Tuesday, November 1, 2011

ကိုဇာဂနာ အလိမ်ခံလိုက်ရခြင်း

ကိုဇာဂနာ အလိမ်ခံလိုက်ရခြင်း
စိန်သံလုံး

ကိုဇာဂနာက ပြောပါတယ်။ အောက်တိုဘာ ၂၄ ရက်ကပေါ့။ သာယာဝတီ၊ ပေါင်းတည်၊ ပြည်အကျဉ်းထောင် တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ထောင်ဝင်စာခရီးစဉ် အတွေ့အကြုံလေးတခုပါ။ အဲဒီမှာ ... “သာ ယာဝတီ ထောင်ပိုင်ကြီးနဲ့ တွေ့ပြီး ပိုက်ဆံနဲ့ ဂျာနယ်တွေ အပ်တာပါ။ အရမ်းအဆင်ပြေပြီး အရမ်းဖော်ရွေလို့ အထူးကျေးဇူးတင်ပါတယ်၊ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်အတွက် ပိုက်ဆံ ၃ သိန်း ၄ သောင်းနဲ့ ဂျာနယ် ၈၀၊ အထွေထွေစာအုပ် ၃၄ အုပ် လှူခဲ့ပါတယ်။ သာဓုခေါ်ကြပါခင်ဗျာ” တဲ့။

ကိုဇာဂနာရဲ့လုပ်ရပ်ကိုတော့ ထောက်ခံပါတယ်၊ အကျဉ်းသားတွေကို သွားကူညီတဲ့ကိစ္စနဲ့ မင်းသားမင်းသမီး အနုပညာရှင်များက စုပေါင်းလှူဒါန်းမှုကို ဦးဆောင်စီစဉ်တဲ့ ကိုဇာဂနာရဲ့စာနာမှုကို လေးစားမိပါတယ်။

ဒါပေမယ့် ကိုဇာဂနာ သာယာဝတီထောင်မှာ အလိမ်ခံလိုက်ရတာပါ၊ အဲဒီ သာယာဝတီထောင်ပိုင်ကြီး ကျော် နိုင်ဆိုတာ ကိုဇာဂနာ ထင်သလို သဘောကောင်းသူ ဖော်ရွေသူမဟုတ်ပါဘူး။ ခဏလေး တွေ့ကြခိုက်မှာ ဟန် ဆောင်ပြီး ဆက်ဆံပြလိုက်တာပါ၊ အဲဒီထောင်ပိုင်ကြီးနဲ့ အကြာကြီး နေခဲ့သူတွေ သိကြပါတယ်။ နောက်ဆုံး သာယာဝတီထောင်က လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉ ယောက်နဲ့ ကိုဇာဂနာ တွေ့ကြည့်လိုက်ပါ။ အဲဒီထောင်ပိုင်ကြီး ကျော်နိုင် ဘယ်လို ရက်စက်ယုတ်မာသလဲ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် သူ့ရှေ့က တာဝန်ယူခဲ့တဲ့ ထောင်ပိုင်တွေလို ပြေပြေလည်လည် လေးလေးစားစား မဆက်ဆံဘူး ဆိုတာတွေ သိရမှာပါ။ ခဏတွေ့ရလို့ သဘောကောင်းဖော်ရွေတယ်၊ အဆင်ပြေတယ် ထင်ရတာပါ။ သူနဲ့ အကြာကြီး နေခဲ့သူတွေအ ပေါ် တော်တော်လေး အာဏာပြ အနိုင်ကျင့်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ ခံရသူများအဖို့ ဘယ်တော့မှ မေ့ လို့ရမှာမဟုတ်ပါဘူး။

“အဲဒီ ထောင်ပိုင် ကျော်နိုင်ရဲ့ အဆိုးဆုံးလုပ်ရပ်ကတော့ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စေတနာရှင် ဦးအောင်မြတ်က ရေသန့်စက်ရုံတခု လှူထားတာကို အကျဉ်းသားတွေကို ရိုးရိုးရေပဲတိုက်ပြီး ရေသန့်ဘူးကြီးတွေကို အပြင်ထုတ် ရောင်းစားတဲ့ အလွဲသုံးစားမှုကို အရှက်မရှိ ကျူးလွန်နေတာပါပဲ။”

အဲဒီ သာယာဝတီထောင်ပိုင် ကျော်နိုင်၊ ဒု-ထောင်ပိုင် စောရစ်ချတ်၊ ရိက္ခာကိုင်တဲ့ ဒု-ထောင်မှူး ၀င်းလတ်၊ အ လုပ်ကြီးကိုင်တဲ့ ဒု-ထောင်မှူး ခင်မောင်မြင့်၊ တံခါးကြီးကိုင်တဲ့ ဒု-ထောင်မှူး မောင်မောင်ဌေးတို့ ပေါင်းပြီး မာ ဖီးယားဂိုဏ်းလို ဂိုဏ်းဖွဲ့ပြီး အနိုင်ကျင့်ကြလို့ သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်းသားအများစုနဲ့ ပြ ဿနာတွေ ဖြစ်ခဲ့ကြတယ်။

ထောင်ပိုင် ကျော်နိုင် သာယာဝတီထောင်ကို ရောက်ရောက်ချင်း နိုင်ငံရေးအကျဉ်းသားတဦးကို လမ်းမှာတွေ့ တာ သူ့ကို အရိုအသေ မပေးလို့၊ ထိုင်ပြီး ခေါင်းငုံမထားလို့ဆိုပြီး တိုက်ပိတ် ပြစ်ဒဏ်ချတယ်။ အဲဒီ နိုင်ငံရေးအ ကျဉ်းသားက သတင်းစာဆရာတဦးဖြစ်ပြီး သူ့အဖေအရွယ် ရှိပါတယ်။ ထောင်ထဲမှာ ရေးထားတဲ့ စာသား ဆောင်ပုဒ်တခုမှာတော့ (နယ်ချဲ့ကိုလိုနီစရိုက်ကိုဖျောက် - ပြည်သူ့အကျိုးကို စောင့်ရှောက်တဲ့) ကဲ ... အဲဒီ ထောင်ပိုင်ကြီးကတော့ ကိုလိုနီစရိုက်ကို မဖျောက်ချင်သေးဘူးလေ။ သူ့ကို အရိုအသေပေးမှတဲ့၊ မခက်ဘူး လား။
အဲဒီနောက် သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ (၁) တိုက်နဲ့ (၂) တိုက် အပေါ်ထပ်ကို ရွှေ့ဖို့ပြောတာကို မနာခံလို့ဆိုပြီး (၁) တိုက် (၂) တိုက်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ကို တိုက်ပိတ် ပြစ်ဒဏ်ပေးပြန်ရော။ တစတိုက်လုံး လူအကုန်လုံးကို ပိတ်တာနော်။ အာဏာရှိတယ်ဆိုပြီး အနိုင်ကျင့်တာ မခံ နိုင်ကြလို့ ရဲသတင်းတပ်ဖွဲ့ကို တိုင်လို့ အဲဒီကိစ္စ ဖြေရှင်းပေးခဲ့တယ်။

အဲဒီ (၁) တိုက် (၂) တိုက်တွေက အပေါ်ထပ်တွေ ဆောက်ခဲ့တာ နှစ်တရာနီးပါး ကြာနေပြီဖြစ်လို့ အင်ဂျင်နီ ယာတွေက အန္တရာယ်ရှိနိုင်တယ်ဆိုပြီး သတ်မှတ်ထားလို့ နိုင်ငံရေးအကျဉ်းသားတွေက မနေရဲတာပါ။ ထောင် ပိုင်က ရောက်ရောက်ချင်းအာဏာပြတော့တာပဲ၊ တခြားထောင်ပိုင်တွေလို နိုင်ငံရေးအကျဉ်းသားတွေကို လေး လေးစားစား မဆက်ဆံဘူး။

