Tuesday, October 25, 2011

အောက်တိုဘာ ၂၅ - ဇာဂနာ့ဆီက သတင်းစကားနဲ့ ဓာတ်ပုံများ

သာယာဝတီ ထောင်ပိုင်ကြီးနဲ့ တွေ့ပြီး ပါဆယ်၊ ပိုက်ဆံနဲ့ ဂျာနယ်တွေ အပ်တာပါ။ အရမ်းအဆင်ပြေပြီး အရမ်းဖော်ရွေလို့ အထူးကျေးဇူးတင်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်အတွက် ပိုက်ဆံ ၃ သိန်း ၄ သောင်းနဲ့ ဂျာနယ် ၈၁ စောင်၊ အထွေထွေစာအုပ် ၃၄ အုပ် လှူခဲ့ပါတယ်။ သာဓုခေါ်ကြပါခင်ဗျာ။
သာယာဝတီမှာ မိတ်ဆွေတွေနဲ့ တွေ့ပါတယ်။ ခရိုင်တခုလုံးမှာ ရှိကြတဲ့
၈ မြို့နယ်က လူမှုရေးအဖွဲ့ NLD လူငယ်တွေနဲ့လည်း တွေ့ရပါတယ်။
ပေါင်းတည် အကျဉ်းထောင်ရှေ့မှာပါ။
(FB-Maung Thura)

2 comments:

Anonymous said...

Well done! Well done! Well done!

Anonymous said...

လူ့တန်ဖိုးသည် ငွေနှင့် တိုင်းမရပါ။ အင်မတန် မွန်မြတ်လှပါပေတယ် ဦးဇာဂနာ..အတိုင်းမသိ ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။ သာဓု ... သာဓု ... သာဓု