Sunday, October 16, 2011

ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ်

ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ်
စိန်သံလုံး
ကာတွန်း ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)

ကြောက်လိုက်တာနော်၊ ငါတို့မတရားယူထားတဲ့ အာဏာဆိုတဲ့ဟာကြီး ပြုတ်ကျသွားမှာ၊ ကင်းကွာသွားမှာကို တော့ ကြောက်မှကြောက် တကယ်ကြောက်၊ အဟုတ်ကြောက်၊ သားသား ကြောက် ... ကြောက် ...။

ဟုတ်တယ်လေ ... အရင်တုန်းက လူရှေ့သူရှေ့မှာ အာဏာပြခဲ့ရတာ၊ ခုတော့ နောက်ကွယ်ကနေ အာဏာအ ရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့လူပေါ့။ တချို့က ထမိန်ခြုံဆရာကြီးလို့ ခေါ်တယ်။ အလဲအထပ်တွေ လုပ်ဖို့ ထောင် ထဲသွင်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး လိုချင်တာတွေ၊ ဖြစ်ချင်တာတွေရအောင် နိုင်ငံတ ကာမှာ တောင်းဆိုရမယ်လေ။ ပြန်ပေးဆွဲထားသလိုပေါ့၊ ဒီကိစ္စ မရှက်ဘူးလားလို့မမေးနဲ့၊ ကျုပ်က ချက်ကြိုးနဲ့ ရှက်ကြိုး မွေးကတည်းက မှားဖြတ်ပြီးသား။ ရှက်တတ်ရင် ကျုပ်ဒီလောက် ဘယ်ယုတ်မာမလဲ။ အရှက်မရှိပေ လို့သာ ဒီလောက်အထိ လက်ရဲဇက်ရဲ ယုတ်မာရဲတာပေါ့။ ဒီလို ယုတ်မာရတာကလည်း ကျုပ်က အာဏာမရှိ ရင် မနေတတ်လို့ရယ်ပါ။ အဲဒါကြောင့် ဒါလေးတခုကိုတော့ ခွင့်လွှတ်ကြပါနော်လို့ ...။ တချို့ကတော့ ကျုပ်ကို ဂုဏ်ပြုကြတယ် အာဏာရူးကြီးတဲ့ (စောဝေဆိုတဲ့ ကဗျာဆရာလေးကတောင် အာဏာရူးကြီး မှူးကြီး ဘာညာ ဆိုပြီးတော့ ကျုပ်ကို ကဗျာစပ်ဆို ဂုဏ်ပြုလိုက်သေး ...)။

အဲဒီအာဏာဆိုတဲ့ဟာကြီးက တော်တော်အရသာရှိတယ်၊ မက်ဖို့လည်းကောင်းတယ်။ အဲဒီအာဏာဆိုတဲ့ ဟာ ကြီးနဲ့ ကျုပ်မိသားစု၊ ကျုပ်ဆွေမျိုးတွေ ကောင်းစားခဲ့ပြီးပြီ။ မကာအိုဘဏ်မှာတောင် ဒေါ်လာသန်းချီပြီး ကျုပ်မိ သားစု နောင်ရေးအတွက် အပ်ထားပြီးပြီ။ မနာလိုမရှိနဲ့နော်။ တကယ်ပြောတာ။ အဲဒါကြောင့် နှစ်ပေါင်းနှစ် ဆယ်ကျော် အသုံးပြုခဲ့တဲ့ ဒီလောက်ကောင်းတဲ့ အာဏာဆိုတဲ့ဟာကြီးကို ကျုပ်က လွယ်လွယ်နဲ့တော့ လက် လွှတ်မှာမဟုတ်ဘူး။

အဲဒီအာဏာကြီးနဲ့ စည်းစိမ်ချမ်းသာ ခံစားရတာမ၀သေးဘူး။ ဒါကြောင့် နေရာတိုင်းမှာ ကျုပ်ယုံကြည်စိတ်ချရ တဲ့သူတွေကို ခန့်အပ်ပြီး အာဏာကိုဆက်ကိုင်ထားတာ ကျုပ်မလွန်ပါဘူးနော်။ စင်ပေါ်က ကျုပ်တပည့်တွေကို အမုန်းခံခိုင်းပြီး ကျုပ်ကနောက်ကနေ ခလုတ်နှိပ်နေရတာ အရသာရှိလိုက်တာ။ ဒါပေမယ့် ကျုပ်ကို ဖြုတ်ချ မယ့် နှောက်ယှက်မယ့်၊ ကျုပ်ဆီက အာဏာကို လုယူမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ နိုင်ငံရေးသမားတွေကို တော့ ကျုပ်က ကြောက်တယ်။

ကြောက်ဆို သူတို့က အရည်အချင်းတွေရှိတယ်လေ။ သူတို့ကို ပြည်သူတွေက ချစ်တယ်၊ ထောက်ခံကြတယ်၊ သူတို့က တိုင်းပြည်အတွက် အရာရာကို စွန့်လွှတ်ရဲတယ်။ သူတို့အသေခံ တိုက်ပွဲဝင်ဆန္ဒပြခဲ့ကြလို့ ၁၉၈၈ အ ရေးခင်းကြီးဖြစ်ပြီး မဆလအစိုးရ ပြုတ်ကျခဲ့တာမဟုတ်လား။ အဲဒီအစိုးရရဲ့အာဏာကို ကျုပ်တို့က အလွယ်တ ကူ သေနတ်ပြပြီး လုယူခဲ့တာ လက်ဦးမှုရခဲ့လို့ တော်သေးတာ။ အမှန်အတိုင်းပြောရရင် သူတို့ကြောင့်သာ ကျုပ်တို့ အခုလို အာဏာရခဲ့တာလေ။ သူတို့သာ ၈၈ အရေးအခင်းကို မဖန်တီးခဲ့ရင် ကျုပ်တို့ကို ခုလို စည်းစိမ် ချမ်းသာရစေတဲ့ ဒီအာဏာဆိုတာကြီးရမှာ မဟုတ်ဘူး။ သူတို့ကျေးဇူး ကျုပ်တို့အပေါ်မှာ ကြီးခဲ့ပါတယ်။ ဒါပေ မယ့် ကျုပ်တို့အာဏာတည်မြဲရေးအတွက်တော့ သူတို့ကို ကျေးဇူးကန်းရမှာပဲ။ တတ်နိုင်ပေဘူးပ။

ကျုပ်ပထွေး ပေါက်ဖော်ကြီး အီစံကွားက ပြောတယ်။ အာဏာကို ဆက်ကိုင်ထား။ သယံဇာတတွေကို ငါတို့အ ကျိုးစီးပွားအတွက် လုပ်ပေးတဲ့။ သူများတွေ ဘာပြောပြော မကြောက်နဲ့တဲ့။ မင်းတို့နောက်မှာ ငါရှိတယ်။ ကြောက်တဲ့စိတ်နဲ့ အလျှော့မပေးနဲ့တဲ့။ ဒါနဲ့ အာဏာကို ဆက်ကိုင်ထားဖို့ ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက် တွေထုတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ခုတုံးလုပ် အသုံးချခဲ့တယ်။ ထောင်ထဲမှာ ထိုက်တန်တဲ့ အခွင့်အ ရေးတွေ မပေးချင်လို့ သူတို့ကို နိုင်ငံရေးအကျဉ်းသားလို့ မသုံးနှုန်းခဲ့ဘူး။ သူတို့ကို မိသားစုနဲ့ ဝေးရာကို ပို့ပြီး အိမ်ကလူတွေကို စိတ်ဆင်းရဲအောင်လုပ်တယ်။ တခြားအကျဉ်းသားတွေထက် ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းတယ်။ ရာဇ၀တ်အကျဉ်းသားတွေပဲ များများလွှတ်ပြီး နိုင်ငံတကာကို မျက်လှည့်ပြစားတယ်။ နိုင်ငံရေး အကျဉ်းသားကို နည်းနည်းချင်းပဲ လွှတ်ပေးတယ်။

အဲဒီလိုလုပ်ဖို့ အကျဉ်းထောင်တွေထဲမှာ ကျုပ်တို့ကို ဒုက္ခပေးမယ့်လူတွေကို အမှုအမျိုးမျိုးဆင် ပုဒ်မအမျိုးမျိုး တပ်ပြီး ထောင်ချထားတာလေ။ သူတို့ကို နိုင်ငံရေးအကျဉ်းသားတွေလို့ ခေါ်ခွင့်မပေးနိုင်ပါဘူး။ နိုင်ငံရေး အ ကျဉ်းသားလို့ဆိုတာနဲ့ အင်္ဂလိပ်ခေတ်ကလို ထိုက်တန်တဲ့ အခွင့်အရေးတွေ ပေးရတော့မယ်။ တချိန်က အင်္ဂ လိပ်တွေကို လူမဆန်ဘူးလို့ ပြောခဲ့တယ်။ ကျုပ်တို့က ဒါထက်ပိုသေး။ ဒါကြောင့်လည်း အပြစ်ရှိတဲ့ ကျုပ်က ကြောက်နေတာပေါ့။ တချို့ကတော့ ပြောကြတယ် ... ကြောက်မွှေးပါရင် ဇာဂနာနဲ့ နှုတ်တဲ့။ ဟုတ်ကဲ့ အဲဒီ ကြောက်တတ်တာကြီးကို နှုတ်ပစ်ဖို့ အခု ဇာဂနာကို မြစ်ကြီးနားထောင်က ထုတ်ခိုင်းလိုက်ပြီ။ ကဲ နှုတ်လိုက် ကြစို့ သူငယ်ချင်း ... ... ကြောက် ... အီး … အီး … ဘွတ်)

မှတ်ချက် ။ ။ ဇာဂနာ ပြန်လာပြီဆိုတော့ ကျုပ် သတိထားရတော့မယ်။

ဖွင့်ဟ၀န်ခံသူ - ဇာတ်ဆရာကြီး ဂျိုကုတ်ဒူးကြီး လန်းစေ။

စိန်သံလုံး

2 comments:

yoo said...

စိန်သံလုးံ။ ။ ကဲ နှုတ်လိုက် ကြစို့ သူငယ်ချင်း ... ... ကြောက် ... အီး … အီး … ဘွတ်

ကိုဇာဂနာ။ ။ ခဏနေအုန်း...၊ အန်တီတို့ နဲ့ တွေ့ 
ရအုန်းမယ်။ အန်တီဆီလဲ အကြောင်းကြားထားတယ်။
အဲဒီတော့မှ ဆုးံဖြတ်တော့မယ်...။

ဒေါက်တာလွှတ်ဆွ။ ။ ဘူး..ထွား.ဟား..ဟား..ဟား။
ရီရတယ်ဟေ့...ဗြဲ...။

thiha said...

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မထိုက်တန်သော " ပြည်သူသတ် လူမိုက်ကြီးတို." ၏ ဇာတ်သိမ်း....
ဂဒါဖီ ပြီးရင် သန်းရွှေ အလှည့်။

ပြည်သူ့  အလိုကိုဆန်.ကျင်သူတို. မလွဲမသွေ သွားမြဲ သွားရာလမ်း....
Gaddafi Captured and killed.

http://uk.news.yahoo.com/reports--gaddafi-captured-in-sirte.html

Gaddafi Confirmed DEAD ! Abdul Hafiz Ghoga, the NTC vice chairman, told a news conference in Benghazi.
Libya confirms Gaddafi killed
Nation celebrates as PM announces former leader’s death.

http://link.ft.com/r/8P1R88/IIF3OX/0GVHUK/2OOSPT/L93LJV/E4/h?a1=2011&a2=10&a3=20