Sunday, October 16, 2011

မိုးအေး (DVB) တင်ဆက်သည့် “၂၀၁၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီး ၃ ဦးရဲ့ လေးစားစရာ ပုံရိပ်လွှာတချို့” (ရုပ်သံ)

လွတ်လပ်စွာရေးသားဖော်ပြခွင့် ရဖို့ဆိုရင် အင်တာဗျူးတွေလုပ် တောင်းဆိုနေတာမျိုး၊ အိမ်ထဲ ရုံးထဲ ဆိုင်တွေ ထဲကနေ တောင်းဆိုနေတာမျိုးနဲ့မရဘဲ ကိုယ်ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး အာဏာပိုင်ရုံးတွေကို သွားတောင်း ဆိုမှ ရမယ်ဆိုတဲ့ အယူအဆကိုင်စွဲတဲ့ ယီမင်နိုင်ငံသူ သတင်းထောက် တာဝါကူလ် ကာလ်မန် ...။ အမျိုးသမီး တွေ အလိုတူမှ အမျိုးသားတွေ လိုရာပြည့်လိမ့်မယ်၊ လက်နက်ကိုင် ခင်ပွန်းသည်တွေနဲ့အတူ မအိပ်တဲ့နည်းနဲ့ အမျိုးသမီးလက်နက်ကို အသုံးပြုပြီး ငြိမ်းချမ်းရေးရအောင် တည်ဆောက်ကြမယ်ဆိုသူက လိုက်ဘေးရီးယား နိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် လေမာဘိုဝီ ...။ ရောင်စုံသူ ပုန်ထနေတဲ့၊ အကြမ်းဖက် လက်စားချေသတ်ဖြတ်တာတွေ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းကို အမျိုးသမီးတွေ ရဲ့အကြင်နာတရား၊ စာနာတရားနဲ့ ပြောင်းလဲနိုင်တယ်လို့ ယုံကြည်သူက လိုက်ဘေရီးယားသမ္မတ အဲလမ်ဂျွန် ဆင်ဆာလိဖ် ...။ ၂၀၁၁ ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီး ၃ ဦးရဲ့ လေးစားစရာ ပုံရိပ်လွှာတချို့ပါ။
(မိုးအေး)

No comments: