“Generation Wave ရယ်လို့ နာမည်ပေးဖို့ အိုင်ဒီယာပေးခဲ့တဲ့
ထောင်ထဲက ကျနော့်သူငယ်ချင်းကို သတိရတယ်။
မင်းတို့ မလွတ်သေးသမျှ အရင်အစိုးရနဲ့ ဒီအစိုးရ မတူဘူးလို့
ငါ မပြောနိုင်ဘူး။”
(အောင်မျိုးထွန်း)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
1 comment:
ထောင်ထဲကသူငယ်ချင်း ။ ။
" သူ သတိရတာကြီးကလဲ..
အရင်အစိုးရနဲ့ ဒီအစိုးရ မတူဘူး၊တူတယ်
မပြောနိုင်ဘူး၊ပြောနိုင်တယ်...သူပြောဖို့ အရေး၊
ငါတို့ လွတ်တာ၊မလွတ်တာ ကို
ငုတ်တုတ်ထိုင်စောင့်ကြည့်နေတာကိုး.."
Post a Comment