ကမ္ဘာတလွှား ၉၉ ရာခိုင်နှုန်း ဆန္ဒပြပွဲမှာ ပါဝင်ကြမလား
အောက်တိုဘာလ ၁၉ ရက် ၂၀၁၁၊ မောက္ခ ဓာတ်ပုံအက်ဆေး
Occupy Wall-Street ဆိုတဲ့ ကမ်ပိန်းနဲ့ နယူးယော့ခ်က စလိုက်တဲ့ အရင်းရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ ပြီးခဲ့ တဲ့ စနေ၊ တနင်္ဂနွေမှာ ကမ္ဘာ့မြို့ကြီး ၉၀ ကျော်ကို ကူးစက်သွားပါတယ်။ အဲဒီမှာ ထင်ရှားတဲ့ ကြွေးကြော်သံတ ခုက 'ကျွန်ုပ်တို့ ၉၉ ရာခိုင်နှုန်း' (We Are the 99 Percent) ဆိုတာ ဖြစ်ပါတယ်။'ကျွန်ုပ်တို့ ၉၉ ရာခိုင်နှုန်း' ဆိုတာ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂ်လစ်ရဲ့ စာအုပ်ထဲက အသုံးအနှုန်း ဖြစ်ပါ တယ်။ ဝေါစထရိမှာ ဆန္ဒပြသူတွေက အမေရိကန် အောက်ခြေလူထု ၉၉ ရာခိုင်နှုန်းရဲ့ ဒုက္ခအ၀၀အတွက် ၁ ရာခိုင်နှုန်းသော အရင်းရှင်တွေ ဘဏ်လုပ်ငန်းရှင်တွေကို ဆန့်ကျင်ဆန္ဒပြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်တွေရဲ့ 'ကျွန်ုပ်တို့ ၉၉ ရာခိုင်နှုန်း' ကြွေးကြော်သံက ထိုင်ဝမ်၊ ကနေဒါ၊ ပေါ်တူဂီ၊ ဂျာမ ဏီနဲ့ အခြားဥပရောပ နိုင်ငံတွေကိုပါ ရောက်လာလို့ အဲဒီနိုင်ငံတွေမှာကော အမေရိကလို ဆင်းရဲချမ်းသာ ကွာ ဟချက်က ၉၉ ရာခိုင်နှုန်းနဲ့ ၁ ရာခိုင်နှုန်းပဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒီလ အစောပိုင်းမှာ လူ ၁,၀၀၀ လောက်က ၀ါရှင်တန်ဒီစီရဲ့ Freedom Plaza မှာ ၉၉ % ကြွေးကြော်သံနဲ့ စ တင် စုစည်းခဲ့ကြပါတယ်။ အမေရိကမှာ တိုင်းပြည်ဝင်ငွေရဲ့ ငါးပုံတပုံကို ကိုင်ထားတဲ့ ထိပ်ဆုံးက လူ့မလိုင် ၁% ကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။
CIA World Factbook ဖော်ပြချက်အရ အမေရိကန် ၁၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက် နေပြီး လက်ရှိ အလုပ်လက်မဲ့နှုန်းက ၉.၁ ရာခိုင်နှုန်း ရှိပါတယ်။
တနင်္ဂနွေနေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ ဆန္ဒပြပွဲမှ မျက်နှာဖုံးစွပ် လူငယ်တဦးပါ။ ကနေဒါဟာ မိသားစုဝင် ငွေ အချိုးအစား မညီမျှတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ခုနှစ်ပုံတပုံကို ကနေဒါ သူဌေး ၁% က ကိုင်ထားပါတယ်။ ကနေဒါနိုင်ငံသား ၉ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပြီး လက်ရှိ အ လုပ်လက်မဲ့ ၇.၁ ရာခိုင်နှုန်း ရှိပါတယ်။
တနင်္ဂနွေနေ့ လန်ဒန် စတော့ခ်အိပ်ချိန်းမှာ ဆန္ဒပြသူတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာချက်ကို ကိုင်ထားတာပါ။ ဒီနှစ်အစောပိုင်းမှာ ဗြိတိသျှအစိုးရရဲ့ ဘတ်ဂျက်ခြိုးခြံရေးပေါ်လစီကို ကျောင်းသားတွေ ဆန္ဒ ပြခဲ့ပါတယ်။ ဗြိတိန်ဟာ အနောက်ဥရောပမှာ မိသားစုဝင်ငွေ မညီမျှဆုံး တိုင်းပြည်ဖြစ်ပါတယ်။ တိုင်းပြည်ဝင် ငွေရဲ့ ခြောက်ပုံတပုံကို ထိပ်ဆုံးအရင်းရှင် ၁% နှုန်းက ကိုင်ထားပါတယ်။ အလုပ်လက်မဲ့နှုန်း ၁၅ နှစ်ဆက် တိုက် ၈.၁ ရာခိုင်နှုန်း ရှိပါတယ်။ ဗြိတိန်နိုင်ငံသား ၁၄ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုမျဉ်းအေက်မှာ နေနေကြရ ပါတယ်။
တနင်္ဂနွေနေ့ ဟန်နိုဗာမြို့မှ ဆန္ဒပြသူတဦး တီရှပ်နောက်ကျောမှာ "We are the 99%" လို့ ရေးထားတာပါ။ ဂျာမန် ထိပ်ဆုံးသူဌေး ၁% က တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုင်ထားပါတယ်။ ဂျာမန် ၁၆ ရာခိုင်နှုန်း ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေရပြီး လက်ရှိ အလုပ်လက်မဲ့ ၆.၆ ရာခိုင်နှုန်း ရှိပါတယ်။
ဇူးရစ်ဇ်မြို့က ဆန္ဒပြသူတဦးကလည်း ၉၉% အတွက် ဒေါ်လာတွေဆွဲပြီး ဆန္ဒပြခဲ့ပါတယ်။ ဘဏ်လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ဆွစ်ဇာလန်မှာ အလုပ်လက်မဲ့ ၂.၈ ရာခိုင်နှုန်းပဲ ရှိတာမို့ ဥရောပနိုင်ငံတွေထဲမှာတော့ အနည်း ဆုံးဖြစ်ပါတယ်။ ဆွစ်လူမျိုး ၇ ရာခိုင်းနှုန်းက ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရှိပါတယ်။ တိုင်းပြည်ဝင်ငွေ ခြောက် ပုံတပုံကို အရင်းရှင် ၁% က ကိုင်ထားပါတယ်။
တိုင်းပြည်ဝင်ငွေ အများစုကို ဓားပြတိုက်ယူထားတဲ့ အရင်းရှင် ၁ ရာခိုင်နှုန်းကို အောက်ခြေလူထု ၉၉ ရာခိုင် နှုန်းက ဆန့်ကျင်ဖို့ ဆန္ဒပြရာမှာ ဘရပ်ဆဲလ်မြို့က သက်ကြီးရွယ်အိုတွေလည်း ပါဝင်လာပါတယ်။ ဘယ်လ်ဂျီ ယံနိုင်ငံမှာ အလုပ်လက်မဲ့ ၆.၈ ရာခိုင်နှုန်းရှိပြီး နိုင်ငံသား ၁၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက် နေပါတယ်။
လစ္စဘွန်းမြို့မှာလည်း ၉၉ ရာခိုင်နှုန်းကို ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ပါတယ်။ ပေါ်တူဂီဟာ လက်ရှိဥရောပကြွေး မြီပြဿနာရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ ထိပ်ဆုံး အရင်းရှင် ၁ ရာခိုင်နှုန်းက တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတပုံကို ကိုင်ထားပါတယ်။ အလုပ်လက်မဲ့ ၁၂.၃ ရာခိုင်နှုန်း ရှိပြီး ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ပေါ်တူဂီနိုင်ငံသား ၁၈ ရာခိုင်နှုန်း ရှိနေပါတယ်။
"၁ ရာခိုင်နှုန်းက ထိန်းချုပ်ထားရင် အဲဒါ ဒီမိုကရေစီလား" ဆိုတဲ့ မေးခွန်းနဲ့ ဆစ်ဒနီမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဩစတြေးလျမှာ ထိပ်ဆုံးအရင်းရှင် ၁ ရာခိုင်နှုန်းက တိုင်းပြည်ဝင်ငွေ ဆယ်ပုံတပုံကို ထိန်းချုပ်ထားပြီး အလုပ် လက်မဲ့ ၅.၂ ရာခိုင်နှုန်း ရှိပါတယ်။
တိုကျိုမြို့မှာလည်း ၉၉ ရာခိုင်နှုန်း ကြွေးကြော်သံနဲ့ ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။ ဂျပန် ထိပ်ဆုံးသူဌေး ၁ ရာခိုင်နှုန်း က တိုင်းပြည်ဝင်ငွေ ဆယ်ပုံတပုံကို ချုပ်ကိုင်ထားပြီး အလုပ်လက်မဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ မတ်လမှာ ဖြစ်ခဲ့ တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် တိုင်းပြည်စီးပွားရေး အကြီးအကျယ် အထိနာခဲ့ရပါတယ်။ ဆင်းရဲမွဲတေမှုမျဉ်း အောက်မှာ ဂျပန် ၁၆ ရာခိုင်နှုန်း ရှိနေပါတယ်။
