Saturday, October 1, 2011

“NLD ရှေ့ဆက် ဘယ်လိုရပ်တည်လှုပ်ရှားသွားမလဲ” (ဆွေးနွေးခန်း)

NLD ရှေ့ဆက် ဘယ်လိုရပ်တည်လှုပ်ရှားသွားမလဲ
(ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေး ဆွေးနွေးခန်း)

ပါဝင်ဆွေးနွေးကြသူများ - ဦးဉာဏ်ဝင်း၊ ဒေါက်တာလွဏ်းဆွေနှင့် ကိုမင်းဇင်
စီစဉ်တင်ဆက်သူ - ဦးမောင်မောင်သန်း

အသံနားဆင်ရန်

23 comments:

Anonymous said...

ဦးညာဏ်ဝင်းကြီး ပြောသွားတာက လိမ်တာပါးတယ် NLD ကလူထု ကိုဘယ်တောမှ လမ်းပေါ်မထွက်ခိုင်းဘူးတဲ့ ဒီပဲယင်း အရေးအခင်းဖြစ်တာ လမ်းမပေါ်မှာလား အိမ်ထဲမှာဖြစ်တာလာ ဒီလူတွေရူးကြောင် ကြောင်ဖြစ်နေ ကြပြီး ဒေါ်စု ပါးစပ်က ထွက်သမျှဟာ NLD ရဲ့မှူဝါဒ ဘဲတဲ့ ရှေ့နေ ဆိုတောလေး ဒီလိုရှိမှာပေါ့လေ

Anonymous said...

NLD ကြံဖွတ်ပါတီ ထူထောင်လိုက်ပေါဗျ ရွေးစရာလမ်းမှ မရှိတောတာ၊ မျှမျှတတ တူတာလေးတွေ ပေါင်းလုပ်ချင်ရင် အထက်ပါအတိုင်းပေါင်းဖက်လိုက်ပါ ၊ လူထုနာတယ် အားမပြိုင်ကြပါနဲ သိန်းစိန်လည်း မြန်မာ ဒေါ်စုလည်းမြန်မာ တိုင်းပြည်ချစ်တာ အတူတူဘဲ

Nay Nyo said...

အိန္ဒိယနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် နှစ်ကြိမ်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အင်နာ ဟဇာရီ ဆိုတဲ့ အသက် (၇၄) နှစ်အရွယ် လူမှုပြုပြင်ရေးသမားကြီး တစ်ယောက်က သူရဲ့တိုက်ပွဲကို ထောက်ခံ အားပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အထူး ကျေးဇူးတင်ရှိပါကြောင်း သူ့ရဲ့ အင်တာနက် ဘလော့ စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

Cho Gyi said...

နိုင်ငံရေးဆိုတာ စည်းရုံးရေးဖြစ်တယ် ဦးဥာဏ်ဝင်းပြောတာ မှန်ပြီး ကိုလွဏ်းဆွေကတော့ နိုင်ငံရေးအမြင်ကျဉ်းမြောင်းပြီး မြန်မာ့နိုင်ငံရေးကို အတော်အသင့်လောက်ကိုမှန်ကန်အောင် မသုံးသပ်နိုင်သေးသူဖြစ်တယ် အကောင်းမြင့်ဝါဒမရှိတာလည်းသူ့ရဲ့ပင်ကိုစရိုက်ဖြစ်နိုင်တယ်။

စိုးထွန်း said...

ဒီဆွေးနွေးပွဲမှာ အားလုံး သူ့တို့ရဲ့ ရှုထောင့်ကနေ ပြောဆိုသွားတာ ကောင်းပါတယ်။


ကိုလွဏ်းဆွေပြောတာလည်း လက်ရှိဖြစ်ပေါ်နေတဲ့အပေါ်မှာ သတိကြီးတဲ့ သုံးသပ်ချက်မလို့ အဆိုးမြင်ဝါဒီလို့ ပြောမရပါဘူး။ တစ်ခုပဲ အလ္လာပ သလ္လာပ ဆိုတဲ့ အသုံးအနှုန်းကတော့ မပြောသင့် မပြောထိုက်တဲ့ စကားပါပဲ။

စိုးထွန်း said...

Anonymous said... October 1, 2011 2:48 AM

ဦးဥာဏ်ဝင်းပြောတာက "NLD ကလူထု ကိုဘယ်တောမှ လမ်းပေါ်မထွက်ခိုင်းဘူး" ဆိုတဲ့ မှုဝါဒနဲ့ "ဒီပဲယင်း အရေးအခင်းဖြစ်တာ လမ်းမပေါ်မှာလား အိမ်ထဲမှာဖြစ်တာလား" ဆိုတဲ့ကိစ္စက ဘာမှ မဆိုင်ပါဘူး။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ လူတိုင်းဖြစ်ချင်၊ လိုချင်တဲ့ အခြေအနေမျိုး မဟုတ်သေးပေမယ့် အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ကြည့်သင့်တယ်လို့ ယူဆပါတယ်။

ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု ကောင်းကျိုးအတွက် အမြဲ ဦးစားပေး စဉ်းစား ဆောင်ရွက်နေဆဲလို့ ယုံကြည်ပါတယ်။

Acid Father said...

Mr. dr Lu Swe isn't a politician but he is very famous in wblog links. So his name is "link sayer gyi". Why u all invite him to discuss about this topic. U all are wrong ready. U all don't know? Lun Swe is Acid. Haha! Haha!

လင်္ကာ said...

ဆရာကြီး
သူများဖင်ပေါ်နေတယ် လက်ညိုးထိုးနေတယ်။
ဆရာကြီးကိုယ့် ဖင်ပေါ်နေတာကိုယ်မသိဘူး။
သူများတွေမြင်တယ်။
ဒေါ်စုအလ္လပ ပြောပြီးပြန်ထွက်လာတယ်ပြောချင်
သလား
ကိုယ့်ဆရာဆွေးနွေးချက်တွေ ကိုယ်သေသေချာချာပြန်နားထောင်ဦး။
လက်ဖက်ရည်ဆိုင်မှာထိုင်အလ္လပ ပြောလူပြိန်း
ပြောပြောနေတာ မြင်အောင်ပြန်နားထောင်။
အသံကလည်းကတုန်ကယင်နဲ့ ။
ရဲရဲတင်းတင်းဝေဖန်စမ်းပါကိုယ့်လူရာ။
အက်ဆစ်ဆောင်းပါးထဲက အလုံးတွေ
တလုံးပြီးတလုံးလွှတ်ပါတော့လား။
(တွေ့ လား။ အပြစ်ပြောဖို့ လွယ်တယ်ကိုယ့်လူ)

Anonymous said...

ဒီဆွေနွေးခန်းမှာ
ဦဥာဏ်ဝင်း က ထိမ်းထိမ်း သိမ်းသိမ်း ပြောသွားပါတယ်
ကိုမင်းဇင် ပြောသွားတာတွေ တော်တော်လေး နိုင်ငံရေ အမြင် ကြယ်ကြယ် နှင့် ပြောသွားတာ ကိုတွေ ရတဲ့ အတွက် ကိုမင်းဇင်း ကို ချီးကျူးပါတယ်
ဆရာလွဏ်ဆွေ နောက်ကို ဘယ်တော့ မှ နိုင်ငံရေး ဆွေ နွေခန် ကို မလာပါနှင့် တော့ တောင်ပန်အပ်ပါတာ် တော်တော် လေး နိုင်ငံရေ အမြင် နိမ့်ကြလွန်းပါတယ် ရှက်တတ်ရင်ပေါ့ နောက်နောင် ဘယ်တော့မှ အသံမကြားပါရစေ လို့ ပြောရင်း တောင်ပန်အပ်ပါတယ်

Anonymous said...

ဆရာ ဦးခင်မောင်သန် ခင်ဗျာ
နောင်များ ဆွေနွေခန်း များပြုလုပ်ပါက ဘယ်တော့ မှ နိုင်ငံရေ အမြင် မကြယ်တဲ့ ဒေါက်တာ လွဏ်ဆွေ ကို ခေါ်ပြီး မဆွေနွေးပါနှင့် ခင်ဗျာ တော်တော်ညံတဲ့ အမြင်တွေ ပြောတတ်တဲ့ မောင်လွဏ်ဆွေ ကလည်း ဘယ်တော့မှ ညံဖျင်းတဲ့ နိုင်ငံရေ အမြင်လေးလောက်နှင့် ဒီလို ဆွေနွေးခန်း မျိုး ကို လာပြီ ဟစ်ပြမေနေပါနဲ့ဗျာ

RichardsonMoon said...

ဒါမျိုးအရပ်ထဲဖြစ်နေကျပါ။ ရပ်ရေးရွာရေး သူများလုပ်သမျှ အဝေးကပစ်တင် ဝေဖန်ရှုံ့ချပြနေတာ ဘယ်သူကမှ အရေးမစိုက်တော့ ဒိထက်ပို ရုန့်ရင်းကြမ်းတမ်းပြီး နားမခံသာဖြစ်လာလို့ ဝိုင်းထဲဆွဲသွင်းလိုက်မှ ဟုတ်တာ မဟုတ်တာ အပထား အဆဲတော့ရပ်သွားတာမျိုးပါ။ ဒီလိုဖြစ်အောင် လုပ်ပေးလိုက်တဲ့ ဘီဘီစီကို မချီးကျူးဘဲ မနေနိုင်သလို ဒီပုဂ္ဂိုလ် (ဒေါက်တာလွဏ်းဆွေ) အပါအဝင် ဘသုံးလုံး လူ့နှမ်းတွေကို မကြာမကြာ ဝိုင်းထဲခေါ်ပေးဘို့ အိပ်ရေးပျက်လှပြီဖြစ်တဲ့ အရပ်ကိုယ်စား မေတ္တာရပ်လိုပါတယ်။

ဆွေးနွေးမှုနဲ့ပတ်သက်လို့ ဒီပွဲမှာ ကြားလူလို့ ပြောရင်ရနိုင်မဲ့ ကိုမင်းဇင်ရဲ့ ဆွေးနွေးချက်တွေဟာ သမာသမတ်ကျပြီး လက်တွ့ကျတယ် ဆိုချင်ပါတယ်။
တပါတည်း မြင်သမျှထောက်ပြ လိုတာက
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တို့
တွေ့ဆုံခြင်းမှစ၍ တစတစ ကျယ်လောင်လာတဲ့ (အဓိကအားဖြင့် ဒေါ်စုအပေါ်) ရိုင်းပြမှုတွေဟာ ဦးသိန်းစိန်ရဲ့ မြစ်ဆုံအရေး အတိုင်းအတာ တခုထိ ရုတ်ချည်းလိုက်လျော လိုက်ချိန်မှာ အပြင်းထန်ဆုံး အရုန့်ရင်းဆုံး (full of character assassinations and blackmailing attitudes) ဖြစ်လာရုံမက “စိမ်ခေါ်ခြင်း” ဆိုတဲ့ အသုံးအနှုံး အထိရောက်ရှိလာတာ ကို သတိချပ်စရာ ဆိုတာပါ။ အဲသည်ကာလ မတိုင်မီကလေးတွင် အင်္ဂလန် အခြေစိုက် ဗကပ လက်ကျန် တဦးရဲ့ အကြံပြုချက် အပေါ် NLD က ယဉ်ကျေးစွာ ငြင်းပယ်လိုက်တာဟာ လဲ ဒီဖြစ်ပေါ်မှု တွေနဲ့ သာမန်တိုက်ဆိုင်မှုလား လို့ မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။ သေချာတာတခု ကတော့ မြန်မာပြည်ငြိမ်းချမ်းစွာ ဖွံ့ဖြိတိုးတက်မှု အပေါ် မရှုစိမ့်နိုင်သူတွေ နှစ်ဘက်စလုံးမှာ ထုနဲ့ထည်နဲ့ ရှိနေကြတယ် ဆိုတာပါဘဲ။ ပြည်သူတွေ ပိုရင့်ကျက်ပြီး ပိုညီညွတ်ဘို့ လိုတယ်ဆိုတာ အထင်အရှားပါဘဲ။

အဲသည် အများအကြားမလျော်လှတဲ့ ဆဲစာသာသာ စာသိမ်စာဖျင်းတွေကို ကျားကုတ်ကျားခဲ တင်ပေးနေတာရယ်၊ ခုစကားဝိုင်ထဲမှာ “အာဏာရှင် mechanism ကြီးကို ရိုက်ကိုချိုးရဦးမှာလို့ ကျွန်တော် ကတော့ လုံးဝဥဿုံ ယုံကြည်တယ်” လို့ ပြောသွားတာရယ်တွေကရော နောက်ထပ် တိုက်ဆိုင်မှုတရပ်လား လို့စဉ်းစားရမှာပါ။

ဘာဘဲဖြစ်ဖြစ် အန်တီစု၊ အန်တီ ဒေါ်အောင်ဆန်းစုကြည် လို့ ကတုံကယင်ဘဲဖြစ်ဖြစ် လူရှေ့သူရှေ့ ခေါ်ဘော်ရသေးတဲ့ ဓါတ်ခံအရ ဒေါက်တာလွဏ်းဆွေ ရဲ့ ကမ္ဘာနာဟာ မကျွမ်းလောက် သေးဘူး ယူဆပါတယ်။ ဒီလိုပြောလို့ သူအပါအဝင် သူ့အဝန်းအဝိုင်း ရဲ့ ပြည်သူချစ်စိတ် မျိုးချစ်စိတ်ကို စော်ကားခြင်းမဟုတ်ရပါ။ နှစ်ပေါင်း ၆၀ လုံးလုံး အရပ်သား၊ စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပြည်သူအပေါ် ချစ်ခဲ့ကြတဲ့ အချစ်တွေဟာ ပြောရရင် ရွှေပေါ်မြတင် ချည့်ပါဘဲ။ တကယ်တန်း ပြည်သူတွေ အမှိုက်ပုံတွေထဲ ရောက်နေကြရတာ စစ်တပ်ရဲ့ အတ္တ တခုတည်း ကြောင့်တော့ မဟုတ်တန်ရာဘူး ထင်ပါတယ်။ ပြည်သူ့ အကျိုးနဲ့ ပါတီအကျိုး အဖွဲ့အစည်းအကျိုး ယှဉ်လာရင် ပါတီ အဖွဲ့အစည်းအကျိုး ကို စွန့်လွှတ်ပါမည်လို့ တစာစာအော်ခဲ့ကြ ပြီး ဘယ်ပါတီ ဘယ်အဖွဲ့အစည်း က အတ္တကင်းကင်းနဲ့ လက်တွေ့ပြခဲ့ဘူးကြပါသလဲ ဆိုတာ အားလုံးကိုယ့်ကိုကိုယ် မညာစတန်း မေးရလုပ်ကြရမယ့် အချိန်ရောက်ပြီလို့ ပြောလိုခြင်းပါ။ တဦးတယောက် တဖွဲ့နဲ့ တွင်မလုံလောက်ဘဲ အများဝိုင်းလုပ်မှ အသက်မီ နိုင်တော့မဲ့ သည်အရေးမှာ အတ္တကမ္ဘာနာတွေ မြန်မြန်နဲ့များများ ဖယ်ပြီး (ရာစုချဉ်းအောင် အပြော အဖျက်တွေကြားမှာသာ အသက်ငင်နေရတဲ့ ပြည်သူတွေ အတွက်) လက်တွဲ နိုင်ကြပါစေ။

Anonymous said...

အမှန်ပြောတာ လည်းတစ်ခါတစ်ခါ မှားတတ်တယ် လူတွေက NLD ကဒေါ်စုမှဒေါ်စု သူတို့ ဘာဘဲပြောပြော မှန်နေတာဘဲလား လူတိုင်းဟာအစွန်းမရောက်ဖို့ ဘဲလိုတယ် ဖက်လိုက်ပြီးပြောနေလို ပြီးတောမှာလာ အမှန်ကိုကြည့်စမ်းပါ။ လူတစ်ယောက်နောက်က ၀ိုင်းအုံပြီးထောက်ခံ မြဲထောက်ခံနေရင် ထောက်ခံတဲလူက ငပေါဖြစ်တတ်တယ်၊ လွမ်းဆွေ လိုလူတွေလည်း လိုအပ်တယ်

ဘုန်းကျော် said...

တိုင်းပြည်ငြိမ်းချမ်းရေး ရမလား၊မရလားတော့ မသိဘူး။ တံခါးပိတ်ဆွေးနွေးရင်းနဲ့ ညားသွားမှ ဖြစ်ဒုက္ခ...ဟီး..။ ကိုဟန်လေးရေ...ကာတွန်းလေးတပုံလောက် လုပ်ဗျာ။

Anonymous said...

ကိုစိုးထွန်းရေ...

NLDက လူထုကို လမ်းပေါ်ထွက်ခိုင်းတာလား... လူထုက NLD ကို ထောက်ခံလို့ ထွက်တာလား... ခင်ဗျား..Critical thinking မရှိ၇င် comment မရေးတာကောင်းတယ်...

Anonymous said...

ကိုမင်းဇင်လို လူမျိုးတွေ အတိုက်အခံဘက်က များများမွေးထုတ်ပေးဖို့လိုတယ်။ ပါရဂူဘွဲ့အတွက်လုပ်နေတဲ့သူဖြစ်သလို
ပြောသွားတာတွေက ယထာဘူတကျတယ်။ ပညာရှင်ဆန်ဆန်မျှမျှတတ ဝေဖန်သုံးသပ်သွားတယ်။ တကယ့်လူထုအခြေအနေ အစစ်အမှန်နဲ့ အမြဲပြောင်းနေတဲ့ သိမ်မွေ့လွန်းတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို မြင်သင့်တယ်။ ကိုလွဏ်းဆွေ။ လမ်းမပေါ်ထွက်တိုင်း
မြန်မာ့နိုင်ငံရေးအခြေအနေက ပြောင်းမသွားနိုင်ဘူး။

Melvin Moe said...

ဘုန်းကျော်.. မင်းအဆင့်နဲ့အောက်တန်းစားအရေးအသားတွေ
မရေးသင့်တော့ဘူးထင်တယ်။

အရင်အချိန်တွေကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ပေါ့ကွာ
မင်းရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ဒီအချိန်
မှာမင်းနဲ့ထိုက်တန်တဲ့နေရာတစ်ခုကိုရောက်နေပြီ
၊ပြီးတော့မင်းလဲခလေးအဖေတောင်ဖြစ်နေပြီ။

ဟစ်တိုင်မှာမင်းရေးတဲ့စာတွေကိုဖတ်ဖြစ်တယ်။
မင်းမှအရည်အချင်းရှိပါတယ်။မင်းဟာလူတော်
တစ်ယောက်ပါ။ကိုယ့်အဆင့်အတန်းကိုကိုယ်
ပြန်ဆွဲမချပါနဲ့။တစ်နေ့တစ်ချိန်မှာမင်းလိုအရည်
အချင်းရှိတဲ့လူတွေငါတို့တိုင်းပြည်အတွက်တစ်
ထောင့်တစ်နေရာကပါဝင်ကြရလိမ့်မယ်။
မင်းကိုဆရာလုပ်တာမဟုတ်ပါဘူး။မင်းလို
အောက်ခြေကနေကိုယ့်ဘ၀ကိုယ်တိုးတက်
အောင်လုပ်နိုင်တဲ့သူတွေကိုအစဉ်လေးစား
ပါတယ်။

စိုးထွန်း said...

Anonymous said ... October 1, 2011 4:40 PM

<>

အထက်က ပုဂ္ဂိုလ် ကျွန်တော့်ဆိုလိုရင်းကို နားလည်ပုံမရဘူး။ လူထုလမ်းပေါ် ထွက်ခြင်း၊ မထွက်ခြင်းက သက်သက်၊ NLD ရဲ့မှုဝါဒက သက်သက်၊ ဒီပဲယင်းကိစ္စက သက်သက်ဆိုတာ ခွဲခြားနားလည်ဖို့ လိုပါတယ်။

ပထမ Anonymous ပြောတာက NLD က လူထုကို လမ်းပေါ် မထွက်ခိုင်းဘူး ပြောပြီး ဒီပဲယင်း အရေးအခင်းဖြစ်တာ လမ်းမပေါ်မှာလား အိမ်ထဲမှာဖြစ်တာလား ဆိုထားပါတယ်။ ဒီပဲယင်းအရေးအခင်းက NLDက လမ်းပေါ်ထွက် ဆန္ဒပြတာမဟုတ်ပဲ၊ စစ်အာဏာရှင်က ကြိုတင်ကြံစည်မှုပဲ ဖြစ်တယ်။ ဒါကြောင့် မတူညီတာကို တူညီသယောင် ပြောနေလို့ ရေးရခြင်း ဖြစ်တယ်။

နောက်ပြီး NLDကို ထောက်ခံလို့ လမ်းပေါ်ထွက်တယ်ဆိုတာလည်း မမှန်ပါဘူး။ လမ်းပေါ်ထွက်သူတိုင်း NLDကို ထောက်ခံသူ ဖြစ်ချင်မှ ဖြစ်နိုင်သလို၊ မထွက်သူတွေဟာလည်း NLDကို ထောက်ခံသူ ဖြစ်ချင် ဖြစ်နေနိုင်တာပါပဲ။

ကျွန်တော်က လူထုလမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖေါ်တာကို ကန့်ကွက်တဲ့အထဲမှာ မပါဘူး။

ကျန်တာကတော့ မိတ်ဆွေ ကြိုက်သလို ထင်မြင်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့် ခံယူချက်၊ ထင်မြင်ယူဆချက်ကို ရှင်းပြပြီးပြီမို့ ဘာမှ ထပ်ဆွေးနွေးစရာ မရှိတော့ပါဘူး။

Anonymous said...

Comment copy from Padaukyeik blog:
အရင်က ဒေါ်စုနဲ့ NLD က အစိုးရ (အရင်စစ်အစိုးရ၊ အခုလက်ရှိ ကြံ့ဖွတ်အစိုးရ) နဲ့ စကားပြောဖို့ တောင်းဆိုကမ်းလှမ်းနေကြတုံးက အားလုံးသော အတိုက်ခံတွေက Dialog ဖြစ်ဖို့အရေး အားပေးထောက်ခံခဲ့ကြတယ်။
ဟော အခု Dialog အဆင့်ကို ခပ်သွက်သွက်ကျော်ဖြတ်ပြီး သဘာတူညီမှုတွေ တစ်စုံတစ်ရာရချိန်ကျမှ ခင်ဗျားတို့တတွေက ဘက်ဂီယာထိုးပြီး ဘာစကားတွေ ပြောနေမှန်း ငါတို့မှမသိတာ ယုံနိုင်စရာလား လုပ်နေတယ်။ သဘောပေါက်ထားဖို့က ဟိုဖက်မှာကလဲ သမတ အပါအ၀င် တိုင်းပြည်ပြောင်းလဲမှု လိုလားသူတွေ ဟာ သူတို့ စိတ်တိုင်းကျ လုပ်လို့မရသလို၊ ဒီဖက်မှာလဲ ဒေါ်စုတစ်ယောက်တည်း ထင်ရာကျဲ လုပ်လို့ရတာမဟုတ်ဘူး။ နှစ်ဖက်လုံး risk တွေယူပြီး စကားပြောဖြစ်တဲ့ အချိန်ကျမှ ဒီစကားတွေ ကျုပ်တို့မှ မသိရရင် မယုံနိုင်ပါဘူးလုပ်နေတာဟာ၊ အဖေဘယ်လောက်ဝင်ငွေရှိနေမှန်းမသိပဲ အလိုက်ကမ်းဆိုးမသိ တန်ဖိုးကြီး အရုပ်မရရအောင် ၀ယ်ခိုင်းနေတဲ့ကလေးဆိုးတွေလိုပဲ။
Jackal

Thu said...

When I see some blogs and here, bluntly attacking to Daw Su are similar to her father when he accepted government post and opposed by Thakhin Than Htun and Soe.
We all requested dialog constantly, freedom of political prisoners, constitution change, now dialog is still on the way and await for further progress. It's practical exercise and does not mean subdue to military regime.
History is repeated, if it comes true, too much worry thing is not to happen most tragedy thing to her and motherland.

hjk said...

ဟေ့ ဘဲနာတွေ
ပြုပြင်ပြောင်းလဲရေးတွေမြင်နေရချိန်မှာ အရေးမပါတဲ့ခင်ဗျားတို့ရဲ့ လေကန်မှုတွေ ရပ်လိုက်

TAM said...

ပြောင်းလဲလာရင်နဲနဲပဲပြောင်းပြာင်းများများပြဲော့င်းပြောင်းအသိမှတ်ပြုရမှာပါပဲမျက်စိမှိတ်ပြီးနေလို့မရပါဘူးအခုအပြောင်းအလဲတွေကပြည်တွင်းကအင်အားစုတွေကညီညီညွတ်ညွတ်နဲ့လုပ်ဆောင်နေလို့ဖြစ်ပါတယ်နိုင်ငံရေးဆိုတာနှစ်ကျပ်ကွပ်နင်းလို့မရဘူးကိုလွဏ်းဆွေ

Anonymous said...

Save the Irrawaddy and Daw Aung San Suu Kyi !!!!!

Save the Irrawaddy and Daw Aung San Suu Kyi !!!!!

Save the Irrawaddy and Daw Aung San Suu Kyi !!!!!

Save the Irrawaddy and Daw Aung San Suu Kyi !!!!!

Save the Irrawaddy and Daw Aung San Suu Kyi !!!!!

NLD Youth

Anonymous said...

ကိုယ်ကိုတိုင်ဘာတခုမှဖြစ်မြောက်အောင်မလုပ်နိုင်ဘဲနဲ.သူများကိုမဝေဖန်ပါနဲ.