Tuesday, October 18, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၈-၁၀-၂၀၁၁)

ကိုမင်းကိုနိုင်၏ ၄၉ နှစ်ပြည့် မွေးနေ့တွင် သမိုင်းမြို့မကျောင်းထိုင်ဆရာတော်ကို ကန်တော့နေသည့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (FB-Ko Paing)
မှန်တာလုပ်၍ ဟုတ်တာ ပြောကြားခဲ့သူ၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဒီမိုကရေစီလမ်း ကို ညွှန်ပြပေးခဲ့သူ အစ်ကိုရေ ...

အာဏာရှင်စနစ်ဆိုတဲ့ ညစ်နွမ်းတဲ့ ရေအိုင်ကြီးထဲကနေ မွန်မြတ်တဲ့ စိတ်ထားကို အလှပဆုံး သရုပ်ဖော်ပြခဲ့လို့ ကြာပန်းတပွင့်လို လှပတင့်တယ်ခဲ့လေပြီ။ စူးရှထက်မြက်တဲ့ အစ်ကိုရဲ့အတွေးအခေါ်တွေက တောက်ပလွန်း လို့ ပြည်သူလူထုရဲ့နှလုံးသားမှာ ရောင်ပြန်ဟပ်နေဆဲပါပဲ။ ကျနော်တို့တိုင်းပြည်မှာ တိမ်မည်းတွေ ကွယ်ထား လို့ ကြယ်တွေရဲ့ပကတိအလင်းကို မမြင်တွေ့ရသေးပေမယ့် ကိုယ်ပိုင်အစွမ်းအစနဲ့ ထွန်းလင်းပြနေတဲ့ အစ်ကို့ ရဲ့ သန့်ရှင်းတဲ့စိတ်ဓာတ်က ဖြာထွက်လာတဲ့ အလင်းဓာတ်ကို မှုန်ပြပြတော့ မြင်နေရပါပြီ။ အချုပ်အနှောင်ခံ ဘ၀က အမြန်ဆုံး လွတ်မြောက်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ရှေ့ဆက်ရမည့် အနာဂတ်ဘ၀ ခရီးလမ်းကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အစ်ကိုရဲ့ ညီငယ်လေး …
ဗမာ့သွေး
(FB-Burma Thwe)
အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်တို့က ဗိုလ်ချုပ် တိုင်းပြည်အတွက် အလုပ်လုပ်ရင်း အသက်ပေးသွားတဲ့ နေ ရာကို အမြတ်ထုတ် စီးပွားရေးလုပ်မယ့် ဟိုတယ်အဖွဲ့ရဲ့အစီအစဉ်ကို ကန့်ကွက်တယ်တဲ့ ... ဒုတိယ ဧရာဝတီ မြစ်ဆုံလား ... (FB-Phon Win)
မဲဆောက် အေအေပီပီ-ဘီမှာ ကျင်းပပြုလုပ်တဲ့
ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်ပြည့် မွေးနေ့အခမ်းအနား (FB-Burma VJ Media)
မင်းကိုနိုင် ... သို့
မောင်စိန်ဝင်း (ပုတီးကုန်း)၊ သက်နှင်းဆွေ (ပုပ္ပား)၊ မောင်ညိုအေး (ပန်းတော)၊ နွယ်ဦးလှိုင် … မှ
(FB-NweOo Hlaing)
(FB-Ashin Tikkha)
ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ (FB-ရှစ်ပါးမဂ္ဂင် နိဗ္ဗာန်ဝင်)
(FB-Cmm Mlm)

No comments: