Saturday, November 19, 2011

၂၀၀၈ ဖွဲ့စည်းပုံ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တမတ်သားပါလီမန်ထဲအထိတော့ လိုက်၍ မထောက်ခံနိုင်ပါ

သံဒုတ် (BLSO)
ရဟန်းရှင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ်ဆွေ များခင်ဗျာ ...

တလေးတစား သဘောထားအမြင်ကို တင်ပြတာဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင်တော့ NLD က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက် လက်မကိုင်စွဲတော့ဘူးလို့ ပြောလိုက် တာပါပဲ။ အခြေအနေအချိန်အခါ နဲ့ မကိုက်ညီဘူးဆိုတဲ့ သဘောမျိုး ပြောနေတာတော့ကြာပြီ။ တွေ့ဆုံ ဆွေးနွေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပြီး ပါလီမန်ထဲက အကောင်အထည်ဖော် တော့မယ်လို့ တရားဝင် ကြေညာလိုက်တာလို့ နားလည်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် NLD ကိုယ်တိုင်က အတွေးအခေါ်နဲ့ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲလာမှုကတဆင့် ဖြစ်ပေါ်ပြောင်းလဲချက်တွေလို့ ပြောရမှာပါပဲ။

စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့ပုံက ခပ်ပေါ့ပေါ့ခပ်ပျက် ပျက်နိုင်လှတယ်လို့ သဘောထားပါတယ်။ NLD ကလည်း ဒီလောက်ဆို ကျေနပ်တဲ့သဘော ရှိပုံရပါတယ်။

ကျနော် နားလည်ထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ဒီ မိုကရေစီရအောင် လုပ်ဖို့ ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့တာမဟုတ်ဘူးလို့ နား လည်ထားပါတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ NLD ပါတီရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ချက်နဲ့ ပါတီကိစ္စလို့ပဲ သဘောထားပါတယ်။ ပြည်သူလူထုက ရွေးတဲ့ လမ်းမဟုတ်ဘူး။ NLD ရဲ့ရွေးလမ်း ပဲဖြစ်ပါတယ်။ ဒီအခြေအနေရောက်သွားတာလည်း အံသြစရာတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ ဒီအခြေ အနေဆိုက်သွားပါလားလို့ ဆိုရမယ်ထင်ပါတယ်။

သေချာတယ်၊ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံလို့မရပါဘူး။ ရွေးကောက်ပွဲနဲ့ စစ်တပိုင်း ပါလီမန်ကတ ဆင့် ဒီမိုကရေစီမရနိုင်ဘူးလို့ပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်။ ဒါကြောင့် ၂၀၀၈ဖွဲ့စည်းပုံကို လေးစားလိုက် နာပြီးမှ လုပ်ရမယ့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေမှာ NLD က ပြည်သူလူထုအကျိုးအတွက် ရွေး ကောက်ပွဲဝင်ရတာပါလို့ ပြောလာရင်ပင် ထောက်ခံဖို့ အခက်အခဲရှိလာပါတယ်။

ဗမာပြည်ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရရှိရန်မှာ NLD ရဲ့ အခုရွေးလမ်းလောက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ပါလီမန်ထဲကနေ ဖွဲစည်း ပုံအခြေခံဥပဒေကို ပြုပြင်နိုင်မလား။ အမျိုးသားရင်ကြားစေ့ရနိုင်မလားဆိုတဲ့ မေးခွန်မှာ NLD နဲ့ ကျနော်တို့ ကြားမှာ သဘောထားမတူတဲ့အတွက် အဖြေလည်း မတူနိုင်ပါဘူး။ ဗမာပြည်နိုင်ငံရေးဟာ ယခင်ကထက် ပို ရှုပ်ထွေးပြီး ပြဿနာတွေလည်း ပိုများလာနိုင်တယ်လို့ သုံးသပ်ရပါတယ်။

လူထုရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ တက်ကြွမှုဟာ အရေးကြီးသထက်ကြီးလာသလို လူထုလူတန်းစားတိုက်ပွဲတွေ ဟာ ပိုများလာနိုင်စရာရှိတယ်လို့ ထင်ပါတယ်။ လူထုလူတန်စားတိုက်ပွဲတွေနဲ့ လူထုလှုပ်ရှားမှုများဟာ သီး ခြား လွတ်လပ်စွာ ဖြစ်ပေါ်လာလိမ်မယ်လို့ မြင်ပါတယ်။ စစ်အစိုးရက ဖွင့်သလောက်ဘောင်ထဲကလုပ်တဲ့ လှုပ် ရှားမှုများကို ဆိုလိုတာမဟုတ်ပါဘူး။

အမျိုးသားညီညွတ်ရေးကို စစ်အာဏာရှင်စနစ် ခြေမှုန်းရေးဆိုတဲ့ သဘောထားရပ်တည်ချက် အခြေခံပေါ်က တည်ဆောက်မှသာ ခိုင်မာနိုင်ပါတယ်။ လူထုစည်းရုံးရေးကို ပါလီမန်တွင်းနိုင်ငံရေးလှုပ်ရှားမှုက တည်ဆောက် မယ်ဆိုလျှင် လူထုစည်းရုံးရေးလုပ်ငန်းများဟာ ယာယီသာဖြစ်နိုင်ပြီး ရေရှည်မှာ အခက်အခဲဖြစ်လာလိမ်မယ် လို့ထင်ပါတယ်။

ပြည်သူလူထုက စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်ယန္တရား၊ စစ်အာဏာရှင်အစိုးရ အကြွင်းမရှိ ချုပ်ငြိမ်းတာ ကို အလိုရှိတယ်ဆိုတာကို ကျနော်တို့ရင်ထဲမှာ နားလည်သဘောပေါက်ထားဖို့ပါပဲ။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ အများစုလူထုက ရွေးလိုက်တဲ့ ဒီမိုကရေစီပါပဲ။ လူထုရွေးလမ်းဖြစ်ပါတယ်။ NLD က ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတာ သူတို့ရဲ့ရွေးလမ်းဖြစ်တယ်။ နိုင်ငံရေးပါတီတိုင်းနဲ့ နိုင်ငံရေးသမားတိုင်းကတော့ သူတို့သာလျှင် ပြည်သူကို အလုပ်အကျွေးပြုတယ်လို့ ကြွေးကြော်ကြတာပါပဲ၊ မထူးဆန်ပါဘူး။ အချိန်နဲ့အခြေအနေတွေက ဘယ်လောက်အထိ လူထုကို အကျိုးဖြစ်စေခဲ့သလဲ တာဝန်ကျေ ခဲ့သလဲ ပြီးမြောက်ခဲ့သလဲ ဆိုတာတွေနဲ့သာ တိုင်းတာရတာပါ။ အခြေအနေတွေကတော့ အမြဲပြောင်းလဲနေ တာပါပဲ။ ပြောင်းလဲနေတဲ့ အခြေအနေကို ကြည့်၍သာ ပုံချလိုက်ပါ၊ ပြောင်းလဲနေတာတော့ ဟုတ်ပါပြီ။ တိုး တက်ဖြစ်ထွန်းမှုတွေဖြင့်လည်း ဆန်းစစ်ဖို့ လိုအပ်မယ်ထင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ကျနော်တို့ရဲ စိုးရိမ်ချက်တွေဟာ ပို ကြီးလာတယ်။ ပြောင်းလဲနေတယ်ဆိုတာတွေက အခြေခံလူထုလူတန်းစားတွေရဲ့ နေထိုင်မှုဘ၀မြင့်တက်ရေး နဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် အရိပ်အရောင်မတွေ့သေးဘူး။ ဒါက ဒီနေ့လက်ရှိ နိုင်ငံရေးအခြေ အနေအစစ်အမှန်ပါပဲ။

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် လူထုတော်လှန်ရေးတ ခု ပေါ်လာရဦးမှာပါ။ အချိန်သိပ်တော့ မစောင့်ရဘူးလို့ ယုံကြည်ပါတယ်။

တချို့သော နိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပေါ်မှုတွေဟာ ရာသီစာတခုလို ဖြစ်တတ်ပြီး ဘက်ထရီကုန် သံပတ် ကုန်တဲ့အခါ ရပ်သွားတာပါပဲ။    ။

သံဒုတ် (BLSO)
(8888 PeoplePower Group Mail မှ ...)

62 comments:

MIN ZAW said...

You look like chinese!
You are brainless!
What is your real name?
Are you not dare to show your name?
Where do you live?

ကျော်ကျော်ဦး said...

ကဲ.. အားလုံးသဘောတူတူ မတူတူ အမေစုနဲ့ NLD ကိုဝိုင်းရံကြရအောင်လား။ အမေစုက ကိုယ့်ကျိုးစွန့် ပြီး တိုင်းပြည်အတွက်လုပ်တယ်ဆိုတာ အားလုံးနာလည်းပြီးသားပါ။ တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွား ရန်မဖြစ်ကျရအောင်လား။ အားလုံးရဲ့ ပန်းတိုင်းက တိုင်းပြည်တိုးတက်ဖို့ ပါပဲ။

yoo said...

ဟိုက်ရှားပါး......
ပေါ်လာပြန်ပြီ တစ်ယောက်။

(နိုင်ငံရေးပါတီတိုင်းနဲ့ နိုင်ငံရေးသမားတိုင်းကတော့ သူတို့သာလျှင် ပြည်သူကို အလုပ်အကျွေးပြုတယ်လို့ ကြွေးကြော်ကြတာပါပဲ၊ မထူးဆန်ပါဘူး။)..လို့ ဆိုပါလား....။

(ဘယ်လောက်အထိ လူထုကို အကျိုးဖြစ်စေခဲ့သလဲ တာဝန်ကျေ ခဲ့သလဲ ပြီးမြောက်ခဲ့သလဲ ဆိုတာတွေနဲ့သာ တိုင်းတာရတာပါ။)..လို့ ဆိုပြန်ပဟ။

ဒီတော့...
တလေးတစား သဘောထားအမြင်ကို တင်ပြတာဖြစ်ပါတယ်..တွေ လုပ်မနေနဲ့ တော့..။

ပြန်လာပြီး လူထုကို အကျိုးဖြစ်စေမဲ့ လုပ်ငန်းတွေ
အရင် လာလုပ်ပါအုန်းကွာ...။

ဘယ်လိုလူတွေလဲ မသိဘူး။
သံချောင်း၊သံခဲ၊သံလုးံ၊သံဒုတ်...."သံ" ကနေကို
အောက်မချတော့ဘူး....။
"လပေါ်သားရေ" လျော့တိလျော့ရဲ နဲ့ ..။
ဘဲနုတ်သီး၊ ခွေးရေသောက်၊ ကြောင်ရေချိုး...။

nay said...

၉၀ က သမိုင်းဝင်သွားပါပြီ။ အခု ၂၀၁၁၊ မကြာမီ ၂၀၁၂ မှာ ကျွန်တော်တို့ ၉၀ မှာ ကျန်နေလို့ မရပါဘူး။ ရှေးရိုးမစွဲ ပါနဲ့။ အပြောင်းအလဲဆိုတာ လုပ်မှ ရတာပါ။ အပြောင်းအလဲကိုလိုချင်ရင် ခေါင်းဆောင် နေတဲ့သူကို ထောက်ခံရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူချစ်တဲ့ ပြည်သူ့အတွက် ဦးစားပေး တတ်တဲ့ ခေါင်းဆောင်ကောင်းပါ။

Tun Aung said...

Man,,, You are totally wrong!
Let me ask you that, who are you?, where you from? What do you did for our Nation and People?
Please be quiet, And support to our leader DAW AUNG SAN SU KYI!!!

လင်္ကာ said...

ဘယ်သူကဒါမျိုးဆုံးဖြတ်ချက်ချချင် ပါ့မလဲကိုသံဒုတ်ရယ်
၉၀ ကိုတင်းတင်းဆုပ်မျက်နှာကိုမော်ပြီး
ခပ်တင်းတင်းခပ်မာမာ လူတိုင်းနေချင်လှသပေါ့။
ဒါပေမယ့်
ကိုယ့်မှာက ယဲ့ယဲ့ကျန်တော့တယ်လေ
ခင်ဗျားမှာလည်းယဲ့ယဲ့ပဲကျန်တော့တယ်ဆိုတာ ခင်ဗျားအသိပဲ။
ဒီလမ်းကမထွက်ရင် ဘယ်လမ်းကထွက်ကြမလဲ
နိုင်ငံတကာက ၉၀ရလာဒ် ကိုထောက်ခံ လာအောင်
ခင်ဗျားလုပ်နိုင်မလား။ခင်ဗျားမလုပ်နိုင်ဘူး။
ဘယ်သူမှလည်းမလုပ်နိုင်ဘူး

နော်အုန်းလှကိုလေးစားတယ်ဗျာ။သူ့ စကားကို
အရေးထားရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်
ခင်ဗျားရဲ့ ထောက်ခံမှုမထောက်ခံမှု၊ကျုပ် ရဲ့ ထောက်ခံမှုမထောက်ခံမှုကအရေးမပါ လှဘူးဆိုတာကို မမေ့နဲ့ ဗျို့ ။

Anonymous said...

ကဲ ကိုသံပြုတ်ရေ .... ပြသာနာပါပဲ။ အရင်က အမှောင်ထဲ အလုံပိတ်မုဒိန်းကျင့်တာဟုတ်ကောင်းဟုတ်ခဲ့မယ်။ အခု လူလယ်ကောင် အလင်းထဲ မုဒိန်းကျင့်ချင်ရင်တော့ တော်တော်သတ္တိရှိတဲ့ မုဒိန်းကောင်ပဲ။ စဉ်းစားကြဗျာ ပြောရတာမောတယ်။
ပြည်သူတွေ ဆန္ဒမေးမကြည့်နဲ့။ ကျုပ်ပြောလိုက်မယ်။ ကြိုက်တဲ့အစိုးရတက် စားဝတ်နေရေးပြေလည်မယ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်ရင် ရပြီ... ဟုတ်ပြီလား။ အခု ဒေါ်စု က အဲလို နိုင်ငံတိုးတက်ဖို့ သူကြိုးစားနေတယ် ထောက်ကြမယ် ဒါပဲ ရှင်းနေတာကို လေလာပစ်နေတယ်။ ခင်ဗျားရော လင့်ဆရာကြီးရော ဈေးကွက်ပျောက်နေတဲ့ နိင်ငံရေးသမားဟုဆိုသောလူများရော လူထုခေါင်းဆောင် အဖြစ် ပြည်တွင်းဝင်လာပြီးလုပ်ကြပါ။ ထောက်ခံသင့် ထောက်ခံပေးပါ့မယ်။ အွန်လိုင်းလာလေပစ်နေတယ်။ လူဦးရေ သန်း၆၀ ရှိတယ်။ ခင်ဗျားဆောင်းပါး တစ်သောင်းမဖတ်ဘူး။ ပေါက်ကရတွေဗျာ။ စိတ်ဆင်းရဲတယ်။ ဂေါက်တောက်တောက်နဲ့။ လက်တွေ့မကျတာတွေ ဘေးထိုင်ဘိုင်ပြောနေတယ်။

International Youth Fellowship said...

I agree with NLD. It's good for burmese people.

Robin Wilson said...

ကျွန်တော်ကဆရာတို့ လောက်မတော်ပါဘူး၊ ဆရာတို့ ကအများကြီးတွေးတယ်၊အများကြီရေးတယ်၊့တော်တယ်၊ကျွနိတော်ရဲ့ အမြင်ကိုအသိကို မူလတန်းအဆင့်သတ်မှတ်ချင်သတ်မှတ်ပါ၊ကျွန်တော်သဘောပေါက်ထားတာကတော့....
ကိုက်တတ်တဲ့ခွေးဗိုက်အောက်ကဒုတ်ကိုရဖို့ ခွေးကိုထန်းလျှက်ကျွေးရမယ်၊ဒုတ်ရမှရိုက်လို့ ရမယ်။
ဒါပါဘဲး။ ဒုတ်က မည်သူတွေလဲး၊ခွေးက ဘယ်ကောင်လဲး၊ထန်းလျှက်ကဘာကိုကိုယ်စားပြုလဲး၊
စဉ်းစားဝေဖန်ကန့် ကွက်ထောက်ခံ ဒါတွေကို မြန်မာလူထု့ ရရှိဘို့ အတွက် အဓိက ပြုင်ရမှာက လေနဲနဲလျှော့

ko hinthar said...

အထိကရုန်းတစ်ခုပေါ်လာတဲ.အထိ
ဆက်စောင်.ပေါ.ဗျာ။ ရိုးရိုးတန်းတန်း
မစောင်.ပဲအဓိဌာန်ပုတီးလေးစိပ်ပြီးဖြစ်
ဖြစ်သေရည်လေးမှီဝဲရင်းဖြစ်ဖြစ်စောင်.
ပေါ.ဗျာ။စေတနာမှန်တဲ.ဆရာတို.ဆု
တောင်းပြည်.၀တော.မှာပါ..နော။
သိပ်လည်းစွေ.စွေ.မခုန်ပါနဲ.ဗျာ။
ခင်ဗျားတို.ကတော.ပြည်သူတစ်ရပ်
လုံးကိုကိုယ်စားပြုတယ်လို.ထင်နေတာ
လား။ပြည်တွင်းကလူတွေကခင်ဗျားတို.
ဘာတွေလုပ်ခဲ.လဲဘာတွေလုပ်နေလဲ
သိလည်းမသိ၊စိတ်လည်းမ၀င်စားဘူးဗျ။

waiyanheain said...

This time I only read the comments .. Nice comments.

And I will no more read U Lwan Swe's articles or The others' articles that he posted by others' name xD
Myanmar Go UP UP !!! Fighting

ဇော်ထွန်း said...

အင်း ကိုသံဒုတ်ရေ
၉၀ တုန်းက လည်း အရည်အချင်းမရှိဘဲ ထမိန်ခြုံပြီင်္း အမတ်ဖြစ်ခဲ့တဲ့ သူတွေ မလုပ်တတ်မကိုင်တတ်မို့ န၀တ ကဆွဲစားခံလိုက်ရတယ်
ခုလည်း နိုင်ငံရေးနားမလည်ဘဲ ဒေါ်စု လုပ်သမျှ အကုန်ကောင်း အကုန်မှန် နဲ့ ထမိန် စွန်တောင် ဆွဲလိုက်ပြီး နအဖ ဘောင်းဘီချွတ် အရေခြုံ အစိုးရရဲ့ အရိုးအရင်းလေး စားဘို့ကြံနေပြန်ပြီ ပြည်သူတွေ တော့ ဒုခတွင်းက ထွက်ဘို့ မလွယ်ပါဘူးဗျာ

ဘခက် said...

ဟေ့လူ သံဒုတ်
မင်းထက် ဦးနှောက်ရှိလို့
မင်းထက် ပါဝါသာလို့
ပြည်သူက ထောက်ခံတာ NLD ကို
ဘေးထိုင်ပြီးတော့ လီးစကားတွေပြောမနေနဲ့
အထင်မကြီးဘူး မင်းလိုကောင်ကို

ဘခက်

Khin said...

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် လူထုတော်လှန်ရေးတ ခု ပေါ်လာရဦးမှာပါ။ အချိန်သိပ်တော့ မစောင့်ရဘူးလို့ ယုံကြည်ပါတယ် .... ဆိုတဲ့ ကိုသံဒုတ်ရေ ပြည်သူတွေက ဒေါ်စုတက်မှ မဟုတ်ဘူး။ ဘယ်သူတက်လာလာ သူတို့အတွက် အကျိုးရှိ ချောင်လည်လာရင် စစ်တပ်ပဲတက်တက် လက်ခံကြမှာပါ။ ဘယ်သူမှ အသက်အသေခံပြီး ဆူပူဖို့ မစဉ်းစားပါဘူး။ ကိုသံဒုတ်အနေနဲ့ လူထုတော်လှန်ရေး ဘယ်တော့လောက်ပေါ်လာနိုင်လဲ ပြောပြပေးရင် ကောင်းပါလိမ့်မယ်။ အသက်နဲ့ထပ်ပြီး အလောင်းအစားလုပ်ချင်လို့ပါ။ အခုပုံအတိုင်းဆိုရင်တော့ ပြည်သူတွေက လူထုအုံကြွဖို့တော့မမြင်ဘူး။ ပြင်ပရောက်နေတဲ့ လုပ်စားနိုင်ငံရေးသမားတွေ ခွက်ပျောက်တော့မှာမို့ သွေးရူးသွေးတန်းနဲ့ ထအုံကြွဖို့ပဲ မြင်နေပါတယ်။

Robin Wilson said...

စာရေးနိုင်တဲ့အဆင့်ကိုရောက်နေကြတဲ့မိတ်တွေများခင်ဗျား၊ညစ်ညမ်းတဲ့ဆဲရေးတိုင်းထွာမှူတွေကို Comments box တွေအပေါ်မတင်ကြပါနှင့်။

Robin Wilson said...

နောက်၃နှစ်ကြာမှဒီမိုကရေစီကားကြီးစီးရမယ်

Kyaw Zaw Lin said...

သို့ ကိုသံဒုတ်...လေးစားစွာဖြင့်စာရေးသားလိုက်ပါသည်။ကိုသံဒုတ်ကဒေါ်အောင်ဆန်းစုကြည်ပါတီမှတ်ပုံတင်တာကိုမထောက်ခံနိုင်ပါဘူးဆိုပြီးဘာလို့ ခါးခါးသီးသီးဖြစ်နေရပါသလဲခင်ဗျား။ကျွန်တော်ကတော့သာမန်အရပ်သားမြန်မာနိုင်ငံသားဗမာလူမျိုးတစ်ယောက်ဖြစ်ပါသည်။ကျန်တော့်မှာဘာလူမျိုးစွဲ၊ပုဂ္ဂိုလ်စွဲလုံးဝမရှိပါ။မြန်မာနိုင်ငံအတွင်းမှာတစ်ရေထဲသောက်တစ်မြေထဲနေတဲ့တိုင်းရင်းသားတွေကိုလဲတန်းတူရည်တူအခွင့်အရေးရစေချင်ပါတယ်။အဲဒီ့အတွက်ဒီမိုကရေစီအရေးကိုငြိမ်းချမ်းစွာချဉ်းကပ်လုပ်ဆောင်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်ကိုထောက်ခံပါတယ်။အကိုတို့ ကပါတီကိုမှတ်ပုံမတင်စေချင်ဘူးဆိုရင်ဘာလုပ်စေချင်တာပါလဲ။မှတ်ပုံမတင်ပဲလမ်းမပေါ်ထွက်ပြီးဆန္ဒပြရမှာလား။အဲလို့ လုပ်လို့ ပြည်သူဘယ်နှစ်ယောက်နောက်ကလိုက်မှာလဲ။အကိုတို့ ရောလာလုပ်မှာလား။ကျွန်တော်တို့ လိုသာမန်ပြည်သူတွေကတစ်နေ့ စာတစ်နေ့ လုပ်မှာစားရမှာ။ဆနပြဖို့ အချိန်မရှိဘူး။အဲလို့ ဖြစ်လာရင်လဲပုံးကြောင်မှာပဲ။အဲဒီ့တော့အေးချမ်းစွာချဉ်းကပ်တာကိုသဘောကျထောက်ခံတယ်။၈၈တုန်းကလဲမိုးပေါ်ထောင်ပြစ်ခဲ့တာမဟုတ်ဘူး။အခုထပ်လုပ်လဲပစ်မှာပဲဒီကောင်တွေက။အဲဒီ့တော့ကျွန်တော်ကတော့လူအများကြီးသေတဲ့နည်းလမ်းမကြိုက်ဘူး။တော်လှန်မယ်ဆိုအပြတ်ချေမှုန်းကြမှရမယ်။ခေါင်းဆောင်ကောင်းလိုတယ်။ခေါင်းဆောင်ကောင်းကကောင်းမယ့်နည်းလမ်းရွေးတာကိုဘေးထိုင်ဘုတောပြီးဒေါင်လိုက်မလျှောက်နဲ့ ။ဒီ့ထက်ကောင်းတဲ့နည်းလမ်းတွေ့ မယ်ဆိုရင်လဲပြောပါ။အကြိုးအကြောင်းဆီလျော်မယ်ဆိုရင်လက်ခံဖို့ အသင့်ပါ။

yoo said...

ဒီ ဘဲနုတ်သီး၊ ခွေးရေသောက်၊ ကြောင်ရေချိုး က
သဘောထားအမြင်ကို အသံကြားကထဲက....
တင်ပြပါလား.....။

စောင့်ကြည့် နေလိုက်သေးတယ်...။
သတ္တိက တော့ အံ့ပါ့ ။
ဒါနဲ့ များ..
လဘာဂျာ က တော်လှန်ရေးစကားပြောနေသေးတယ်။

Kyaw Swar 2011 said...

Mg Thandote thinks he is the only man who knows the whole situation well & other people don't understand what is the real political situation in burma.Mg Lwan Swe & Mg Thandote are the same group. Please kindly take note that we, Myanmar people knows what is happening in our country n Daw Aung San Suu Kyi knows very well about political changes in her country because of her intelligence, her character & love of truth. She doesn't want to see our myanmar people suffering anymore. I believe and trust that she can find the right path for our country.

သံကိုးမောင်း said...

ဒီလောက် ကြမ်းတမ်းတဲ့မုန်တိုင်း ကို ကြှုံကြံ့ခံ လာတဲ့ ပြည်သူတွေ တခဲနက်ထောက်ခံထားကြတဲ့ ဒီပါတီနဲ့ ဒီခေါင်းဆောင်တွေကို ဒီလောက်အသုံးမကျတဲ့ လူတွေလို့ ဝေဖန်ကြတဲ့ ပုဂ္ဂိုလ်ကြီးများအနေနဲ့ မိမိတို့ ကိုယ်ကို ဦးစွာ ဝေဖန်သင့်ကြပါတယ်--ငါကောဘာလဲ-ဘာတွေအောင်အောင်မြင်မြင် လုပ်ပြခဲ့ပြီးလဲ-ဘာတွေကို ပြည်သူတွေအတွက် ဘာတွေထိထိရောက်ရောက်ဦးဆောင်မှုပေးခဲ့လဲ -ပေးနိုင်ခဲ့လဲ-ပေးနေလဲ-ပေးဦးမလဲ့ပေါ့ဗျာ-ကျွန်တော်တို့က မိမိကိုယ်တိုင် အသုံးမကျလို့ ကိုယ်တိုင်ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကို လိုချင်နေကြပါတယ်--မိတ်ဆွေ ကိုယ်တိုင် ဒေါ်စုတို့လို ခေါင်းဆောင်လုပ်ပြပါအုံး။

Kyi said...

သြော်.....သြော်...
``ကြိုက်တဲ့အစိုးရတက် စားဝတ်နေရေးပြေလည်မယ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်ရင် ရပြီ... ´´
ဒီလိုလား။
ဒါဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ပန်းတိုင်လား။
ဒါဆိုလဲ အစထဲက ဒီမိုကရေစီကိုတောင်းဆိုမယ့်အစား၊
ဗိုလ်ချုပ်မှုးကြီးသန်းရွှေရယ်၊
ကိုယ်တော်လေးဖို့ရွှေလပြည့်ရယ်၊ တိုင်းပြည်ကိုခင်ဗျားတို့ထင်သလိုလုပ်ပါ။
ကျွန်တော်တို့ကို ခုလိုဘာမှမကျွေးမမွေးပဲပြစ်မထားပါနဲ့။
ခင်ဗျားတို့ရဲ့စားကျွင်းစားကျန်လောက်တော့ပေးစားပါ။
ဒါဆိုရင်ခင်ဗျားတို့ကြိုက်သလိုလုပ်ပါ။
လို့
တောင်းဆိုခဲ့ကြဖို့ကောင်းတယ်။
ဒါဆိုပြဿနာတွေ အစောကြီးထဲကပြေလည်နေပြီ။

T said...

ထောင်ထဲကသူတွေလဲခဏထား၊မုဒိန်း ကျင့်သတ်ဖြတ်စစ်တိုက်နေတာလဲနောက်မှရှင်း၊ဒေါ်စုတို့လွှတ်တော်ထဲဝင်ရေးအရေးကြီးတယ်၊လက်ခုပ်တီးကြထောက်ခံကြ
ဒီလိုလား၊ရတာပေါ့၊သံဒုတ်ကိုနံမယ်၊အရင်းဘယ်သူလဲမေးတဲ့ သူနဲ့၊ဘာလုပ်ခဲ့ လဲမေးတဲ့ သူနဲ့၊ဟင်းဟင်း၊ဒေါ်စုကိုချစ်ခင်ထောက်ခံသူတွေကအားရစရာဘဲ၊အောင်မြင်ရမှာပေါ့..

ABC said...

ဒီဘလာ့က ဆောင်းပါးတွေအများစုက အနှစ်ချုပ်လိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ထား၊ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေက တရားမျှတမူမရှိဖူး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေး၊ လူထုလှုပ်ရှားမူတွေလုပ် ဆိုတဲ့ အချက်တွေပဲ တွေ.နေရပါတယ်၊

၁၉၉၀ ရွေးကောက်ပွဲကကြာခဲပါပြီ၊ ခုချိန်မှာ နိုင်ငံတကာကလည်း စိတ်မ၀င်စားတော့ပါဖူး၊ ပြန်လည် အသက်ဝင်အောင်လုပ်ဖို.က မလွယ်တော့ပါဖူး၊

၂၀၀၈ ခုနှစ်ဖွဲ.စည်းပုံကိုပြောင်းရင် အနည်းဆုံး မဲ ၇၅%ကျော်မှပြောင်းလို.ရမယ်၊ စစ်တပ်ကိုယ်စားလှယ်တွေက ၂၅% လွှတ်တော်မှပါနေတယ်၊ ပြင်လို.မလွယ်ဖူး၊ မှန်သင့်သလောက်မှန်ပေမဲ့ အဲ့ဒီ့စစ်တပ်ကိုယ်စားလှယ်တွေကိုပဲ မေးကြည့်ပါ၊ သူတို.ကို တပ်ကနေ ပါလီမန်မှာလာထိုင်ခိုင်းတာ ပျော်ရဲ့လားလို.၊ နောက်ပြီး သူတို.ကိုယ်တိုင်က စီးပွားရေးမပြေလည်တာတွေ ကုန်ဈေးနှုန်းကြီးမြင့်ပြီး လူနေမူအဆင့်အတန်းတွေနိမ့်ကျတာ မသိပဲ မနေပါဖူး၊ တကယ်လိုအပ်လာရင် သူတို.လဲပဲ ပြောင်းလဲလာပါလိမ့်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို. စစ်တပ်က ကိုယ်စားလှယ်တွေကပဲ ပါဝင်ဆွေးနွေးတာကို တွေ.ရပါတယ်၊ ဆိုလိုချင်တာက ၂၀၀၈ ဖွဲ.စည်းပုံက ဒီမိုကရက်မကျတဲ့အချက်တွေကို ပြောင်းလဲတဲ့ အခါမှာ တပ်ကိုယ်စားလှယ်တွေ ကူပါလိမ့် မယ်၊

စစ်တပ်က အာဏာသိမ်းခွင့်ပေးခွင့်ပေးထား တာက လက်ခံနိုင်စရာမရှိဖူးလို.ပြောထားတယ်၊ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရအနေဖြင့် တိုင်းပြည်မှာ လူထုအများစုက ဆန္ဒပြ မကျေနပ်လို.ရှိရင် လက်ရှိအစိုးရက ဆင်းပေးရပါမယ်၊ အဲဒီ့လိုဆင်းပေးရင် ကြားကာလမှာ ကြားဖြတ်ရွေးကောက်ပွဲအသစ်လုပ်၊ ဒါမှမဟုတ် အတိုက်ခံက အစိုးရအဖြစ် တက်လုပ်ရပါမယ်၊ လောလောဆယ်အခြေအနေအရ အတိုက်ခံက ပါလီမန်မှာ အစိုးရတက်လုပ်ရအောင် မကြီးထွားသေးပါဖူး၊ လွတ်တော်မှာအတိုက်ခံများလာအောင် လုပ်ရပါ့လိမ့်မယ်၊ ဒါမှမဟုတ် လူထုလှုပ်ရှားမူကြီးက ထိန်းသိမ်းမရတော့ပဲ ၈၈ လို.ခေါင်းဖြတ်၊ မင်းမဲ့စရိုက်တွေပေါ်လာရင်တော့ စစ်တပ်က အာဏာသိမ်းပါလိမ့်မယ်၊ ဖွဲ.စည်းပုံမှာ ဘယ်လောက်ပဲ စစ်တပ်အာဏာမသိမ်းနိုင် အောင်ရေးထားထား၊ တကယ်တမ်းစစ်တပ်က အာဏာသိမ်းခဲ့ ရင် အဲ့ဒီ့ဖွဲ.စည်းပုံဆိုတာလည်း လမ်းဘေးမှာ ပိတ်သားချိန်နဲ.ရောင်းတဲ့ စက္ကူစုတ်သာဖြစ်သွားပါလိမ့်မယ်၊

ခုချိန်မှာ စစ်တပ်၊ လက်ရှိအစိုးရကလည်း သူတို.ချည်းလုပ်ဆောင်လို.မရဖူးဆိုတာ သဘောပေါက်နေပါပြီ၊ အတိုက်ခံဆိုတဲ့ အဖွဲ. အင်အားကြီးတယ်ဆိုတာလဲ သိနေပါပြီ၊ ဆန်ကျင့်တဲ့သူတွေအားလုံးကို ထောင်ထဲ ထည့်ထားဖို.ဆိုတာလဲ မဖြစ်နိုင်တော့ပါဖူး၊ နိုင်ငံတကာကလည်း လက်မခံနိုင်ပါဖူး၊ လောလောဆယ်အခြေအနေရတော့ အတိုက်ခံကလည်း တိုင်းပြည်ရေးရာတွေမှာ စစ်တပ်ပါဝင်မူကို လက်ခံရပါလိမ့်မယ်၊ အေးရှာက ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ စစ်တပ်ကဗိုလ်ချုပ်ဟောင်း တွေ ပြန်ပါနေ တာကို တွေ.ရပါလိမ့်မယ်၊ လောလောဆယ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက power sharing လို.ပဲ မြင်ပါတယ်၊ ဒေါ်စုကိုယ်တိုင်လည်း သဘောပေါက်လို. အဲ့ဒီ့လမ်းစဉ်ကို ချီတက်နေတာပါ၊ ခင်ဗျားတို.က မကြေနပ်ဖူးဆိုတာလဲ ခင်ဗျားတို.ရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ၊ ဒါပေမဲ့ လူထုတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ဖို.က အတော်ပင်ခဲယှဉ်းပါလိမ့်မယ်၊ အဲ့ဒီ့လို ဆန္ဒပြပွဲတွေပေါ်လာတယ်ပဲထားဦး အာရပ်နိုင်ငံတွေလို လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပေါ်ဖို. ကတော့ ပိုလို.တောင်မှ ခဲယှဉ်းပါလိမ့်မယ်၊

ခင်ဗျားတို.ရဲ့ ရေးသားပုံနဲ. အတွင်းစိတ်ကို ခန်.မှန်းရရင်တော့ ဒေါ်စုကို လူထုခေါင်းဆောင် ဆိုပြီးထောက်ခံသယောင်လုပ်မယ်၊ ကိုဇါဂနာ၊ မင်းကိုနိုင် နဲ. နိုင်ငံရေး အကျဉ်းသားတွေကိုသနားသယောင်ပြမယ်၊ (တကယ်တော့ ထောင်ကျနေတဲ့သူတွေကို ခင်ဗျားတို.ထောက်ပံ့ခဲ့တာလည်းမဟုတ်ပါဖူး)၊ ခင်ဗျားတို. လူထုအားကိုးနဲ.အာဏာ ရခဲ့ရင်လည်း တိုင်းပြည်ထူထောင်ရေးတွေလုပ်ဖို.ထက် လက်ရှိ အာဏာရပိုင်တွေကို သတ်၊ နောက်ပိုင်း မှာဒေါ်စုနဲ.ကျောင်းသားခေါင်းဆောင်တွေကို ရှင်းပစ်ဖို. ၀န်လေးမဲ့ သူတွေမဟုတ်ပါဖူး၊ ဒီမိုကရေစီဗန်းပြပြီးလုပ်ချင်သလိုလုပ်မဲ့ အဖွဲ.ဖြစ်ပြီး တိုင်းပြည်သွေးချောင်း စီးအောင်လုပ်မဲ့ သူတွေပဲလို.မြင်မိ ပါတယ်၊ မြန်မာပြည်သူလူထု သဘောထားနဲ. ဆန်ကျင့်နေတဲ့အတွက် အောင်မြင်မူမရဖူးဆိုတာကို သတိပေးချင်ပါတယ်၊

လောလောဆယ် မြန်မာနိုင်ငံ မှာပြုပြင်ပြောင်းလဲရေးတွေကို မြင်နေရပါပြီ၊ စိတ်ရှည်ပါ၊ ဒေါ်စု မြန်မာနိုင်ငံရေးမှာ တရားဝင် ပါဝင်တာကို ကြိုဆိုလိုက်ပါ၊ မြန်မာနိုင်ငံတိုးတက်ရေးက ပြည်သူတွေရဲ့ စည်းလုံးမူနဲ. ရိုးသားတဲ့ စိတ်ဓါတ်များနဲ. အစပြုရပါလိမ့်မယ်၊

နွေဦးသစ် said...

Ko Than Dote!
I have complete respect for those involved in struggles in post-88 era. But we will have to move on. Time has changed, and we had our 20 years to work on this cause. We had taken our chances. But honestly we failed. We failed because we didn't have anyone to lead us (or we didn't let anyone to lead us). Now we have some people who are actually doing what we wanted to do: to bring our country back.
Since they are working towards those causes, why not we take a moment and support them. After all, Daw ASSK is the leader chosen by our citizens with their hearts, not by votes. At this moment we may not be able to do anything for our country like those inside, but we can at least be part of the process by supporting those leaders.

mmgmmoe said...

ဘိုသံတို့  အကြပ်ရိုက်နေပြီထင်ပါ့။ လွတ်လွတ်ကင်းကင်းနေနိုင်ပါသည်။

burma said...

သိပ်ပြီးလေကျယ်မနေပါနဲ့ဗျာ...လေသမားတွေကတစ်ယောက်ပြီးတစ်ယောက်ပေါ်နေပါလား...ဒေါ်စုကိုပြည်သူအားလုံးကထောက်ခံတယ်..US,UK,EU အားလုံးထောက်ခံတယ်....ခင်ဗျားကဘာမို့လို့လျှောက်လေပစ်နေတာလဲ..သိပ်တော်သိပ်တတ်နေတယ် ဟုတ်လား..ur stupid.

bokyaw said...

သံဒုတ်ဆိုတဲ.ကောင်က သမ္မတလုပ်ချင်နေလို.ထင်တယ်
ဆိုင်ကားနင်းတဲ.ကောင်ကဆိုက်ကားဘဲနင်းစားပါကွာ..
ဆိုက်ကားသမားသံဒုတ်ဆိုတဲ.နာမည်ဘဲကောင်းပါတယ်
နားမည်ဘဲလျှောက်ပြောမနေပါနဲ.....သံဒုတ်ဆိုတဲလူ
သောက်မြင်ကပ်ခံရပြီးသံဒုတ်နဲအရိုက်ခံနေရမယ်.....

Positive View said...

Hate kaung Than Dote!

Ko. Yoke ko lal pyan kyi...

A YAT THA MAR yoke nat...

Ngar dote gaung saung (DASSK) ko lar ma way pan nat....

Dar Pal..

At Ku Tho myar tal....

minkhatthein said...

ကိုသံဒုတ်ရေ။ RITian (ပဉ္စမနှစ်စက်မှုအင်၈ျင်နီယာ)တယောက်ဖြစ်တဲ့ခင်ဗျားလည်း မဲဆောက်လုပ်စားတဲ့ အထဲမှာပါနေတယ်။ ခင်ဗျားလည်းလုပ်စားခွင့် အရေးအတွက် ဒီစကားတွေထွက်လာတယ်လို့ပဲ ယူဆတယ်။ အနှစ်နှစ်ဆယ်လုံးလုံးချည်နှောင်ခံထားခဲ့ရတဲ့ ပါတီကအခုလက်ရှိ ဂျာနယ်တွေမှာ နအဖခေါ် သိန်းစိန်သတင်းစာထဲကအစ ထည့်ဖော်ပြနေတာတွေကို အကောင်းသဘောနဲ့ မြင်ကြည့်ပါ။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိစ္စတွေကိုလည်း ဒီချူပ်သေချာပေါက်လုပ်မယ်ဆိုတာကို ကျနော်အပါအ၀င် အတွင်းက ပြညသူတွေက ဒီချူပ်အပေါ် အကြွင်းမဲ့ယုံကြတယ်။ အတွင်းက အတိုက်အခံအုပ်စုနဲ့ ပြည်သူတွေကိုပြောတာနော်။ အပြင်ကလူတွေကိုတော့ တယောက်မှ ထည့်မတွက်ဘူး။ မှတ်ပုံမတင်ဘူး။ မ၀င်ဘူး။ ဘူးဗျူဟာတွေထပ်ပြီးပြောနေတယ်။ အဲဒီလိုလုပ်ရင် ဘာဆိုးကျိုးတွေထပ်ဖြစ်မလဲ။ ဒီချူပ်အဖွဲ့ကို ထပ်ပြီး နေအိမ်အကျယ်ချူပ်ထပ်လုပ်မယ်။ မပျက်ပျယ်သေးတဲ့ တည်ဆဲဥပဒေတွေနဲ့ ဖမ်းဆီးမယ်။ ထပ်ပြီးထောင်ချမယ်။ ထောင်ထဲရောက်သွားရင် အမေရိကန်အပါအ၀င်ဘယ်နိုင်ငံတကာအဖွဲ့မှကိုယ်ထိလက်ရောက် ၀င်ပြီးမကူဘူး။ ပါးစပ်တွေနဲ့ပဲ ဖောဖောသီသီ လွတ်ပေးဖို့ အပြင်းအထန်တောင်းဆိုသည်တို့ ဘာတို့ Statements တွေကိုပဲ ဖောဖောသီသီထုတ်မယ်။ ခင်ဗျားတို့ ပြင်ပက အော်နေကြတဲ့ လူတွေ အပါအ၀င်ပေါ့။ အဲဒီလိုဖမ်းဆီးတာတွေဖြစ်လာလို့ လူတွေ လမ်းပေါ်ထွက်မလာနိုင်ဘူး။ ၂၀၀၇ တုန်းက ဖြစ်တယ်ဆိုတာ ကိုပေါ်တို့ ၈၈ အုပ်စုနဲ့ ကနဦးပျိုးစပေးထားတဲ့ အရပ်သားအဖွဲ့အစည်းတွေကြောင့်ဖြစ်လာတာ။ အခု ဦးသောပါက လုပ်ကြည့်တယ်။ လှူပ်ရှားမှုဖြစ်နိုင်ဖို့ တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူး။ မတင်ဘူး၊ မ၀င်ဘူးဆိုရင် ဒီချူပ်က လုံးပါးပါးသွားမယ်။ အခု ဒေါ်စု လွတ်လာလာခြင်း နယ်ခရီးတွေကို ထွက်ခွင့် စည်းရုံးခွင့်မရှိဘူး။ တရားဝင်ရုံးတွေကိုထပ်ချဲ့ခွင့်မရှိဘူး။ တရားဝင် လူငယ်လူရွယ်တော် ပါတီထဲပါလာအောင် ဆွဲထည့်ခွင့် မရှိဘူး။ လွတ်တော် ပြင်ပကလည်းဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး အကြပ်တည်းလည်းဖြစ်တော့၊ ဘာမှ လှူပ်ရှားလို့မရဘူး။ တင်မယ်၊ ၀င်မယ့်လမ်းကလွဲလို့ တခြားရွေးစရာလမ်းမရှိဘူး။ ခင်ဗျားတို့ တင်မယ်ဝင်မယ် နဲ့ မတင်မ၀င်ဆိုတဲ့ Risk Analysis နဲ့ Flow Chart ဆွဲကြည့်ပါ။ အမြင်ရှင်းသွားမယ်။ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့၊ ဒီမိုကရေစီရရှိဖို့ ပေးစပ်နေကြဆဲ၊ ပေးစပ်ခဲ့ကြတဲ့လူတွေကို ကျနော်လေးစားပါတယ်။ သူတို့တွေရဲ့ ဆုံးရှူံးသွားတဲ့ လူမှုဘ၀တွေကိုထူထောင်နိုင်အောင် ကျနော်တို့လုပ်ကြရအုံးမယ်ဆိုတာကို တန်ဖိုးသိတဲ့ လူတိုင်းစိတ်ထဲမှာရှိပါတယ်။ ပြည်သူ့ဘ၀တိုးတက်လာရင် ရေမြင့်ရင် ကြာတင့်သလို သူတို့ဘ၀တွေလည်း စိုပြေလာမှာပါ။ ဒီချူပ်ရဲ့ အခုလက်ရှိ ဦးစားပေးကိစ္စဟာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်ဆဲရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုတာ လူတိုင်းသိနေပါတယ်။ အောင်မြင်အောင်လည်း လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာကို ယုံကြည်ပါတယ်။ ဖွဲ့စည်းပုံ ကိစ္စဟာ ကာလတခု အချိန်တခုယူပြီးတော့ သွားရမယ်ဆိုတာ လူတိုင်းနားလည်တယ်။ common sense ပါ။ ချက်ခြင်းပြောင်းလဲလို့မရနိုင်ဘူး။ လွတ်တော်ပြင်ပ နဲ့ လွတ်တော်အတွင်းဘယ်ဟာက ဒီချူပ်အတွက် လုပ်ပိုင်ခွင့်အားသာသလဲ။ အားနည်းသလဲဆိုတာကို သေသေချာချာ နဖူးပေါ်လက်တင်ပြီးစဉ်းစားပါလို့ပဲ အကြံပြုပါရစေ...

ကောင်လေး !!! said...

Kyi said...

သြော်.....သြော်...
``ကြိုက်တဲ့အစိုးရတက် စားဝတ်နေရေးပြေလည်မယ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်ရင် ရပြီ... ´´
ဒီလိုလား။
ဒါဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ပန်းတိုင်လား။
ဒါဆိုလဲ အစထဲက ဒီမိုကရေစီကိုတောင်းဆိုမယ့်အစား၊
ဗိုလ်ချုပ်မှုးကြီးသန်းရွှေရယ်၊
ကိုယ်တော်လေးဖို့ရွှေလပြည့်ရယ်၊ တိုင်းပြည်ကိုခင်ဗျားတို့ထင်သလိုလုပ်ပါ။
ကျွန်တော်တို့ကို ခုလိုဘာမှမကျွေးမမွေးပဲပြစ်မထားပါနဲ့။
ခင်ဗျားတို့ရဲ့စားကျွင်းစားကျန်လောက်တော့ပေးစားပါ။
ဒါဆိုရင်ခင်ဗျားတို့ကြိုက်သလိုလုပ်ပါ။
လို့
တောင်းဆိုခဲ့ကြဖို့ကောင်းတယ်။
ဒါဆိုပြဿနာတွေ အစောကြီးထဲကပြေလည်နေပြီ။
-----------------------------------
ပြသာနာပဲ မောတယ်...ပြောရတာ။ လူဦးရေသန်း၆၀ စားဝတ်နေရေးပြေလည်ဖို့၊ဥပဒေစိုးမိုးဖို့၊နိုင်ငံတကာနဲရင်ဘောင်တန်းဖို့ဆိုတာ ခင်ဗျာ့အဖို့ လွယ်တယ်ထင်နေလား။ သေချာစဉ်းစားပါ၊ ဦးနှောက်ကြီးပါ၊ကလေးလိုမတွေးပါနဲ့။ တော်ရုံတန်ရုံအစိုးရလုပ်လို့မရဘူး သဘောပေါက်လား။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းဖို့ဆိုတာ အရမ်းကျယ်ပြန့်တယ်နော်။ စာရေးခါနီး သေချာစဉ်းစား။ အဖွဲ့အစည်းအစွဲတွေ ပုဂ္ဂိုလ်စွဲတွေလျော့ ပြည်သူနဲ့နိုင်ငံအတွက်ဆိုတာ စဉ်းစားလိုက်ရင် ခင်ဗျားတို့ အဖြေပေါ်လာမှာပါ။ ဦးနှောက်ကြီးပါ ကလေးမဆန်ပါနဲ့။ မိမိကိုယ်မိမိ ပြည်သူတွေအဖြစ် ၀င်ပြီးကိုယ်စားတွေးပါ။ ဟုတ်ပြီနော်...ပြောရတာမောတယ်။

Kyaw Swar 2011 said...

Comments are very good. Feel glad most of us never support Mg Than Dote including Mg Lwan Swe.
People are very generous and try to correct their mistakes, wrong ideology and thinking. Some give very long comments becos they want Mg Than Dote to get the right track .But I just want to say one thing. There is a proverb that goes you can take a horse to the stream but you cannot make it drink the water which means although most people try to correct Mg Than Dote's wrong ideas and thinking in his mind, he won't change his wrong path and he may take no notice at all. Talking with this idiot people like Mg Lwan Swe and Mg Than Dote, I feel thirsty.

mg san said...

Thank you for Dr Lun Swe and his selected articles which are not supporting what Daw Aung San Su Kyi moves .

Now we can see who are really garbages. U Than Dote , May I ask you one thing that are you daydreaming ? Wow , you guys are so selfish than I expected . You never consider for next generations. We have sank more than enough . Don't let suffer our NEW (myanmar ) generation in the same way .
Pls open minded U Than Dote , Daw Naw Ohn Hla and of course , U Lun Swe . By the way if one who gets only the first degree from medical Institute , then should not be entitled as Dr. , Sir . Pls learn urself .

mo said...

It is all conspiracy hatched in American CIA.

1) Hilary Clinton and Obama wants Burma on their side as a pawn to against China
But they dont dare to tell american people that they are friends with the millitary government(killers)

2)Military government crave recognition from United States. They are happy get a few soldiers sacrificed for them to make them able to go shopping and get medical check ups in United States and sit in the same table with Obama.

3) DASSK wants to get democracy for people in peaceful way. But I think she and people of Myanmar will have to wait and see if Americans and U Thein Sein is honest.

Nai Candima said...

NLD ရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ အဖြစ်သင့်ဆုံး လက်တွေ့အကျဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်၊ သံဒုတ်ဆိုတာ… ဘယ်သူလဲ…ဘယ်မှာနေသလဲ…
တိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့သလဲ…
အခုဘာတွေလုပ်နေလဲ…ပြည်သူတွေမသိကြပါဘူး၊
ပြည်သူတွေက NLD ကိုသိကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သိကြတယ်၊ သေချာတာက NLD နောက်မှာ ပြည်သူတွေရှိတယ်၊ အဲဒီတော့ NLD ရဲ့ဆုံးဖြတ်ချက်ကို သံဒုတ်သဘောတူတာ မတူတာ ထောက်ခံတာ မထောက်ခံတာဟာ မြန်မာပြည်ရဲ့ အရေးကိစ္စအပေါ် ဘာမှသက်ရောက်မှုမရှိပါဘူး။

Nai Candima said...

To mo,
Your opinion is possibly right. Americans have their purpose with regard to Myanmar. But they cannot fulfill their purpose regardless of the welfare of the Myanmar people. U Thein Sein government also has to do more for political improvement that Obama clearly said about it.

Always said...

" ငါတို့လည်း အမိမြန်မာမြေနဲ့ အမိအဖ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေနဲ့ ကင်းကွာနေကြရတာ နှစ်ပေါင်း ၂၃နှစ် ကျော်နေပြီ။ မင်းတို့လည်း တခါလောက် ငါတို့လိုမျိုးမဟုတ်တောင်မှ တလ၊ တနှစ်လောက် ပြည်ပမှာနေကြည့်ကြစမ်းပါ။ မင်းတို့ထင်နေကြသလို ကိုယ့်နိုင်ငံမဟုတ်တဲ့ ပြည်ပမှာနေတဲ့သူတွေဟာ ဇိမ်ခံနေကြတာမဟုတ်ဘူး။ မြန်မာဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေရဲ့ အောက်ဆုံးအဆင့်မှာဘဲ ရှိနေသေးတဲ့အတွက်ကြောင့် ဘယ်မြန်မာမှ ခေါင်းမော့ပြီးတော့ နိုင်ငံတကာကို လည်ပတ်နိုင်တဲ့အဆင့် မရှိကြသေးဘူး။ မင်းတို့သိချင်ရင် ပြည်ပကို ထွက်ကြည့်လိုက်ကြ။ "

လင်္ကာ said...

ဘယ်သူက ပြည်ပမှာအတင်းနေခိုင်းလို့ လဲ
ပြန်ပေါ့
နိုင်ငံရေးသမားဆိုရင်ပိုတောင်ပြန်သင့်သေးတယ်
ဒီအချိန်ဟာတကယ်ပဲအင်တိုက်အားတိုက်
အလုပ်လုပ်ရမယ့်အချိန်ပဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ကိုထောက် ခံသည်ပဲဖြစ်ဖြစ်၊ ဆန့် ကျင်ကန့် ကွက်တယ်
ပဲဖြစ်ဖြစ် ဒီအချိန်ကတော့အိမ်ပြန်ဖို့ အကောင်းဆုံး
အချိန်ပဲ။
ဒေါ်စုကိုထောက်ခံရင်လည်းအင်တိုက်အားတိုက်
အလုပ်တွေလုပ်ဖို့ လူလိုတယ်
ကန့် ကွက်ရင်လည်း နော်အုံးလှတို့ နဲ့ တွဲလုပ်
ဖို့ လူအင်အားလိုတယ်

အဲဒီတော့အပေါ်က ကိုယ်တော်ပြည်ပမှနေရတာ
တော်တော် ခံစားနေရတယ်ဆိုရရင်ပြန်သင့်ပါတယ်
လို့ တိုက်တွန်းပါတယ်
ကျုပ်ကတော့မပြန်နိုင်သေးဘူး
ကိုယ့်အကျိုးစီးပွားတွေရှိသေးတယ်
အလုပ်ပြေးလုပ်လိုက်
ပြန်လာတော့သတင်းလေးဖတ်လိုက်
မနေနိုင်မထိုင်ကွန်မန့် လေးဝင်ပေးလိုက်
ဆိုတဲ့သံသရာထဲတ၀ဲလည်လည်ရဦးမယ်

hjk said...

လွန်းဆွေ ဥဏှောက် ကမဆိုးဘူး သူ့ဝက်ဆိုက်
်ကိုကြည့်ချင်အောင် သူကိုယ်တိုင်နာမည်အမျိုးမျိုးနဲ့ ကလိတိတိ ဆောင်းပါးတွေရေး သူလိုဘေးထိုင်ဘုပြော တတ်တဲ့သူတွေဆောင်းပါးတွေတင် သူ့အလုပ်က ဆန်ကုန်မြေလေး အလုပ်ပဲ

Always said...

လင်္ကာ မင်းနဲ့ငါက အမိမြေကထွက်လာကတည်းက ရည်ရွယ်ချက်၊ ခံယူချက်၊ ယုံကြည်ချက်တွေက မတူညီကြတဲ့ အတွက်ကြောင့် မင်းနဲ့ငါက တန်ဘိုးချင်း မတူပါဘူး။

Robin Wilson said...

Mg Thein Sin,
We can't believe all you say....

Zaw said...

မျက်နှာခြင်းဆိုင်ပြီးတွန်းနေကြလျှင်တော့ အာဏာရှင်များက အိမ်မှာထိုင်၍စာဖတ်ရင်းက ရယ်ပွဲဖွဲ့နေကြပါလိမ့်မည်။

လင်္ကာ said...

လုပ်စမ်းပါဦး ခင်ဗျားနဲ့ကျုပ်ကဘယ်လို
တန်ဖိုးချင်းမတူရတာတုန်း
ခင်ဗျားကတန်ဖိုးဘယ်လောက်ရှိလည်း
သိချင်ပါဘိ

Anonymous said...

ပြည်ပက အင်အားစုတွေကို ၁) ပြည်တွင်းနဲ့ ခွဲထုတ်၊၂) အတွင်းထဲ အတင်းမောင်းသွင်း၊၃) နိုင်ငံတကာအမြင် စောင်းအောင်လုပ် နေတာပါ။

ဒေါ်စုက အတွင်းလိုင်းဝင်ပူး ပေမယ့် အပြင်လိုင်းတွေ စုစည်းပြီး Plan B ပြင်ထားဖို့ လိုပါပြီ။

သိန်းဇော်

Anonymous said...

ဒေါ်စုရွေးပြီး ထောတ်ခံကြတယ်ဆိုပေမယ့် လွှတ်တော်ထဲဝင်ရေး အားလုံးသံသယရှိနေစဲပါ။ ဒေါ်စုကိုယ်တိုင် အာမ၊ မခံပါဘူး။ မှားရင်လဲ ပြန်ပြင်ဖို့ နမိတ်ပြထားပါတယ်။ မလွဲသာလို့ ပူးတာကို ဒူးထောက်တယ်လို့ မစွပ်စွဲသင့် သလို၊ သမတကြီးလို့ ခေါ်၊ ခေါ် ပြီး အပီ၊ ဖားနေကြစရာ မလိုပါ။

လင်္ကာ said...

ကိုသိန်းဇော်ပြောတာ ကို
သဘောတူပါတယ်

ချင်းမိုင်ဘိုးဘိုးကြီး said...

သိန်းဇော် က မန္တလေးသိန်းဇော် လား အဲ့ဒါဆိုရင်လဲ သောင်းထိုက်ကကြားစေ သီချင်းဆိုပြ :P

Anonymous said...

ပြင်ပရောက်နေတဲ့ လုပ်စားနိုင်ငံရေးသမားတွေ ခွက်ပျောက်တော့မယ်။
ပြည်တွင်းက လုပ်စားNGO တွေ ခွက်ရတော့မယ်။

ပြည်တွင်းလုပ်စားက ပြည်ပလုပ်စား ကိုဆဲ။
ပြည်ပလုပ်စားက ပြည်တွင်းလုပ်စား ကိုဆဲ။

လုပ်စားအချင်းချင်း ခွက်လုပွဲမှာ ဝါးလုံးရှည်နဲ့ ရိုက်ကြလို့
အကြံအဖန်တွေကော အမှန်အကန်တွေပါ
ဥသျှစ်သီး နှစ်လုံးထုသလို ဖြန်း ဖြန်းကွဲပြီး
သိန်းစိန် အမြတ်ထွက်မယ်။

Set Htun said...

ဒေါ်အောင်ဆန်းစုကြည်၇ဲ့ ဆုံးဖြတ်ချက်ကို အကောင်းမမြင်နိုင်သေးတဲ့ လူတွေကို မြင်၇၊ သိ၇၊ ကြား၇တော့  ကိုလိုနီခေတ်ကို ပြန်မြင်ယောင်စေပါတယ်။ ဗိုလ်ချူပ်က ဂျပန်နဲ့ပေါင်းလိုက်၊ English နဲ့ပေါင်းလိုက် လုပ်ချင်သလိုလုပ်ပြီး လိုချင်တာကို ၇အောင်လုပ်ဖို့ကြိုးစားနေချိန်က သခင်ကိုယ်တော်မှိုင်းက စပြီး၊ Dr. ဘမော် မကျန် အကုန်လုံးက ၀ိုင်း၇ှပ်ချ၊ အပြစ်တင်ကြပါတယ်။ နောက်ပိုင်းကျမှသာ လွတ်လပ်ေ၇းဖခင် ဆိုပြီးတန်ဖိုးသိလာတာပါ။ ခေါင်းဆောင်ကောင်းဆိုတာ ခင်ဗျားတို့လူပိန်းတွေထက် ပိုမြင်နိုင်(ခဲ့)တယ် ဆိုတာ ဘယ်သမိုင်းကို လှန်လှန်တွေ့၇မှာပါ။ မှန်ခြင်း၊ မှားခြင်းကို သမိုင်းဆိုတဲ့ (အချိန်) နဲ့ ၇လဒ် ကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်း) copy from Ceaser Min FB.

ppm said...

ဒီဆောင်းပါးရေးတဲ့သူရဲ့ မြန်မာနိုင်ငံဒီမိုကရေစီအရေး ပါဝင်လှုပ်ရှားခဲ့ပုံနဲ့ နာမည်လေးသိပါရစေ ပြောလို့ ရရင်ပြောပေးပါခင်ဗျ ကျွန်တော်လုပ်ပိုင်ခွင့်ရှိရင် သူ့ ကိုဝန်ကြီးတစ်နေရာပေးချင်လို့ ပါ ...P:)

five O two said...

Than dote!
if u not agree with NLD registered for election. What is the solution to go to Democracy Nation? U want People go on to the road and fight with Gov? Wanna see people die on the road? wanna see people live without peacefully?
I do agree that NLD chose the way. This is good step forward to better stage. We have to support.

Anonymous said...

ဦးဦးသံဒုတ်

ဒီကွန်မင့်န်တွေကိုကြည့်ရင် မြန်မာပြည်နဲ့မြန်မာပြည်သူလူထု ဘာလဲ၊ ဘယ်ကိုအဦးတည်နေလဲ၊ လူထုဆန္ဒနဲ့ NLD ရဲ့ အနာဂါတ်ဦးတည်ချက်၊ ဒါတွေကိုမြင်ရလောက်ပါပြီ။ လူထုတိုက်ပွဲဆိုတာတွေကို အပြင်ကနေ လျှောက်တောင်းစားကောင်းအောင်ဖွမနေနဲ့တော့။ မရတော့ဘူး။ ပွဲကပြီးသွားပြီ။ ခင်းထားတဲ့မျှက်နှာသုတ်ပုဝါလေး ပြန်ခေါက်သိမ်းပြီး တဲစုတ်ထဲပြန်ဝင်အိပ်တော့။ ဒါမှမဟုတ် မာမာတင်းတင်းနဲ့ ဆက်ကိုင်ထားချင်ရင်တော့ 1990 ရလဒ်ကိုမကိုင်နဲ့။ သားသားဟာလေးကို လာကိုင်ထားတော့။ ဟီးဟီး...:P

five O two said...

btw, Why Myanmar refugee are not try to come back to their own Country(Myanmar)even Myanmar Gov grantee not to take any action against them? How many percent of Myanmar Refugees all over the world are Real Myanmar Refugee? So far i heard most of refugee are not real, they built a story and apply refugee status and try to get asylum from other developed countries. Is it true? Some one can explain?

အောင်ဇေယျ said...

“မြန်မာနိုင်ပြီ” သီချင်းကို ခုခေတ်မှာ ရှုံးရှုံးနဲ့ ညစ်ပြီး ထ ထ ဆိုနေသလိုဘဲ

cnjp news said...

မင်းတို့အားလုံးအရူးတွေဘဲ၊ ကိုယ်ပိုင်ဦးနှောက်မရှိတဲ့ ငသုံးတွေဘဲ။ မင်းတို့လိုကောင်တွေကတော့ သည်ထက်ဆိုးတဲ့စစ်အစိုးရလက်အောက်မှာတသက်လုံးနေသင့်တယ်။ သံဒုတ်(ဘယ်သူမှန်မသိပါ)ပြောတာ သူ့အကျိုးအကြောင်းစီလျှော်မှုရှိတာကိုလက်ခံရပါမယ်။ အယူဝါဒစွဲနေတဲ့အမြင်နဲ့ဘဲဝေဖန်လုံးပန်းနေမယ့်အစား၊ လက်တွေ့ကျကျတွေးသင့်တယ်။ တစ်သက်လုံးအနှစ်နာခံ လာရတာတွေ၊ အဖိနှိပ်ခံရ၊ဆက်ပြီးလည်းခံနေရတာတွေ အလာကားဖြစ်တော့မယ်ပုံပါဘဲ။ NLD ဖြစ်လာခဲ့ တဲ့အရင်းအမြစ် (ထောင်ပြင်၊ထောင်ထဲက) ကျောင်းသားခေါင်းဆောင်တွေကွိုကိုတော့ဘယ်လိုပြန်အဖြပေးကြမလဲကြည့်ရအောင်။ အလွန်ဘဲ ဖြစ်ကတတ်ဆန်းဆန်တဲ့ ပြောင်းလဲမှုပါဘဲ NLD ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကတော့။

ဇော်ထွန်း said...

ဟုတ်ပ ကို cnjp news ရေ
ခုချိန် ဒေါ်စုလုပ်ချင်တာလုပ် မျက်စိမှိတ်ထောက်ခံနေတဲ့ ကောင်တွေက မတွေးတက်မခေါ်တတ်တဲ့ ငတုံးတွေရယ်
နအဖ နဲ့ အတင်းပေါင်းစေချင်တဲ့  အလံရှူးမြေအောင်းပွေးတွေရယ် ဒေါ်စုထမိန် ဆွဲ ပြီး အရိုးအရင်းလေးကိုက်ဘို့ နေရာယူဘို့  ကြိုးစားနေတဲ့ ခပ်ညံ့ ညံ့ အချောင်သမားတွေရယ် လေ နိုင်ငံရေး နားမလည်ကြဘူး ဒါကြောင့် နအဖ လုပ်ချင်တိုင်းလုပ်လို့ ရနေတာ အလကား ငတုံးကောင်တွေ

အောင်ဇေယျ said...

နိုင်ငံရေးကို ဘောလုံးပွဲနဲ့ ဥပမာပေးရရင်တော့ ကွင်းထဲ ၀င်ကစားသူကပဲ တဖက်အသင်းရဲ့ စိန်ခေါ်မှု ကလိမ်ကျမှုတွေကို ပရိသတ် မျက်ဝါးထင်ထင် မြင်တွေ့နိုင်အောင် ဖော်ထုတ် နိုင်မှာပါ။ ၉၀ ရွေးကောက်ပွဲက ကြာခဲ့ပြီ NLD ကို ကနေ့အချိန်မှာ ပြည်သူက ၉၀ တုန်းကလို မထောက်ခံတော့ပါဘူး ဆိုတဲ့ နအဖ ရဲ့ စကားရှိဘူးပါတယ်။ မတက်မနေရ မလာမနေရ အင် NLD ဆန့်ကျင်ရေး ကြံ့ဖွတ်ထောက်ခံရေး လူထုထောက်ခံပွဲတွေလဲ ကျင်းပခဲ့ဘူးပါတယ်။ ခုချိန်မှာ ၉၀ ရွေးကောက်ပွဲကိုပဲ အသိအမှတ်ပြုဖို့ တွင်တွင်အော်နေဦးမယ်ဆိုရင် ဘာနဲ့တူမလဲ ဆိုတော့ ဟိုခေတ်က မြန်မာနိုင်ပြီ သီချင်းကို ခုခေတ်မှာ ရှုံးရှုံးနဲ့ ညစ်ပြီး ထ ထ ဆိုနေသလို ဖြစ်နေမှာပါ။ နောက်ပြီး ၈၈ နဲ့ ၉၀ ရွေးကောက်ပွဲ နောက်ပိုင်းမှ မွေးလာတဲ့ မျိုးဆက်သစ်တွေဟာလဲ ခုချိန်မှာ အသက် ၂၀ ကျော်ဖြစ်နေပါပြီ။ ဒါ ၉၀ ရွေးကောက်ပွဲမှာ ၁၈ နှစ် မပြည့်သေးလို့ ပါဝင်ခွင့် မရသူတွေကို ထည့်တွက် မထားသေးပါဘူး။ ခုချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားဟောင်း တွေရဲ့ အခန်းကဏ္ဍထက် ၂၀၁၁ မျိုးဆက်သစ် လူငယ်တွေရဲ့ အခန်းကဏ္ဍက ပို အရေးကြီးပါတယ်။ ၈၈ တုန်းက အဲဒီခေတ် အခြေအနေနဲ့ မိမိတို့ ဘယ်လို လှုပ်ရှားခဲ့ကြသလဲ ... ခုခေတ် အခြေအနေမှာရော ဒီနေ့လူငယ်တွေ ဘယ်လို လှုပ်ရှားနေကြသလဲ။ ၉၀ ရွေးကောက်ပွဲဟာ နောင်အနာဂတ်ကို ဦးဆောင်မယ့် ယနေ့လူငယ်တွေ အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိသေးရဲ့လား .. ဒါတွေ ကို ဆန်းစစ်ဖို့လဲ လိုပါမယ်။

အောင်ဇေယျ said...

အမှန်တကယ်တော့ ၉၀ ရွေးကောက်ပွဲဆိုတာ ဒီနေ့ခေတ်လူငယ်တွေ အတွက်တော့ သူတို့ပါဝင်ခွင့် မရခဲ့တဲ့ သမိုင်းမှတ်တမ်းတခု ပါဘဲ။ ၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အရေးပါအရာရောက်အောင် အကောင်အထည် ဖော်သင့်တယ် ဆိုတဲ့ ကာလက နအဖရဲ့ အမျိုးသားညီလာခံတို့၊ ညောင်နှစ်ပင်တို့၊ ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့ ... ဒါတွေ မဖြတ်သန်းခင်ကထဲက လုပ်ရမှာပါ ... ၁၉၉၀ ကနေ ၂၀၁၀ အထိ နှစ် ၂၀ ကြာ .. မျိုးဆက်တခုစာ နအဖ ကို အချိန်ပေးလိုက်ပြီးပါပြီ ... အဲဒီကာလတွေမှာ ပြည်တွင်းမှာ တင်းကျပ်စွာ အဖိနှိပ်ခံနေရနေချိန်မှာ ပြည်ပမှာရော ပြည်တွင်းမှာ လှုပ်သွားလောက်တဲ့အထိ ဘာတွေ လက်တွေ့ကျ ထိရောက်တဲ့ လှုပ်ရှားမှုမျိုးတွေ လုပ်ခဲ့ကြပါသလဲ။ နှစ် ၂၀ကျော်လုံးလုံး တကမ္ဘာလုံးမှာ လုပ်ခဲ့တဲ့ အမည်အမျိုးမျိုးနဲ့ ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲတွေ ကြေညာချက်အမျိုးမျိုး၊ လှုပ်ရှားမှု အမျိုးမျိုးတွေ .. အဲဒီကနေ ပြည်တွင်းမှာ အပြောင်းအလဲ ဖြစ်စေနိုင်လောက်တဲ့ ကြီးမားတဲ့ ရိုက်ခတ်မှုမျိုးတွေ ဘယ်နှခု ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ကြပါသလဲ။ ကမ္ဘာနဲ့ချီပြောရင် များနေပါဦးမယ် ... မဲဆောက်ပတ်ဝန်းကျင်မှာဘဲ နေထိုင်လုပ်ကိုင်နေကြတဲ့ သိန်းနဲ့ချီတဲ့ မြန်မာတွေကို ရော ထိထိရောက်ရောက် စုစည်းမှု စည်းရုံးမှု လုပ်နိုင်ခဲ့ပါသလား။ ၈၈ နောက်ပိုင်း ပြည်ပ ထွက်လာပြီးနောက်မှာရော ကိုယ့်ပြည်ပ အတိုက်အခံ အုပ်စုတွေ အချင်းချင်းကြားမှာ ညီညွတ်ရေးနဲ့ အကွဲအပြဲ .. ဘယ်ဟာက ပိုများခဲ့ပါသလဲ။

အောင်ဇေယျ said...

ခုချိန်မှာ နအဖကို နှစ် ၂၀ ကျော် အချိန်ပေးလိုက်ပြီး သူတို့ရဲ့ ပါလီမန်ကြီးကို အကောင်အထည်ဖော်ခွင့် ပေးလိုက် ပြီးသွားပါပြီ။ တနည်းပြောရရင် နအဖရဲ့ ၂၀၁၀ အိမ်ကွင်း ကို ဆောက်ခွင့် ပေးလိုက်ပြီးပါပြီ။ ဒီလိုအချိန်မှာ ၉၀ ကွင်းမှာဘဲ ကန်ဖို့ကြိုးစားနေဦးမယ် ဆိုရင်တော့ တသင်းထဲကန် ကိုယ့်ဂိုးကို ပြန်သွင်းပြီး တွေ့လား ငါတို့ခြေစွမ်း ရှိသေးတယ် ဆိုတာမျိုး ပြောနေသလို လက်တွေ့မကျတော့ ပါဘူး။ ခုချိန်မှာ ပြည်ပက အတိုက်အခံတွေက ဘာနဲ့ တူလဲဆိုရင် တချိန်က တိုက်စစ်မှူးတွေ ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ ကျိုးတဲ့လူကျိုး၊ နာတဲ့လူကနာ၊ ဗိုက်ရွှဲပြီး ကိုယ့်ဗိုက်ကို မနည်းသယ်နေရတဲ့သူက သယ်နေရ၊ တုတ်ကောက်ဆောင်တဲ့ သူက ဆောင်နေရပေမယ့် ... “သတ္တိရှိရင် ငါတို့ရဲ့ ၉၀ ကွင်းမှာ လာကန်လိုက်စမ်းပါကွာ ... ဘယ်နှစ်ဂိုး ထည့်ပြလိုက်မှာ” ဆိုပြီး ကြုံးဝါး နေတာနဲ့ဘဲ တူပါတယ်။ ခုချိန်မှာ ၂၀၁၀ ကွင်းကြီးက ဘယ်လိုခိုး ဘယ်လို ဘတ်ပြီး ဆောက်ထား ဆောက်ထား သူကွင်းက ထင်ထင်ရှားရှားကြီး ဆောက်ပြီးသား ဖြစ်နေပါပြီ။ ၉၀ ကွင်းကနေ ဘယ်လောက်ကြီးပဲ လာကန်စမ်းပါ စိန်ခေါ်နေနေ မျိုးဆက်သစ် ပရိသတ်တွေ အနေနဲ့ ဖုန်အလိမ်းလိမ်း တက်နေပြီး ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့ ၉၀ ကွင်းဟောင်းကြီးကို ဘယ်သူမှ သွားကြည့်ကြတော့မှာ မဟုတ်ပါဘူး။ သမိုင်းဆိုတာတော့ ဖျောက်ဖျက် ပစ်လို့ မရပါဘူး။ ဒါပေမယ့် ၈၈ မှာဦးဆောင်ခဲ့တဲ့ မျိုးဆက်နဲ့ ကနေ့ခေတ် မျိုးဆက်နဲ့ နှစ် ၂၀ ကျော် ကွာသွားပါပြီ။ မျိုးဆက် တဆက်ပါဘဲ။ မျိုးဆက်သစ်တွေ သမိုင်းသစ်တခု ရေးရတော့မယ့် ကာလ ဖြစ်ပါတယ်။

အောင်ဇေယျ said...

“ကျနော် နားလည်ထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ဒီ မိုကရေစီရအောင် လုပ်ဖို့ ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့တာမဟုတ်ဘူးလို့ နား လည်ထားပါတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ NLD ပါတီရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ချက်နဲ့ ပါတီကိစ္စလို့ပဲ သဘောထားပါတယ်။ ပြည်သူလူထုက ရွေးတဲ့ လမ်းမဟုတ်ဘူး။ NLD ရဲ့ရွေးလမ်း ပဲဖြစ်ပါတယ်။” ဆိုတဲ့ စကားဟာ ၉၀ မှာ မပါဝင်ခဲ့တဲ့ ခုခေတ်မျိုးဆက်သစ်တွေကို ပြည်သူလူထု အဖြစ် စာရင်းမသွင်းဘူး ဆိုတဲ့ သဘော သွယ်ဝိုက် သက်ရောက်ပါတယ်။ ၉၀ မှာ အသက်မပြည့်လို့ မပါဝင်ခဲ့သူတွေနဲ့ ၉၀ နောက်ပိုင်း မွေးလာသူ မျိုးဆက်တွေရဲ့ အခန်းကဏ္ဍ ဟာ ယနေ့နိုင်ငံတည်ဆောက်ရေးမှာ ၉၀ တုန်းက ပါဝင်ခဲ့သူတွေလောက် အရေးမပါဘူး လို့ ဆိုလိုနေသလိုပါဘဲ။ “အချိန်နဲ့အခြေအနေတွေက ဘယ်လောက်အထိ လူထုကို အကျိုးဖြစ်စေခဲ့သလဲ တာဝန်ကျေ ခဲ့သလဲ ပြီးမြောက်ခဲ့သလဲ ဆိုတာတွေနဲ့သာ တိုင်းတာရတာပါ။” လို့ဆိုရင် ၈၈ နောက်ပိုင်း နှစ် ၂၀ ကျော် ကာလအတွင်းမှာရော လွတ်မြောက်နယ်မြေမှာ ရှိနေတဲ့သူတွေက မလွတ်မြောက်တဲ့ နယ်မြေက ကိုယ့်လူထု လွတ်မြောက်ဖို့ ... နအဖ ရဲ့ အခြေခံ ဥပဒေတွေ ပါလီမန်တွေ ပေါ်ပေါက်မလာဖို့ ဘယ်လို ထိရောက်တဲ့ လုပ်ရပ်တွေနဲ့ လူထုအပေါ် တာဝန်ကျေအောင် စွမ်းဆောင်နိုင်ခဲ့ပါသလဲ။ နှစ် ၂၀ ကျော် ကာလမှာ နအဖ ကတော့ ပါလီမန်ပေါ်ပေါက်ပြီး အစိုးရ ဖွဲ့နိုင်တဲ့ အထိ လုပ်သွားပြီးပါပြီ။ နအဖ ကို ဒီလောက်ထိ ခရီးရောက်အောင် အချိန်ပေးခဲ့တဲ့ နှစ် ၂၀ ကျော်ဆိုတာက တရားဝင် အစိုးရဆိုရင် အစိုးရ ၅ ဆက်စာ အချိန်ပါ။ တကယ်တမ်း ၉၀ မှာ NLD အစိုးရ လုပ်ခဲ့ရင်တောင် ခုချိန်မှာ ခုမျိုးဆက်တွေ ရွေးချယ်မှာ NLD ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ၉၀ ရွေးကောက်ပွဲကရွေးထားတဲ့ လူတွေသာ အစိုးရ လုပ်သင့်တယ် ဆိုရင် ... “မင်းတို့ ကလေးတွေ ကိစ္စမဟုတ်ဘူး လူကြီးတွေ လုပ်တာ ပြောတာပဲ အမှန်၊ ဒါကိုဘဲ လက်ခံစမ်းပါ” ဆိုတဲ့ သဘောမျိုးနဲ့ မြန်မာပြည်က လူကြီးမိဘ ဆရာသမားများရဲ့ အာဏာရှင်ဆန်ဆန် ဆုံးမတာမျိုးနဲ့ပဲ အလားသဏ္ဍာန် တူနေပါလိမ့်မယ်။ ခုခေတ် လူငယ်တွေဟာ သတင်းနည်းပညာ ခေတ်မှာ ကြီးပြင်းကြတဲ့ အတွက် ကြံ့ဖွတ်ရဲ့ လုပ်ရပ်တွေကိုလဲ သိထားသလို NLD ကိုလဲ မျက်စိမှိတ် ယုံနေတာ မျိုးတော့ မဟုတ်ပါဘူး။ ပြည်ပက အုပ်စုတွေ အကြောင်းကိုလဲ အတိုင်းအတာ တခုအထိ သိထားကြပါတယ်။ ကြံ့ဖွတ်ရော NLD ပါ နိုင်ငံအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုကို မဆောင်ကျဉ်းပေးနိုင်ဘူး ဆိုရင် ဒီတိုင်းလက်ပိုက်ကြည့်နေကြမှာတော့ မဟုတ်တော့ပါဘူး။ အိုင်တီခေတ်မှာ ခေတ်နဲ့ လျော်ညီအောင် အပြောင်းအလဲ မလုပ်နိုင်ဘဲ ခေတ်ဟောင်းက အယူအဆ အတွေးခေါ်ဟောင်းတွေ ဆက်လက် ကိုင်စွဲပြီး ရပ်နေဦးမယ် ဆိုရင်တော့ ဆူနာမီကို ပင်လယ်ထဲဆင်းပြီး ရင်ကော့ခံသလိုမျိုးဘဲ ဇာတ်သိမ်းရပါလိမ့်မယ်။

အောင်ဇေယျ said...

အာဏာရှင် စနစ် တကယ် ချုပ်ငြိမ်းအောင် လုပ်နိုင်ဖို့ ဆိုတာ အဲဒီအာဏာရှင် စနစ်ကနေ အမွေဆက်ခံ ထားတဲ့ အာဏာရှင် စိတ်ဓာတ် တွေကို အရင် ပြင်ရမှာပါ။ ပြည်ပက အဖွဲ့အစည်းတွေ တော်တော်များများထဲမှာလဲ “ငါနဲ့ မတူ ငါ့ ရန်သူ” ဆိုတဲ့ အာဏာရှင် စိတ်ဓာတ်မျိုးတွေ “ငါက အကြီး စီနီယာမို့ ငါ့စကား နားထောင်ရမယ်” ဆိုတာမျိုးတွေ ရှိနေတာ လက်တွေ့ကြုံဘူးသူ တော်တော်များများ သိကြပါတယ်။ အာဏာရှင် စနစ်ကို တကယ် ပြင်ချင်တယ် ဆိုရင်တော့ မိမိတို့ထဲမှာရော အာဏာရှင် စိတ်ဓာတ်မျိုးတွေ ဘယ်အတိုင်းအတာထိ ရှိနေလဲ ဆိုတာ သေချာလေ့လာ ဆန်းစစ်ပြီး အဲဒီက စပြီး ပြင်ရပါလိမ့်မယ်။

ခုချိန်မှာ NLD က ၂၀၁၀ ကွင်းထဲ ၀င်မကစားဘူး ၉၀ ကွင်းမှာဘဲ ကန်မယ် လို့ စိန်ခေါ်တယ် ဆိုရင် တိုက်စစ်မှူးဟောင်းကြီးများအနေနဲ့ တဖက်အသင်းကို ကိုယ့်ကွင်းမှာ လာကန်အောင် ဘယ်လို အစွမ်းအစရှိရှိ စွမ်းဆောင်ပေးနိုင်ကြပါသလဲ ဆိုတာ မေးပါရစေ။

yarkyaw said...

You got the point, Ko Aung Zay Ya. I totally agree that.

yarkyaw said...

အောင်ဇေယျ said...
"အာဏာရှင် စနစ် တကယ် ချုပ်ငြိမ်းအောင် လုပ်နိုင်ဖို့ ဆိုတာ အဲဒီအာဏာရှင် စနစ်ကနေ အမွေဆက်ခံ ထားတဲ့ အာဏာရှင် စိတ်ဓာတ် တွေကို အရင် ပြင်ရမှာပါ။ ပြည်ပက အဖွဲ့အစည်းတွေ တော်တော်များများထဲမှာလဲ “ငါနဲ့ မတူ ငါ့ ရန်သူ” ဆိုတဲ့ အာဏာရှင် စိတ်ဓာတ်မျိုးတွေ “ငါက အကြီး စီနီယာမို့ ငါ့စကား နားထောင်ရမယ်” ဆိုတာမျိုးတွေ ရှိနေတာ လက်တွေ့ကြုံဘူးသူ တော်တော်များများ သိကြပါတယ်။ အာဏာရှင် စနစ်ကို တကယ် ပြင်ချင်တယ် ဆိုရင်တော့ မိမိတို့ထဲမှာရော အာဏာရှင် စိတ်ဓာတ်မျိုးတွေ ဘယ်အတိုင်းအတာထိ ရှိနေလဲ ဆိုတာ သေချာလေ့လာ ဆန်းစစ်ပြီး အဲဒီက စပြီး ပြင်ရပါလိမ့်မယ်။"

I like this a lot