ခန္တီးထောင်မှ လွတ်မြောက်လာပြီးနောက် မစုစုနွေး၏ ပထမဆုံး နယ်ခရီးစဉ်အဖြစ် ၈.၁၁.၂၀၁၁ ရက်နေ့ ည နေတွင် ပြည်မြို့သို့ သွားရောက်ခဲ့ကာ ၉.၁၁.၂၀၁၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော အဓမ္မ လယ်ယာမြေသိမ်းခံရခြင်း၊ ဘဏ်စာအုပ်၊ စုငွေ ပြန်မရခြင်း အစရှိသည့် အ ထွေထွေပြဿနာများနှင့် တောင်သူလယ်သမားများ ဘ၀တိုးတက်အဆင်ပြေ ခိုင်မာစေရေးတို့အတွက် ဆွေး နွေးညှိနှိုင်း အကြံပေးခြင်းများ ပြုလုပ်ခဲ့ရာ မကွေးတိုင်းအတွင်းမှ စစ်စရန်၊ ၀ဲကြီး၊ ထောက်မ၊ ကံမ အစရှိသည့် ရွာများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပန်းတောင်းမြို့နယ်၊ တလုတ်ပင်၊ ဥသျှစ်ပင်၊ သူရဲတန်း၊ သီးကုန်း အ စရှိသည့် မြို့ရွာများမှ လယ်သမား ၁၀၀ ၀န်းကျင်ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
(FB-Burma VJ Media Network)
သာကေတမြို့နယ် အမေ့အိမ် ပညာဒါနကျောင်းမှာ ပြုလုပ်တဲ့ ကထိန်ပွဲအခမ်းအနား
(FB-Burma VJ Media Network)
ဂရုဏာလက် လူမှုအကျိုးပြုလူငယ်များအဖွဲ့မှ ၁၀-၁၁-၂၀၁၁ (တန်ဆောင်မုန်းလပြည့်နေ့) တွင် ကျိုက်ခေါက် စေတီ ရင်ပြင်တော်ပေါ်တွင် ဆီမီး၊ သစ်သီးအလှပုံများနှင့် ပူဇော်ခဲ့ကြပြီး ဘုရားဖူးလာသူတွေကို အအေးစတု ဒီသာများ ကျွေးခဲ့ကြပါတယ်။ (FB-Burma VJ Media Network)
“My son” (FB-Daw Aung San Suu Kyi)
မိတ်ဆွေများခင်ဗျာ ... ဇာဂနာဟာ အမြဲမပြတ် ပြည်သူဘက်က ရပ်တည် ထောင်ကျခံ ပြောဆိုခဲ့သူပါ။ ခုတော့ ပြည်ပအသံလွှင့်မီဒီယာအချို့က ဇာဂနာ့ကို တိုက်ခိုက် နားရွက်တံတွေးဆွတ်လိုကြတဲ့အတွက် ဒီနေ့ ဒီအချိန်က စပြီး အင်တာဗျူးဖြေကြားခြင်းများကို ယာယီ (ယာယီ) ရပ်ဆိုင်းထားလိုက်ပါပြီခင်ဗျား။ (FB-Maung Thura)
အကျဉ်းသားတွေဆီ တကယ်ရောက်အောင် ပို့နေတာပါခင်ဗျာ။ ကျနော် အလိမ်ခံရပါစေ၊ ကျနော့်သူငယ်ချင်း တွေရဲ့လက်ထဲ ရောက်အောင်ပို့နိုင်တာအမှန်ပါပဲ။ ကိုယ်တိုင်ဘာတခုမှမလုပ်ဖူးဘဲ အပြစ်ပြောတာတခုတည်း သာ လုပ်တတ်ကြဖူးသူများကိုတော့ သီးသန့်ရှင်းပြမနေနိုင်ပါ။ စေတနာမှန်သူတွေ တကယ်အလုပ်လုပ်နေတာ ပါ။ (FB-Maung Thura)
ဆွမ်းကျွေးပွဲမှာ ဦးဝင်းတင်၊ ဦးမိုးသူ (ဘကြီးမိုး)၊ ဦးအောင်လွင် (ဘကြီးအောင်) တို့နဲ့ အမှတ်တရပါ။ (FB-Maung Thura)
ရုပ်ရှင်ပွဲတော်မှာ ရိုက်ကူးဖို့ ကင်နွန် Mark2D5 ကင်မရာနဲ့ လေ့ကျင့်နေတဲ့ ဇာဂနာ (FB-Maung Thura)
ကာတွန်းပြပွဲမှ ... ၀က်က တရုတ်၊ ဆိတ်က ကုလား ၊ ဆင်က ထိုင်း၊ မြန်မာက ပလပ်ပေါက်
(အပေါက် ရောင်းစားခြင်း) (FB-ဒီမိုဖက်တီး)
(အပေါက် ရောင်းစားခြင်း) (FB-ဒီမိုဖက်တီး)
2 comments:
ဒေါင်း ။ ။ " ခွပ်ဒေါင်း..ခွပ်ဒေါင်း နဲ့ ..၊
တခွပ် ထဲ ခွပ် နေကြတော့တာပဲ...၊
ကိုယ့်ဆရာသမားများရဲ့ အပြောကတော့
ဘယ်တော့မှ မလျှော့ဘူး။
တကယ်တော့...ဒီက ခွပ် ဖို့ နေနေသာသာ...၊
က ပြ၊ အသုးံတော်၊ အသနားခံနေရ ပြီး၊
ပေးတာ စားနေရတော့...
ခွက် ဆွဲ နေရတဲ့..ခွက်ဒေါင်း ဖြစ်နေတာဟ၊
ခွက်ဒါင်း..ခွက်ဒေါင်း။
နောက်ဆို..
ဒေါင်းချာ၊ ဒေါင်းနာ၊ ဒေါင်းလဘာဂျာ..တောင်
ဖြစ်သွားတော့မယ်နဲ့ တူတယ်..၊
တွား ပြီကွာ...
ကဏန်းကို သေအောင် ကဏန်းမျက်စိ ကို
ကိုက်တဲ့ ခြင် တွေ...
ငါ့ ကို လာအကိုက်ခံပြီး၊
သေသာ သေလိုက်ချင်ပါတော့တယ်.. "
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဖွဲ့လိုက်ပြီ
လွှတ်မြောက်နယ်မြေဗိုလ်မှုးကြီးလွှတ်ဆွ။ ။
" ဖထီး တို့ က အရင်တုန်းက တနိုင်ငံလုးံ
အပစ်အခတ် ရပ်စဲ ပြီးမှ ဆို....၊ ခုတော့... "
ဖထီး။ ။ " ကျည်ဆံ ကုန်ခါနီးလို့ ..ဟေ့.."
ဗိုလ်မှုးကြီးလွှတ်ဆွ။ ။ " မေးလိုက်မိတာ..မှားပါတယ်..၊
တကယ်လို့ ..အဲဒီတုန်းက.. တောင်းဆိုတဲ့အတိုင်း
အပစ်အခတ်ရပ်၊ သတောတူလိုက်တယ် ဆိုရင်ကော..ဖထီး..."
ဖထီး။ ။ " ပစ်တာ ရပ်လိုက်ရရင်တော့ကွာ..
မိုင်းထောင်..၊ဒါပဲ..လုပ်ရတော့မှာပေါ့..အဟဲ.
ခင်လို့ ပါ.."
ဗိုလ်မှုးကြီးလွှတ်ဆွ။ ။
" ဆက်မေးတာ..ပိုတောင်ဆိုး..၊
ကိုသာဆိုး ဖထီး၊ လူဆိုး..နော်..လူဆိုး..ဟင့်"
Post a Comment