ငြိမ်းချမ်းရေးဆုတောင်းပွဲတွင် ဆရာညီပုလေး ဟောပြောနေစဉ်
ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှာ “ငြိမ်းချမ်းရေးဟောပြောပွဲနှင့် တိုင်းရင်း သားပေါင်းစုံ ကလေးငယ်များ၏ ငြိမ်းချမ်းရေးတောင်းဆိုပွဲအခမ်းအနား” ကျင်းပခဲ့ပါတယ်။ဆရာဆူးငှက် ဟောပြောနေစဉ်
ဆရာညီစေမင်း ဟောပြောနေစဉ်
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုတောင်းနေကြသော ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးကျောင်းမှ တိုင်းရင်းသားကျောင်းသားကျောင်းသူလေးများ ...
အခမ်းအနားတွင် စာရေးဆရာများဖြစ်ကြသော ...၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်း များ ဟောပြောခဲ့ကြပါတယ်။
အခမ်းအနားအပြီးမှာ ကံတက်ကုန်း မစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကလေးငယ် များက ...
၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင် ... ဟူသော စာတမ်းများကိုင်ဆောင်ကာ “စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။ ရှုံးသူ လည်း ဒုက္ခရောက်၏။ အမြန်ဆုံး ရပ်ပေးပါ။” ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများ ရွတ်ဆိုခဲ့ပါ တယ်။
(သတင်း-ညိုကြီး၊ ဓာတ်ပုံ-ရဲဘော်သူရိန်)
4 comments:
ကလေးတွေက ဘာသိမှာမို့လို့ ၊ ကလေးတွေကိုဆွဲထည့်နေပြန်ပြီ
နအဖ လို ကလေးစစ်သား စုဆောင်းနေတာလား?
ဒါမျိုးဆက်သစ်လေကွာ အပေါ်က စောက်ရူးရဲ့ ဒီလိုခလေးဘဝကထဲက ငြိမ်းချမ်းရေးဆိုတာကို သိထားနားလည်ထားတော့ သူတို့အရွယ်ရောက်လာတဲ့အခါ ငြိမ်းချမ်းရေးကို တန်ဖိုးထား သိနားလည်မှာပေါ့ စောက်ရူးကောင်ရဲ့
ကလေးဘဝကတည်းက ငြိမ်းချမ်းရေး အကြောင်းသိဖို့ အထောက်အကူ ဖြစ်စေတယ် ဆိုတာ တော့ ကောင်းပါတယ် ။ နာကျည်း ခါးသီးစရာတွေ ဖြစ်မသွားဖို့  ဟောပြော သူဆရာတွေ အလေးထားသင့်တယ်။ သင်တန်း ပို့ချတဲ့ အနေထားနဲ့ တစ်လ ၂ ကြိမ် ၃ကြိမ် လောက် လုပ်ပေးသင့်တယ် ။ တာဝန်ခံကျောင်းထိုင်ဆရာတော်ရဲ့ ရိုးသားမှု နဲ့  ကလေးများရဲ့  မသိနားမလည်းမှုကို ဟောပြောပွဲ ဆရာတွေ က ကိုယ်ဖြစ်လိုတဲ့ပွဲ ဖြစ်ကာမျှမတ္တအသုံးချတယ် ဆိုရင်တော့ တော်တော် ဝမ်းနည်းစရာ ပဲလို့ မြင်တယ်။
ကျနော့်အမြင်ပြောရရင် မြန်မာပြည်မှာ ပထမဦးဆုံးလိုအပ်တာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ။ အဲဒီညီညွတ်ရေးရဖို့ ဆန္ဒရှိသူ၊ လုပ်ဆောင်သူတွေကို သာဓုခေါ်ပါတယ်။ ဒီလူတွေဟာ ဒီလိုစိတ်နဲ့ လုပ်ဆောင်နေကြတာပါ။ အဆိုးမြင်ဝါဒကြီး လက်ကိုင်ပြီးတော့ မဝေဖန်စေချင်ပါဘူး။
Post a Comment