အောက်တိုဘာ ၁၅ ရက် စနေနေ့ ဆိုးလ်မြို့မှာ ၉၉ ရာခိုင်နှုန်း ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ပါတယ်။ တောင်ကိုရီး ယားဟာ ဓနမညီမျှမှုမှာ ကနေဒါနဲ့ တူညီပါတယ်။ အလုပ်လက်မဲ့ ၃.၂ ရာခိုင်နှုန်း ရှိပြီး ၁၅ ရာခိုင်နှုန်းက ဆင်း ရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်။
ထိုင်ပေမြို့လယ် ရှောပင်းမောလ်တွေ ရှေ့မှာ အရင်းရှင်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ဝင်ငွေ မညီမျှမှု က ကနေဒါနဲ့ တူပါတယ်။ အလုပ်လက်မဲ့ ၄.၅ ရာခိုင်နှုန်း ရှိပြီး ဆင်းရဲမွဲတေမှု ၁ ရာခိုင်နှုန်း ရှိပါတယ်။
ဝင့်ထန်း
Source: FP
9 comments:
အရူးတွေနဲ့  စောက်ပြင်းတွေ လုပ်နေုကတာ။ ၁ ရာခိုင်နုန်း ဆိုတဲ့ သူတွေ စောက်မြင်ကပ်ပြီး အလုပ်တွေ၊ ဆိုင်တွေ Super Market တွေ၊ Shopping Mall တွေ၊ ရှိသမျှ အလုပ်တွေ အကုန်ရပ်ပြီး ရှိတဲ့ ပိုက်ဆံနဲ့  ထိုင်စားနေမှဖြင့် အဲဒီ ၉၉ ရာခိုင်နူန်း ဆိုတဲ့ ကောင်တွေ င်္ခက်ပျောက်ပြီး ငတ်သေနေုကမယ်။ "သူဌေးလှေမှောက်တာ အရေးမုကီးဘူး၊ သူတောင်းစားခွက်ပျောက်ရင် ပြသနာ။" သေသေချာချာလည်း စဉ်းစာုးကအုံး ကိုယ့်လူတို့ ။
ဒေါက်ဆွေတို့ကတော့ အာရဗ်လှိုင်းစီး ခိုင်းလိုက် ဘာလိုက်နဲ့ အခုလဲ လာပြန်ပဟ၊ အဝေးကနေ ဖြတ် ညုပ်ကပ်လုပ်ပြီး ချွန်ဖို့ပဲရတယ်။ ဒေါ်စု သောက်တင်းပြောပြီး စစ်ခွေးဝဲစားတွေ ဝမ်းသာအောင် ချီးပဲပေါက်ပြတတ်တယ် ။ ကိုယ်တိုင် ဘာလုပ်ပါလို့လဲ ချမပြတတ်ဘူး။ တန်တော့ ဗမာပြည်ပြန်လဲ ဘာမှ မလုပ်စားတတ်လို့ပါပဲ။
ကို ASA ပြောတာမှန်ပါတယ် ၊
"သူဌေးလှေမှောက်တာ အရေးမကြီးဘူး၊ သူတောင်းစားခွက်ပျောက်ရင် ပြသနာ။"
အဲ.ဒီစတန်.ထွင်တဲ့ စောက်ရူးတွေကိုမြန်မာပြည်ပိုလိုက်ရမှာ ၊
၉၉ရာခိုင်နှုန်း ဆန္ဒပြမှု တဲ့ မေးချင်ပါတယ်
မေးပါရစေ မေးချင်လွန်းလို့
အခုကမ္ဘာ့မြို့ကြီး ၉၀ ကျော်မှာ ဆန္ဒပြနေကြတယ်တဲ့
99 percent ၉၉ရာခိုင်နှုန်း ဆန္ဒပြမှုတဲ့ ပြောကြတယ်
အဓိပ္ပါယ်က ဆင်းရဲချမ်းသာ မမျှတလို့တဲ့ ၊ နိုင်ငံ့လူဦးရေ ၁% က
အရမ်းချမ်းသာပြီး ၉၉%က အရမ်းဆင်းရဲနေလို့တဲ့
အမေရိကန်နိုင်ငံက စလိုက်တာတဲ့
အမေရိကန်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ငါးပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၉.၁% ရှိပြီး ၁၅%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ကနေဒါနိုင်ငံမှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ခုနစ်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၇.၁% ရှိပြီး ၉%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
အင်္ဂလန်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ခြောက်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၈.၁% ရှိပြီး ၁၄%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ဂျာမနီ မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၆.၆% ရှိပြီး ၁၆%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ဆွစ်ဇာလန်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ခြောက်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၂.၈% ရှိပြီး ၇%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ဘယ်လဂျီယန်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ အများစုကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၆.၈% ရှိပြီး ၁၅%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ပေါ်တူဂီမှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၁၂.၃% ရှိပြီး ၁၈%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ဩစတြေးလျမှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၅.၂% ရှိပြီး ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
၈ျပန်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ခုနစ်ပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၄% ရှိပြီး ၁၆%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
ထိုင်ဝမ်မှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ငါးပုံတစ်ပုံကို ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၄.၂% ရှိပြီး ၁%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
တောင်ကိုရီးယားနိုင်ငံမှာ ၁% က တိုင်းပြည်ဝင်ငွေရဲ့ ခုနစ်ပုံတစ်ပုံကို
ချုပ်ကိုင်ထားတယ်
အလုပ်လက်မဲ့ ၃.၂% ရှိပြီး ၁၅%က ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပါတယ်တဲ့
အောင်မယ်လေးဗျာ မေးချင်ပါရဲ့
အဲဒီနိုင်ငံတွေမှာ မီးပျက်လားဟင်
အဲဒီနိုင်ငံတွေမှာ အင်တာနက်နှေးသလားဟင်
အဲဒီနိုင်ငံတွေမှာ တယ်လီဖုန်းဈေးကြီးသလားဟင်
အဲဒီနိုင်ငံတွေမှာ မော်တော်ကားတွေ ဈေးကြီးသလားဟင်
အဲဒီနိုင်ငံတွေမှာ လမ်းတွေတအားပျက်နေသလား
အဲဒီနိုင်ငံတွေမှာ အရွယ်မတိုင်ခင် ကလေးတွေအလုပ်လုပ်နေရသလား
အဲဒီနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရှိလား
အဲဒီနိုင်ငံတွေမှာ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကို အစိုးရက ငွေဘယ်လောက်သုံးပါသလဲ
အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲတွေ အတင်းပေးခိုင်းတာရှိလား
အဲဒီနိုင်ငံတွေမှာ စာသင်ကျောင်းက ပုံနှိပ်စာအုပ်တွေဟာ အဖြူအမဲ ပဲလား
အဲဒီနိုင်ငံတွေမှာ ချဲထိုးလို့ ရလား ချဲဒိုင်တွေ အများကြီးပဲလား
အဲဒီနိုင်ငံတွေမှာ တရားသူကြီးကို အောက်ဆိုက်ပေးရသလား
အဲဒီနိုင်ငံတွေမှာ သက်ပြည့်မှတ်ပုံတင်လုပ်ရင် ကြာလား
အဲဒီနိုင်ငံတွေမှာ အစိုးရ သတင်းစာတွေပဲရှိလား
အဲဒီနိုင်ငံတွေမှာ အဲသည်လိုဆန္ဒပြရင် အဖမ်းခံရလား အနှစ် ၂၀ အနှစ် ၃၀
ထောင်ချပစ်တာပဲလား
မောလိုက်တာ
မေးစရာတွေက မကုန်သေးဘူး
အဲဒီနိုင်ငံတွေအကြောင်းမေးပြီးရင် ဗမာနိုင်ငံအကြောင်းသိချင်ပါတယ်
ဗမာနိုင်ငံလူဦးရေက သန်း၅၀ ထားပါတော့
သန်း၅၀ရဲ့ ၁%က လူဦးရေ ၅သိန်းနော်
ဗမာနိုင်ငံ မှာ အချမ်းသာဆုံးကနေစပြီး တန်းစီကြည့်မယ်
အချမ်းသာဆုံး အဆင့်တစ်ကနေ အချမ်းသာဆုံး အဆင့်ငါးသိန်းအထိ
ပိုင်ဆိုင်မှုတွေပေါင်းလိုက်ရင် တိုင်းပြည်ဝင်ငွေရဲ့ ဘယ်နှပုံ
ဘယ်နှပုံရှိနိုင်လဲ
ဗမာပြည်မှာ သူဌေးငါးသိန်းရောရှိရဲ့လား
ဗမာပြည်မှာဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေတာဘယ်လောက်ရှိသလဲ
ဒီတစ်ခုကတော့ အတိကျ နီးပါးပြောလို့ရပါတတယ်
သန်းငါးဆယ် အနှုတ် ငါးသိန်း ညီမျှခြင်း လေးဆယ့်ကိုးသန်းငါးသိန်းပေါ့
ဟုတ်မဟုတ် ကျနော့်ကို အကြောင်းပြန်ကြပါ
ဗမာပြည်မှာဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေတာ လေးဆယ့်ကိုးသန်းငါးသိန်း ဟုတ်ပါသလား
အဲနောက် ဆက်ပြီးအကြံတောင်းပါရစေ
အဲဒီ လေးဆယ့်ကိုးသန်းငါးသိန်း က ဘယ်လိုဆန္ဒပြနည်းကိုသုံးပြီး ပါဝင်သင့်ပါသလဲ
အဲဒီနိုင်ငံတွေအကြောင်းမေးပြီးရင် ဗမာနိုင်ငံအကြောင်းသိချင်ပါတယ်
ဗမာနိုင်ငံလူဦးရေက သန်း၅၀ ထားပါတော့
သန်း၅၀ရဲ့ ၁%က လူဦးရေ ၅သိန်းနော်
ဗမာနိုင်ငံ မှာ အချမ်းသာဆုံးကနေစပြီး တန်းစီကြည့်မယ်
အချမ်းသာဆုံး အဆင့်တစ်ကနေ အချမ်းသာဆုံး
hot tay very good comment
အရူးတွေနဲ့  စောက်ပြင်းတွေ လုပ်နေုကတာ။ ၁ ရာခိုင်နုန်း ဆိုတဲ့ သူတွေ စောက်မြင်ကပ်ပြီး အလုပ်တွေ၊ ဆိုင်တွေ Super Market တွေ၊ Shopping Mall တွေ၊ ရှိသမျှ အလုပ်တွေ အကုန်ရပ်ပြီး ရှိတဲ့ ပိုက်ဆံနဲ့  ထိုင်စားနေမှဖြင့် အဲဒီ ၉၉ ရာခိုင်နူန်း ဆိုတဲ့ ကောင်တွေ င်္ခက်ပျောက်ပြီး ငတ်သေနေုကမယ်။ "သူဌေးလှေမှောက်တာ အရေးမုကီးဘူး၊ သူတောင်းစားခွက်ပျောက်ရင် ပြသနာ။" သေသေချာချာလည်း စဉ်းစာုးကအုံး ကိုယ့်လူတို့ ။
Absolutely correct.
ကောင်းတဲ့အိုင်ဒီယာပါ
အကျိုးစီးပွားထိမှာကို စိုးလို့ ဆောင်းပါးမှာ တောင်
လန့်ပြိး ကွန့်မန်တွေရေးနေပါလား
စောက်ရူးက မင်းတိုပဲ
ဒေါက်တာလွဏ်းဆွေက အသိဥဏ်ပြည့်စုံတယ်
အေ အက်စ် အေ စောက်ရူး
မင်းကလည်းကြောက်တတ်လိုက်တာ သေရင် ဘာမှ ပါမသွားပါဘူးကွာ
မြန်မာပြည်မှာ ဒီလို အိုင်ဒိယာတွေ ဖြန့်ပေးရမယ်
အမေရိကန်က မြန်မာ ဆူရှီ အရင်း၇ှင်
ကြီးတွေကို အရင် ဖြိုချပစ်
သူဌေးဖြစ်နေတော့ ကိုယ့်တိုင်းပြည်တောင်မေ့နေပြိ
သူတောင်းစားခွက်ပျောက်တာ ဘာမှမဖြစ်ဘူး
မင်းတို သာခွက်ကို သေချာကိုင်ထား
မြန်မာပြည်ပြန်ရင် မင်းကိုင်ထားတဲံခွက်ထဲ သေးပေါက်
ထည့်ပေးမယ်
အဲလို ၁ ရာခိုင်နှုန်းက ထိုင်စားနေလိုက် လို့ ကတော့  အဲဒီလူတွေ စောစောစီးစီး ကြွမှာပဲ။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းက ၀ိုင်းသတ်တော့ မှာပေါ့ ။ ငတ်နေမှတော့  ဘယ်ထိုင်ကြည့်နေတော့ မှာလဲ။
Post a Comment