Saturday, November 26, 2011

၂၅-၁၁-၂၀၁၁ နေ့ ညနေ ၃ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဒေါ် အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ ရင်းနှီးခင်မင်စွာ တွေ့ဆုံ (ရုပ်သံ)


(Burma VJ Media Network's facebook)

11 comments:

seinpu said...

how sweet and nice to see these peoples meeting with DASK in their own conscience. It is the truth aspect of freedom and decision without the arm twisting and pressure they used to have it. Bravo to those artists.

La said...

ထောင် ထဲ က ၈၈ တွေ ကို စာနာရ ကောင်းမှန်း မသိတဲ့ ဒေါ်ကြက်ဆူ

yoo said...

သို့ 
ငါ့တူကြီးရဲဘော်ကျော်သန်း
တွေ့ တယ်မလား...။
တံတား၊ဆည်မြောင်းတွေပေါ်မှာခုန်ဆွ၊ခုန်ဆွ လုပ်ခဲ့ကြသူ တချို့ လေ..။
ဘကြီး ပြောချင်တာကတော့..
ပုံသေ ဆိုရင် နောက်ကျသွားမှာမလို့ 
ပြောင်းလဲခြင်း နဲ့ လိုက်ရွှေ့ နေကြတယ်ဆိုတာပဲ..။
မျက်နှာမပြောင်တတ်ရင် တော့
ဘယ်တော့မှ နိုင်ငံရေးမလုပ်စားနဲ့ ဟေ့။

ငါ့တူကြီးတိုက်တွန်းခဲ့တဲ့..နောင်လာနောက်သား
တွေ အသီးအပွင့်စားသုးံဖို့ ၊ ခုကတည်းက
ပျိုးပင်လေးတွေ ပြုစုပျိုးထောင်ကြရလိမ့်မယ်
ဆိုတာ...။
ငါကတော့...
ပျိုးပင် ဘ၀မှာကတည်းက ရောင်းစား
ပစ်လိုက် တယ်..။
မင်းဘကြီး ငါ က ခေသူမှ မဟုတ်တာ။
နို့ မို့ ရင်..ဒီမျိုးဆက်ပြုတ် ၀န်းထရံတွေက
ငါ့  ပြန်ရောင်းစား သွားလိမ့်မယ်။

မင်းတို့ တသိုက် ဗူးတောင်းထောင်
ဂါဝရပြုနေကြတဲ့ ကဏန်းဘဘ ရဲ့ 
ထွက်ပေါက် ကို စဉ်းစားခြင်းမပြုပဲ
ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်..ဆိုတာ။
မင်းတို့ က နောက်ကနေ ဖုံတထောင်းထောင်းနဲ့ 
ဖောက်ထွက်ဖို့ ချည်းစဉ်းစားနေတုန်း...
ဟော..ကဏန်းဘဘ က ထွက်ပေါက်က နေ
ပြန်လျို ထွက်သွားပြီ။
ဒီမိုကရေစီ ၀ဲဂရက်ထဲမှာ
လှေတစ်စင်းတည်းရဲ့  နံ နင်းမနေကြပဲ
လှေ အများကြီးရဲ့  လှေနံ အများကြီးကို
ခုန်ဆွ၊ခုန်ဆွ လိုက်သာ
နင်းကြပေတော့ဟေ့..။

တော်သေးပြီ
ဘကြီးသန်း

Nan May Kha said...

ကြည်နူးစရာ ကောင်းလိုက်တဲ့မြင်ကွင်းဗျာ ကြက်သည်းတော်ထတယ် ဝမ်းသာတယ်ဗျာ - " ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ရမယ် ပုံသေဆိုရင်နောက်ကျသွားမယ်တဲ့.. ငြင်းချက်ဗေဒယုတ္တနည်းနဲ့ ပီပြင်လာအောင်ရှင်းလင်းမရသည့်အဆုံး... သြော်... " :P :P :P

La said...

