(ဓာတ်ပုံ - Yeyint Kyaw ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
ဒီကနေ့ မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်သော အကျဉ်းသားများကို အားပေးကူညီရန် ဆောင်ရွက်နေ သော ချမ်းမြသုခ လူမှုပရဟိတအသင်းသို့ လွတ်လပ်သော သူငယ်ချင်းများအင်အားစု၊ အမရသုခ၊ စိမ်းရောင် စို ... စသည့်အဖွဲ့များမှ လူငယ်များက လာရောက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။အကျဉ်းသားများအား နေ့လည်စာ ကျွေးမွေးခြင်း၊ ရေဘူးများ ဝေငှခြင်း၊ သက်ဆိုင်ရာ မိသားစုများသို့ ဆက် သွယ်ပေးခြင်းဖြင့် အားပေးကူညီခဲ့ကြပြီး သက်ဆိုင်ရာ မြို့နယ် နေရပ်အသီးသီးသို့ ပြန်နိုင်ရန် ကားလက်မှတ်၊ ရထားလက်မှတ်များ စိုက်ထုတ် စီစဉ်ပေးခြင်း၊ သက်ဆိုင်ရာ ဘူတာ၊ ကားဝင်းများသို့ လိုက်ပို့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ တဦးလျှင် ခရီးအနီးအဝေပေါ် မူတည်၍ ၃,၀၀၀ ကျပ်မှ ၅,၀၀၀ကျပ်အထိ ထောက် ပံ့ပေးခဲ့သည်။
စာရင်းလာ ရောက်ပေးသွင်းသော အကျဉ်းသားမှန်သမျှ ပုဒ်မ မရွေး၊ ဘာသာမရွေး၊ လူသားခြင်းစာနာမှုတရပ် အနေနဲ့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။ မန္တလေး အကျဉ်းဦးစီးဌာနမှ ပေးသော စာရင်း (ပြောသည့် အသုံး အနှုန်းအတိုင်း ဖော်ပြလိုက်ပါသည်။) (၁) သီးသန့်မှ အကျဉ်းသား ၄၀ ဦး (၂) သီးသန့်မှ အကျဉ်းသား (သာ မန်) ၅ ဦး (၃) နိုင်ငံခြားသား ၂၁ ဦး (၄) ထောက်လှမ်းရေး ၁ ဦး (၅) တပ်မတော် အက်ဥပဒေ ၁၆ ဦး (၆) သက်ကြီး ၆ ဦး (၇) ကျန်းမာရေးချို့တဲ့ ၁၁ ဦး (၈) ကိုယ်အင်္ဂါချို့တဲ့ ၁ ဦး (၉) ရိုးရိုးအကျဉ်းသား ကျား ၂၁၀ ဦး (၁၀) ရိုးရိုးအကျဉ်းသား မ ၉၇ ဦး ... စုစုပေါင်း ၄၀၈ ဦးကို လူသားချင်းစာနာမှု အကူအညီများ ဆောင် ရွက်ပေးခဲ့သည်။
2 comments:
မန်း ကလူတွေ ညီတယ်နော့
ဟုတ်ပ ဟုတ်ပ ၊ မန်းကလူတွေကတော့ သိပ်ညီတာပဲ ။ တစ်ခုခုဖြစ်တာနဲ့ ၀ိုင်းကြမယ် ဆိုတာချည်းပဲ ။ အားရှိဖို့ ကောင်းလိုက်တာ ။
Post a Comment