Tuesday, November 15, 2011

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာ တော်များ သပိတ်မှောက် (ရုပ်သံ)


မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်
(ညိုကြီးဖေ့စ်ဘွတ်ခ်မှ ...)

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက် နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာ ဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါး ဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။ တောင်းဆိုချက်များ ကို ဗိမာန်တော်ကြီးအရှေ့ဘက် (လိပ်ကန်ဘက်ခြမ်း) တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ ...

၁။ မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners Now)
၃။ လွတ်လပ်မှုကို ပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now) ... တို့ဖြစ်သည်။

အဆိုပါ သံဃာတော်များကို သိန်းစိန်အစိုးရ တာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာ ဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့ တောင်းဆိုထားသော အချက်များ မရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များသည် ၄င်းတို့နှင့်အ တူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တပါတည်း ယူဆောင်ထားပြီး သံဃာတော် များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များ လိုအပ် သည်ကို (မီးစက်အတွက် ဓာတ်ဆီ၊ စားစရာ၊ ရေ ... စသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့် တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။ ဦးဆောင်ဆရာတော်၏ အမည်မှာ (အထက်ပါ Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။

ညိုကြီး
(သတင်းရေးတင်ချိန် 11:59 AM, Nov, 15, 2011)

No comments: