Sunday, October 9, 2011

မိုးအေး (DVB) တင်ဆက်သည့် “အာဏာရှင်နဲ့ ဒီမိုကရေစီဝါဒ အားပြိုင်တဲ့ ခေတ်သစ်စစ်အေးကာလ အစပျိုးခြင်းပေလော” (ရုပ်သံ)

မြန်မာနိုင်ငံဟာ ရေ မြေ တောတောင် ရာသီဥတုအရ ကံကောင်းပေမယ့် ပထ၀ီနိုင်ငံရေးသဘောတရားအရ ဆိုရင် ကံမကောင်းတဲ့အထဲမှာ ပါတယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။ အင်အားလည်းကြီး ကိုယ် ကျိုးစီးပွားနဲ့ပဲ အရာရာ ဆုံးဖြတ်တတ်တဲ့ တပါတီတရုတ်နဲ့ ဒီမိုကရေစီအိန္ဒိယ နှစ်နိုင်ငံကြားမှာ ရှိနေတဲ့အချက် ကို အခြေခံပြီး သုံးသပ်ကြပုံရှိပါတယ်။ မြန်မာလို အိမ်နီးချင်းမပြောနဲ့ အဝေးမှာရှိတဲ့ ဆီးရီးယားနိုင်ငံက အာ ဏာရှင်အစိုးရမျိုးကိုတောင် တရုတ်က ဗီတိုအာဏာသုံးကာကွယ်ပေးခဲ့သလို နယူးဒေလီအစိုးရကလည်း မသိ ကျိုးကျွံလုပ် ကြားနေမဲပေးခဲ့တဲ့အချက်တွေကို အခြေခံပြီး အောက်တိုဘာ ၈ ရက်နေ့ အစီအစဉ်ကို ဖန်တီးဖြစ် ခဲ့တာပါ။ ဆီးရီးယား၊ လစ်ဗျား၊ ယီမင် စတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ အခြေအနေဟာ ခေတ်သစ်စစ်အေးကာလရဲ့ အစပျိုးခြင်းလို့လည်း တချို့က သုံးသပ်နေပါတယ်။ ခေတ်သစ် စစ်အေးကာလ ကတော့ အာဏာရှင်နဲ့ ဒီမိုကရေစီဝါဒ အားပြိုင်ခြင်းလို့လည်း သုံးသပ်ကြပါတယ်။ ဒီသုံးသပ်ချက်တွေအပေါ် အခြေခံရင်း ဒီအစီအစဉ်ကို ဖန်တီးဖြစ်တယ်ပေါ့လေ။ (မိုးအေး)

2 comments:

Anonymous said...

very good program . Thank you very much. Though we are between China and India,we should use people power to against fake-democracy government.

Anonymous said...

မိုးအေး ကြည့်ရတာ အနောက် နိုင်ငံက ကျွေးတဲ့ ခေါက်ဆွဲ စားရလွန်းလို့ အနောက် အုစုတ် နေရော.....
လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ ဝင်တွေဟာ စားဖား
အကြီးစား စိုတာကိုတော့ မိုးအေး ထဲမပြောဘူး.....