Monday, October 3, 2011

လူ့အခွင့်အရေးဆိုတာ ဘာလဲ

လူ့အခွင့်အရေးဆိုတာ ဘာလဲ
စိန်သံလုံး

လူသားတွေက လူ့အခွင့်အရေးကို လိုလားတောင့်တာကြတာ မဆန်းပါဘူး။ ဆန်းနေတာက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ နီးပါး လူ့အခွင့်အရေး မရခဲ့တာပဲ။ အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို မြန်မာပြည်သူပြည်သားတွေ နှစ်ပေါင်းများစွာ ခါးစည်းပြီးခံခဲ့ရတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရက လူ့အခွင့်အရေး စတင်ချိုးဖောက်ခဲ့တယ်။ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားကျောင်းသူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်၊ တက္ကသိုလ် က သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို မိုင်းခွဲပြီး ဖြိုဖျက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ပြီး လူ့ အခွင့်အရေး စတင် ချိုးဖောက်ခဲ့တာပါ။

မြန်မာစကားတခုရှိတယ်။ မင်းမဲ့တိုင်းပြည်မဟုတ်ဘူးတဲ့။ ဟုတ်ကဲ့ ... မင်းမဲ့တာမဟုတ်ပေမယ့် လူစိတ်ကင်းမဲ့ ခဲ့ကြတဲ့ အာဏာရှင်တွေရဲ့ဒဏ်ကိုတော့ မြန်မာပြည်သူတွေ ခုချိန်ထိခံစားနေရတုန်းပါပဲ။ ၁၉၈၈ အရေးအခင်း၊ နောက်ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုတွေမှာ စစ်အာဏာရှင် တွေဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမျိုးမျိုးကျူးလွန်ခဲ့တာ အားလုံးအသိပါ။

“လူ့အခွင့်အရေး အများဆုံး ချိုးဖောက်နေသူကို ဥက္ကဌခန့်တယ်ဆိုတော့ သူခိုးကို ဒရ၀မ်ခန့်သလို ဖြစ်နေတာပေါ့။ နအဖခေတ်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ ရမ်းကားမှုဒဏ်ကို ခံခဲ့ရသူ အများကြီးရှိခဲ့တာမို့ ခုချိန်မှာ ‘မောင်ဦးရဲ့ရမ်းကားမှုများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ထုတ်မယ်ဆိုရင် ရေးချင်တဲ့လူတွေ အများကြီးရှိနေပါတယ်။”

၁၉၈၈ ခုနှစ် အရေးအခင်းမှာ ကျောင်းသား/သူများသာမက သံဃာတော်များပါ စစ်တပ်ရဲ့ပစ်ခတ်ခြင်းကို ခံခဲ့ ရပြီး စာရင်းမရှိ အင်းမရှိ သေဆုံးခဲ့ကြတယ်။ အဲဒီနောက် နအဖခေတ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံ ဃာတော်တွေနဲ့ ကျောင်းသားကျောင်းသူတွေ ရက်ရက်စက်စက် ရိုက်နှက် ပစ်သတ်ခံရတာတွေကိုလည်း ဗွီဒီ ယိုမှတ်တမ်းနဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့မြင်ကြရမှာပါ (သက်သေခံ အထောက်အထားတွေနော်)။ ပစ် သတ်ခံရတဲ့အထဲ ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိပါ အဆစ်ပါသွားသေးတယ်။ ဆန္ဒပြတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ မေတ္တာသုတ်ရွတ်ပြီး ငြိမ်းချမ်းစွာဆုတောင်းမေတ္တာပို့နေကြတဲ့ သံဃာတော်တွေကို ရန်သူ လို သဘောထားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။

၂၀၀၈ ခုနှစ် နာဂစ်ဒဏ်ခံဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ ကူညီလှူဒါန်းခဲ့တာတွေအပေါ် ဟန့်တားခဲ့တဲ့ ဖြစ်ရပ်တွေကလည်း စာနာမှုကင်းမဲ့တဲ့၊ လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ။ နာ ဂစ်ကူညီလှူဒါန်းမှုကြောင့် အဖမ်းခံ ထောင်ကျခဲ့ကြတဲ့ လူရွှင်တော် ဇာဂနာနဲ့ စာရေးဆရာ ဇော်သက်ထွေးတို့ ဆို ခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပါ။ ဒုက္ခသည်တွေကို ကူညီမှုနဲ့ ဖမ်းဆီးထောင်ချတဲ့ ဖြစ်ရပ်ကတော့ ကမ္ဘာမှာ မြန်မာတပြည်ပဲ ထူးထူးခြားခြားရှိတယ်လို့ ပြောရမှာပါ။

လူ့အခွင့်ရေးကို ဂရုမစိုက်ဘဲ လုပ်ချင်တိုင်းလုပ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဝန်ထမ်းများနဲ့ အကျဉ်းထောင် အသီးသီးက ထောင်ပိုင်၊ ထောင်မှူး၊ ၀ါဒါဝန်ထမ်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆို အကျဉ်းကျခံများ အသိဆုံးပါ။ အကျဉ်းသားမဖြစ်ခင် ရဲအချုပ်ကို ရောက်ကတည်းက အပြစ်ရှိရှိ မရှိရှိ ရဲတွေရဲ့ ညှင်းပမ်းမှု၊ နှိပ် စက်မှု၊ လူမဆန်မှုတွေနဲ့ စတင်ရင်ဆိုင်ကြရတာပါ။ ရဲကို ငွေပေးထားနိုင်တဲ့ လူကလွဲလို့ ကျန်တဲ့ လူသားတွေ ဆို လူလိုမဆက်ဆံတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခံရတာပါ။ ခံစားခဲ့ရတဲ့ အကျဉ်းသားအကျဉ်း သူတွေ သွားမေးကြည့်ရင် သိနိုင်ပါတယ်။

အကျဉ်းထောင်များ၊ အလုပ်စခန်းများ ရောက်တော့လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက တန်းစီနေ တော့တာပဲ။ ထောင်ပိုင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျဉ်းသားတွေရဲ့ လုပ်အားကို အသုံးပြုပြီး အဓမ္မ ခိုင်းစေမှုတွေကလည်း ထောင်အသီးသီးမှာ ရှိနေပါတယ်။ ပိုပြီးဆိုးတာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သံ ဃာတော်တချို့ကို မုဒိမ်းမှုနဲ့ အမှုဆင်ပြီး ထောင်ချတဲ့ကိစ္စပဲ။ ထောင်က လွတ်ရင်တောင် လူတောထဲ မျက်နှာ မပြရဲအောင် ယုတ်မာခဲ့ကြတဲ့ လုပ်ရပ်များပါပဲ။ အဲဒါလည်း လူ့အခွင့်အရေးချိုးဖောက်တာပဲလေ (ဥပမာ - မင်္ဂ လာဒုံ၊ ပုလဲမြို့သစ်က နဂါးရုံဆရာတော်)။

နအဖလက်ထက်က ပြည်ထဲရေးဝန်ကြီးကို လူ့အခွင့်အရေး ဥက္ကဌခန့်ပြီး နိုင်ငံတကာလူ့အခွင့်အရေး အစည်း အဝေးတွေကို တက်ရောက်စေခဲ့တာလည်း အလွန်အရုပ်ဆိုးတဲ့လုပ်ရပ်ပါ။ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် လူ့အ ခွင့်အရေး ချိုးဖောက်တာတွေကို နိုင်ငံတကာမှာ တင်မှာတဲ့လား၊ လူ့အခွင့်အရေး အများဆုံး ချိုးဖောက်နေသူ ကို ဥက္ကဌခန့်တယ်ဆိုတော့ သူခိုးကို ဒရ၀မ်ခန့်သလို ဖြစ်နေတာပေါ့။ နအဖခေတ်က ပြည်ထဲရေးဝန်ကြီး ဗိုလ် ချုပ်မောင်ဦးရဲ့ ရမ်းကားမှုဒဏ်ကို ခံခဲ့ရသူ အများကြီးရှိခဲ့တာမို့ ခုချိန်မှာ “မောင်ဦးရဲ့ရမ်းကားမှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ထုတ်မယ်ဆိုရင် ရေးချင်တဲ့လူတွေ အများကြီးရှိနေပါတယ်။

ကြည့်မြင်တိုင် NLD ဥက္ကဌ ဦးမြင့်အေးနဲ့ စမ်းချောင်း NLD ဥက္ကဌ ဦးသက်ဝေတို့က လူ့အခွင့်အရေးကိစ္စတွေ၊ အဓမ္မလုပ်အားပေးကိစ္စတွေကို ပြည်သူတွေ နားလည်အောင် ဆွေးနွေးပညာပေးခဲ့တဲ့အတွက် ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်ဆိုတဲ့ ၀ါးရင်းတုတ်ကိုင်လူမိုက်တွေ စောင့်ရိုက်တာကိုခံရတဲ့အပြင် ဖမ်းဆီးထောင်ချခြင်းတွေကို လည်း အကြိမ်ကြိမ်ခံခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကတော့ ဦးသိန်းစိန်အစိုးရက ကြေညာချက် ၃၄/၂၀၁၁ ထုတ်ပြန်ပြီး အမျိုး သားလူ့အခွင့်အရေးကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့တယ်။ ဥက္ကဌ ဦးဝင်းမြနဲ့ ဒုတိယဥက္ကဌ ဦးကျော်တင့်ဆွေတို့ ပါဝင်တဲ့ ၁၅ ဦး အဖွဲ့မှာ နအဖသစ္စာခံ ၀န်ထမ်းဟောင်း အငြိမ်းစားတွေပဲ ပါကြတယ်။ နှစ်ပေါင်းများစွာ ထား ရာနေ၊ စေရာသွား၊ ခိုင်းတာပဲလုပ်တဲ့အကျင့်တွေ ခေါက်ရိုးကျိုး အရိုးစွဲနေသူများဖြစ်လို့ အားရစရာ မကောင်း ပါဘူး။ ဦးဝင်းမြနဲ့ ဦးကျော်တင့်ဆွေတို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီးတွေဖြစ်ခဲ့ကြပြီး မြန်မာစစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ ကိစ္စတွေကို ကာကွယ်ပေးခဲ့၊ ရန် ထောင်ပေးခဲ့တဲ့သူတွေ ဖြစ်တယ်ဆိုတာ ဖျောက်ပစ်လို့မရတဲ့ သူတို့ရဲ့ မှတ်တမ်းတွေကို ပြန်ရှာကြည့်ရင် အ ထင်အရှားတွေ့နိုင်မှာပါ။

လူ့အခွင့်အရေးဆိုတာ အင်မတန်မှ လေးနက်ပါတယ်။ လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေဖြစ်လို့ ချိုး ဖောက်ခြင်းခံရရင် တော်တော်လေး နစ်နာပါတယ်။ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားလို့ ခေါ်ဝေါ်သုံးနှုန်းလို ခြင်းမရှိပေမယ့် နိုင်ငံရေးအကျဉ်းသားလို့ ပြည်သူအများသိထားကြတဲ့လူတွေကို ညစ်ပတ်စုတ်ပဲ့တဲ့ စိတ်ယုတ် မာတွေနဲ့ နေရပ်နဲ့ဝေးတဲ့ အကျဉ်းထောင်အသီးသီးကို ပို့ထားတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေပါပဲ။ မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ချလို့ အားမရသေးဘဲ မိသားစုနဲ့ ဆက်သွယ်ရခက်ခဲတဲ့ အကျဉ်း ထောင်တွေကို ပို့ထားတာဟာ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုလို့ ခေါ်ပါတယ်။ ဥပမာ - ရန်ကုန်က ကိုဇာဂနာ နဲ့ ကော့မှူးက မစုစုနွေးတို့ကို မြစ်ကြီးနားထောင်ကို ပို့တာ၊ တောင်ကြီးက ဦးခွန်ထွန်းဦးကို ပူတာအိုထောင်ကို ပို့တာတွေဟာ စေတနာနဲ့ ဆောင်ရွက်တာလို့ ပြောလို့ရမလား။ ဒီလိုပါပဲ အကျဉ်းကျနေတဲ့ နိုင်ငံရေးအ ကျဉ်းသားအများစုကို နယ်ဝေး ဆက်သွယ်မှုခက်ခဲတဲ့ နေရာတွေကို တမင်ပို့ထားတာဟာ ရက်စက်လွန်းပြီး လူမဆန်လွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ။

မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပြီးတဲ့နောက်ပိုင်း ဘာတွေများ ဆောင်ရွက်ပြီးပါပြီ လဲ။ အဲဒီအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက်မှာ ထပ်မံပေါ်ပေါက်လာတဲ့ လယ်သမားတွေရဲ့ လူ့အခွင့်အရေးကိစ္စ၊ လယ် သိမ်းယာသိမ်းပြီး ထောင်ချခံနေရတဲ့ ကိစ္စတွေကိုရော စိတ်ဝင်တစား ကိုင်တွယ်ဖြေရှင်းပေးရဲ့လားဆိုတဲ့ မေး ခွန်းတွေ မေးစရာရှိနေပါတယ်။

အမေရိကန်နိုင်ငံမှာတော့ လူ့အခွင့်အရေးမပြောနဲ့၊ ခွေးအခွင့်အရေးတောင် ရှိနေပါတယ်။ ခွေးတကောင်ကို ကားထဲမှာ တံခါးပိတ်ပြီးထားရင်တောင် ရဲက အရေးယူပါတယ်။ ကလေးနဲ့ မိန်းမကတော့ လူ့အခွင့်အရေးမှာ ထိပ်ဆုံးက ဦးစားပေးခံရသူတွေပါ။ မြန်မာပြည်မှာတော့ ချိုးဖောက်မှုတွေ များလွန်းပြီး လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ မေးရမလောက်ဖြစ်နေတာမို့ “ရွှေဉာဏ်ရှင်တို့ရေ ... နင် ဆင်ခြင်ဦး” လို့ပဲ ဟစ်လိုက်ပါရစေတော့။

စိန်သံလုံး

2 comments:

Anonymous said...

http://www.dawnmanhon.com/2011/10/written-by.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+dawnmanhon%2FlPDc+%28%E1%80%B1%E1%80%92%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%94%E1%80%B9%E1%80%9F%E1%80%AF%E1%80%94%E1%80%B9%29

Aung Khin said...

Please write more Human Rights essays.
We need a lot of these essays.
Good work.
I am posting it to "SELF-EDUCATION ON DEMOCRACY AND HUMAN RIGHTS" AT http://www.facebook.com/groups/selfeducationondemocracy/#