လေဒီ အဲရစ် သို့ 
ပြည်သူပေးတဲ့ အခွင့်အာဏာ
၉၀ ရလဒ်ဟာ
လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်
ထောင်အုတ်ရိုးထဲက ဘ၀တွေ
မြေပေါ်မှာ ကျခဲ့တဲ့ သံဃာတို့ ရဲ့ သွေးတွေ
ကျောင်းသားတို့ ရဲ့ အနာဂတ်နဲ့ 
ပေးဆပ်ခဲ့တဲ့ ရလဒ်ပါ စုဖုရား ရှင့်။
ရလဒ်ရဲ့ တန်ဖိုး
သိသူတွေက
ကြိမ်ကြိမ် အားထုတ်
ဆွဲဆုတ်ဖို့  ကြိုးစားပေမယ့်
မသိသူ စုဖုရား က
အော်နေလို့  အလကား
ခောတ်ကာလ ကို အားနာလို့ 
ဒါကို အသာထားပြီး
လွှတ်တော်ကို သွားမတဲ့လား ရှင်။
ဒီမိုကရေစီ မယ်မယ်ဘုရား ရှင့်
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က
လှည်းနေ လှေအောင်း
မြင်းဇောင်းပါ မကျန်
အုံးအုံးကျက်ကျက်
တခဲနက် ပေးခဲ့ ကြတဲ့
ပြည်သူ့  ဆန္ဒ ဆိုတာ
ဂေဇတ်တက် ၀င်ရုံလေးနဲ့ 
ဘဘတို့  စုဖုရားတို့ ရဲ့
သမိုင်းက ပေးတဲ့ တာဝန်
ကျေပွန်ပြီ ထင်ပါသလား ရှင့်။
ဒီတာဝန်ကို
ကိုယ့် စိတ်နဲ့ ကိုယ့်ကိုယ် ဗောလန်တီယာ လုပ်ပြီး
ပြည်သူဆီက တောင်းတုန်းက
ဘယ်ပြည်သူက အတင်း
နိုင်ထက်စီးနင်း နဲ့ 
ပေးခဲ့ပါသလဲ ရှင်။
ပြည်သူ က ပေးတဲ့ အမိန့် အာဏာကို
ဘာလုပ်လို့  ဘာကိုင် ရမယ် မသိ
အားအားရှိ ဟို လူကို ခေါ်
ဒီ လူကို မျှော်လို့ 
'ကယ်ပါ' ၊ 'ပေးပါ' တစာစာ နဲ့ 
ကယ်ပါ ဇာတ်ကြီး ခင်းတာက
လက်တွေ့ တရားနဲ့ ကျရဲ့ လားရှင်။
၉၀ ရလဒ် နဲ. ဒီနေ့  ပြည်သူ့  ဆန္ဒ ဆိုတာ
စင်ပေါ် မှာ လက်ခုပ်သံ တညံညံ နဲ့ 
မိန့် ခွန်း ကြီးကြီးတွေ ချွေချင်တဲ့
စုဖုရား ရဲ့ စိတ္တဇ နာ
သက်သာဖို့ အရေးအတွက်
စင်ပြောင်းပြီး ကခွင့် လျှောက်လွှာ မဟုတ်၊
လှောင်ချိုင့်ထဲ က ဒေါင်းတွေ အတွက်
ဖွင့်ပေးတဲ့ သော့တချောင်းတော့
ဖြစ်သင့်ကြောင်းပါ စုဖုရားရှင့်။
၂၀၀၈ နာဂစ် ရထား နဲ့ 
သွားလေတော့ စုဖုရား ရေ
နင့် ၀မ်းတွင်းပါ သူငယ်နာ
စင်တဲ့အခါ မှ ပြန်တွေ့ ကျတာပေါ့၊
နန်းရပ် ထီးဖြူ နေပြည်တော် မှာ
စုဖုရား ဟာ ဧကရာဇ် ရဲ့ ဆဒ္ဒန်ဖြူ အလား ပမာပ
ဘူ ပေါင်း စုံညီတဲ့
ဘူ ညီလာခံအလယ်မှာ
စုဖုရား ရဲ့ ဖီလော်ဆော်ဖီ
လက်တွေ့  အသုံးချ ဒီမိုကရေစီ ကို
စိတ်ရှည်ရှည် ထားဟောပါလေ၊
ကျွှဲပါး စောင်းတီး
ဟောပြီးရင်းဟောလို့ အရာမထင်
ရွှေစိတ်တော် ဘ၀င်မကျရင် ဖြင့်
ခြေသလုံး ပေါ်အောင်
ထမိန်စွန်တောင်ဆွဲ ရန်တွေ့ ရုံ လေး နဲ့ 
မကြောက် တရားပေးတယ် ဆိုပြီး
ဇာနည်မယ့် ခြေသလုံးကို
ခွေးတွေက ခဲလိမ့်မယ်
ဧကရီ စုဖုရား ရဲ့ ဘုန်းကံ
ခွေး ရန်မှ ကင်းစေသောဝ်။

K said...

ကြည်နူးစရာ မြင်ကွင်းပါ။ ရင်ထဲက ဆန္ဒတွေနဲ့  လာကြတာပဲလို့  အား ဖြစ်ရပါတယ်။ ဒါပေမယ့် အခြေအနေ အချိန်အခါတွေကို ချင့်ချိန်ကြည့်ရင် -
၁) အစိုးရကို တော်လှန် နေတဲ့ အချိန်မဟုတ်ပဲ ပူးပေါင်းပြီး နိုင်ငံရေးပါတီထောင် (မှတ်ပုံပြန်တင်/အသစ်ပြန်တည်လို့ ) ရွေးကောက်ပွဲ ၀င်မှာ ဖြစ်တယ်။ ဆိုတော့ အခု က မဆလ၊ နအဖ အစိုးရ အဆက်ဆက်က လုပ်ခဲ့တဲ့ နည်းကို ထပ်တူထပ်မျှ သုံးနေသလားလို့ ပါ။ (အဆိုတော်ခေါ် တီဗွီမှာ အပြင်မှာ ပေါ်လစီ သီချင်းတွေဆို... အဲဒီလိုပေါ့..။)
၂) ပါတီ အသစ်ကို ပြည်သူတွေမဲ ပေးကြမှာ အတွက် ယုံကြည်မှု နည်းနေလို့ များ ပရိုပိုဂန်ဒါ အဖွဲ့  (အနုပညာရှင်များ) လိုအပ်နေသလားပေါ့။
၃) တတိယ တချက်က တကယ် တောက်လျှောက် လုပ်လာခဲ့ကြတဲ့ အနုပညာသမားများကို စော်ကား လိုစိတ် အလျင်းမရှိပါ။ သူတို့ ကို အမှန်ပဲ လေးစားပါတယ်။
ပြည်သူများထံ ကောင်းမွန်သောအနာဂတ်များ အမြန်ဆုံး ရောက်ရှိလာနိုင်ပါစေသော်ဝ်။ အန်တီစု နဲ့  အန်အယ်လ်ဒီ လည်း အောင်မြင်ပါစေသော်ဝ်။
(ကော်ဆဲ ကလော်ဆဲ များကို blog ပိုင်ရှင် ခွင့်ပြုမှုအရ လက် လက် လက် ခံ ...... ဟူး ....... ။။။)

singer said...

အနုပညာရှင် များ သူတို့ တာဝန် ကို သူတို့ တတ်နိုင်သလောက် ထမ်းဆောင်ကြတာ ကို ကျေနပ်မိတယ်...
အန်တီစု အောင်မြင်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်...

singer said...

အနုပညာရှင်တွေ သူတို့ တတ်နိုင်တဲ့ ဘက်က တာဝန်ထမ်းဆောင်တာ မြင်ရလို့ ကျေနပ်တယ်ဗျာ...
အန်တီစု အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..

Anonymous said...

မျိုးဆက်သစ်မွေးရေးအရေးကြီးသလို မျိုးဆက်ဟောင်းလွတ်မြောကရေးကပိုအရေးကြီးပါတယ်။
၈၈မျိုးဆက်ကို မမေ့ပါနဲ့။ ရှင်းရှင်းပြောရရင် NLD နဲ့ ဒေါ်စု တို့ရဲ့ ကျေးဇူးရှင်တွေပါ။

သူတို့ဟာ ဒေါ်စုတို့နဲ့ မျိုးဆက်သစ်ကြား ကွက်လပ်ဖြည့်ရမယ့် သူတွေပါ။
၈၈မျိုးဆက်မပါရင် NLD နဲ့ ဒေါ်စုရဲ့ ဗျူဟာဟာ မှားနေပါပြီ။
အနုပညာရှင်တွေ ဝန်းရံတာနဲ့ ၈၈မျိုးဆက် ဝန်းရံတာ အပျော့အမာ၊ အဝေးအနီး၊ မတူပါ။

လွတ်တော်ထဲရောက်ပြီးတောမှ ၈၈မျိုးဆက်တွေ မလွတ်သေး
ရင် (ဒေါ်စု စည်းရုံးရေးကောင်းတာ၊ နိုင်ငံတကာ ပေါက်မြောက်တာ၊ စွန့်လွတ်တာတွေကို အသိအမှတ်ပြူပေမယ့်) ဒေါ်စုရဲ့ ဦးဆောင်မူကို လုံးဝမယုံကြည်တောပါ.

yoo said...

မင်းရည်မှန်းသူက စိန်ခဲ မြခဲ xxx
ကိုယ့်မှာက လမ်းခင်းတဲ့ ကျောက်ခဲ xxx

လမ်းခင်းတဲ့ ကျောက်ခဲကတော့xxx
အသွေးအရောင် မပြောင် မွဲ xxx
တန်ဖိုးမှာလဲ နည်း xxxx

အနင်းခံ အဖြစ်နဲ့ သာ လမ်းပေါ်မှာကြဲ xxx

ဒါပေမဲ့လဲ မင်းဘ၀ခရီးတလျှောက် xxx
ကူထောက်သူက ဒီကျောက်ခဲxxxx
မင်းသွားမဲ့ လမ်းကူး ဖြောင့်ဖြူးဖို့ xxx။

ဘဘ။ ။ "အမလေး..သင်္ကြန်မိုးဇော်ဝမ်း သရဲချောက်..."

yoo said...

ငါ့အိပ်မက်ကမ္ဘာမှာ ပျံသန်းနှင့်ကြပြီ
သူရဲကောင်းတွေရဲ့ သမိုင်း
ငါလေ အချိန်တိုင်း ဦးညွှန့်ရင်း
လှောင်ရယ်သံတွေကြား ပျံနိုင်အောင်လှုပ်ရှားxx။
မြင့်မိုးအောင်

http://www.myitzuri.com/mtv_view.php?vcd_id=2819&artist=Tha%20O&title=Yuu%20Tae%20Angel