နောက်တခါ ထောင်ပိုင်ကြီးတပည့် ဒု-ထောင်မှူး ၀င်းလတ်နဲ့ နိုင်ငံရေးအကျဉ်းသား စိုးညွန့်ဇော်(ပဲခူး) တို့ ပုံစံ ၀တ်စုံပြာ မ၀တ်တဲ့ကိစ္စနဲ့ စကားများကြတယ်။ ထောင်ပိုင်ကြီး အားကိုးနဲ့ သူ့တပည့် ၀င်းလတ်က နိုင်ငံရေး အ ကျဉ်းသား စိုးညွန့်ဇော်ကို လက်သီးနဲ့ ထိုးတယ်။ ပါးစပ်က ဆဲရေးတိုင်းထွာတယ်။ အဲဒီကိစ္စဖြစ်ပြီး နိုင်ငံရေးအ ကျဉ်းသား ဇော်လင်းဦး (ခ) မောင်ဇော် (ပဲခူး) နဲ့ ထောင်ပိုင် ကျော်နိုင်တို့ ပုံစံဝတ်စုံပြာ မ၀တ်တဲ့ကိစ္စ စကား များကြတယ်။ မောင်ဇော်ကို မချေမငံ ဆက်ဆံတယ်ဆိုပြီး တိုက်ပိတ်တယ်။ စိုးညွန့်ဇော်ကိုလည်း တိုက်ပိတ် တယ်။ တဆိတ်ရှိ တိုက်ပိတ်ဖို့ပဲ စဉ်းစားနေတဲ့ ထောင်ပိုင် ကျော်နိုင် ထောင်ထဲမှာ ပြဿနာ မဖြစ်တဲ့နေ့ မရှိ တော့ဘူး။

မောင်ဇော်နဲ့ စိုးညွန့်ဇော်အိမ်တွေက ထောင်ဝင်စာလာတော့ ထောင်ပိုင် ကျော်နိုင်နဲ့ ဒုထောင်မှူး ၀င်းလတ်တို့ မတရားလုပ်တဲ့ ကိစ္စတွေကို ပြည်ပအသံလွှင့်ဌာနတွေကို ပို့ခိုင်းတယ်။ အဲဒီကိစ္စတွေ ပါလာတော့ မောင်ဇော်နဲ့ စိုးညွန့်ဇော်ကို သီးခြားတိုက်ပို့ပြီး တိုက်ပိတ်လိုက်တာ တလကျော်တယ်။ အဲဒီလို အကျဉ်းသားတွေအပေါ် မ ကောင်းခဲ့ရုံမက အကျဉ်းသားတွေ မ၀တ၀ စားနေရတဲ့ ရိက္ခာတွေကိုလည်း ခိုးပြီးရောင်းသေးတယ်။ ရုံးချုပ်က ပေးတဲ့ ကုလားပဲအကောင်းတွေ ရောင်းပြီး ပိုးတိုးလောက်ကိုက် ကုလားပဲတွေ ချက်ကျွေးတယ်။ (ကုလားပဲ တွေ အပြင်မှာ ရောင်းတာ ၁၅ သိန်း ရတယ်လို့ သိရတယ်။)

အကျဉ်းသား ၁,၄၀၀ ကျော်အတွက် တနေ့စာ ချက်ပြုတ်ဖို့ ပေးထားတဲ့ ဆီ ၉ ပိဿာထဲက ၅ ပိဿာကို ခိုး ရောင်းပြီး ၄ ပိဿာပဲ ချက်ခိုင်းတယ်။ အသားစားနေ့တွေမှာတော့ တပိဿာ ကျပ်ငွေ နှစ်ထောင်နဲ့ ၀ယ်ရတဲ့ ငါးကို ကျွေးပြီး ရုံးချုပ်ကိုတော့ တပိသာ ကျပ်ငွေ ငါးထောင်နဲ့ ၀ယ်ရတဲ့ အမဲသား ကျွေးတယ်ဆိုပြီး စာရင်းပြ တယ်။

အလုပ်ကြီးမှာ ပရိဘောဂ လုပ်တတ်တဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ပရိဘောဂတွေ လုပ်ခိုင်းပြီး အပြင်မှာ ထုတ်ရောင်းစားတယ်။ အကျဉ်းသားတွေကို မနားမနေ ပင်ပင်ပန်းပန်း ပူပူလောင်လောင်နဲ့ အုတ်ဖုတ်ခိုင်းပြီး တလုံး ၇၅ ကျပ်နဲ့ ရောင်းပြီး ရုံးချုပ်ကိုတော့ ၃၅ ကျပ် စာရင်းတင်တယ်။ အကျဉ်းသားတွေကို အဓမ္မလုပ်အား နဲ့ခိုင်းတဲ့ စပါးစိုက်ခင်းတွေက မျိုးကောင်းစပါးတွေကို ရောင်းပြီး အရည်အသွေးညံ့တဲ့ ဆန်နီတွေ ၀ယ်ပြီး အ ကျဉ်းသားတွေကို ကျွေးတယ်။ ရုံးချုပ်ကိုတော့ အကျဉ်းသားတွေ စပါးစိုက်ပြီး ကျွေးတယ်လို့ တင်ပြတယ်။

အဲဒီ ထောင်ပိုင် ကျော်နိုင်ရဲ့ အဆိုးဆုံးလုပ်ရပ်ကတော့ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စေတနာရှင် ဦးအောင်မြတ်က ရေသန့်စက်ရုံတခု လှူထားတာကို အကျဉ်းသားတွေကို ရိုးရိုးရေပဲတိုက်ပြီး ရေသန့်ဘူးကြီး တွေကို အပြင်ထုတ် ရောင်းစားတဲ့ အလွဲသုံးစားမှုကို အရှက်မရှိ ကျူးလွန်နေတာပါပဲ။

ထောင်ပိုင်တပည့် ဒု-ထောင်မှူး မောင်မောင်ဌေးက ထောင်ဝင်စာလာတွေ့တဲ့ မိသားစုတွေကို နည်းပေါင်းစုံနဲ့ စိတ်ညစ်အောင်လုပ်ပြီး ငွေညှစ်တယ်။ ၀န်ထမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့အနိုင်ကျင့်ပြီး ငွေတိုးချေးစားတယ်၊ ဒု-ထောင်ပိုင် စောရစ်ချတ်က အဆောင်တန်းစီး အခန်းလူကြီးတွေကို တစ်လနှစ်သိန်း ရှာခိုင်းတယ်။ ရဲဘက် စခန်းကို သွားချင်ရင် ပိုက်ဆံပေးရတယ်၊ မသွားချင်ရင်လည်း ပိုက်ဆံပေးရတယ်။ သွားချင်တဲ့လူက ပိုက်ဆံရှိ လို့ ငွေပေးပြီး မိသားစုနဲ့ နေလို့ရတယ်၊ အလုပ်လုပ်ချင်ရင်တာ မဟုတ်ဘူး။ မသွားချင်တဲ့ လူဆိုတာက ကျန်း မာရေး မကောင်းလို့၊ သာယာဝတီထောင်ဆိုတာ တချိန်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာပါ။ ခုတော့ နာ မည်ဆိုးနဲ့တင်မကဘူး၊ ထောင်ပိုင် ကျော်နိုင်နဲ့ သူ့တပည့်တွေ ဆိုးကြလွန်းလို့ အရင်က အကျဉ်းသားအားလုံး အပေါ် စာနာစိတ်အပြည့်နဲ့ ကောင်းခဲ့ကြတဲ့ ထောင်ပိုင်ကြီး ဦးမင်းစိုး၊ ဦးသိန်းရွှေ၊ ဦးမင်းထူးကျော်နဲ့ ဦးကျော် စိုးတို့ကို တမ်းတသတိရနေကြတာ ကိုဇာဂနာတယောက် တဒင်္ဂအတွင်းမှာ အလိမ်ခံလိုက်ရတာကို ကျုပ်စိတ် မကောင်းဘူးဗျာ။

စိန်သံလုံး

10 comments:

Anonymous said...

နယ်ချဲ့ကိုလိုနီစရိုက်ကိုဖျောက် - ပြည်သူ့အကျိုးကို စောင့်ရှောက်တဲ့

တကယ်မသိလို့မေးပါရစေ. နယ်ချဲ့ကိုလိုနီခေတ်မှာ ဒီထက်ဆိုးတာပဲလား။ ကိုယ်တွေ့နီးပါးလောက်ဗဟုသုတ
ရှိတဲ့လူကြီးများ သိရင်မေးပါရစေ.ဖြေပေးကြပါဗျာ။

မင်းအဖေ............ said...

မင်းတို့ကောင်တွေ သူများမကောင်းကြောင်းပဲပြောနေတယ်
တဒင်္ဂကောင်းလဲကောင်းတာပဲကွာ။
ဘာပဲဖြစ်ဖြစ် အပြုသဘောနဲကြည့်မှပေါကွ။
အခုမဟုတ်ဘူး။ အရာရာကို မကောင်းမြင်ဝါဒပဲကြည့်တယ်.။
သန်းရွှေကြီး တိုးတက်အောင်မလုပ်လို့ဆိုပြီးအပြစ်ပြောတယ်။ နေပြည်တော်တည်ပြန်တော့လဲ ပြည်သူ ငွေနဲ တည်ဆောက်တယ်ဆိုပြီးပြောတယ်.
မင်းတို့အဲဒီနေရာကိုနေကြည့်
ထောင်မှူးထောင်ပိုင်ဆိုတာ ရိပ်သာဘုန်းကြီးးမဟုတ်ဘူးကွ။
နားလယ်လား။

Anonymous said...

ဒီ ဆောင်ပါးဟာ ကိုလွဏ်းဆွေဘလော့ လောက်နဲ့တင်ရပ်တန့် သွားလို့မဖြစ်တဲ့ဆောင်းပါးပါ။ အကစ -ညွှန်မှူး၊ ညွှန်ချုပ် နဲ့ ပြည်ထဲရေး ဝန်ကြီး နောက် သမ္မတ ။ဒီကတဆင့် ဖြစ်နှိုင်ရင်တကမ္ဘာလုံး အထိ သိအောင် ရောက်အောင်လုပ်ရမည့်ဆောင်းပါးပါ။ စွမ်းနှိုင်သူများရောက်အောင်ပို့ပေးကြပါ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အခက်အခဲနဲ့ဒုက္ခတွေကို အပြင်ဘက်က နေ နိုင်ငံရေးသမားတွေကိုတန်ဘိုးထားသူများကပါ တလစပ် အော်ပေးနေမှတန်ကာကျတာပါ။ မသမာသူလူညစ်ပတ်လူယုတ်မာ တွေအများဆုံးက ထောင်ဝန်ထမ်းတွေလို့ပြောလို့ရပါတယ်။ လူတွေရဲ့မျက်ရည်နဲ့သောက ထဲကနေစီးပွားရှာနေသူတွေပါ။ စိတ်ဓာတ်အောက်တန်းကျသူတွေပါ ။လူဖြစ်လျှက်လူစိတ်ကင်းမဲ့နေသူတွေရဲ့လုပ်ရပ်တွေကိုဖော်ထုတ်ပေးတာဟာ လူသားတယောက်ရဲ့ကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်။။

မင်းပထွေး said...

ခနတာ ဟန်ဆောင်ကောင်းပြပြီး လိမ်ညာတာတွေ မလိုချင်လို့ တော်လှန်ရေး/နိုင်ငံရေး ဘဝပျက်ခံပြီး လုပ်နေကြတာကွ အခုဒေါ်စုကို သိန်းစိန်နဲ့ အပေါင်းပါတစုက အကွက်ကြကြလိမ်ညာပြီး ဟန်ဆောင်ပြနေတယ်ဆိုရင်ကော သာဓု ခေါ်ရမှာလား? လူလိမ်တွေ အားပေးတဲ့ မင်း.ကိုယ်တိုင်လည်း လူလိမ်ဘဲဖြစ်မှာဘဲ။

Taw Lu Thit said...

ဟေ့ကောင် ကြေးသားစစ်သား
မင်းကိုယ်တိုင် ထောင်ထဲဝင်ကြည့်ရင် သိလိမ့်မယ် အဲဒီထောင်ပိုင်ဆိုတဲ့ ကောင်တွေက တပ်က ခပ်ညံ့ကောင်တွေထဲက အညံ့ဆုံးကို အသွင်ပြောင်းထားတာတွေ များတယ် အဲ့ဒီကောင်တွေက မင်းတို့တပ်ကကောင်တွေကို တမျိုး နိုင်ငံေ၇းသမားတွေကို တမျိုး လွတ်သွားတဲ့နိုင်ငံေ၇းသမားကိုတမျိုး ရိုးရိုးအကျဉ်းသားတောင်မှ ပေးနိုင်တဲ့သူကို တမျိုး မပေးနိုင်တဲ့သူကိုတမျိုး ပေးနိုင်တဲ့သူကိုလဲ
ပေးတုန်းတမျိုး နောက်နေ့တမျိုး လုပ်တတ်တဲ့ကောင်တွေ ဆိုတာ မင်းဝင်ကြည့်ရင်သိမှာပဲ တဒင်္ဂ ကောင်းတာလဲ ကောင်းတာပဲ လို့ ပြောလို့ မရဘူးကွ မကောင်းတာတွေ အများကြီးလုပ်လာခဲ့တဲ့ သူတွေ ခဏလေးကောင်းပြရုံနဲ့ ကောင်းတယ်လို့ ပြောလို့ မဖြစ်ဘူး ကိုဇဂနာလဲ ထောင်ထဲ လေးခါနေလာတာ သိမှာပါ အခြေအနေပေးတုန်း သက်သက်ကောင်းပါတယ် ဘာညာ အပေါ်ကို ပင့်ပေးတာ ပဲဖြစ်မယ် ဘာပဲဖြစ်ဖြစ် ကျားဆိုတာ သက်သတ်လွတ်မစားပါဘူး အစထဲက ထောင်ပိုင်ထောင်မှုး ၀ါဒါတွေရဲ့ အသက်မွေးဝမ်းကျောင်းကိုက လူတွေကို ချုပ်နှောင်ထား အကျဉ်းသားတွေ စားရမဲ့ရိက္ခာထဲက ဖြတ်စား အကျဉ်းသားတွေညှင်းဆဲ လုပ်အားခေါင်းပုံဖြတ်လုပ်တဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးထားတဲ့သူတွေ အဲ့ဒီလူတွေ လူ့အခွင့်ရေး ချိုးဖေါက်ခွင့်ရနေတာ ဘယ်သူ့မှာ တာဝန်ရှိလဲ လုပ်ချင်ရာလုပ်ခွင့်ရနေတာ အပေါ်ကလူတွေ မသိဘူးမထင်နဲ့ အပေါ်ကလူတွေလဲ အဲ့လိုလုပ်ပြီး အပေါ်ရောက်လာတာ။ တာဝန်ရှိတာတွေ မပြင်သရွေ့တော့ မပြောင်းသရွေ့တော့ ဘယ်တော့ကိုယ့်အလှည့် ကိုယ့်မိသားစု အလှည့်လဲ ဆိုတာ စဉ်းစားသာ ထား ကြေးစားစစ်သား တွေရေ။ မင်းအဖေ ခင်ညွန့်နဲ့ အပေါင်းပါတွေကိုသာကြည့်..

Anonymous said...

မင်းအဖေ......ဆိုတဲ့ကောင် ခွေးမသား..မင်းကဘာကောင်မို့ ၀င်ပြောနေရတာလဲခွေးမသား။ ဒီအမျိုးယုတ်လူတစ်စုဆယ်စုနှစ်ပေါင်းများစွာ ပြည်သူလူထုအပေါ် ယုတ်မာရက်စက်ခဲ့တာတွေ၊ ပြည်သူတွေအသက်နဲ့ရော၊ဘ၀တွေနဲ့ပါ ရင်းပြီး တော်လှန်အာခံနေတာတောင် ခုချိန်ထိ ရေရာသေချာတဲ့ ဘ၀ကိုမရောက်ရသေးဘူး။ မင်းအမေလင်တွေဘယ်ကောင်ကောင်းခဲ့လို့လဲ....ပြောစမ်း။

Anonymous said...

လူလိမ်မာ သား ယဉ်ပါး။
လူဆိုးတွေဟာလူကောင်းဖြစ်မလာနိုင်ဘူးလား။
လူကောင်းတွေကကောလူဆိုးဖြစ်မလာနိုင်ဘူးလား။

Anonymous said...

This commentor nick name *Minn Ah phay* is totally stand on these wicked Jailors side. WHY? May be he wants to give his mother to those bastards.Terrible guy.He is supporting those Robbers..Who are the powerful Influence Jailors.It is pitiful to knows that this guy stands on their side...Shameful,and classless guy,who still standing on the Ultimate power using Jailors who acts like worse robbers....

မင်းအမေလင် said...

မင်းအမေလင်......said...
မင်းအဖေဆိုတဲ့ကောင် ငါက မင်းအမေလင်ပဲ၊ မှတ်ထား
မင်းက ထောင်ပိုင်တွေကို နှမပေးပြီး နာနေတာလား၊
စိန်သံလုံးရဲ့ဆောင်းပါးမှာ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ ထောင်ပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တကယ့်အဖြစ်မှန်ကို ရေးထားတာ၊
မင်းအကောင်းမြင်တယ်ဆိုရင် မင်းကိုယ်တိုင် အဲဒီ့ သာယာဝတီထောင်မှာ သွားနေကြည့်၊ ဒါပဲ။

Saw Naung said...

ဇာဂနာ အလိမ်ခံလိုက်ရတာလို့  တို့ တော့ မထင်ရေးချ.. မထင်။
လိမ်နေမှန်းသိပေမယ့် လုပ်ပေးရမယ့်ဝတ္တရားတွေ ရှိတယ်ထင်ပါ့ဗျာ။
တခြားနိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာနေခဲ့ရပုံနဲ့  ဇာဂနာနေခဲ့ရပုံ
ဆီနဲ့ ရေလို ကွာခြားတာ ဘာကြောင့်ပါလဲ။
အင်း..
အာဏာရှင်စစ်အစိုးရရဲ့  မတော်မတရား၂၀၁၀ ရွေးကောက်ပွဲကို
ဇာဂနာတစ်ယောက် ထောင်ထဲကနေပြီး “ I VOTE ” လှမ်းလုပ်ခဲ့တဲ့ကိစ္စကို
ဘယ် သတင်းမီဒီယာတစ်ကောင်မှ မမေးဘဲနေနေတာ အံ့သြကုန်နိုင်ဖွယ်။
ဇာဂနာပို့ လိုက်တဲ့ “အိုင်ဗုတ်” ဒီဇိုင်းအတိုင်း၊ စာလုံးရေးပုံ
အရောင်ရွေးပုံ၊ ချွတ်စွတ်ထပ်တူ
တီရှပ်အကျီ င်္အဖြူတွေ ရွေးကောက်ပွဲကန်ပိန်းကာလတုန်းက ရန်ကုန်မှာ ပလူပျံခဲ့တာ
မှတ်မိသေးပါရဲ့ လား။
အီးဂရက်ကလူငယ်တွေ ဇာဂနာရဲ့  i vote ကို စောင့်ကြွားကြွားနဲ့ 
ရင်ကော့လမ်းသလားခဲ့ပါ့။
ထိုတုန်းက NLD က ၂၀၁၀ ကို NO.. NO နဲ့  တနိုးနိုးထဲ နိုးခဲ့ကြပါ့။
ပြည်ပက ပတ်ကားအတိုက်အခံများလည်း ၂၀၀၈ ဥပဒေ... NO ၊ ၂၀၁၀ ရွေးကောက်ပွဲ NO နဲ့ 
သတိရသေးသပ။
ထောင်ထဲကထွက်စ အားလုံးစိတ်ဝင်စားအောင် “အရူးမို့ လွှတ်တယ်၊
အိုင်းစတိုင်းရဲ့ အိုင်ကျူ၊
ချာပါတီစားပါ” နဲ့  ၀ုန်းဒိုင်းလုပ်တယ်။ ဟော.. သိပ်မကြာဘူး၊ ဒေါ်စုနဲ့ တွေ
့ပြီးနောက်
ငြိမ်ပိဝပ်စင်းသွား.. မြင်သလား။ ဘယ်သူက ဘယ်သူ့ ကို ဆွဲစိသလဲ မသိချင်ပါ။
အသွေးတူအမွေးတူမို့  ဆန်းသလား။
မေးကြပါဗျို့ ... ဇာဂနာကြီး “အိုင်ဗုတ်”ခဲ့သလား..။