Friday, October 28, 2011

ရခိုင်မှ ပေးစာ၊ ရင်ဖွင့်စာ၊ တိုင်ကြားစာများ

(ပေးပို့သည့် မူရင်အတိုင်း ပီဒီအက်ဖ်ဖိုင် ပြုလုပ်၍ တင်ဆက်ပေးခြင်းဖြစ်ပါသည်)
Arakan Letters

1 comment:

Thein said...

လယ်တွေက အမှန်တော့ စစ်တပ်ပိုင်တွေပါ၊ မောင်ဦးတိုင်မှူးတုံးက စစ်တပ်အားကိုးနှင့်ဆည်တာ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်တပ်မတွေပါတယ်။ စပါးစိုက်တော့ မိုး ၁ ချက်ရွာတာနှဲ့ စပါးစေ့တွေပါသွားပြီး ကန်သင်းလောက်မှာပဲ အပင်ပေါက်တွေ တင်ကျန်တာပါ။
လယ်ယာမြေဖေါ်ထုတ်တာနှဲ့ စပါးကြဲတာ ၂၀၀၅ လောက်က သိန်း ၁၀၀ လောက် စစ်တပ်ရံပုံငွေပြောင်သွားပါတယ်။ အဲ့ဒါနှဲ့ မောင်ဦး က အခု တပ်ချုပ်ဖြစ်နေတဲ့ မင်းအောင်လှိုင်ကို ညာတာပါတေးနှဲ့ စာရင်းလွဲပြီး ပြည်ထဲရေးကို ထွက်ပြေး၊ မင်းအောင်လှိုင်ကလည်း ငါတော့ချီးထုတ်ပိုက်ပြီ ဆိုပြီး အခုဆောက်လုပ်ရေးဝန်ကြီးဖြစ်နေတဲ့ ဗိုလ်ချုပ် ခင်မောင်မြင့်ခေါင်းပေါ်တင်ခဲ့တာ ရခိုင်ကတိုင်းမှူးတွေ ရက်တိုတိုနှင့် လွတ်ရာပြေးရတာပါ။ အနီးအနားမှာရှိတဲ့ရွာ ဂျီဖြူတောင်ပါ။ မိဖုရား စောမဲကျီ တည်ခဲ့တဲ့ ဆင်တင်ဘုရားရှိပါတယ်။ လပြည့်နေ့တိုင်းမှာ ဘုရားအနီးက ကံကော်ပင်က ပွင့်ပါတယ်။ ဂျီဖြူတောင်သားတွေက လူပျင်းတွေပါ။ တရက် ၂၀၀၀ ပိုက်ဆံပေးငှားရင် ၁၀ နှစ်သားခလေးလုပ်တာလောက်တောင် မပြီးပါ။ သူတို့ရွာနားမှာရှိတာတောင် ကာရီမဆည်ကြပါ။ အရင်တုံးက ဘာလုပ်စားလဲဆိုတော့ ဒမြတိုက်ပါတယ်။ ရမ်းဗြဲ၊ မာန်အောင်၊ လမူးတို့ကထွက်လာတဲ့ လှေ၊ ၀ါးဖေါင်၊ မော်တော်ဘုတ် တွေကို တိုက်တာပါ၊
အိုး၊ ခွက်၊ ဆန်၊ ဆီ၊ ဆား၊ လက်ခုစုတ်၊ ဘောင်းဘီတိုကအစ ယူပါတယ်။
တံတားတွေဆောက်၊ လမ်းတွေဖေါက်တော့မှ နဲနဲယဉ်ကျေးလာကြတာပါ။ စောစောကဆည်တွေကို တပ်တွေက အရှံးပေါ်တော့မလုပ်နိုင်ဘဲ ၁ နှစ်လောက်ပစ်ထားတာပါ။ နောက် ၁ နှစ် လောက်နေမှ ရမ်းဗြဲသားတွေက ဂျီဖြူတောင်ရွာစွန်တွေမှာနေရာဝင်ယူပြီး ကာရီအလုပ်လုပ်စားကြတာပါ။ တောခုတ်စရာမလိုတော့ဘူး။ ကာရီဆည်တာလည်းသိပ်ခက်ခက်ခဲခဲ လုပ်ရာမလိုဘူး၊ ကားလမ်းလဲပေါက်နေ တော့ စားနပ်ရိက္ခာ ၀ယ်ရတာလဲလွယ်တယ်လေ၊၊ ဘယ်နှယ် မောင်ဦးအမွေကို ၃၄၆ တို့ ၅၄၄ တို့က ဒါးမြတိုက်နေတာဘာလိမ့်၊ တောင်ကုတ် စကခ ၅ ဗိုလ်မှုးချုပ် ကောင်းမြတ် တောင်ငူခရိုင်၊ ကရင်ပြည်နယ် ဘောဂလိမှာ တောင်ကုတ်က အကျင့်တွေပါသွားပြီး ဒညုင်းခြံတွေ၊ ကွန်းသီးခြံတွေ၊ ဖါလာခြံတွေမှာသွားတောင်းတာ ကရင်တွေဆွဲမိုင်းဆွဲတော့ ကိုယ်ခြမ်းပါသွားပြီးသေရှာတာပါပဲ။ ကရင်ရူးတွေကလဲ သတ္တာဝါနှင့် လက်နက်မမျှလုပ်ထားတာတောင် အလောင်းတင်လာတဲ့ကားကို ကြောက်ချီးပန်းပြီး ဆွဲမိုင်းထပ်ဆွဲသေးတယ်။ ကံကောင်းလို့ အလောင်းသင်းကျိုရတာ။ တောင်ပေါ်လမ်းကွေ့လေးမှာတောင်ယာခုတ်သလို ၀ါးပင် ၃ ပင်လောက်ခုတ်ချထားတာ၊ ငပျင်းတွေက ဆင်းမဖယ်ဘဲ ချောက်နားလေးက ပန်းကွေ့သွားတာ ၃ စီးလောက်ရှိပြီး ဗိုလ်မှုးချုပ် ကောင်းမြတ်စီးလာတဲ့ ကားအလည့်ရောက်မှ ဆွဲလိုက်တာ ကိုယ်ခန္တာ တခြမ်းပါသွားပြီး ကားခေါင်မိုးသံကိုင်းနှဲ့ ခေါင်းနှဲ့ ရိုက်မိတာ ဦးခေါင်းခွံကွဲပြီး သေရှာပါလေရော။ နောက်မှအချိန်ရရင် ရခိုင်ပြည်ရဲ့ မျောင်ခိုရာဇာ ရခိုင်မာဖီးယားခေါင်းဆောင် ဦးကျောက်တောင် အကြောင်းဆက်ရေးပါမယ်