“အမေစုက မြန်မာအမျိုးသမီးဝတ်စုံကို အမြဲတစေလို ၀တ်တယ်နော် ... တကယ်အရမ်းရှယ်ပဲ ... လေးစားတယ် ... လိုချင်သူများ ဒေါင်းထားကြ” (FB-ဒီမိုဖက်တီး)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နှင့် အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၂ နာရီခွဲအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ (FB-Myit Makha Mediagroup)
“နော်ဝေ ၀န်ကြီးနဲ့ တွေ့တုန်းက ဓာတ်ပုံတချို့ပါခင်ဗျ” (FB-Maung Thura)
UK သံအမတ်နှင့် အမေ့အိမ် - အမေ့အိမ် (လှိုင်သာယာ) ကျောင်းလေးသို့ ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီလောက်က UK သံရုံးမှ Mr.Paul Whiltinghan (Head, UK Department for International develop- ment, Rangoon) ဦးဆောင်ပြီး အဖွဲ့ဝင်နှစ်ဦးဖြစ်သော Mr.Dominic Ashton (UK Department for Inter- national Development, Rangoon) နှင့် Mr.Joe Fisher (British Embassy, Rangoon) အတူ အမေ့အိမ် ကျောင်းများ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေးအတွက် လာရောက်လေ့လာခဲ့ကြပါတယ်။ အဖွဲ့ချုပ် ရုံးမှ ဦးနိုင်းနိုင်း၊ ဒေါက်တာမျိုးအောင်၊ ကိုဖြိုးမင်းသိန်းတို့လည်း တက်ရောက်ခဲ့ကြပါသည်။
(FB-Mother's Home)
နိုင်ငံရေးအကျဉ်းကျခံရသူများအတွက် အသက်မွေးဝမ်းကြောင်းလိုင်စင်နှင့် ကျောင်းပြန်ဆက်တက်ခွင့်ရရှိရေး သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာ (FB-Burma VJ Media Network)
“ဖတ်ရှုသိမ်းဆည်းချင်စရာ ခံ့ခံ့ညားညား သားသားနားနား” (FB-Ludu လူထုကြီးပွားရေး)
ရေလျှံတဲ့ ထိုင်း (FB-Ye Myint Oo)
ပခုက္ကူမြို့နယ်၊ ဂ၀ံလေးတိုင်ရွာတွင် NLD အဖွဲ့ခေါင်းဆောင်များ၏ လမ်းညွှန်မှုဖြင့် NLD လူငယ်များနှင့် ပြည် သူများ ပါဝင်ဖွဲ့စည်းထားသော BG သွေးကူညီရေးနှင့် ပညာဒါနမှ ကိုညီညီ ဦးဆောင်သော အဖွဲ့ဝင်များသည် ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် မွေ့ရာ၊ ဂွမ်းကပ်၊ အ၀တ်အစား၊ ဆန်နှင့် စားစရာများ အပါအ၀င် ၀မ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ရန် ရေသန့်နှင့် ဓာတ်ဆားထုပ်များ၊ ပစ္စည်းမျိုးစုံကို ခန့်မှန်းတန်ဖိုးသိန်း ၂၀ ၀န်းကျင်ဖိုးခန့်ကို အောက်တိုဘာ ၂ ရက်နေက သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ထိုသို့လှူဒါန်းမှုအတွက် ပစ္စည်းများကို BG မှ လူငယ်များက BG အမှတ်တရ ရန်ပုံငွေပစ္စည်းများ ရောင်းချငွေနှင့် စေတနာရှင်မိဘပြည် သူများ လှူဒါန်းမှုများနှင့် ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပါသည်။ (FB-Burma VJ Media Network)
ကမ်းလက်အဖွဲ့ က အောက်တိုဘာ ၃၁ ရက်နေ့က သွားရောက်၍ ပခုက္ကူရေဘေးသင့်ဒုက္ခသည်များကို သွား ရောက်လှူဒါန်းခဲ့ကြပါတယ်။ (FB-Burma VJ Media Network)
(စကားလုံးမဲ့ စာနာကြေကွဲမှု) - ကြုံရဆုံရဘုံဘ၀မှာ တချို့တချို့သောလူတွေအတွက် သိပ်ကို လွယ်ကူပေါ များလွန်းတဲ့ ၀တ္ထုပစ္စည်းတွေဟာ တချို့တချို့သောသူတွေအတွက်တော့ အရမ်းကို ရှားပါးခက်ခဲနေတတ်ပါ တယ်။ ချစ်ကောင်း ဆိုထားတဲ့ သီချင်းလေးကို အမှတ်ရမိတယ် “တချို့ကျတော့ သိပ်ခက်တယ်၊ တချို့ကျ တော့ သိပ်ကံကောင်း၊ တချို့ကျတော့ အရမ်းကို ဟုတ်နေကြတယ်လေ” တဲ့။ သြော် ... ဘ၀ ... ဘ၀ ...။
(FB-Pinoy Stars)
9 comments:
ရေးတော့အမှန်ဖတ်တော့အသံဆိုတာသိပ်မှန်တာပေါ့နော်
ဝတ်တော့ဗမာလင်ယူတော့နိုင်ငံခြားသားဒီကောင်တွေပြော
လည်းပြောစရာပဲ။စကားပုံအတိုင်းလုပ်သွားတာဒီကောင်
တွေမသိဘူးနဲ့တူတယ်။အခြေအနေအရယူခဲ့ရတာကိုကျုပ်
တို့သဘောပေါက်ပေမဲ့ဒီကောင်တွေသဘောမပေါက်ဘူး။
အဲဒါခတ်တယ်နှော်။
ရုတ်တရက်ကွန်မန့်  ဖတ်ကြည့်လိုက်တာ မိန်းမတယောက် လာရေးထားတာမှတ်နေတာ နာမည်ဖတ်ကြည့် လိုက်တော့ မှပဲသိတော့ တယ် အဟီး ဖြစ်တော့ ဖြစ်တတ်ပါတယ်
သြော်.. မနာလိုမှု့တွေ မနာလိုမှု့တွေ ၊ အဲ့ဒီလို ဂလုန်ဦးစောလက်သစ်တွေ ရှိနေသမျှကာလပတ်လုံးတော့ တို့နိုင်ငံ ခြောက်ထဲချည်း ရောက်နေဦးမှာပဲ ။
သူ့ပုဂ္ဂလိက ပုဂ္ဂိုလ်ရေးဘဝမှာ ဘယ်သူနဲ့ဖူးစာဆုံလို့ ယူခဲ့ပေစေ၊ တိုင်းသူပြည်သားအများပြည်သူရဲ့ အကျိုးစီးပွားကို ဘာမှမထိခိုက်စေခဲ့ပါဘူး။ အနည်းဆုံးတော့ ဟို“ဝက်မ”လို သူများတကာရဲ့အသက်သွေးချွေးတွေရင်းခဲ့ရတဲ့ စိန်ရွှေငွေတွေနဲ့ မတန်မရာ “စိန်စီသောည” ကြီးကျင်းပပြီး တိုင်းပြည်ကို ဆင်းရဲတွင်းပိုမနက်စေခဲ့ပါဘူး။
4th comment like,like,like,like,like....
ပထမဆုံး ကွန်မန့် ရေ ဆရာကြီး ဆရာကြီး မိုးမိုးပြောတဲ့ ..ကြီးလား ။ ဟီးးးးးးး
အမေစုရဲ့ ရှားပါးဓါတ်ပုံ ဆိုလို့ ၀င်ကြည့်မိပါတယ်.. မြန်မာဝတ်စုံနဲ့ လှပတဲ့ မြန်မာအမျိုးသမီးလေးပါ.. သတိထားမိတာက ဒေါ်စုငယ်ဘ၀ပုံတွေက ရှားပါးဓါတ်ပုံလို့ ဆိုရလောက်အောင်ကို ရှားပါးတာပါ.. ဓါတ်ပုံရိုက်တာပဲ ၀ါသနာမပါလို့လား.. ခုလိုမြန်မာဝတ်စုံပုံလေးတွေပဲ public လုပ်လို့လား.. ၈၈နောက်ပိုင်းပုံတွေ ထောင်သောင်းချီ တွေ့နေပေမဲ့ ရှေ့ပိုင်းပုံတွေဟာ ရှားပါးဓါတ်ပုံ စာရင်းဝင်နေတာတော့ အမှန်ပါပဲ..
Ba lute ya hma lei? Tar Tar te taw bhu.
အပေါ်ဆုံးကခင်မောင်သန်းရေ...မင်းလိုဘာမှစေါက်ကျိုးမပြုတဲ့အလေနတောမျိုးကိုလမ်းမပေါ်ကမိန်းမမျိုးကတောင်စဉ်းစားမှာမဟုတ်ဘူးကွ.....ယောင်္ကျာံးစိတ်မရှိရင်တော့ယောင်္ကျာံးမလုပ်ပါနဲ့တော့ကွာ..ပင်ပမ်းလှပါတယ်...ယိုးဒယားလာခဲ့ကွ..ဒီမှာအရမ်းလွယ်တယ်.ပြောင်းဘို့အဆင်ပြေတယ်။
Post a Comment