို ဆန္ဒပြသူတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အထိ ရမ်းကားခဲ့တဲ့ အာဏာရူးကြီး ဖြစ်တယ်လေ။ ခုတော့ သူ့ရှေ့က အာဏာရှင်များဖြစ်တဲ့ ဆဒမ်ဟူစိန်၊ ထင်ရာစိုင်းပြီး အာဏာပြခဲ့တဲ့ ဘင်လာဒင်တို့နည်းတူ လောကကြီးကို ကျောခိုင်းခဲ့ရပြီမဟုတ်လား။

မြန်မာပြည်မှာလည်း အာဏာရှင် ဗိုလ်ချုပ်နေ၀င်းတယောက် ဇာတ်သိမ်း မလှခဲ့ဘူး။ နောက်ထပ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နိဂုံးချုပ်ပုံကိုလည်း စောင့်ကြည့်ရမှာပါ။ ခုချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တယောက်ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို ယုံကြည်တယ်လို့ ထုတ်ဖော်ပြောကြား လာတဲ့အတွက် ဂယက်တွေ ထလာတယ်။

သူယုံကြည်ပါတယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ ပင်ကိုယ်စရိုက်ကတော့ အေးအေးဆေးဆေးပါပဲ။ သူ့အကျိုးစီးပွား၊ အ မျိုးစီးပွားတွေ လုပ်ထားတာမရှိဘူး။ ရှင်းတယ်။ ဒါပေမယ့် သူတယောက်တည်းလုပ်လို့ တိုင်းပြည်က ပြောင်း လဲလာမှာလား၊ ကောင်းလာမှာလား၊ သူ့နောက်မှာ ဘယ်သူမှ မရှိဘူးလား၊ သူ့စိတ်သူ့သဘောတခုတည်းနဲ့ လုပ်နိုင်လို့လား၊ သူ့နောက်က လူတွေကရော လွယ်လွယ်နဲ့ လိုက်လျောမှာလား၊ သဘောထားတွေ တကယ်ပဲ ပြောင်းလဲတော့မှာလားဆိုတဲ့ မေးခွန်းတွေ မေးစရာရှိပါတယ်။ ဒါကလည်း အရင်ကြုံခဲ့ရတဲ့ သမိုင်းကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်တယောက် အလိမ်ခံခဲ့ရတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အ နိုင်ရခဲ့ပေမယ့် အာဏာလွှဲအပ်ခြင်းမခံခဲ့ရဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည် မေ့လို့ရလား၊ မေ့သွားပြီလား။

နောက်ပြီး ပြည်ခိုင်ဖြိုး လို့ခေါ်တဲ့ ကြံ့ဖွတ်က လူတွေနဲ့ ၀ါရင်းတုတ်ကိုင် စွမ်းအားရှင် ဆိုတဲ့ လူမိုက်တွေရဲ့ ဒီပဲ ယင်းအကြမ်းဖက်မှုကိုရော မေ့လို့ရလား၊ မေ့သွားပြီလား။ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့လူတွေ ခုချိန်ထိ ကောင်းစားနေတုန်းပဲ. ခုချိန်ထိ အရေးယူခံရခြင်း မရှိသေးတာကလည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ကို ပြက်ရယ်ပြုနေတာမဟုတ်လား။ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးသမားတွေကို အပြစ်ရှာ ပုဒ်မတပ်ပြီး မတရား ထောင်ချခံရတာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကလူတွေ အထိအနာဆုံးမဟုတ်လား။ ဒီကိစ္စတွေ ကိုလည်း မေ့လို့ရလား၊ မေ့သွားပြီလား။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်မှုတွေက အငြင်းပွားစရာ ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုလို့ ၀င်တာပေါ့ဆိုတဲ့စကားကို ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ ဦးကြည်ဝင်း (မင်္ဂလာဒုံ) က ပြောတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုပုံစံနဲ့ သမိုင်းမှာ ထားခဲ့မှာလဲဆိုပြီး RFA က ဦးစိန်ကျော်လှိုင် က သုံးသပ်ခဲ့တယ်။

နော်အုံးလှတို့ အဖွဲ့ဝင် ၃၀ ကျော်ကလည်း NLD မှတ်ပုံမတင်သင့်ကြောင်း လက်မှတ်ထိုးကန့်ကွက်ပြီး ရွှေဂုံ တိုင်ကြေညာချက်မှာ ပြောခဲ့တာတွေကို ပြန်လည်ဖော်ထုတ်ကြတယ်။ တခြားနိုင်ငံရေးသုံးသပ်သူများရဲ့အမြင် အမျိုးမျိုးတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခံမဖြစ်စေချင်တဲ့ စေတနာတွေနဲ့ သတိပေးကြ တယ်။

NLD ပါတီမှတ်ပုံတင်ဖို့နဲ့ လွှတ်တော်နိုင်ငံရေးမှာပါဝင်နိုင်ဖို့ ကြိုဆိုနေကြောင်းကိုလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထုတ်ဖော်ပြောကြားနေပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဘယ်လို ယုံနေမှန်း မသိ (ယုံစရာအကြောင်းတခုခု ရှိချင်ရှိမှာပေါ့၊ စာရေးသူတို့ ဉာဏ်မမီလို့လား စဉ်းစားစရာပေါ့)။ မြစ်ကြီးနား ထောင်က လွတ်လာတဲ့ ကိုဇာဂနာတယောက် အောက်တိုဘာ ၁၂ ရက်နေ့က ပြောခဲ့တဲ့စကားနဲ့ ၁၃ ရက် နောက်ပိုင်း ပြောခဲ့တဲ့စကားတွေ ကွဲပြားသွားပြီ။ သူလည်း ဘာတွေသိနေပြီလဲ။ စဉ်းစားစရာ၊ သာယာဝတီ ထောင်ကို သွားတုန်းကတော့ ကိုဇာဂနာ အလိမ်ခံလိုက်ရတယ်။ နိုင်ငံရေးကစားပွဲမှာတော့ ကိုဇာဂနာ အလိမ် မခံရပါစေနဲ့၊ ခုတုံးအလုပ်မခံရပါစေနဲ့လို့ စေတနာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောထားတွေ ပြောင်းလာတာကို ကျေနပ်သူတွေ ရှိသလို မကျေနပ်သူတွေလည်း ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်ဆယ်ကျော် မွေးလာခဲ့တဲ့ ကြက်ကို တရက်တည်းနဲ့ ရိုက်သတ်ချက်စားတော့မှာလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပြီ။ NLD မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ရင် ပြည်ပရောက် NLD တွေ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် သမဂ္ဂနဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေ ဘာဖြစ်ကုန်မလဲ။ ကမ္ဘာသိ မြန်မာသိ နိုင်ငံတကာမှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဆုတံဆိပ် ၂၆ ခု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားဘဲ နေပါ့မလား၊ စဉ်းစားမှာပါလို့လည်း ယုံကြည်လိုက်တော့မယ်နော်။

ဘာပဲဖြစ်ဖြစ် ကိုယ့်သမိုင်းကိုယ်ရေးတဲ့နေရာမှာ အလိမ်ခံရလို့ဆိုရင်တော့ သမိုင်းကလှမှာ မဟုတ်ပါဘူး။

NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကတော့ ၂၀၁၁ ခုနှစ်က ပြောခဲ့ဖူးတယ် (နိုင်ငံရေးမှာ ထာဝရ ရန်သူမရှိ၊ မိတ် ဆွေမရှိ၊ အကြောင်းကြောင်းကြောင့် ရန်သူက မိတ်ဆွေဖြစ်သွားနိုင်သလို မိတ်ဆွေကလည်း ရန်သူဖြစ်သွား နိုင်တယ်) တဲ့။ မှတ်သားစရာ ကောင်းလိုက်ပါဘိ။

ရှင်မဟာရဋ္ဌသာရကတော့ (ငါနဲ့ ငါသာ၊ နှိုင်းစရာရှိ၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင် မြောက် လို၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ် ကြမ်းမာန်လျော့၊ ငါကန်တော့၏) တဲ့။

ပြည်သူတွေရဲ့ချစ်ခင်မှုဆိုတာ အတင်းအဓမ္မ စေခိုင်းလို့မရ၊ လုပ်ယူလို့မရ၊ ဓားမိုးပြီး လေးစားခိုင်းလို့မရ၊ နား ထင်ကို သေနတ်နဲ့တေ့ပြီး ကြည်ညိုခိုင်းလို့မရ၊ ပြည်သူလူထုရဲ့မေတ္တာကို လိမ်ညာလှည့်ဖြားလို့မရ၊ သကာလူး ပြီး အချိုဖုံးလို့လည်းမရဆိုတဲ့ စာရေးဆရာ မောင်းဆက် (ပြည်သူ့ခေတ်) ရဲ့ အယူအဆ အရေးအသားကို ရာ နှုန်းပြည့်ထောက်ခံမိပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်ဆယ်ကျော် မွေးလားတဲ့ကြက်ကို တရက်တည်းနဲ့ ရိုက်သတ် ချက်စားသင့် မသင့်ကတော့ ကာယကံရှင်များ စဉ်းစားကြပါ။     ။

စိန်သံလုံး

30 comments:

MMT said...

မင်းတို့ ပဲ မြန်မာပြည် ပြန်ပြီး စိတ်တိုင်းကျ ဦးဆောင်လိုက်ပါကွာ။ အော်မနေနဲ့  မင်းတို့  ဘလောဂ် မြန်မာပြည်မှာ ဘယ်သူမှ မသိဘူး။

Nyo said...

တစ်ခုတော့ မေးပါရစေ။ နိုင်ငံရေး လုပ်နေတဲ့သူတွေ ဘာအတွက် နိုင်ငံရေးလုပ်နေကြတာလဲ ဆိုတာကို ခုဆောင်းပါးရေးသူအနေနဲ့ ဘယ်လိုသဘောပေါက် ခံယူထားလည်း။ ကျနော့် အမြင်ပြောရရင် နိုင်ငံရေးလုပ်နေတဲ့သူတွေ လုပ်ရခြင်းအကြောင်းက နိုင်ငံထဲမှာ ရှိတဲ့ပြည်သူတွေရဲ့ အကျိုး ဆထက်တိုးလို့ အားလုံးနယ်ပယ်စုံမှာ အဆင်ပြေလို့ တိုးတက်လာစေဖို့ မဟုတ်ပါလား။ အဲလိုအခြေဖြစ်ဖို့ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အချိန်မှာမဆို တိုင်းသူပြည်သား ကောင်းစားဖို့ဆိုရင် ဘယ်လိုနည်းနဲ့မဆို လုပ်ဖို့ပဲမဟုတ်ပါလား။
သမိုင်းမှာ နိုင်ငံအတွက် သူ့အချိန်အခါအလိုက် အနစ်နာခံခဲ့ရ၊ ပေးဆပ်ခဲ့ရသူတွေအများကြီးရှိခဲ့ပါတယ်။ ရှိနေပါတယ်။ နောက်လည်း ဆက်ရှိနေဦးမှာပါ။ သူတို့တွေ အဲလိုအနစ်နာခံ ပေးဆပ်ခဲ့ကြတာဟာ မိမိတို့နိုင်ငံကြီး ကောင်းစားဖို့ပါ။ ဒီလိုအနစ်နာခံခဲ့ကြတာ ရုန်းကန်ခဲ့ကြတာဆိုတာတွေကို အသိအမှတ်လည်း ပြုပါတယ်။ ပြုလည်းပြုနေကြပါတယ်။ နောင်လည်း ပြုကြနေကြဦးမှာပါ။ ဒါပေမဲ့ အဲဒီလို အနစ်နာခံခဲ့ကြတာတေကိုတော့ တိုင်းပြည်ကောင်းစားရေးဆောင်ရွက်ဖို့ အပြုသဘောလုပ်ဆောင်တဲ့နေရာမှာ အရှိန်နှေးစေအောင်၊ေ၀၀ါးစေအောင် ဖြစ်စေမဲ့ အဟန့်အတားအဖြစ် အသုံးမချသင့်ပါ။ ပြည်သူလူထု အားလုံး အရာရာနိမ့်ကျနေရာကနေ အတိုင်းအတာတစ်ခုထိ ပြည်လည်လာစေဖို့ ဖြစ်နိုင်ချေရှိသမျှ အပြုသဘော ဘယ်သူပဲ လုပ်လုပ် အားပေးရမှာပါ။ သမိုင်းကြောင်းတွေကနေ အပြုသဘော သင်ခန်းစာတွေကိုပဲ လုပ်နေသူတွေကို သမိုင်းတုန်းကလို အမှားတွေ လုပ်မိမသွားအောင် ထောက်ပေးဖို့ပဲ ထုတ်ယူသင့်ပါတယ်။ ကျနော့အမြင်သက်သက်ပါ။ ကျေးဇူးပါ။

HTEIN LIN OO said...

ကိုယ် ကိုယ်တိုင်ကလဲ ဘာသမိုင်းကြောင်းမှမရှိ၊ ဘေးထိုင်
ဘုတောဘဲ တတ်ကြတာပါ ကလား။ ကျွတ် ကျွတ် ကျွှတ် ကျွှတ်........

kyaw said...

NLD ပါတီ မှတ်ပုံတင်ခြင်းဟာ နှစ်၂၀ကျော်မွေးလာတဲ့ ကြက်ကို တရက်တည်းနဲ့ ရိုက်သတ်တယ်လို့ မမြင်မိဘူး..

ကိုးမားရောဂါ(သေသလားဆိုလဲမသေဘူး၊ မသေဘူးလားဆိုပြန်တော့လဲ နှလုံးခုံနေတာကလွဲရင် ဘာမှကို မလုပ်နိုင်ဘူး) ရောဂါရနေတဲ့ NLD ...
ရုတ်တရက် ကျန်းမာလာတာပါပဲ။

မှတ်ချက်။ ။ နော်အုံးလှပြောသလို လူထုထောက်ခံရင် ပါတီဆိုတာရှိနေတာပဲ ဆိုတာ လေသက်သက်ပဲ ဘာမှ အလုပ်မဖြစ်ဘူး။
လူထုလဲထောက်ခံမယ် ပါတီလဲ အလုပ်ဖြစ်မယ် ဆိုတာက ပိုကောင်းတယ်။
၉၀ရွေးကောက်ပွဲကို ဆုပ်ကိုင်ထားမယ်ဆိုတဲ့ ဗျူဟာကလည်း လူထုအတွက်ပဲ (ဒါပေမဲ့ လက်တွေ့မှာ အလုပ်မဖြစ်)
၉၀ ရွေးကောက်ပွဲကို စွန့်လွှတ်ပြီး လက်ရှိပစ္စက္ခတ် အခြေအနေအရ ပါတီထောင်ဖို့ ဆုံးဖြစ်တဲ့ ဗျူဟာကလည်း လူထုအတွက်ပဲ...(ဒေါ်စု ကိုယ်ကျိုး အတွက်လို့တော့ မထင်ပါဘူး)
ဆိုတော့ လက်ရှိ ရွေးကောက်ပွဲဝင်ပြီး ပူပေါင်းဆောင်ရွက်မယ့်အနေအထားက အလားအလာ အများကြီးကောင်းပါတယ်။
ဒါကြောင့် NLD ပါတီဟာ မှတ်ပုံ လုံးဝ(လုံးဝ) တင်သင့်တယ်လို့ ထင်မြင်မိပါကြောင်း.....။

sawoo said...

ဒေါက်တာကြီး နာမည်အမျိုးမျိုးနဲ့ အန်တီစုနဲ.
အဖွဲ.ချုပ်ကို နှပ်ကြောင်းပေးရေးတာတွေတော်
သင့်ပြီထင်တယ်။ပြည်ပကနေပြီး ပြည်တွင်းကလူ
တွေကို လမ်းပေါ်ထွက်အောင်လှုံ.ဆော်နေတာတွေ
ရပ်လိုက်ပါတော့။ဒေါက်တာကြီးသားသမီးများ
ပြည်တွင်းမှာရှိရင်လမ်းပေါ်နိုင်ငံရေးလုပ်ခိုင်းမှာ
လားဆိုတာသိချင်တယ်။ဖေ့စ်ဘွတ်ကအကျန် အဲ...ဟုတ်ပေါင်ဖေ့စ်ဘွတ်ကအပြန်ဆိုပြီးသူ
များတင်ထားတာလေးတွေကောက်ကောက်စား
နေတဲ့သူ ဖေ့စ်ဘွတ်မှာ ရိုဟင်ဂျာအရေးကို
အကြီးအကျယ်အော်နေကြတာကိုတော့ မသိချင်
ယောင်ဆောင်နေတယ်။စိတ်လေပါ့.....

သထုံ said...

ဟုတ်ပြီဗျာ
ခင်ဗျားနဲ့ နာမည်အမျိုးမျိုးရေးနေကြတဲ့ ခင်ဗျားရဲ့ အပေါင်းပါတွေမြန်မာပြည်သွား ပြည်သူလူထုထောက်ခံမှု့
ရအောင်လုပ်ဗျာ ကြောင်တောင်တောင်နဲ့ ဘာတွေရေးနေလဲမသိဘူး

Unknown said...

ဒေါက်လွန်းဆွေနှင့် စိန်သံလုံးခေါင်းဆောင်သော ရဲရဲတောက် ကီးဘုတ်အာဇာနည်များမှ ချီးမုန်တိုင်း စစ်ဆင်ရေးအမည်ဖြင့် ဒေါ်စု မစွမ်းဆောင်နိုင်ခဲ့သော ပြည်တွင်းမှ အာဏာရှင် စစ်ခွေးတစုအား အပြုတ်တိုက်ပြပါတော့မည်

Nyo said...

နည်းနည်းပြောကြည့်မယ်နော်။၂၀၀၈အခြေခံဥပဒေ ပုဒ်မ ၅၉ (ခ) ကို မြန်မာနိုင်ငံသားတစ်ယောက်
အနေနဲ့ ခုလိုပဲ ပြဌာန်းသင့်တယ်လို့ မြင်ပါတယ်။ ခုချိန်မှာ အန်တီစုက အဲဒီဥပဒေနဲ့ ညိနေတာတော့ လောလောဆယ်မှာ မှန်ပါတယ်။ သူဘယ်လောက် မြန်မာနိုင်ငံရေးမှာ ဆက်လုပ်နိုင်မလဲ။ လောလောဆယ် ဆန္ဒာဂတိအရမကြိုက်ဘူးဆိုရင်တောင်
နောင်အနာဂါတ် မြန်မာနိုင်ငံအတွက်
သချာစဉ်းစားသင့်ပါတယ်။
နာင်အနာဂါတ် မြန်မာနိုင်ငံအုပ်ချုပ်
ရမဲ့သူအတွက် ခုလို တိတိကျကျ အသေအချာပြဌာန်းထားတာ ကျနော်တို့ နိုင်ငံအတွက် ပိုပြီးမသင့်လျှော်ပေဘူးလားဗျာ။ ခုကတည်းက လျှော့တိ-လျော့ရဲ
ပြဌာန်းထားရင်
နောင်မှာ... နိုင်ငံမှာအနေကြာပြီး
ပိုက်ပိုက်လျှံတဲ့ လူမျိုးခြားတောင်
ထောက်ခံသူများရင်
မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ အထိဖြစ်သွားမှာစိုးရပါတယ်။ ခုလို နိုင်ငံခြားသားနဲ့ပတ်သတ်ပြီး
မြန်မာနိုင်ငံ အခြေခံဥပဒေမှာ တိတိကျကျ ပြဌာန်းထားတာကို
ဖြစ်သင့်တယ်လို့ မြင်ပါတယ်။
ပုဒ်မ ၅၉ (ဃ) ကတော့ ဘယ်ဘက်ကနေ တွေးတွေး တွေးသူရဲ့ အယူအတိုင်းဖြစ်မှာပါ။
သေချာတာကတော့ ခုလောလောဆယ်
ဒုသမ္မတ ဦးရှမ်းကြီးက နမူနာရှိပါတယ်။
ဦးရှမ်းကြီး စစ်ဆေးကျောင်းဆင်းတော့ မဟုတ်ခဲ့ဘူးလားလို့ပါ။
ပုဒ်မ ၂၀၃ ကတော့
ဘာမှပြောစရာမရှိပါ။ ဘယ်သူမဆို
ကြံ့ဖွံ့ကပဲဖြစ်ဖြစ်၊
NDF ကပဲဖြစ်ဖြစ်၊ NLD ကပဲဖြစ်ဖြစ်
အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်
စဉ်မှာတော့ မိခင်ပါတီကနေ
ထွက်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ မှတာဝန်ယူပြီဆိုရင် အန်တီစု
တစ်ယောက်တည်းမှ ထွက်ရမှာမဟုတ်ပါ။
အားလုံး အဲလိုပဲ ထွက်ကြရမှာပါ။ ခုပြဌာန်းထားသလိုသာ
ပါတီကနေ မထွက်ခဲ့ကြရင်
စဉ်းစားသာကြည့်ကြပါ။ အစိုးရမင်းများ တကယ်အလုပ်လုပ်မယ်ဆိုရင်
အဲဒီနေရာတွေဟာ
တော်တော်အလုပ်များ၊ ခေါင်းစားရတဲ့
နေရာတွေပါ။ ပါတီအလုပ်ပါ တွဲလုပ်ရမယ်ဆိုရင် နိုင်ငံ့အတွက်
လုပ်ရမှာတွေ လစ်ဟင်းမှာကတော့ အသေအချာပါပဲ။ နောက်ပြီး
အစိုးရလုပ်ပိုင်ခွင့်နေရမှာ
ရောက်နေတဲ့အတွက် ပါတီနဲ့ပတ်သက်ပြီး အဂတိလိုက်စားတာတွေ ဖြစ်မလာဘူးလို့ ဘယ်သူအာမ-ခံနိုင်မလဲခင်ဗျာ။
ကျနော်တော့ ဒီ ပုဒ်မ ၂၀၃ ကိုလည်း ခုလို ပြဌာန်းသင့်တယ်လို့ပဲ မြင်ပါတယ်။
နောက်ဆုံးပြောထားတဲ့ ဘယ်သူအဲဒီ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသလဲဆိုတာက တကယ်အရေးမကြီးပါ။ ကျင့်သုံးလို့
ပြည်သူအတွက် တကယ်အကျိုးရှိဖို့ပဲ လိုတာပါ။ သေချာတာကတော့ လက်ရှိမှာပြဌာန်းထားပြီးသားဖြစ်တဲ့အတွက်
နိုင်ငံမှာ လက်ခံပြီးကျင့်
သုံးနေရပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ကြိုက်တဲ့အချက်တွေလည်း
အများကြီးပါသလို၊ မကြိုက်တာတချို့
လည်းပါပါတယ်။ ကျနော်တို့တွေ အတွက် ပြဌာန်းထားတဲ့အထဲမှာပါတဲ့ အကောင်းဆုံးတွေ နိုင်ငံသားတွေ
အားလုံးရရှိခံစားလာရစေဖို့နဲ့ မသင့်လျှော်တဲ့အချက်တွေကို
ပယ်ဖျတ်နိုင်ဖို့ လက်တွေ့ကျစွာ
စဉ်းစားပြီး၊ လုပ်ဆောင်ကြဖို့သာ အရေးကြီးဆုံးလို့ မြင်ပါတယ်။
ပြောတာကတော့ အကောင်းဆုံးတွေ
(ဖြစ်နိုင်၊ မဖြစ်နိုင်၊ သင့်၊
မသင့်မစဉ်းစားပဲ) လူတိုင်း
မစားရ-၀ခမန်း ညွန့်နေအောင်ေ
ပြောတတ်ကြပါတယ်။
အကောင်းဆုံးတွေ
ဖြစ်လာစေဖို့ လက်တွေ့
အပြုသဘောဆန်စွာ စဉ်းစား၊
လုပ်ဆောင်နိုင်ကြဖို့သာ
အရေးကြီးဆုံးလို့ ထင်မိပါကြောင်း။ အပြုသဘောတွေ တွေးခေါ်စဉ်းစားကြပြီး
နိုင်ငံအတွက် အပြုသဘောတွေကိုပဲ တန်းစီလုပ်ကြပါစို့ဗျာ။

Thu said...

Ko Diamond Steel Ball !
နာမည်အရင်းအတိုင်း ဘာဖြစ်လို့ မရေးရဲသလဲ။ လူမုန်းခံရမှာ စိုးလို့။
ဘာကြောင့် လူမုန်းခံရမှာကို စိုးရိမ် တာလဲ။
သူတို့ဝေဖန်နေတဲ့ ဟိုမိန်းမကြီးကို လူတွေက ချစ်ခင်ကြ မေတ္တာရှိတာကိုး။
အဲသည်မှာ ကွာသွားတာပါပဲ။
ကွာချက်ကတာ့ နာတယ်နော !
(By Zaw Min)
http://fine-leaves.blogspot.com/2011/11/blog-post.html

thida mon said...

Ko Diamond Iron Ball ပါ Steel မဟုတ်ပါဘူးထင်တယ်။

Thu said...

For twenty two years !
The most longest Burma Communist party, battling with military regime since 1948. "Any special" ?

ပြည်ပရောက်(ထိုင်း) said...

နှစ်နှစ်ဆယ်ကျော် မွေးလာတဲ့ကြက်တရက်တည်းရိုက်
သတ်တာမဟုတ်ဘူး .... ပြည်ပက အမျိုးမျိုး
တောင်းစားနေတဲ့ခွေးသူတောင်းစားတွေရဲ့ခွက်တွေကို
ကန်ထုတ်လိုက်တာ .....

Unknown said...

ဆိုလိုတာကတော့........ လမ်းပေါ်ထွက်ကြပါဦး...အသေခံ သေနတ်နဲ့ ပစ်ခံပေးကြပါဦး... ထောင်ကျခံပေးကြပါဦး...စတိတ်မင့် အမျိုးမျိုးထုတ်ပြီး လိမ်စားလို့ ကောင်းနေတုန်း....
ကားလိပ်ကြီးရယ် နေပါဦး..ကလို့ ကောင်းနေတုန်း..ပူနောင်တယ့်နယ် တူနောင်ဗျောင့်..တဲ့နယ်တူနယ်ဗျောင်း။

zawhtay said...

စိတ်ညစ်တယ် ဘယ်လိုလူတွေလဲ အကောင်းမြင်စိတ် မရှိဘဲသေရင် ငရဲပြည်ရောက်မှာ မကြောက်ဘူလား

yoo said...

အင်း..စိန်သံလုးံ..စိန်သံလုးံ၊
နေမျိုးဇင် ဆေးကုဖို့ ဆိုလဲ ပူလိုက်ရ။
ကိုဇာဂနာ ကို ထောင်ပိုင်က လိမ်လိုက်ပါပြီဆိုပြီး
ပူလိုက်ရ။
ခု..လဲ..NLD မှတ်ပုံတင်၊မတင် နဲ့ ပူပြန်ပါပကော။
မင်းမလဲ..ပူတတ်ရန်ကောကွာ...။
ငါသာ မင်းနေရာမှာဆိုရင်..
ဒီလောက် ပူပင်နေရမှတော့..
နာမည်ကို " သံပူလုးံ " လို့ ပေးလိုက်တော့မှာ။

ဘယ်လိုလူလဲ မသိဘူး။
အရက်လှိုင်း ဗိုလ်မှုးကြီးလွှတ်ဆွ မြှောက်ပေးတိုင်း
ဂွေးတက်အောင် က မနေနဲ့ ။

Nelsen aung said...

သတင်းတွေအတွက် ကျေးဇူးပါ။
အတွေးအခေါ်တွေ ဖလှယ်သည့်အတွက် ကျေးကျေး၊ နောက်များမှာလည်း ကိုယ့်အကြိုက် သူ့အကြိုက်၊ မတူညီတဲ့ရှုထောင့်က တင်ပြနိုင်မယ့် ဆောင်းပါးတွေကို တွေ့ချင်ပါတယ်။
သတင်းထူးတွေအတွက် စုစည်းတင်ပြပေးသည့်အတွက် ကျန်းမာပါစေ။

လင်္ကာ said...

......ဒေါ်အောင်ဆန်းစုကြည် က တရားဝင် ပါတီ အဖြစ် မှတ်ပုံမတင်- မတင်- ။တရားဝင် လွှတ်တော်ထဲ ၀င်-မ၀င်။ ရှေ့မှာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ မြန်မာ ပြည်သူတွေ စဉ်းစားနိုင်ဖို့ အချက်တချို့  တင်ပြ လိုက်ပါတယ်။

၁။ နိုင်ငံတကာက အတည်ပြု ထောက်ခံအောင် တရားဝင်ပါတီ မရှိဘဲ ၊မဟုတ်ပဲနဲ့ ဘယ်လို အာဏာရအောင် ယူပေး စေချင်သလဲ။
၁၉၉၀ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာအောင် ဘယ်လို ပြန် အသက်သွင်းကြမလဲ။
ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်နဲ့ ဘယ်လို အာဏာရအောင် ဘယ်လို နည်းစနစ်တွေနဲ့ ယူစေချင်ကြတာလဲ။

၂။ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ငါ စည်း ပြတ် ၀ါဒနဲ့ သူ့ ဦးလေး သခင်သန်းထွန်း (အဒေါ်ဘက်မှ တော်စပ်ခြင်း) တောခိုသလို တောဆိုစေချင် တာလား။
တောခို တော်လှန်မယ်ဆိုရင် ဘယ်တောကို ခိုစေချင်တာလဲ။
ကျောင်းသား တပ်မတော်နဲ့ ပေါင်းစေချင်တာလား။
ဒါမှ မဟုတ် ဦးဖိုး သံချောင်းတို့တဲ့  တရုတ်ပြည် ဗကပ ဆီ ပေါင်ေးစချင်တာလား။
တကယ်လို့  တောခို မယ်ဆိုရင် ဘယ်သူတွေ လိုက်ပါကြမလဲ။
ဦးဝင်းတင် အပါအ၀င် နော်အုန်းလှတို့ရော လိုက်ကြမယ် ထင်ပါသလား။

၃။ လစ်ဗျားမှာလို ပြည်တွင်းမှာ ဆူအောင်လုပ်- အစိုးရက ပစ်ခတ်လာရင် ပြန်ချဖို့ နေတိုး တပ်နဲ့ ကွန်တက်လုပ်ပြီး ပွဲပြတ် မီးသေ တော်လှန်ရေး လုပ်စေလျင်တာလား။
(ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တပ် ခေါ်ပြီး ချသလို- တိုက်သလို မျိုးပေါ့။)

၎။ အစိုးရကို ဆန့် ကျင်ဝေဖန်တဲ့ သူ အတိုက်အခံ ခေါင်းဆောင် အနေနဲ့ အခု လက်ရှိ အခြေအနေ အတိုင်းပဲ ဦးသိန်းစိန် အစိုးရ လုပ်သမှ ကန့် လန့် တိုက်ပြီး ရေစုန် မျှော ၀ါဒ ဆက်လိုက်စေချင်ကြတာလား။

၅။ အင်အယ်ဒီ အဖွဲ့ ဝင်တွေ သေရင် ဆွမ်းသွတ်မှာ သွားအားပေးလိုက်၊ လူ တယောက် ထောင်က လွတ်လာတယ်ကြားရင် သွားအားပေးလိုက်၊ စာကြည့်တိုက်တို့  ။ လူမှုရေး အသင်းတို့  ဖွင့်ပွဲတို့ သွားလုပ်ပေးလိုက် ဘ၀နဲ့ ဆက်နေစေချင်တာလား။

၆။ တောင်အမေရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားလို ပညာရှိရှိ အတွေးအခေါ် ကောင်းကောင်းနဲ့ နိုင်ငံတကာအား၊ ပြည်တွင်း အား ဘက်စုံ ယူပြီး သူမနာ ကိုယ်မနာ ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့  တိုင်းပြည်ကို ပြောင်းလဲ အောင် လုပ်စေချင်တာလား။

အညာသား ကျွန်ုပ်က အညာလေသံနဲ့ ရှင်းရှင်း ဘွင်းဘွင်း မေးချင်ပါ သကော။
အညာသားကြီး ဦးအောင်ဆန်း၏ သမီး ။ -ဒေါ်အောင်ဆန်း စုကြည် ခေါ်
ကျွန်ုပ်တို့ ရဲ့  -ဒေါ်ဒေါ်က ဘာများ လုပ်ပေး စေချင်ကြတာပါလိမ့်။
ဖိုးသောကြာ

zay said...

ဒီဆိုက်ကို link တော်တော်များများချိတ်ထားလို့
နေ့တိုင်းဝင်ကြည့်မိပါတယ်။ဆောင်းပါးတွေကြည့်လိုက်ရင်
ဒါမျိုးချည်းပဲ။blogger ကြည်ရတာဘ၀င်လေဟတ်နေ
သလိုပဲ။ပြောပြီးသားပဲဗျာ။သိတ်တတ်နေရင်မြန်မာပြည်ပြန်လာ။ကိုယ်တိုင်ဦဆောင်လုပ်ပေါ့။သူများတွေလုပ်နေတာမ
ကြိုက်ရင်လဲ blog ပိတ်ပြီးအေးအေးနေပေါ့ဗျာ။ူlink
လောက်တော့ blogger တိုင်းချိတ်တတ်ပါတယ်။
ဝေဖန်ပါ။အပြုသဘောလေးတော့ဆောင်ပေါ့။ဒါပဲဗျာ။

လင်္ကာ said...

ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်
ဆန့် ကျင်မယ်ဆိုတဲ့ အုပ်စုတစု
က တဖြေးဖြေးရုပ်လုံးကြွလာတယ်။
မှတ်ပုံတင်ရင်တမျိုးပြောမယ်။
မှတ်ပုံမတင်ရင် လည်းတမျိုးပြောမယ်။
ရွေးကောက်ပွဲဝင်ရင်တမျိုးပြောမယ်။
မ၀င်ပြန်ရင်လည်းတမျိုးပြောမယ်။
သူတို့ ဘယ်လိုစဉ်းစားသလဲဆိုတာ
သိပ်တွေးနေစရာမလိုဘူး။
မနက်ဖြန်ဒေါ်စု
ဘာလုပ်လည်းဆိုတဲ့သတင်းနားထောင်လိုက်။
ပြီးရင်ဒေါက်တာကြီးရဲ့ ဘလော့ကိုဖွင့်လိုက်။
တက်လာတဲ့ဆောင်းပါကိုမဖတ်သေးပဲနဲ့ 
ဒေါ်စုပြောတာနဲ့ ဆန့် ကျင်ဖက်တွေ
တွေးလိုက်။ ပြီးမှဆောင်းပါးဖတ်။
အသေးစိတ်အချက်အလက်သာလွဲမယ်။
ကျောရိုးကတော့ ဒေါ်စုဆန့် ကျင်ရေးဆို
တာကွက်တိ။
လူအမျိုးမျိုးစိတ်အထွေထွေပေါ့။
ဆရာဝန်ကြီးရဲ့ ဘလော့ကတော့
ဒေါ်စုနှင့် NLD ဆန့် ကျင်ရေးဘလော့ဆိုတာ
အရင်ကမသိမသာ
ခုတော့
တဖြည်းဖြည်းနဲ့ သိသာလာတယ်။
ကောင်းပါတယ်။ ပန်းပေါင်းစုံပွင့်ကြတာပေါ့။
ဘာပန်းလဲဆိုတာ ကတော့
လူတွေကဆုံးဖြတ်မှာပေါ့။သမိုင်းကအဖြေပေး
သွားမှာပေါ့နော။

နေရာတကာဂျာနယ်အမြင် said...

၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်တော့ရော ဘာမှ မဖြစ်လာနိုင်ဘူးဆိုတာ ဆရာသမားတွေ မသိချင်ယောင်ဆောင်တာလားမသိဘူးနော်။
ကျနော်ကတော့ ရှင်းရှင်းပဲ နေရာတကာ ဂျာနယ်ထဲက အယ်ဒီတာအာဘော်ထဲကလို
နဘေးကနေ
ဒေါ်စု ၀ိုင်းမအူကြပါနဲ့  ။ ဒေါ်စုကို ၀ိုင်းရံကြပါလို့ ။
အသေးစိတ်ဖတ်ချင်ရင် ဒီလင့်ခ်မှာ သွားဖတ်ကြပါ၊
http://www.8888peopletoday.net/
ဒေါ်စုလဲ မုချဝင်မယ်။ မဲပေးတောင် အဆင်သင့်ပြင်ထားပီးပီ၊
ဆောင်းပါးရေးတဲ့သူက လဲ အမြဲတမ်းမိတ်ဆွေ ရန်သူဆိုတာမရှိဘူးဆိုတဲ့ ဟာ လဲ ကိုးကားထားသေး။ ဒေါ်စု တိုင်းပြည်နဲ့  လူမျိးအကျိုးတခုအတွက်သက်သက်ပဲ လုပ်နေတဲ့ဟာကိုလဲ မမှန်ဘူးလို့ ရေးထားတာလား။ ကိုယ့်ဘာသာကိုယ် မပြတ်သားရင် ဆောင်းပါးနိုင်ငံရေးဆောင်းပါးမရေးနဲ့ ။ ရိုင်း၇ိုင်းပြောရရင် တကယ်လက်တွေ့ ကျတဲ့ နိုင်ငံရေးမှာ--ီးလို လို မှိုလိုလိုလုပ်လို့ မရဘူး။ ဒီမိုကရေစီဖြစ်ထွန်းမယ့်အရေးအတွက် လိုအပ်ရင်လဲ သမတလုပ်ရမှာပဲ။ သမတလုပ်ဖို့  အပြင်ကနေ အာနာပေးပါလို့ အော်။ ၉၀ေ၇ွးကောက်ပွဲရလဒ်ကြီးကို ကိုးကွယ်နေလို့ အလုပ်မဖြစ်တာ သဘောပေါက်ပေးကြပါလို့ ၊

Anonymous said...

ဘီလူး.....Said


သူငယ်နှပ်စားတို့ရေ၊ ANK...Saidနဲ့ HTEIN LIN OO...Said မှာ ၀င်ရေးပြီး လူတွင်ကျယ် မလုပ်ကြနဲ့၊ NLD တင်ရေး မတင်ရေး၊ ၀င်ရေး မ၀င်ရေး ဆိုတာ တိုင်းပြည်ရဲ့ ကံကြမ္မာပဲ၊ သမ္မတ၊ ဒုသမ္မတ၊ လွတ်တော်ဥက္ကဌ၊ အမျိုးသားလွတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးဆိုတာတွေက မင်းတို့ရဲ့ပထွေး သန်းရွှေရဲ့ တပည့်ရင်းတွေကြီးပဲ၊ ဒါတွေကို မင်းတို့သိရဲ့လား၊ စိန်သံလုံးက အဲဒါတွေကိုသိလို့ ဒေါ်စု အလိမ်မခံရအောင် သတိပေး ရေးသားတာ၊ အဲဒီလူတစုရဲ့ အာဏာတွေကို ကာကွယ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာရော ဖတ်ဖူးရဲ့လား၊ ကိုယ့်လူကိုထိလို့ဆိုပြီး မချီအောင် နာတဲ့စိတ်နဲ့ စေတနာကို မစော်ကားကြနဲ့၊ စိန်သံလုံး ပြောသလို ကိုယ့်သမိုင်းကိုယ်ရေးရမှာပဲ၊ မင်းတို့က သန်းရွှေရဲ့ မယားပါသားတွေဆိုရင်တော့ နာကြပေါ့ကွာ။ သနားတယ်။ ကျွတ်... ကျွတ်...ကျွတ်.......

suanhpi said...

တပ်ချုပ်ကြီး သန်းရွှေက အဲလိုအကွက်တွေ ကြိုမြင်လို့ ရိုးသားတဲ့ ဖိုးသခွားလေး သိန်းစိန်ကို သမ္မတဖြစ်အောင် လုပ်ပေးခဲ့မှန်းမှ မသိတာ..

soe moe said...

နှစ် ၂၀ မွေးလာတဲ.ကြက် တစ်ရက် တည်းရိုက်သတ်တော.မှာလား..? ဟဟ
ကြက်သားစားရတာပေါ.နော်..:P

ကျွန်တော်လည်းပြန်မေးလိုက်ချင်ပါတယ်..
နှစ် ၂၀ ဆင်းရဲတွင်းထဲ တွန်းပို.တာ ဘယ်သူလဲ..
အားမနာစတမ်းပြောရရင် အာဏာရူးသန်းရွှေနဲ.
NLD မစည်းလုံးလို. ဖြစ်ရတာ..
အရင်ကတည်းက အပြုသဘော ဆောင်တဲ. ညှိနှိုင်းမှု ရှိခဲ.မယ် ဆိုရင် နှစ် ၂၀ စောင်.စရာ မလိုဘူး၊။
နှစ် ၂၀ ကြိုးစားတာ အားမရသေးဘူးလား..
ကုန်ကုန်ပြောရရင် နှစ် ၂၀ ကြိုးစားတာတောင် မအောင်မြင်သေးရင်
NLD အမည်ခံတွေ.. (ဒီစာရေးသူ)ဒီလောက်ညံ.ရသလား ဆို ပြီး.. ကိုယ်.ကိုယ်ကို သတ်သေသင်.တယ်...
မြန်မာပြည်သူတွေရဲ. တရားခံ နံပါတ် ၂ နေရာ မယူချင်ပါနဲ. လို. ပြောပါရစေ.

အတ္တ said...

မည်သည့် အဖွဲ့အစည်းမဆို...
မေတ္တာဖြင့် ချည်နှောင်မှသာ ခိုင်မြဲတိုးတက်ပါသည်။
မေတ္တာစစ်စစ်သည် အပေးသက်သက်သာဖြစ်ပါသည်။ အယူမရှိပါ...။

ရိုက်ပေါက် said...

ဒေါ်အောင်ဆန်းစုကြည် ကမသိဘူး၊ ငါပဲသိတယ်လို့ မထင်ပါနဲ့။
ဒေါ်အောင်ဆန်းစုကြည်ဟာအချဉ်မဟုတ်ပါ။
သန်းရွှေကြိုးကိုင်ခြယ်လှယ်နေတာပဲဆိုတာ
ကလေးကအစ ခွေးအဆုံး အားလုံးကသိကြပါတယ်။
ဒါပေမယ့် တကယ်တမ်းအလုပ်ဖြစ်နိုင်မယ့်လမ်းကို
တလှမ်းခြင်း တရွေ့ ခြင်း သွားနေကြတယ်ဆိုတာ
မြင်သာပါတယ်။ အဲဒီအပေါ်မှာ အခုလက်ရှိ
ရလာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားဖို့ အခွင့်အလမ်းတွေ
အပေါ်မှာပဲ လက်နက်ကိုင်စစ်အုပ်စုကို စည်းရုံးနိုင်ဖို့
နည်းလမ်းကောင်းတွေစဉ်းစားကြပါ။
အာဆီယံဥက္ကဋ္ဌကို စစ်ဘီလူးတွေလုံးဝ စိတ်မဝင်စားပါဘူး၊
သူတို့အတွက် မရလေ ကောင်းလေပါပဲ။ သူတို့က
တသက်လုံး လူထုရော၊ အာဆီယံရော၊ တရုတ်၊ ကုလားနဲ့
အမေရိကန်ပါမကျန် အကုန်လုံးကို သောက်ဂရုမစိုက်ဘဲ
အားလုံး ဘောပဲလို့ ပြောလာတဲ့ကောင်တွေပါ။
ဒီအချိုးနဲ့ ရေရှည်မသွားနိုင်တော့ဘူးထင်လို့သာ
အခုလို တလှမ်းခြင်းဆုတ်တဲ့လမ်းကို ရွေးနေတယ်လို့
မြင်ပါတယ်။ ချက်ခြင်းလက်ငင်းကြီး နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ဆိုတာတွေ မဖြစ်နိုင်သေးပါဘူး။
ဒါတွေက သူတို့ရဲ့ နိုင်ငံရေးလက်နက်တွေပါ။
အာရပ်နွေဦးကို အခုအချိန်မှာ အိပ်မက်မက်နေလို့ အပိုပါပဲ။
နိုင်ငံရဲ့ အပြောင်းအလဲဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်မှာပဲ
တိုက်ရိုက်သက်ဆိုင်ပါတယ်။ အခုလို နိုင်ငံရေးနဲ့ပတ်သက်ပြီး
နည်းနည်းပါးပါး လွတ်လပ်ပွင့်လင်းလာချိန်မှာ အခွင့်အရေးကို
အမိအရဆုပ်ယူနိုင်မှသာ (တနည်းအားဖြင့်) လက်နက်ကိုင်တွေရဲ့
အတွေးအခေါ်ပိုင်းတွေကို ပြောင်းလဲနိုင်ပြီဆိုမှသာ
အာရပ်နွေဦးက သြဥတွေ မြန်မာပြည်မှာတွန်နိုင်ပါလိမ့်မယ်။
လမင်းကိုဟောင်မှလူရာဝင်မယ်မထင်ပါနဲ့ လုပ်စရာတွေအများကြီးပါ
ကိုယ်က လူထုအင်အားရှိတယ်။ လူထုအုံကြွမှုနဲ့ အပြောင်းအလဲတွေ
ဖြစ်လာလိမ့်မယ်လို့ ဆန္ဒတွေ မစောပါနဲ့ဦး။ လက်တွေ့ကျကျ သုံးသပ်
ကြည့်ရင် ကိုယ်တွေက အောက်စည်းကပါ၊ ဆူးပေါ်ပဲဖက်ကျကျ
ဖက်ပေါ်ပဲ ဆူးကျကျ၊ ခံဖက်ကချည်းပါ။ ဒေါ်နော်အုန်းလှတို့
ကြွေးကြော်သလို နှစ်၂၀၀ကြာပါစေတွေဘာတွေက နားထောင်
ကောင်းယုံသက်သက်ကလွဲလို့ ဘာမှ အလုပ်မဖြစ်ပါဘူး။
တိုင်းပြည်လဲစုတ်ပြတ်သတ်ပြီး ဖွတ်သထက်ညစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပါ။
အခုလို အမှားမခံတဲ့ကာလမှာ ကျုပ်တို့ခေါင်းဆောင်ကို
ဝိုင်းဝန်းထောက်ခံကြဖို့လိုပါတယ်။

Myo Chit said...

အမေစု တို့ ရဲ့ ပရိယာယ် မေတ္တာ စေတနာ တွေနဲ့ လုပ်သင့် တာလုပ်လို့ လက်ရှိ အစိုးရ အခုလောက် ပျော့ပျောင်းလာတာ .. .. နိုင်ငံရေး အကျဉ်းသား အချို့ လွတ်မြောက်လာကြတာ .. .. တိုးတက်ဖွံ့ဖြိုးရေး တွေကို ဦးတည်တဲ့ စာပေလွတ်လပ်ခွင့်ဘာညာ အထိုက်လျှောက်ရလာတာ .. .. ဒါတွေကို မကျေနပ်ဘူးလား .. .. အလိမ်ခံနေရတယ် လို့ စွပ်စွဲ ချင်နေတော့ .. .. ဘာလဲ အကျဉ်း သားတွေ ပြန်ထည့် ခိုင်းမှ ကျေနပ်မှာလား .. .. အမေစု ကို အကျယ်ချုပ်ချထားမှ NLD ပါတီ နာမည်သာရှိပြီး ဘယ်သူမှ ဘာမှ လုပ်ပိုင်ခွင့် မရှိပဲနဲ့ အရာမရောက် ပရဟိတ အလုပ်တောင် ရဲရဲ မလုပ်ဝံ့တဲ့ အရင် လိုအခြေအနေကိုမှ မှန်ကန်တဲ့ လုပ်ရပ် နဲ့ ပြည်သူ အပေါ် မားမားမတ်မတ် ရပ်နေတာလို့ ပြောချင်လို့လား .. .. စစ်အစိုးရ ပွဲကြမ်းနေမှ .. .. နှိုင်ငံတကာ လှည့် အကူအညီတောင်း .. .. တိုက်ပွဲတွေဝင်ဘို့ .. .. ခွက်ခံ တောင်း စားနေချင် ကြသေးလို့လား .. .. နိုင်ငံ အရေး ကို ကိုယ့် ရဲ့ အဆင့်မမီ စာပေ ဝေဖန်ရေး မျိုးလောက်နဲ့ အသက်အသေခံ ရဲသလို .. . အမြော်အမြင် ရှိရှိ စေတနာအပြည့် လုပ်နေသူတွေရဲ့ လုပ်ငန်းတွေကို ၀င် မနှောက်ယှက်ပါနဲ့ .. ..
အမေစု က အနှစ် (၂၀ ) သိက္ခာ ရှိရှိ ရပ်တည် နေတဲ့ NLD ပါတီ ကြီး ကို ဂုဏ်ယူတဲ့စိတ်နဲ့ ဆက်ထိန်းသိမ်း ဘို့ အလုပ်လုပ်နေတာ မဟုတ်ဘူး .. .. .. မြန်မာ ပြည်သား တွေ အခု ဒီနေ့ တစ်ရက်တည်း နဲ့ တင် ဘယ်လောက် စိတ်ချမ်းသာ စရာတွေ ရအောင် ခုချက်ချင်း ဘာလုပ် ပေးရမလဲ ဆိုတာ စဉ်းစား ပြီး လုပ်နေတာ .. .. နိုင်ငံရေး ကစား တာ အမေစု ၀ါသနာ မဟုတ်ဘူး .. .. အရူံးအမြတ်တွေ.. .. အသုံးချခံနေ ရတယ်ဆိုတာတွေ .. .. အလိမ်ခံနေ ရတယ်ဆိုတာတွေ .. .. ဒါမျိုး အမေစု စိတ်မ၀င်စားဘူး .. ..
ပြည်သူတွေ အတွက် ဘာလုပ်ပေးရင် ဘာတန်းရ မလဲ ဆိုတာ ပဲ ကြည့်လုပ်နေတာ .. ..
စိန်သံလုံး ရေ .. .. မင်းကော မြန်မာ ပဲလား …. .. အေး မင်းလဲ မြန်မာ ဆိုရင် တော့ အမေစု ရဲ့ ကျိုးစား ဆောက်ရွက်မူ အသီးအပွင့်တွေ မင်းလဲ ခံစားရတော့မှာပါ .. .. ငြိမ်ငြိမ် လေးသာ နေပေးပါကွာ .. . နော

K said...

ဆောင်းပါးကို မကြိုက်ရင်လည်း မဖတ်ကြနဲ့ ပေါ့ဗျာ။ ကော့်မက်တွေတောင် ၀င်ရေးလိုက်ကြသေးတယ်။ အကယ်၍ဗျာ .. ဒေါ်စု က ပြောမရ လှုပ်မရ တဲ့ အနေအထား တခု ကိုရောက်သွားခဲ့ရင် ဘယ်မှာလဲနောက်ထပ် ခေါင်းဆောင် အတွင်းမှာ အပြင်မှာ။ ရှိသလား။ ဒီတိုင်းပြည် ဘာမှ စုနေဖို့  ပြောမနေနဲ့ တော့ ကွဲသွားကြဖို့ ပဲ ရှိတယ်။ တကယ်ပြောတာ။။ ဒီတခါ အန်အယ်လ်ဒီ ကို အရင်လို လူတွေ မဲထည့်မယ်လို့ တော့ မထင်နဲ့ နော်။ အန်အယ်လ်ဒီ ကို မကြိုက်တာမဟုတ်ဘူး။ ဒီ အစိုးရ ရဲ့  အောက်မှာ မို့ လို့  အတူတူ အနူနူပဲ ဆိုပြီး ကျဉ်ကြတော့မှာ။ မယုံရင်တော့ လဲ စမ်းကြည့်ပေါ့။ ဒေါ်စု လုပ်သမျှကို အကောင်းမမြင်တာ ဆန့် ကျင်တာ မဟုတ်ဘူးဗျ။ သူ့ ကို တန်ဖိုးထားလွန်းလို့  ဟိုက စ ကစားနေပြီဆိုတဲ့ ကိစ္စကို ခံပြင်းတာ။ ၂၀၀၈ နာဂစ် ဖွဲ့ စည်းပုံ ရှိနေပြီ၊ အရပ်သားအစိုးရလိုလိုနဲ့  ဦးသိန်းစိန် ကို ထိုင်ခိုင်းထားပြီးပြီ၊ တရုတ်ကို အမေရိကန်၊ အန္ဒိယနဲ့  စကစားနေပြီ၊ အာဆီယံမှာ ခရစ်ဒစ်တွေ စယူနေပြီ။ ကဲ ပြည်တွင်း ဘယ်နေရာ ဘယ်မှာ ကောင်းတာတွေ ဖြစ်နေပြီလဲ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်မှ စ စကားပြောနိုင်မယ် လို့ လုပ်သင့်တယ်လို့  မြင်တယ်။ တိုင်းရင်းသားဒေသမှာ အပစ်ရပ်မှ စ စကားပြောမယ် ပြောသင့်တယ်။ အန်အယ်လ်ဒီ တွေ နေ့ ည ငြင်းဆဲ ခံရ ရိုက်နှက် အထုအထောင်းခံရ တာတွေ ရပ်ပေးမှ စကားပြောမယ် အစရှိတဲ့ လမ်းကြောင်းဖြစ်သင့်ပါတယ်လို့ မြင်တယ်။
အရမ်းအရမ်းကို ထောက်ခံနေသူများ ပြည်သူတွေ အရမ်းနစ်နာနေတယ်၊ ဒါကြောင့်ပါ ဘာညာ ဆိုတဲ့ စကားလုံးတွေကို သတိနဲ့  သုံးစေချင်ပါတယ်။ အခု ဒေါ်စု ဒီလောက် ပျော့ပြောင်းပြီး သူတို့ နဲ့ စကားပြောနေတော့ရော ပြည်သူအပေါ် အစိုးရက ဘယ်မှာကောင်းလာသလဲ။ မမြင်မိကြောင်းပါ။

pan pan said...

သွေးပျက်နေပြီ ...အကြီးအကျယ်သွေးပျက်နေပြီ NLD မှတ်ပုံတင်လို့ တိုင်းပြည်ပျက်မှာမဟုတ်ဘူး...ပြည်ပကလူတွေ ဂွင်ပျက်မှာ သနားလိုက်ပါဘိ...

pncc said...

ဟဲ့ ကောင်လေးတွေ ပြည်ပကကောင်တွေကို လုပ်စားစရာ မရှိဘူး သွားသွား မပြောနဲ.။
ပြည်ပမှာက လွတ်လွတ်လပ်လပ်နဲ. ကိုယ်လုပ်စားကိုယ်ရှားစားလို. ရတယ်ဟဲ့။
နင်တို.သာ ပြည်တွင်းမှား ဘာလုပ်စားရမှန်းမသိဖြစ်နေတာ။
ပြည်သူကလည်းမဋ္ဌကည်ဖြူ၊ နင့်တို.အဖေစစ်တပ်နဲ. ဋ္ဌကံ့ဖွတ်က နအုံဋ္ဌကုံးရင်၊ ဘယ်နား သွားသေရမလည်း ဖြစ်ကုန်မယ်။
ကိုယ့်အခြေအနေလည်း ကိုယ်သိဋ္ဌကဦး။
တော်ဋ္ဌကာ စစ်ဗိုလ်ခြေသလုံးပြေးဖက်လိုက်၊ စွမ်းအားရှင်ဖြစ်မလားလို. မျက်နှာချိုသွေးလိုက်နဲ. ဖြစ်နေမယ်။
ငါတို.ကတော့ နတ်ကတော်လုပ်စား မပျက်ဘဲဟေ့။
အတွင်းအပြင် ၃၇မင်း မတော်မူပါ။
ပုံ ... ပူနောင်ချပ်ချိန်း

Thu said...

ဦးကျော်ဇံသာ ။ ။ အဲဒီ ဒုတိယ ပင်လုံညီလာခံကိစ္စကို အခု သိပ်မပြောတော့ပါဘူး။ ဒါဟာ လက်ရှိ အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန် ချင်လို့ အဲဒါကို စတေးလိုက်တယ်လို့ ဆိုနိုင်ပါသလား။

Peter Popham ။ ။ ဒီလို ယူဆတာ မှန်တယ်လို့ မထင်ပါဘူး။ ဒေါ်စုဟာ မူဝါဒရေးရာ အလျှော့ပေးမှု အကြီးအကျယ် တစုံတရာမလုပ်ဘဲ
စေ့စပ်ဆွေးနွေးနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ ပွဲတပွဲကို ကစားနေရတာပါ။
ဒါကြောင့် ဒီအချိန်မှာ ဒါကို တစုံတရာ ပြောဆိုဝေဖန်နေဖို့ အင်မတန် စောလွန်နေပါသေးတယ်။
အခုအထိ သူဘက်က ချဉ်းကပ်မှုဟာ သိပ်မှန်သိပ်ကောင်းနေပါတယ်။
ဒီအချိန်မှာ အဓိက စိန်ခေါ်မှုက ဒီအစိုးရကို အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်နေသော အစိုးရတရပ်ဖြစ်လာအောင် ဆွယ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/news-analysis/news_analysis_11-09-2011-133586323.html