Wednesday, October 12, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၂-၁၀-၂၀၁၁)

ပထမအကြိမ် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဂါရ၀ပြုကန်တော့ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့လွတ်မြောက်လာသူ မနိုးနိုး (ခေါ်) နွဲ့နှင်းရည်တို့ကို အတူတွေ့ရစဉ်။
မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူ ဦးလှစိုး။
ထောင်ထဲတွင် တလသားအရွယ်ကတည်းက မိခင်နှင့်အတူ နေထိုင်ခဲ့သော ကလေးငယ်လေး တဦး။ ယခု သူမအသက်မှာ ၂ နှစ်ရှိပြီဖြစ်သည်။ ကား၊ ဆိုင်ကယ်နှင့် အချိုရည်များကို ယနေ့မှ စတင်ပြီး ပထမဆုံးအကြိမ် တွေ့မြင်ဖူးကြောင်း သူမက ပြောသည်။
မိမိယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသူ ကိုကျော်ညွှန့်။ ၉၈ ခုနှစ်မှစ၍ ထောင်အနှစ် ၂၀ ကျခဲ့ခြင်းဖြစ်သည်။ ယခုလွတ်မြောက်ချိန်အထိ အိုးဘိုထောင်ထဲ ၁၃ နှစ်နှင့် ၄ လ နေထိုင်ခဲ့သည်။
ကော့သောင်းမြို့ အကျဉ်းထောင်မှ အကျဉ်းသား ၃၁ ဦး လွတ်မြောက်လာသော်လည်း ၄င်းအကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိဟု သိရှိရ။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူအဖွဲ့မှ သီတင်းကျွတ်လပြည့် ရုံးမပိတ်ဘဲ လွတ်မြောက်လာသော အကျဉ်းသားများစာရင်း လက်ခံပြုစုပြီး တတ်နိုင်သမျှ အကူအညီပေးလျက်ရှိပါသည်။
သရုပ်ဆောင် ခန့်စည်သူနဲ့ မချော သုံးယောက်

No comments: