Thursday, November 17, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၆-၁၁-၂၀၁၁)

ဗမာပြည်ကို ကူဖို့ ဘန်ကောက်ရောက်နေတဲ့ ဘန်ကီမွန်းကြီး ယင်လပ်နဲ့ ... (FB-Boon Myo Myo)
မြန်မာနိုင်ငံခြားရေးဝန်ကြီးကို မေးမြန်းရန် သန့်စင်ခန်းအထွက်တွင် စောင့်နေသာ မြန်မာနှင့် နိုင်ငံတကာ သ တင်းသမားများ …။ မြန်မာကို ၂၀၁၄ ဥက္ကဋ္ဌ ရာထူးပေးရန် အာဆီယံညှိနှိုင်းရေးကောင်စီ (ACC) တွင် ယနေ့ တရားဝင် ဆွေးနွေးလျက်ရှိပြီး ညနေပိုင်း အစည်းအဝေးပြီးဆုံးချိန်တွင် တရားဝင် ထောက်ခံမှုပေးမည်ဖြစ် သည်။ အစည်းအဝေးပြုလုပ်နေချိန် သန့်စင်ခန်းသို့ ခေတ္တသွားချိန်တွင် ဝန်ကြီးကို မေးမြန်းရန် ကြိုးစားခြင်း ဖြစ်သည်။ (FB-The Voice Weekly)
ဒီနေ့ပဲ အောက်ပါအတိုင်း ထောင်တွေပြောင်းလိုက်ပါတယ်ဗျာ။
၁။ ဦးခွန်ထွန်းဦး (ပူတာအိုမှ တောင်ငူသို့)
၂။ မင်းကိုနိုင် (ကျိုင်းတုံမှ သရက်သို့)
၃။ သူရိန်အောင် (ကျောက်ဖြူမှ ဘားအံသို့)
၎။ ဦးညီပု (ကလေးမှ မအူပင်သို့)
၅။ ဦးစန္ဒောဘာသ (ကလေးမှ မြောင်းမြသို့)
၆။ စည်သူဇေယျ (အင်းစိန်မှ ဟင်္သာတသို့)
၇။ နီလာသိန်း (သရက်မှ သာယာဝတီသို့) ဖြစ်ပါတယ်ဗျာ။
(စိတ်ပျက်စရာပါ။)
(FB-Maung Thura)
မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သက်ပြီး ဆင်ဆာရှိသင့် မသင့် (သို့) ဆင်ဆာမူဝါဒတွေ ပြုပြင် ပြင်ဆင်ဖို့ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ပေါင်း ၄၈ နှစ်အတွင်း ပထမဆုံး ဆွေးနွေးကြတာပါခင်ဗျာ။
(FB-Maung Thura)
မကွေးတိုင်းဒေသကြီး ပခုက္ကူရေဘေးအတွက် ကူညီလှူဒါန်းရန် မန္တလေး မြို့မတူရိယာအဖွဲ့၏ ရန်ပုံငွေရရှိရေး လှည့်လည်ဖျော်ဖြေမှု (FB-The Voice Weekly)

No comments: