Wednesday, November 16, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၅-၁၁-၂၀၁၁)

ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးဇဉ်းငါးပါး တောင်းဆိုသည့်
အချက် ၃ ချက်အား သဘောတူခဲ့ကြောင်း သိရ
ဝင့်သင်ဇာကျော် (မြစ်မခ)၊ နိုဝင်ဘာ ၁၅၊ ရန်ကုန်မြို့

မန္တလေးတိုင်းဒေသကြီးရှိ မဟာဗုဒ္ဓ၀င်ပြတိုက်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးဇဉ်းငါးပါးနှင့် နိုင်ငံတော်သံ ဃာ့နာယကအဖွဲ့၊ တိုင်းသံဃာ့နာယကအဖွဲ့တို့ ညနေ ၆ နာရီဝန်းကျင်တွင် တွေ့ဆုံညှိနှိုင်းခဲ့ရာ ဦးဇဉ်းငါးပါး တောင်းဆိုခဲ့သော အချက်များကို လက်ခံသဘောတူခဲ့သော်လည်း မဟာဗုဒ္ဓ၀င်ပြတိုက်မှ မစိုးရိမ်ကျောင်း တိုက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ညနေပိုင်းလောက်က နိုင်ငံတော်သံဃာ့နာယကအဖွဲ့ရယ်၊ တိုင်းသံဃာနာယကအဖွဲ့ရယ် လာပြီး ကျောင်းထဲ ၀င်သွားတယ်။ ဆွေးနွေးတယ်ပေါ့ဗျာ။ နောက် အဲဒီက ဦးဇဉ်းပြောတယ်။ သူတို့တောင်းဆိုထားတဲ့ အချက်သုံး ချက်ကို သဘောတူပါတယ်။ လက်ခံတယ်ပေါ့။ ဒါကြောင့် တရားဟောခွင့် သုံးရက်ပေးမယ်တဲ့။ တရက်ကို တ နာရီပေးမယ်ဆိုတာ ရတဲ့အကြောင်းပေါ့” ဟု မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် သံယာများနှင့် နီးစပ် သော ဒေသခံတဦးက ပြောသည်။

နိုင်ငံတော်သံဃာ့နာယကအဖွဲ့နှင့် တိုင်းသံဃာ့နာယကအဖွဲ့တို့၏ သဘောတူလက်ခံချက်ကြောင့် မဟာဗုဒ္ဓ၀င် ဗိမ္မာန်တော်အတွင်းတွင် ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးဇဉ်းငါးပါးမှ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေး ရန်နှင့် ပြည်တွင်းစစ် ချက်ချင်းရပ်ပေးရန် ဟူသောကိစ္စများနှင့်ပတ်သက်၍ တရားဟောပြောမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်း ဆန္ဒဖော်ထုတ်ခဲ့သည် သံယာများနှင့်နီးစပ်သော ဒေသခံများအား ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။

နိုင်ငံတော်သံဃာ့နာယကအဖွဲ့၊ တိုင်းသံဃာ့နာယကအဖွဲ့တို့နှင့် မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်ကြီးအတွင်းတွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြသော ဦးဇဉ်းငါးပါးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ မစိုးရိမ်တိုက် ဟောင်းတွင် တရားဟောခွင့် သုံးရက်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

နဂိုဆန္ဒပြရာနေရာဖြစ်သော မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်သည် လူအများ ရှိနေသောကြောင့် ပြည်သူများသွားရာ တွင် အခက်အခဲရှိနိုင်ကြောင်းကို ကျောင်းထိုင်ဘုန်းကြီးမှ မိန့်တော်မူသောကြောင့် ဦးဇဉ်းငါးပါးအား နေရာ ပြောင်းရွေ့ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မစိုးရိမ်တိုက်ဟောင်းကို ညနေ ၆ နာရီဝန်းကျင်လောက်ကတည်းက အပြီးပြောင်းခိုင်းတာ အသံချဲ့စက်တွေ လည်း ဦးဇဉ်းတွေ ယူသွားကြတယ်။ သုံးရက် တရားဟောခွင့်ပေးမယ်ဆိုတော့လေ။ မနက်ဖြန်ကို နေ့လည် ၁ နာရီကနေ ၂ နာရီအထိ အဲ့နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ကိစ္စတွေကို တရားဟောမယ်လို့ ကြားတယ်။ သုံးရက်ရတယ်ဆိုတော့ မနက်ဖြန်မှာ စာရွက်တွေကမ်းဖို့လည်း တချို့လူတွေ ပြင်ဆင်နေကြပြီ” ဟု ချမ်းအေး သာစံရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

တရားဟောခွင့် ၃ ရက်ပေးခဲ့သော်လည်း အဆိုပါ ၃ ရက်အတွင်း ဖြေရှင်းပေးခြင်း တစုံတရာမျှမရှိပါက ဆက် လက်ဆန္ဒထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ယနေ့ညနေအချိန်တွင် အဆိုပါ ဦးဇဉ်းများမှ ကြေ ညာခဲ့ကြောင်းသိရှိရသည်။ (FB-Myit Makha Mediagroup)
ဆန္ဒပြ သံဃာတော်ငါးပါး မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိ
ဇာဏီ (Burma VJ Media Network)

အခုနောက်ဆုံးအခြေအနေအရတော့ ဆန္ဒပြ ဆရာတော်ငါးပါးဟာ မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိ သွားပြီဖြစ်ပြီး အဲဒီဆရာတော်တွေရဲ့ လုံခြုံရေးအတွက်ကိုတော့ ကျောင်းတိုက်ဆရာတော်တွေက ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေကတော့ ထူးထူးခြားခြား လုံခြုံရေးချထားတာမျိုး မတွေ့ရပေမယ့် လမ်းဆုံ လမ်းခွ မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲမဟုတ်တဲ့ ရဲသားတွေနဲ့ အရပ်ဝတ်ရဲသားတွေ ချထားတာကိုတော့ တွေ့ရ တယ်လို့ မန္တလေးမြို့ခံက ဆိုပါတယ်။

နေ့လည်က ဆန္ဒပြနေတဲ့ ဗိမာန်တော်တဝိုက်ကိုတော့ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ဆန္ဒပြသံ ဃာတော်တွေက မီးစက်နှိုးပြီး တရားဟောခဲ့ပါတယ်။ အဲဒီလို မီးစက်နှိုးဖို့အတွက် ပရိသတ်တွေက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ပေးကြတယ်လို့ သိရပါတယ်။

နေ့လည်ခင်းက ဗိမာန်တော်အတွင်းသို့ ဓာတ်ဆီပုံးတွေကို အုတ်တံတိုင်းပေါ်ကနေ တင်ပေးနေတဲ့ လူငယ်ကို ဖမ်းဆီးဖို့ သူ့ရဲ့အိမ်ကို ထောက်လှမ်းရေးတွေက ညနေ ၅း၀၀ နာရီမှာ လာရောက်မေးမြန်းတဲ့အတွက် အခုဆို ရင် အဲဒီလူငယ်လေးဟာ အိမ်မပြန်ရဲတော့ဘဲ ရှောင်တိမ်းနေရတယ်လို့ သတင်းရရှိပါတယ်။
(FB-(Burma VJ Media Network)
(FB-Ma Suu Mon)
ကူညီထောက်ပံ့ရေးပစ္စည်းများ အပြည့်ဖြင့် ထော်လာဂျီပေါ်တွင် ရရာနေရာမှလိုက်ပါ၍ ဤသို့ဖုံထူသော လမ်း မများအား ဖြတ်သန်းကာ လူသားချင်း စာနာထောက်ထားစိတ်အပြည့်ဖြင့် ရေဘေးဒဏ်ခံ ကျနော်တို့ပြည်သူ များဆီ ... (FB-ပခုက္ကူရေဘေးအလှူ OVDR4MM)
ကျနော့်ဆရာ ဦးသက်ဦး (ပန်တျာကျောင်းရဲ့ စန္ဒရားနည်းပြ) ရဲ့ မြန်မာ့စန္ဒရားဖျော်ဖြေပွဲပါ ... ကြွရောက်အားပေးကြပါလို့ ဖိတ်ခေါ်ပါတယ် ... (FB-Ne Myo Aung)

No comments: