ကိုအေးချမ်းနှင့် ဒီဗီဘီသတင်းဌာန တာဝန်ရှိသူများခင်ဗျာ …
၁၈-၁၀ -၂၀၁၁
ဒီဗီဘီသတင်းထောက် ကိုအံ့ဖုန်းမြတ်နဲ့ လျှပ်တစ်ပြက် အယ်ဒီတာချုပ် မြတ်ခိုင်တို့ အင်တာဗျူးမှာပါတဲ့ အ ကြောင်းအရာနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ တရားဝင် ကန့်ကွက်ပါတယ်။
ပြည်တွင်းနက်ဝပ်အဖွဲ့ဝင် (အကျဉ်းကျနေသူများ) စာရင်းကို ကျနော်တို့ သတင်းထုတ်ပြန်ခွင့်ပြုတဲ့သူတွေကို သာ ထုတ်ပြန်ခဲ့တာပါ။ အခု ချင်းမိုင်မှာ လုပ်နေတဲ့ ကမ်ပိန်းမှာတောင် ကျနော်တို့ ထုတ်ပြန်ပေးထားတဲ့သူ ငါး ယောက်ကိုပဲ တရားဝင် ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့သူတွေကို လုံခြုံရေးအရသော်လည်းကောင်း၊ ၄င်းတို့ ရဲ့ နိုင်ငံရေးသိက္ခာအရသော်၎င်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိခဲ့ပါ။
ယနေ့အချိန်ထိ ထိန်းသိမ်းလာခဲ့တဲ့ အစဉ်အလာကို အံ့ဖုန်းမြတ်မှ ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။ မြတ်ခိုင်ဆို တာ ဘယ်လိုလူလဲဆိုတာ အားလုံးအသိဖြစ်ပါတယ်။ အဲဒီလိုလူတယောက်ဆီကို အခုလိုမျိုး နက်ဝပ်အဖွဲ့ဝင် တွေစာရင်း ပေးလိုက်တာကတော့ အင်မတန်မှ ဆိုးရွားပါတယ်။ ဒီဗီဘီ ပြည်တွင်းဝင်နိုင်ရေးအတွက် ယခင်ချ မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်ပြီး ယခုကဲ့သို့ တကိုယ်ကောင်းဆန်စွာ လုပ်ဆောင်မှုဟာ မသင့် တော်ပါဘူး။ အခုလို စာရင်းတွေကို မြတ်ခိုင်ထံပေးလိုက်ခြင်းသည် ပြည်တွင်းရှိ နက်ဝပ်အဖွဲ့ဝင်များအတွက်ပါ အင်မတန် အန္တရာယ်များလာပါတယ်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ကျနော်တို့ (Burma VJ Network) အနေနဲ့ အပြင်းအထန် ကန့်ကွက်ပါကြောင်း အ သိပေးအပ်ပါသည်။ ဒီဗီဘီ တာဝန်ရှိသူများအနေဖြင့် ယခုအင်တာဗျူးနှင့် ပတ်သက်၍ နောင်ဖြစ်လာမည့် ရ လဒ်များကို အပြည့်အဝ တာဝန်ယူရပါမည်။
လေးစားစွာဖြင့် …
ပွကြီး
အော်ပရေးရှင်းတာဝန်ခံ
Burma VJ Network
9 comments:
အင်း ပွကြီးတို့အဖွဲ့တော့ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်နေပါပြီ သေအောင်မှတ်ထား ဒီဗွီဘီလူကြီးပိုင်းဆိုတဲ့ကောင်တွေက သူတို့ ခွက်မပျောက်ရေး ဗိုက်မမှောက်ရအရေးလုပ်နေတဲ့ကောင်တွေကွ DVB ပျက်သွားလဲ သူတို့က နော်ဝေအစိုးရအလုပ်လက်မဲ့ ပိုက်ဆံနဲ့ ထိုင်စားနေလို့ရတယ် ပွကြီး မင်းလဲအသိပဲ အခု ဒေါ်လာသုံးသိန်းကိစ္စလဲ ရှင်းမရတော့ ဘောက်ချာမစုတ်တဲ့ ပြည်တွင်းနက်ဝပ်ပဲလွှဲချလိုက်တာပဲ အခု အံ့ဖုန်းမြတ်ဆိုတဲ့ ကောင်ကိုလဲ သူတို့ ပြောသမျှ ခိုင်းသမျှ လုပ် ပေးတာစားတဲ့ လူဆိုပြီး အသာလေး လက်သပ်မွေး အော်စလိုကို ဖမ်းခေါ်ထားလိုက်တာ အဲ့ဒီကောင်က ဆိတ်လဇိကောင် ရန်သူနဲ့လဲ သတင်းပေး သတင်းယူလုပ်နေတဲ့ကောင်ပဲ ကိုယ်ရေးကိုယ်တာလဲ စောက်ကျင့်မကောင်းတဲ့ကောင်ဘန်ကောက်မှာ ကောင်မလေးတယောက်ကို ကောက်ယူပြီး ခလေးလဲမွေးရော ပစ်ထားတယ် သူ့ခလေးမဟုတ်ဘူးလုပ်နေသေးတယ် ပြည်တွင်းမှာလဲ ကောင်မလေးတယော်ကို ဗိုက်တလုံးနဲ့ထားခဲ့ပြီးပြီ ဘယ်လောက်စောက်ကျင့်ယုတ်တဲ့ကောင်လဲဆိုတာ ပွကြီးမင်းတို့ မှန်းကြည့်လိုက်ပေတော့ အသွင်တူလို့ ပေါင်းဖက်လို့ရတာ အံ့ဖုန်းမြတ်လိုကောင်နဲ့ အေးချမ်းတို့ခင်မောင်ဝင်းတို့ အသွင်တူကြပါပေတယ်ကွာ
အတွင်းသတင်းထောက်တွေ ဘဝ ပျက်ယုံမကလို ဘာဖြစ်ဖြစ် ကျုပ်တို့ အဆင်ပြေဖို့အရေးကြီးတယ် DVB က ကျုပ်တည်ထောင်လာခဲ့တာ ကျုပ်ကြိုက်သလိုလုပ်မယ် ထိုးကျွေးစရာ နယ်ရုပ်တွေ လဲ အများကြီးပဲ
အံ့ဘုန်းမြတ် ဆိုတာ မြန်မာစာတောင် ဖြောင့်အောင် မရေးတတ်ရှာပါဘူး။ ဘယ်လိုဘယ့်နှယ့် DVB မှာ ဗျူးဆရာ ဖြစ်နေတယ်ဆိုတာ အံစရာကြီးပါ။
အမည်ရင်းနဲ့ နောက်ခံ သမိုင်း ဘယ်လို ဘယ်ပုံ မပြောလိုတော့ပါဘူး။ အတိုက်အခံ လောက အထူးသဖြင့် DVB မှာ ဒီလို အမျိုးအစား တွေနဲ့ လည်ပတ် နေတယ်ဆို ကတည်းက ...
သတ္တိတကယ် ရှိတယ် ဆိုရင်တော့ အိမ်ရှေ့မှာ လာဆဲပါ။ မကျေနပ်တာမှန်သမျှ လာအော်နေလို့ရပါတယ်။ ကော်ဖီ လဘက်ရည် ရေနွေး လာချပေးမယ်။ ခုလို ကွယ်ရာက အော်နေတာတော့သနားမိပါတယ်။ တကယ်စာဖတ်သူတွေ ထင်ယောင်ထင်မှားဖြစ်နိုင်တာမို့ သေချာ လာပြောတာပါ။
နှစ်ပေါင်း ၂၀ ကျော်တာတောင် ဒီမိုကရေစီမရသေးတာ ဘာကြောင့်လဲလို့ အဖြေရှာမရဖြစ်နေလား
ချီးဘရိန်းနဲ့ စစ်ဗိုလ်ချုပ်တွေကို ဘာကြောင့် အမြဲရှံးနေရတာလဲဆိုတာ ကိုသိချင်လား
အပေါ်ကစာတွေ ကိုသာဖတ်ကြည့်ပါ ရှင်းသွားမှာပါ
ပုံ
ကျော်ဆန်း
ဟားဟားဟား နိုင်ငံရေးဝေဖန်နေတာ မှမဟုတ်တော့ တာပဲ အတင်းတုတ်နေကြတာပဲ နိုင်ငံထဲမှာဘာဖြစ်နေလဲ စိတ်မ၀င်စားကြဘူး ဘယ်ကောင်တွေ ဘယ်လောက်စား နေရလဲဘယ်ကောင်တွေ ထောနေပြီလဲ ဒါပဲလိုက်ကြည့်နေကြတာကိုး။ နိုင်ငံထဲမှာဘာဖြစ်နေလဲ ဒီလောက်မသိကြဘူး DVB အတွင်းရေး မဲဆောက်အတွင်းရေး တော့  တော်တော်သိကြတာပဲ။ အသေးစိပ်ကို သိနေကြတာ ဟဟဟ။ လုပ်စားကြ လုပ်စားကြ ပြီးရင်ပိုပြီး စားနေရတဲ့  ကောင်တွေကို ဝေဖန်ပြီး ဆဲကြ
ကျိကျိခင်က သူ့ကိုလာဆဲတဲ့သူတွေကို လဖက်ရည် ကော်ဖီတို့နဲ့ဧည့်ခံမယ်တဲ့ ဘယ်လာလိမ့်မတုန်းဆဲတဲ့သူက ဆမ်ထစ်လေးလောက်နဲ့ဧည့်ခံမယ်ဆိုမှလာဆဲမှာ
အပေါ်ကဦးဇင်းဘုရား တပည့်တော်တို့ ပြည်ပအဖွဲ့အစည်းတွေမှာ တတိယနိုင်ငံရောက်ပြီး ဘဝ မေ့ကုန်တဲ့သူတွေ အပုံကြီးပါပဲ တချို့ကျတော့ ဒိုနာရှာ ဘတ်ဂျက်ရှာပြီး မြန်မာ့အရေးလုပ်မယ်ဆို အိပ်ထဲ ထည့်ကြသူတွေ ကိုယ်နဲ့နီးစပ်သူတွေကို နိုင်ငံရေးလုပ်ပါတယ်ဗန်းပြပြီးတော့ ဒုက္ခသည်အတုနဲ့ ပြည်ပနိုင်ငံကြီးတွေရောက်အောင်လုပ်နေကြသူတွေ အမျိုးမျိုးပါပဲ ဒီအထဲကမှ DVB လို အပင်မြင့်မြင့် လေများများတိုက်ခံတဲ့အဖွဲ့ကြီးလဲ ရိုးရာမပျက် အိပ်ထဲထည့် ဘုံး ကိုယ်ကျိုးသုံးတာတွေ ရှိမပေါ့ ဘုရား ကိုယ့်လိပ်ပြာကိုယ်မလုံ ရှက်တတ်ရင်တော့ စောစောစီးစိး လက်ရှောင်သင့်ပါတယ်
DVB ပြဿနာမှာ အဓိက တစ်တရားခံကတော့ ခင်မောင်ဝင်းပဲ Burma VJ ဆိုတာလဲ သူပဲစလာတာပဲ သူနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေလဲပါနေတာပဲ မြှောက်စားထားတာလဲ ခင်မောင်ဝင်းပဲ DVB ရဲ့ ငွေစရင်းကိုင်လဲ ခင်မောင်ဝင်းပဲ သူလက်မှတ်ထိုးအတည်ပြုပြီးမှ VJ အတွက်ပိုက်ဆံထုတ်ပေးနေတာပဲ အဓိက ကတော့ ခင်မောင်ဝင်းပဲ ဒီပွဲမှာ ခင်မောင်ဝင်းလူလည် က ဘယ်သူ့ကို လက်ညိုးထိုးလွှဲချမလဲ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပဲ
Post a Comment