Subscribe to:
Post Comments (Atom)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
3 comments:
အားလုံးသတိ
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား..
ပြည်သူ့အသံကိုလဲ နားထောင်ပေးပါ.. တကိုယ်တော်လုပ်တာ ဖြစ်ဖြစ်.. သတင်းဌာနက လုပ်တာဖြစ်ဖြစ်.. ဘလော့မှာ လုပ်တာဖြစ်ဖြစ်.. အဖွဲ့အစည်း တစ်ခုခုက လုပ်တာဖြစ်ဖြစ် လုပ်ထားကြတဲ့ ကြိုက်တဲ့ ဆန္ဒခံယူစစ်တမ်းကို ကြည့်ပါ.. ပြည်သူဟာ အန်အယ်ဒီမှတ်ပုံ ပြန်တင်မှာကို ၀မ်းသာအားရ ထောက်ခံကြတယ်.. အဲဒီ ထောက်ခံတဲ့ အင်အားဟာလဲ ကန့်ကွက်တဲ့ အင်အားထက် အပြတ်သာတယ် ဆိုတာကို ပြေးမလွဲ တွေ့နိုင်ပါတယ်..
အားလုံးသက်သာ
မောင်သတိ
မြန်မာနိုင်ငံပညာ ရေးမှာ ကျင့်သုံးနေတဲ့ teacher center စနစ်ဟာ နိုင်ငံရေး လူမှုရေးတွေမှာပါ အမြစ်တွယ်နေတယ်လို့ ယူဆနိုင်ပါတယ်။
မြန်မာနိုင်ငံရေးသမားများ၊ ပြည်သူများ ပုဂ္ဂိုလ်ခင်ပြီး တရားကို မင်မှု ကင်းဝေးကြပါစေ။
မြန်မာနိုင်ငံရေးသမားများ၊ ပြည်သူများ ပုဂ္ဂိုလ်ခင်ပြီး တရားကို မင်မှု ကင်းဝေးကြပါစေ ဆိုတဲ့ နေမထူးရေ ပြည်သူက ခံရလွန်းလို့ လည်ကုန်ကြပါပြီ။ အန်တီစု ဘာလုပ်လုပ် ထောက်ခံကြတာမျိုးမဟုတ်ပါဘူး။ သူတို့ အတွက် အပြောင်းအလဲကို လုပ်ပေးနိုင်မယ်လို့ ယူဆ လို့ထောက်ခံကြတာပါ။ ပြည်ပကနေ ဆူဖို့ပူဖို့ လှုံ့ဆော်နေတဲ့သူတွေက သူတို့တကယ်ဆူရင်ဘာမှ မကူနိုင်ဘူးဆိုတာလဲ ပြည်သူကသိတဲ့အပြင် ဆူဖို့ ပူဖို့လဲ ဘယ်သူမှစိတ် မပါတော့ပဲ တကယ်အပြောင်းအလဲလုပ်ပေးနိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့သူကိုပဲ အားကိုးကြတာပါ။ အဲဒါကိုပဲ ဆူဖို့လှုံ့ဆော်တဲ့ ပြင်ပကနိုင်ငံရေးသမားတွေက ဒေါ်စုလုပ်တိုင်း လူတွေလက်ခံတယ်ထင်နေတယ်။ (ဒေါ်စုလို တကယ်အနစ်အနာခံတဲ့သူကလဲ ပြင်ပက နိုင်ငံရေးသမားတွေမှာ ရှာကြည့်ရင်ရှိလို့လား) ရှိရင်လဲ လက်တို့ပါဦးနော။ မြင်ဖူးထားချင်လို့။ ဒါကြောင့်တို့ကလဲ နေမထူးလိုပဲ ဆုတောင်းပါတယ်။ ဘယ်သူလုပ်စား။ ဘယ်သူအမှန်ဆိုတာကို အခုလိုပဲ ပြည်သူတွေ အမှန်ကိုများများ မြင်နိုင်ကြပါစေ။
Post a Comment