Wednesday, October 12, 2011

ကိုဇာဂနာ DVB ကို ပြောတဲ့ “ပုပ်နေတဲ့ နှစ်သီးကို ဂေါ်ပြား ကော်ခြင်း” (အသံ)

6 comments:

---- said...

ဒီတစ်ခါတော့ ကိုဇာဂနာ မှားသွားမယ်။ ကိုဂေါ်ဇီလာပြောတာ မှန်တယ်။ ပြည်ပကအတိုက်အခံတွေ ဒီလောက်အပုတ်နံ့ ထွက်နေတာ ထောင်ထဲက ကိုဇာဂနာ သိမှမသိတာ။

Anonymous said...

ဟုတ်တယ်ကိုဇာဂနာရေ
ကိုဂေါ်ဇီလာကအမှန်ပြော
တာပါ ပြည်ပကအဖွဲ့တွေအ
ကြောင်းကို

MK said...

ပြောတာလဲပြောပေါ့ကွာ ကိုသူရပြောသလို မှန်တိုင်းလဲမကောင်းဘူး လို့၊ လောလောဆယ်တော့ စိန်သီးနဲ့ဇီးသီး ရေလိုက်လွဲသွားရှာတယ် မပုတ်သင့်ပဲ ပုတ်သွားရတာ နေခြောက်လှမ်းပြီး ယိုထိုးလိုက်ရင်တော့ နည်းနည်းအသုံးဝင်ပါလိ့မ်မယ် ကိုသူရခင်ဗျား ။

Nga Sanay said...

ကိုဇာဂနာ ထောင်ကလွတ်လွတ်ချင်း ပြောတဲ့စကားတွေနဲ. ပြည်တော်ပြန် ဂေါ်ဇီလာနဲ. ဦးပီတာလင်းပင်တို. ပြောတာ တခြားဆီပါဘဲလားဗျာ။

ကိုဇာဂနာက ဦးသိန်းစိန် အစိုးရကို သရော်လိုက်ပေမဲ့ ဂေါ်ဇီလာက ဋ္ဌကံ့ဖွတ်အစိုးရကို မျက်နှာလုပ်ပြီး ပြည်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေကို တွယ်ပြလိုက်တယ်။
ဦးပီတာလင်းပင်က သူဘဲသတ်တိရှိရှိနဲ. ပြန်လာသလို ကိုယ်ရည်သွေးလိုက်ပြီး၊ သမတဋ္ဌကီးကို ဖါးတဲ့စကားတွေကို ပြောသွားခဲ့တယ်။

ကိုဇာဂနာရေ၊ ဂေါ်ဇီလာပြောတာတွေ တစိတ်တပိုင်းမှန်ပေမဲ့ အကျိုးယုတ်တဲ့ဘက်ကို ဦးတည်သွားစေတယ်။ ပြည်တွင်းကလူတွေက ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ အပေါ်အထင်လွဲသွားစေပါတယ်။

ပြည်ပမှာ ဒိုနာတွေဆီက ငွေယူပြီး လှုပ်ရှားနေသူတွေ ရှိသလို၊ ကိုယ့်ချွေးနဲစာ ရတဲ့ငွေနဲ. ပြည်တွင်းပြည်ပနယ်စပ် လှုပ်ရှားမှုတွေအတွက် ပို.ပေးနေသလို၊ လုမှုရေးလုပ်ငန်းတွေမှာလည်း တနိုင်တပိုင်လုပ်နေသူတွေ အများဋ္ဌကီးရှိပါတယ်။ စိတ်ဓါတ်ကျသွားပြိး ဘာမှမလုပ်တော့တဲ့ သူတွေလည်းရှိပါတယ်။

အတိုချုပ်ပြောရရင် ပြည်တွင်းပြည်ပစိတ်ဝမ်းမကွဲဘို. ၀ိုင်းဝန်းထိမ်းသိမ်းပေးဋ္ဌက စေချင်တယ်။
နို.မဟုတ်ရင် စစ်အာဏာရှင် သဘောကျလုပ်ပေးနေသလို ဖြစ်သွားလိမ့်မယ်။

ငစနေ

Anonymous said...

ဂေါ်ဇီလာပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ ပြည်ပရောက် အဖွဲ့အစည်းတိုင်းလိုလိုက ဖောက်ပြန်နေတာကိုး။ ဒါပေသိ ပြောဖို့ ကျန်သွားတာ ရှိသေးတယ်။ အဲဒီလုပ်စားသက်သက်တွေနဲ့ပေါင်းပီး ဂေါ်ဇီလာလည်း လုပ်စားခဲ့တာ သုံးနှစ်သုံးမိုး ကြာသွားပါတယ်။ ပြည်ပရောက် မျက်နှာမွဲ မြန်မာတွေအတွက် ဘာမှ လုပ်ပေးခဲ့တာမရှိဘဲ လုပ်စားသက်သက် ဘေးထိုင်ဘုပြောအဆင့်ပဲရှိပါတယ်။ ကိုသူရမျှော်မှန်းတဲ့အဆင့် မရောက်ခဲ့ပါဘူး။ ပြည်ပမှာနေတုန်းလည်း အဖွဲ့သားတွေ အပေါ် မတရားလုပ်ခဲ့ပါတယ်။ လူမှုရေးလည်း ဖောက်ပြန်ခဲ့ပါတယ်ဆိုတာကို အမှန်အတိုင်း ၀န်ခံလိုက်။ အဲတာဆို ကိုဇာဂနာကလည်း လက်ခံပေးလိုက်။ ဒါမှ ဇာဂနာရော ဂေါ်ဇီလာပါ မှန်မယ်။ ခုဟာက ထောင်ထဲရောက်တာ ကြာနေတဲ့ ကိုသူရကလည်း အမှန်အတိုင်းမသိ၊ ဂေါ်ဇီလာကလည်း တကွက်ချန်ပီးပြောနေတော့ ကြားထဲက လူတွေ သို့လော သို့လောဖြစ်နေမှာစိုးလို့

ချင်းမိုင်ရောက် ရွှေ့ပြောင်းအလုပ်သမား တဦး

Tin said...

ပြည်သူ့အချစ်တော် ကိုဇာဂနာရေ.. ဂေါ်ဇီလာရဲ့ တခြားကိစ္စတွေအပေါ်မှာ ကိုဇာဂနာ ဘယ်လိုဆုံးဖြတ်မလဲတော့မသိဘူး။ ဒါပေမဲ့ ပြည်ပအဖွဲ့အစည်းတွေအပေါ်မှာ ပြောတာနဲ့ပါက်သက်ပြီးတော့ ကောက်ချက်ချမမှားဖို့တော့လိုလိမ့်မယ်။
ပြည်ပက တကယ့်ကြီးကြီးမားမား လုပ်နေတဲ့ အဖွဲ့တွေကို သေသေချာချာစမ်းစစ်ကြည့်လိုက်ပါ။ အကုန်လုံး အရှက်မရှိ ရိုက်စားတွေချည်းပဲ။ အခုလောလောလတ်လတ်ပဲကြည့် ဒီဗီဘီမှာ အလွဲသုံးစားဖြစ်တာပေါ်လာပြီ။ ကိုဇာဂနာတို့ ကသာထောင်ထဲမှာ ကိုယ်ဆင်းရဲစိတ်ဆင်းရဲနေတာ သူတို့ က ကိုဇာဂနာတို့ ကို လက်ညိုးထိုးပြီး အငြိမ့်သားပဲ။ အခုဆို ဒေါ်စုလည်းသူတို့ အကြောင်းသိသင့်သလောက်သိသွားပြီထင်ပါတယ်။ သူတို့လည်း နအဖ အစိုးရနေရာ ရောက်ပြီး အာဏာရခဲ့လို့ ရှိရင် နအဖအစိုးရထက်မဆိုးရင်တောင် အတူတူလောက်ပဲ ရှိမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲဗျာ။