ပဲခူးမြို့ပေါ်က နာမည်ကြီး လူယုတ်မာ ချီးပုံးသန့်ဇင်ဂိုဏ်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ်တို့ ပိုမိုခင်မင်ရင်းနှီးလာသည်ဆိုသည့်
သတင်း၏ နောက်ကွယ် ...
သတင်း၏ နောက်ကွယ် ...
မိတ်ဆွေတို့ ဖတ်ကြည့်ပါ။ ဖြန့်ဝေပေးပါ။ ကျနော်တို့နေတဲ့ မြို့လေးမှာ ဒီလိုမတရားမှုမျိုးတွေ တကယ်ဖြစ်နေ တာပါ။ ဒါကို ကျနော်တို့ ပဲခူးမြို့မှာရှိနေတဲ့ ၀န်ကြီးချုပ်နှင့် အစိုးရဘက်တော်သားများ၊ ဒီမိုကရေစီအင်အားစု များ၊ လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူဆိုသူများ ဒီလိုပဲလက်ပိုက်ကြည့်နေသတဲ့လား၊ ကျော်မကောင်း ကြားမကောင်း ပဲခူးချီးပုံးမာဖီးယားဂိုဏ်းနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တို့ ဆက်နွယ်နေသတဲ့ဗျာ။ ကဲ အပြည့်အစုံကို တော့ အောက်က သတင်းထောက်နဲ့ ပြည်သူတဦးရဲ့ ရင်ဖွင့်သံလေးကို နားထောင်ကြည့်ပါ။ လူမဆန်တဲ့ လူ မိုက်တယောက်ရဲ့ မတရားမှုကို ခေါင်းငုံ့ခံနေရတဲ့၊ ဥပဒေရဲ့မျက်ကွယ်ပြုခြင်းခံထားရတဲ့ ပဲခူးမြို့သူမြို့သားတ ချို့ရဲ့ ခံစားချက်ကို တွေ့ရပါလိမ့်မယ်။
ကျနော်တို့ပဲခူးမှာ မဂ္ဂတစ်ဆိုတဲ့ ရပ်ကွက်ရှိတယ်။ အဲ့ဒီရပ်ကွက်မှာ သန့်ဇင်ဆိုတဲ့လူ ရှိတယ်ဗျ။ အဲဒီလူကို ရပ် ကွက်က ချီးသန့်ဇင်လို့ ခေါ်ကြတယ်။ သူက ပဲခူးအမှတ် (၁) စခန်းက ရဲသတင်းပေးပေါ့ဗျာ။ ပြီးတော့ သူက လူမိုက်တွေ လက်သပ်မွေးထားတယ်။ သူခိုးတွေ မွေးထားတယ်။ ပြည့်တန်ဆာခန်းထောင်ထားတယ်။ ကြံ့ခိုင် ရေးခေတ်မှာ သူက စည်းရုံးရေးမှူး၊ ရဲစခန်းက ရဲနဲ့ ပေါင်းတယ်။ ရဲတွေအတွက် အမှုဆင်ပေးတယ်။ အဲဒီလိုနဲ့ သူက မြို့မှာ တဖြည်းဖြည်း သြဇာရှိလာတယ်။
တခါက သူ့သား မောင်းလာတဲ့ တုတ်တုတ်ဆိုင်ကယ်က ဆိုင်ကယ်တစီးကို ၀င်တိုက်လိုက်တယ်။ သူက အ လျော်ပေးမယ်ဆိုပြီး အဲဒီလူကို သူ့အိမ်ခေါ်သွားတယ်။ အိမ်ထဲရောက်တော့ အဲဒီလူကို သူ့တပည့်တွေက ၀ိုင်း ရိုက်တယ်။ ပြီးတော့ သူ့သားက သူ့ပေါင်သူ ဓားနဲ့ ထိုးချလိုက်တယ်။ နောက်ပြီး အမှုသွားဖွင့်တယ်။ စခန်းမှာ ဒီဆိုင်ကယ်တိုက်ခံရတဲ့သူက ကျနော့်သားကို အိမ်ထဲအထိ ဓားနဲ့ ၀င်ထိုးပါတယ်ဆိုပြီး နာကျင်စေမှုနဲ့ အမှုဖွင့် တယ်။ ရဲကလည်း သေချာမစစ်ဘဲ လက်ခံတယ်။ ဟိုလူမှာ အလျော်မရတဲ့အပြင် အလျော်ပါ ပေးရတယ်။
နောက်တခုကဗျာ သူတို့ရပ်ကွက်ထဲက ပျံကျအိမ်တအိမ်မှာ အသက် ၅၆ နှစ် အဖွားကြီးတယောက်နေတယ်။ အဲဒီအဖွားကြီးကို ချီးသန့်ဇင်ရဲ့ ညာလက်ရုံး သူရဆိုတဲ့ကောင်က ညအချိန်မတော်သွားပြီး ခင်ဗျားမှာ အိမ် ထောင်စုဇယားရှိလား၊ မရှိရင် ဧည့်စာရင်းတိုင်ရမယ်။ ဧည့်စာရင်းမတိုင်ရင် ရဲဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ငွေ တောင်းတယ်။ အဖွားကြီးက မပေးနိုင်တော့ ၅၆ နှစ် အဖွားကြီးကို သူရက မူးမူးနဲ့ မုဒိမ်းကျင့်လိုက်တယ်။ အ ဖွားကြီးမှာ သေလုမြောပါးပဲ။ ဒါကို အဖွားကြီးက ရယက သွားတိုင်မယ်ဆိုတော့ ချီးသန့်ဇင်က လမ်းကနေ ဖြတ်ခေါ်ပြီး ခင်ဗျားဆေးကုဖို့ ငါးသောင်း ကျုပ်ပေးလိုက်မယ်၊ အေး မကျေနပ်လို့ ထပ်တိုင်လည်း ရဲက ဘယ် သူ့လူဆိုတာ ခင်ဗျားသိလား၊ ကျုပ်လူဗျ။ ခင်ဗျား သေချင်းဆိုးနဲ့ သေသွားမယ်ဆိုတော့ အဖွားကြီးခမျာ ငါး သောင်းနဲ့ပဲ ကျေနပ်လိုက်ရတယ်ဗျာ။ တကယ့်ဆင်းရဲသားတွေ သနားပါတယ်ဗျာ။ ကျနော်လည်း သူတို့ကို သနားလို့ပါ။ အဖွားကြီးဆို တော်တော်သနားဖို့ ကောင်းတယ်။ သူခမျာ ဆရာဝန်ကလည်း ဆူဆဲသေးတယ်။ အသက်ကြီးမှ ကမြင်းရလားဆိုပြီး သွေးဆုံးနေတော့လည်း စုပ်ပြတ်သွားတာပေါ့။ သူ့ခမျာ မတရားခံရတာ ကို မပြောရဲရှာဘူး။ ရဲတိုင်လည်း အကြောင်းမှမထူးတာကိုး။
ချီးသန့်ဇင်က မြို့ပေါ်မှာ ပြည့်တန်ဆာခန်း ထောင်ထားတယ်။ အမှတ် (၁) ရဲစခန်းက စခန်းမှူးကအစ သူ့သြ ဇာခံရတယ်။ သူက သူခိုးလက်ခံလည်း လုပ်တယ်။ နောက်ဆုံး ရပ်ကွက်ကလူတွေက မီးစက်တို့ မော်တာတို့ ပျောက်ရင် စခန်းမတိုင်တော့ဘူး။ ချီးသန့်ဇင်ကို တစ်သောင်း နှစ်သောင်း သွားကန်တော့လိုက်တယ်။ ညကျ ရင် အဲ့ပစ္စည်း ပြန်ရောက်လာရော။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်ဖက်ရည်ဆိုင်ထဲမှာ သူ့သြဇာမခံတဲ့ လူငယ် တယောက်ကို သူ့တပည့် စစ်နိုင်က စကေဘာနဲ့ ထိုးလိုက်တယ်။ ဟိုကောင်လေး ဆေးရုံတင်ရတယ်။ အမှုဖွင့် တယ်။ ရဲက အီစီကလီနဲ့ အမှုကို ဖျောက်ပစ်တယ်။ ဆင်းရဲသားတွေဆိုတော့လည်းဗျာ၊ ဘယ်သူ့အားကိုရမှန်း မသိတော့ ကျနော့်ဆီ ရင်လာလာဖွင့်ကြတယ်။
အခု အဲဒီသူခိုးလက်ခံ၊ ပြည့်တန်ဆာခေါင်း၊ လူမိုက်လူယုတ်မာ ချီးသန့်ဇင်က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ် ၀င်းနဲ့ ပေါင်းနေသတဲ့။ ဦးဉာဏ်ဝင်းရဲ့အတွင်းလူအဖြစ် သတင်းလွှင့်ထားတယ်။ အဲဒီတော့ စခန်းမှူးကအစ သူ့ကို ကြောက်နေရတယ်။ သူ့လုပ်ရပ်တွေက ဥပဒေပြင်ပကချည်းပဲ။ ချီးသန့်ဇင်က ခယကမှူးကိုလည်း ပိုင် တယ်။ ကျနော်တို့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့်ကလည်း အခုနောက်ပိုင်း ရဲတွေနဲ့ပဲ တွဲနေတော့ လူထု ကလည်း သူ့ကို အားမကိုးချင်ကြဘူး။ သူက လူသိများတဲ့ကိစ္စမျိုးပဲ လုပ်ချင်တယ်ထင်တယ်။ ချီးပုံးသန့်ဇင် ကိစ္စကျတော့ သိရက်ကြားရက်နဲ့ လက်ရှောင်နေတယ်။ လူ့အခွင့်အရေးသမားကြီးကလေ အခု ပညာရေးမှူး တို့၊ လ၀ကဦးစီးတို့ ပြောင်းလာရင် သူတို့ဟာကွက်တွေ၊ စားကွက်တွေကို ဦးအေးမြင့် မီဒီယာထဲ ထည့်မအော် အောင် သူ့ကို အရင် သွားကန်တော့တာတောင် ရှိတယ်လို့ ကြားတယ်။ ရဲတွေကိုလည်း သူက ဖုန်းတွေ ၀ယ် ပေး အမှုပွဲစားလုပ်နေတော့ ဦးအေးမြင့်ကို သွားတိုင်ပင်ရင် ရဲတွေကတဆင့် ချီးသန့်ဇင်က အဲဒီလူကို ဒုက္ခ ပေးမှာလည်း ကြောက်နေကြရတယ်။
ကူညီပါကြပါဗျာ။ ဆင်းရဲသားတွေခင်ဗျာ ချီးပုံးသန့်ဇင်လက်ထဲက ရေဖြစ်နေကြရတယ်။ ရဲတိုင်တော့လည်း ရဲက သူတပည့်ဖြစ်နေတယ်ဗျာ။ တော်တော်သနားဖို့ ကောင်းပါတယ်။ သူ့ကြောင့် အပြစ်မရှိဘဲ ထောင်ကျနေ သူတွေလည်း အများကြီးပဲ။ တခါကလည်း ဖြစ်ဖူးတယ်ဗျ။ ချီးပုံးသန့်ဇင်ရဲ့ အဖေက ရယကဥက္ကဌ ၀င်ရွေး တယ်။ သူက ကြွေးကြော်တယ်။ သူ့အဖေ ဥက္ကဌဖြစ်ရင် ဒီရပ်ကွက်မှာ သူ့ကို အာခံတဲ့သူမှန်သမျှ အလောင်း မပေါ်စေရဘူးတဲ့။ အဲဒါနဲ့ ကျောင်းဆရာမတွေ ခေါင်းဆောင်ပြီး တိုင်းမှူးကို လက်မှတ်ထိုး တောင်းဆိုကြမယ် လုပ်မှ သူ့အဖေ ရာထူးမရတာ။
သူ့လက်ဝေခံ ရဲစခန်းက အမှတ် (၁) ရဲစခန်း၊ အဓိကကတော့ဗျာ ဦးဉာဏ်ဝင်း သိစေချင်တာပါ။ သူ့ဆီ ၀င် ထွက်နေတဲ့သူက ဘယ်လိုကောင်ဆိုတာ သူက မသိရှာဘူးဗျ။ သူက ပဲခူးအကြောင်း ဘာမှမသိဘဲ ၀န်ကြီး ချုပ် လာလုပ်နေတယ်။ အခုဟာက ချီးသန့်ဇင်က သူ့ကို ခုတုံးလုပ်နေတော့ ရဲကတောင် ကြောက်နေရတယ်။ ရဲဆိုတဲ့ကောင်ကလည်းဗျာ၊ လူကြီးနဲ့ သိတယ်ဆိုတာနဲ့ အမြီးကုပ်နေတာဗျ။ ပြီးတော့ ဒီကောင် ဖန်တီးပေးတဲ့ အမှုတွေ၊ ဂွင်ဆင်လိုက်တဲ့ အမှုတွေကလည်း မြိုးမြိုးမြက်မြက်ကလေး စားနေရတော့ အခုဟာက ကျနော်တို့ မြို့မှာ ချီးပုံးသန့်ဇင်ဆိုတဲ့ လူမိုက်လုပ်သမျှ ခံနေကြရတဲ့ဘ၀ဗျ။
ဒါပေမယ့် ချီးပုံးသန့်ဇင်ရဲ့ တပည့်တွေနဲ့ ချီးပုံးသန့်ဇင်ကိုယ်တိုင် ရမ်းကားခဲ့ အနိုင်ကျင့်ခဲ့တာတွေတော့ ပဲခူးက လူတိုင်းနီးပါး ကြားဖူးကြပါတယ်။ ဒီလိုလူရမ်းကားမျိုး လူမိုက်ဂိုဏ်းဖွဲ့နေပုံမျိုးနဲ့ ဒီမိုကရေစီလို့ ပြောပြောနေတဲ့ အစိုးရ၀န်ကြီးချုပ်နဲ့ ပေါင်းသင်းနေတယ် ဆိုတာမျိုး မရှိသင့်တော့ဘူး။ ဒီကောင်မျိုးကို အာဏာပိုင်က မသိရင် တောင် စတုတ္ထမဏ္ဍိုင်နဲ့ တိုက်ရမယ်။ ချီးပုံးသန့်ဇင်ရဲ့ လက်ကိုင်တုတ် ဒု-ရဲအုပ်နှစ်ယောက် ရှိသေးတယ်။ အ မှတ် (၁) စခန်းက ဒု-ရဲအုပ်ကျော်သူနဲ့ ဒု-ရဲအုပ် နော်နော်အောင်တဲ့။
Ko Ko - ပဲခူးမြို့ မဂ္ဂတစ်လမ်းက အောက်ပိုင်းရပ်ကွက်မှာ ချီးပုံးသန့်ဇင်ဆိုသူရဲ့ အနိုင်ကျင့်မှုတွေ အများကြီး ကို စုံစမ်းခိုင်းကြည့်၊ အောင်မလေး လူတွေက အော့နလုံးနာလွန်းလို့ သူ့ကို။ ဒါပေမယ့် သူက အခုထိတော့ ကြံ့ခိုင်ရေး လုပ်လိုက်၊ ရဲသတင်းပေး လုပ်လိုက်၊ ခရက လူယုံ ၀န်ကြီးချုပ်အတွင်းလူ ဆိုတဲ့ နာမည်တွေနဲ့ ခိုးဆိုးလုယက်နေတုန်းပဲဗျာ။ အာဏာပိုင်အသိုင်းအဝိုင်းကို ခုတုံးလုပ်နေတဲ့လူပေါ့။ လူကြီးတွေဆီ အတင်းဝင် ထွက်၊ အဓိကတော့ ရဲတွေပေါ့ဗျာ၊ ဒီလူ့ကို မှီပြီး စားသောက်နေရတော့ လူကြီးတွေဆီ ၀င်ဖို့ လမ်းကြောင်း သူ တို့ပဲ ခင်းပေးတာ၊ အခုတော့ လူကြီးတွေ ခုတုံးလုပ်ပြီး သူက ရဲတွေကိုတောင် ပြန်လက်သပ်မွေးနေတယ်။
ပဲခူးက မဂ္ဂတစ်လမ်းဆိုတာ လမ်းမကြီးဗျ။ အဲလမ်းမကြီးဘေးမှာ ဆိုရှယ်လစ်နဲ့ မှော်ကန်ဆိုပြီး ရပ်ကွက်ကြီး နှစ်ခုရှိတယ်။ အဲဒီနေရာဟာ သူ လွှမ်းမိုးရာနေရာပဲ။ သူအလုပ်နောက်တခုကကျတော့ တော်တော်ခေတ်မီ တယ်။ အစ်ကို လူတယောက်ကို ကားနဲ့ တိုက်မိလို့ သေသွား၊ အစ်ကိုက ချီးသန့်ဇင်ကို ခေါ်ပြီး ငွေသိန်းသုံး ဆယ်ပေးလိုက်၊ ချီးသန့်ဇင်က အစ်ကို့မှတ်ပုံတင်ပဲ တောင်းလိမ့်မယ်။ အစ်ကို့မှတ်ပုံတင်ကို ခွာ၊ သူ့တပည့်တ ယောက်ပုံတပ်ပြီးရင် အစ်ကိုပါဆိုပြီး တရားရုံးမှာ အစစ်ခံ၊ ထောင်ကျခံ၊ သူ့တပည့်ကို ဆယ်သိန်းလောက်ပေး၊ သူက ဆယ့်ငါးသိန်းလောက်ယူ၊ ရဲနဲ့တရားရုံးက ငါးသိန်းယူ၊ ဘယ်မှာလဲ ဥပဒေဆိုတာ။ ပြီးရင် ဟိုကောင်တွေ က ထောင်ထဲမှာ တနှစ်လောက်နေ အသေစာရင်းပြ ပြန်ထွက်။ မြန်မာ မာဖီးယားဂိုဏ်းလို့ နာမည်ပေးရမယ်။
လူတွေက အော့နှလုံးနာလွန်းလို့ သူ့နာမည်ရှေ့မှာ ချီးပုံးလို့ တပ်ပေးထားတယ်။ ချီးပုံးဂိုဏ်းပေါ့ဗျာ။ ပဲခူးချီးပုံး ဂိုဏ်းရာဇာ ချီးပေသန့်ဇင်နဲ့ ဦးဉာဏ်ဝင်း ပါတနာဖြစ်နေကြတယ်ဆိုတဲ့ သတင်းကတော့ဗျာ၊ ကျနော်တို့ မြို့ သူမြို့သားတွေအတွက် ရင်လေးဖွယ်ပဲပေါ့။
သူလုပ်တဲ့ အမှုတွေ အများကြီးဗျာ။ ကျနော် မသိသေးတာတွေ မမှတ်မိတာတွေ ရှိသေးတယ်။ သိချင်ရင် အဲ့ဒီ မဂ္ဂတစ် အောက်ပိုင်းရပ်ကွက်တွေကို ဆင်းမေးကြည့်ကြပါဗျာ။ လူတိုင်းကို မေးကြည့်၊ လူတိုင်းပါးစပ်က အ ကောင်းထွက်မှာမဟုတ်ဘူး။ သူ့တပည့် ဒု-ရဲအုပ်ကျော်သူနဲ့ နော်နော်အောင်ဆိုတာလည်း နာမည်ကြီးတယ်။ သူ့ဘယ်လက်ရုံး စစ်နိုင်ဆိုတဲ့ လူမိုက်ကို ရပ်ကွက်က မခံနိုင်တဲ့ လူငယ်တွေ ၀ိုင်းဆွမ်းကြီးလောင်းကြတာ မျက်လုံးတလုံးတောင် နိမ့်သွားတယ်။ အဲဒီလူငယ်လေးတွေလည်း အခုထိ ၀ရမ်းပြေးဖြစ်တဲ့သူဖြစ်၊ တရားရုံး ရောက်တဲ့သူရောက်ပဲ။
စစ်နိုင်ဆိုတဲ့ကောင်က သူ့ကို ဆက်ကြေးမပေးတဲ့ လမ်းထိပ်က ကွမ်းယာဆိုင်ကို ဖြိုနေကြတာကို ရပ်ကွက်ထဲ က လူငယ်တွေက မခံနိုင်လို့ မဖြိုဖို့ တောင်းပန်တာကို အဲဒီကလေးတွေကို ရပ်ကွက်ထဲအထိ လေးခွနဲ့ လိုက် ပစ်။ တုတ်နဲ့လိုက်ရိုက်တယ်လေ။ အဲဒါနဲ့ မခံနိုင်တဲ့အဆုံး ရပ်ကွက်က၀ိုင်းလုပ်တော့ ဆေးရုံတင်လိုက်ရတယ်။ နောက်ဆုံး ရဲနဲ့ ပေါင်းပြီး ရပ်ကွက်က ၀ိုင်းလုပ်တယ်ထင်ရတဲ့ လူတွေကို တယောက် ၆ သိန်း လျော်ကြေး တောင်းတယ်။ ဟိုခမျာ ပန်းရံသမား၊ ကုန်ထမ်းသမားတွေဆိုတော့ ၆ သိန်း မပြောနဲ့၊ ၆ ထောင်တောင် မရှိလို့ ထောင်ကျမလိုဖြစ်နေတယ်။ အခုထိ တရားရုံးမှာ အမှုဖြစ်နေတုန်း သူတို့ရန်စကို ကြောက်လို့ နယ်စပ်ပြေးတဲ့ သူလည်း ပြေးပေါ့။
ဒီလိုမျိုး မင်းမဲ့စရိုက်တွေဟာ ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ဆိုတဲ့ နိုင်ငံတခုမှာ တကယ်မရှိသင့်တော့ဘူး ဆိုတာ ပဲခူးတိုင်းဝန်ကြီးချုပ်၊ ရဲတပ်ဖွဲ့မှူးနဲ့ လူကြီးမင်းများ နောက်ပြီး လူ့အခွင့်အရေးသမားကြီးဆိုတဲ့ ဦးအေး မြင့်၊ နောက် ဒီမိုကရေစီလှုပ်ရှားသူပဲခူးသားများကို သိစေချင်တယ်ဗျာ။ သိလည်းသိကြမှာပါ။ မသိချင်ယောင် ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျနော်ကတော့ နှစ်ပေါင်းများစွာ ချီးပုံးလုပ်သမျှ ခံနေကြရတဲ့ ဆင်းရဲ သားရပ်ကွက်သူ ရပ်ကွက်သားတွေကိုယ်စား အားလုံးကို သိအောင်ပြောပြလိုက်ပါတယ်ဗျာ။
ဖူကူရှီးမား ပဲခူးသား
Smart School ခေါ် အ.မ.က (၂) ကမာရွတ် မူလတန်းကျောင်းမှ
ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီခိုင်နှင့် အတန်း ပိုင်ဆရာမတချို့၏ Smart မကျသည့် ငွေရှာနည်းများ
Smart School ခေါ် အ.မ.က (၂) ကမာရွတ် မူလတန်းကျောင်လေးသည် တက္ကသိုလ်များဓမ္မာရုံကြီးနှင့် ဘေး ချင်ကပ်ဝင်းတွင် တည်ရှိပါသည်၊၊ ယခု ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီခိုင်မှာ ဤကျောင်းအား အုပ်ချုပ်နေ သည်မှာ ၅ နှစ်မျှရှိပြီဖြစ်ပါသည်။ ယခင်ကျောင်းအုပ်ဆရာမကြီး လက်ထက်မှာတော့ ဤကျောင်းလေးသည် Smart School ဟုပင် နာမည်တပ်၍ နိုင်ငံတကာ၏ ချီးမွမ်းခြင်းကို ခံခဲ့ရပါသည်။ ယခုကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီခိုင်လက်ထက်တွင်တော့ နာမည်သာရှိတော့၍ အနှစ်သာရမရှိတော့ပါ။ ၄င်းနှင့် အပေါင်းအပါတစုတို့၏ ငွေအသပြာ အမဲလိုက်ပွဲကြီးများကြောင့် ကျောင်းသားမိဘများ အသိုင်းအ၀ိုင်းကြားတွင် အပုပ်နံ့များ လှိုင်လှိုင် ထနေပါသည်။ ဒေါ်ရီရီခိုင် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း အတိုင်ခံရသည်မှာလည်း အကြိမ်ကြိမ်ရှိနေ ပြီဖြစ်ပါသည်။ သူမ၏ လုပ်သက်စာအုပ် service book တွင်လည်း မှင်နီများဖြင့် သတိပေး တားမြစ်ချက်များ မှာ အပြည့်ဖြစ်နေပါသည်။
ဒေါ်ရီရီခိုင်သည် အတန်းတိုင်း၏ လစဉ်စာမေးပွဲမေးခွန်းများကို ကိုယ်တိုင်ထုတ်၍ သူနှင့် အဆင်ပြေသော အ တန်းပိုင်ဆရာမများအား ပြန်လည်ရောင်းစားနေပါသည်။ အများအမြင်တွင်တော့ အတန်းပိုင်ဆရာမများ ကျူ ရှင်ဖွင့်၍ လုပ်မစားနိုင်ရန်ဟုထင်နိုင်သော်လည်း လစဉ် သူမအား ငွေအသပြာနှင့် လက်ဆောင်များ ဆက်သ နေကြသော အတန်းပိုင်ဆရာမများနှင့် သူကြောက်ရသော လူကြီးသားသမီးများအား သင်ပြရသော အတန်း ပိုင်ဆရာမများမှာတော့ လစဉ်မေးခွန်းများကို အတိအကျရကြပြီး သူမအား မပူဇော်သော မချဉ်းကပ်သော ရိုး သားသည်ဆရာမများမှာတော့ ဘာမှမသိကြရပါ။ ကျူရှင်အကြီးအကျယ်လုပ်စားနေသော ဆရာမများနှင့်ပတ် သက်၍လည်း အမြဲအကာအကွယ်ပေးနေပါသည်။
ထို့အပြင်မက ကျောင်းအုပ်ကြီး ဒေါ်ရီရီခိုင်သည် ကျောင်းအကျိုးတော်ဆောင်၏ ကလေးများ အမှတ်နည်းနေ ပါက သူမ၏ ရုံးခန်းထဲသို့ပင်ခေါ်၍ အဖြေလွှာများအား ပြန်လည်ဖြေဆိုခိုင်းသည်အထိ ပြုလုပ်နေပါသည်။ က လေးများ၏ Report Card များကိုလည်း စားမေးပွဲစစ်ပြီး တလနီးပါးကြာမှ ထုတ်ပေးပါသည်။ စာမေးပွဲရလဒ် များနှင့် ပတ်သက်၍လည်း အဖြေလွှာများကို သူမအား လက်ဆောင် ငွေအသပြာပေးနိုင်သော မိဘများအား ကြည့်ရှုခွင့်ပေးပါသည်။ အတန်းပိုင်ဆရာမတို့သည် ကလေးအချင်းချင်း စာခေါ်ခိုင်းခြင်း၊ ဖတ်စာအုပ်ထဲတွင် လိုင်းတား၍ စာသင်ပေးခြင်း၊ အိမ်စာများ အဆမတန် ပေးခြင်းများအား မိဘများမှ ဒေါ်ရီရီခိုင်ထံ သွားပြော သောအခါ ဆရာမများ အဖြေလွှာစစ်နေရ၍ ကလေးအချင်းချင်း စာခေါ်ခိုင်းရခြင်းဖြစ်သည်ဟု ပြန်လည်ပြော ပါသည်။ နေ့စဉ် ခေါ်ပေးနေရသည်ဟု ပြောသောအခါ ဆရာမများ လက်ရေးမလှ၍ ကလေးတွေ သတ်ပုံမှား ၍ ကူးမိမှာစိုးလို့ဟု အသိဉာဏ်မဲ့စွာ ပြောဆိုပါသည်။
မူလတန်းအဆင့်ကလေးများအား ကလေးအချင်းချင်း နှုတ်တိုက်စာခေါ်ခိုင်းခြင်းမှာ ပို၍ပင်အမှားများနိုင်သည် ကို ကျောင်းအုပ်ဆရာမကြီးမှ မသိရှိနိုင်ခြင်းကို အလွန်အံသြစရာဖြစ်ရပါသည်။ ယခုလို သွားပြောသော မိဘ များအား မကျေနပ်လျှင် ကလေးစာမလိုက်နိုင်လျှင် ဒီကျောင်းမှာ မထားနဲ့ဟုပင် ရိုင်းစိုင်းစွာ ပြန်ပြောလွှတ်ပါ သည်။ အတန်းဆုံး စာစစ်ဆေးခြင်းသည် ကလေးများအတွက် အရည်အချင်းစစ် စာမေးပွဲမဟုတ်ဘဲ ကျောင်း အုပ်ကြီးနှင့် အတန်းပိုင်ဆရာမတချို့တို့၏ ငွေအသပြာလုပွဲကြီး ဖြစ်နေပါသည်။
ထို့အပြင် ဆရာမကြီးသည် ကျောင်းအတွင်းရှိ ဆရာမများအား ခွဲခားဆက်ဆံနေပါသည်။ သူမ၏အကျိုးစီးပွား ကို ဆောင်ရွက်ပေးသော ဆရာမများအား အတန်းကောင်းများကိုပေး၍ ရိုးရိုးသားနှင့် ကလေးများအား စေတ နာထား အသင်အပြကောင်းသော ဆရာမများအား အမြဲနှိပ်ကွပ်ပါသည်။ ယခု ကျောင်းအုပ်ဆရာမကြီး လက် ထက်တွင် Smart School ဟူသောအမည်မှာ ဟန်ပြသာရှိပါတော့သည်။ နိုင်ငံတကာမှ ဧည့်သည်တော် များ နှင့် လူကြီးများ လာမှသာ ခလေးများအား တပွဲထိုးစနစ်ဖြင့် လေးကျင့်ပေးပြီး ညာနေခြင်းဖြစ်ပါသည်။
ဤကျောင်းအုပ်ကြီး ဒေါ်ရီရီခိုင်သည် အကြိမ်ကြိမ်အတိုင်ခံနေရပါသော်လည်း မည်သို့မှ အရေးယူခြင်းမခံရပါ။ မည်ကဲ့သို့သော အစွမ်းများရှိနေသည်တော့ မသိပါ။ ဒေါ်ရီရီခိုင်နှင့်အတူ ငွေကြေးလာဘ်လာဘ တခုတည်းကို သာကြည့်သည့် ဤကျောင်းရှိ စေတနာခေါင်းပါးသည့် အတန်းပိုင်ဆရာမတချို့အကြောင်းကိုလည်း ထပ်မံ ဖော်ပြလိုက်ပါသည်။
ဒေါ်ကြည်ကြည်ဝင်း - Grade 2-A1 (ပထမတန်း) အတန်းပိုင်ဆရာမဖြစ်ပါသည်။ ပြည်ရိပ်မွန်တွင် နေထိုင်ပါ သည်။ အတန်းထဲမှ ကလေးများအား သူ၏ အိမ်တွင် ကျူရှင်သင်လျှင် ဈေးတမျိုး၊ ကျောင်းသား၏ အိမ်တွင် သင်လျှင် ဈေးတမျိုးယူပါသည်။ ကားဖြင့် ကြို့ပို့ပေးရပါသည်။
ဒေါ်စန်းစန်းရီ - Grade 2 (ပထမတန်း) ဆရာမတဦး ဖြစ်ပါသည်။ ကျောင်းမှ အခါကြီး ရက်ကြီးနေ့များတွင် ကျင်းပသည့် ပွဲများတွင် ကလေးများမှ လှူသည့် လှူဖွယ်ပစ္စည်းများအား အိမ်အထိပင် ယူဆောင်သည့် ဆရာ မဖြစ်ပါသည်။ ကလေးများအား အမြဲတမ်း “စောက်” ဟူသော အသုံးအနှုန်းကို သုံး၍ ရင့်သီးရိုင်းစိုင်းစွာ ပြော ဆိုတတ်သော ဆရာမတဦး ဖြစ်ပါသည်။
ဒေါ်တင်အေးကြည် - Grade 4-A (တတိယတန်း) အတန်းပိုင်ဖြစ်ပါသည်။ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးစိုးဝင်း၏ မြေး မောင်မြတ်သူရစိုး၏ အတန်းပိုင်လည်းဖြစ်ပါသည်။ ပြည်ရိပ်မွန်တွင် နေထိုင်ပါသည်။ အတန်း ထဲတွင် ကလေးအချင်းချင်းကိုသာ စာခေါ်ခိုင်း၍ ၄င်း၏ကျူရှင်တွင်မူ သူ၏ လက်ရေးမူဖြင့် သေချာစွာ ရေးပြီး Copy ကူး၍ ကလေးများအား စနစ်တကျ သင်ပေးပါသည်။ ကျူရှင်တွင် Revision များအားလည်း ကျောင်း ထက်စော၍ သင်ကြားပါသည်။
ဒေါ်စပယ်ဦး - Grade 5-A2 (စတုတ္ထတန်း) အတန်းပိုင်ဆရာမဖြစ်ပါသည်။ ဦးထွန်းလင်းခြံလမ်းသွယ် တိုက် (၁၁) ၅ လွှာတွင် နေထိုင်ပါသည်။ ကျောင်းဆင်းချိန် ညနေ ၃ နာရီမှ ၅ နာရီအတွင်း သူမ၏ အခန်းတွင် သင် ပါသည်။ ကျောင်းသားတဦးလျှင် တပတ် ၃ ရက် အတွက် ၂၀,၀၀၀ ကျပ်၊ တပတ် ၄ ရက်ဆိုလျှင် ၂၅,၀၀၀ ကျပ်နှုန်းဖြင့် တဝိုင်းလျှင် ကျောင်းသား ၁၀ ဦးခန့်ထားပြီးသင်ပါသည်။ တဦးတည်း သီးသန့်သင်ချင်လျှင် ဈေး ပိုယူ၍ သင်ပေးပါသည်။ အ.မ.က (၂) ကမာရွတ်တွင် ဈေးကြီးပြီး ၀င်ငွေကောင်းသော ဆရာမတဦး ဖြစ်ပါ သည်။ ကျောင်းအုပ်ကြီး ဒေါ်ရီရီခိုင်နှင့် အလွန်ရင်းနှီးပြီး အပေးအယူရှိပါသည်။ ကျောင်းမှာတော့ဖြင့် ကလေး အချင်းချင်း စာခေါ်ခိုင်းပြီး ၄င်း၏ ကျူရှင်တွင် ၄င်း၏ လက်ရေးမှုများအား copy ကူး၍ ကျောင်းသားတဦးချင်း စီအား ပေးပြီး သင်ပါသည်။
ဒေါ်ခင်ခင်စိန် - Grade 5-A1 (စတုတ္ထတန်း) အတန်းပိုင်ဖြစ်သည်။ T.T.C တွင် ကျောင်းတက်နေသော ဒု- သမ္မတကြီး တင်အောင်မြင့်ဦး၏ မြေးအား ကျူရှင်သင်ပေးနေသူဖြစ်သည်။ အ.မ.က (၂) ကျောင်းတွင် ဈေးအ ကြီးဆုံးနှင့် ၀င်ငွေအကောင်းဆုံး ဆရာမဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီခိုင်မှ အလွန်အားကိုးပြီး ကြောက်ရသော ဆရာမဖြစ်သည်။ ဒေါ်ရီရီခိုင်အတွက် အမြဲတမ်း အကာအကွယ်ပြုလုပ်ပေးနေရသူ ဖြစ်ပါ သည်။
အထက်ပါ ဆရာမများသည် ဒေါ်ရီရီခိုင်နှင့် အလွန်ရင်းနှီးကြပြီး ဤကျောင်းအုပ်ကြီးအတွက် အသပြာထောက် ပံ့ပေးနေသော ဆရာများဖြစ်ကြပါသည်။ ၄င်းတို့ ကျူရှင်ပြနေသော ကိစ္စနှင့်ပတ်သက်၍လည်း ကျောင်းအုပ် ကြီးမှ မျက်စိမှိတ်ပေးထားပါသည်။ ၄င်းတို့သည် ကျူရှင်တွင် Revision များအား ကျောင်းထက် ကြိုတင်သင် ပြီး ကျောင်းမှာထက် စာကို လျှော့ပေးပါသည်။ စာမေးပွဲနီးလျှင်လည်း မေးခွန်းများအား ကြိုတင်သိရှိကြပြီး ကျူရှင်တွင် ၏သည်မရွေး သင်ကြားပေးနိုင်ကြပါသည်။ ၄င်းတို့သည် ကျောင်းတွင် ကလေးအချင်းချင်းအား စာခေါ်ခိုင်းခြင်း၊ ဖတ်စာအုပ်မှ လိုင်းတား၍ စာသင်ခြင်း၊ အိမ်စာများ မတရားပေးခြင်းများဖြင့် ကျူရှင်မယူနိုင် သော ကလေးများအား အမျိုးမျိုးနှိပ်ကွပ်ပြီး ၄င်းတို့၏ ကျူရှင်များတွင်မှာတော့ ၄င်းတို့ကိုယ်တိုင်ရေးသည့် လက်ရေးမူများဖြင့် သင်ခန်းစာများအား copy ကူး၍ ကျောင်းသားတဦးချင်းစီအား စနစ်တကျ သင်ကြားပေး နေကြပါသည်။ ကလေးဗဟိုပြုစနစ်ပဲသုံးသုံး၊ ဆရာဗဟိုပြုစနစ်ပဲသုံးသုံး ခလေးအချင်းချင်း စာခေါ်ခို်င်းခြင်းကို ခွင့်မပြုပါ။
ထို့အပြင် ၄င်းဆရာမတို့သည် ၄င်းတို့ထံကျူရှင်မယူသည့် ကလေးများအားလည်း ကျောင်းတွင် နည်းမျိုးစုံဖြင့် ပညာပေးပြီး ၄င်းတို့ထံတွင် ကျူရှင်လာတက်စေရန် ဆွယ်ကြပါသည်။ တတ်နိုင်သည့် မိဘများမှာတော့ ၄င်း တို့၏ ကလေးများအား ပညာပြမှာစိုးရိမ်သဖြင့် ၄င်းတို့ထံတွင် ကျူရှင်အပ်ပေးကြသော်လည်း မတတ်နိုင်သည့် မိဘများမှာတော့ မည်သူ့ကို အားကိုးရမှန်းမသိ ၀မ်းနည်းစွာဖြင့် လက်ပိုက်၍သာ ကြည့်နေကြရပါသည်။ ပင် ကိုယ်တော်သည့် ကလေးများ၏ စိတ်ဓာတ်များမှာလည်း ရက်စက်စွာ ရိုက်ချိုးခံနေကြရပါသည်။ အ.မ.က (၂) ကမာရွတ်၏ ပညာရေးသည် ဈေးကွက်စီးပွားရေးစနစ်လို သူ့ထက်ငါ ကျူရှင်ရရေး ၀င်ငွေကောင်းရေးကိုသာ ရှေ့ရှုဦးတည်၍ ယှဉ်ပြိုင်နေကြပြီး ရိုးသာဖြူစင်သည့် ကလေးငယ်များမှာ ၄င်းတို့၏ သားကောင်ငယ်လေးများ ဖြစ်နေကြပါသည်။ နိုင်ငံတော်သစ် အစိုးရအသစ်ဖြင့် ရှေးရှုချီတက်နေချိန်တွင် ဤကဲ့သို့သော အရုပ်ဆိုး အ ကျည်းတန်လှသည့် အကျင့်ဆိုး စနစ်ဆိုးများသည် ကျနော်တို့၏ နိုင်ငံတော်ကြီးတွင် မရှိသင့်တော့ပါ။ ရန်ကုန် မြို့တော်ကြီး၏ အထင်ကရ ကျောင်းကြီးများတွင် အထက်ပါအတိုင်း ကျင့်သုံးနေကြသော အသပြာဆရာ/ဆ ရာမများ များစွာရှိနေကြပါသည်။
သြဂုတ်လ ၂၂ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (ပထမနေ့) မှာ ပြောကြားသွားသည့် သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းအတိုင်း ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားပြီး ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ယုံကြည်လေးစားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်လာအောင် ပညာပေးခြင်း သတိပေးခြင်း အရေးယူခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ် ဆိုတဲ့ မိန့်ခွန်းအတိုင်း ပြည်သူလူထုကြီးဖြစ်သော ကျောင်း သားမိဘများနှင့် အနာဂတ်၏ ရင်သွေးရတနာ ကျောင်းသားငယ်လေးများအတွက် တရားမျှတမှု၊ စိတ်ကျေ နပ်မှုကို ဖော်ဆောင်ပေးနိုင်ပါရန် နိုင်ငံတော်အကြီးအကဲများနှင့် မြန်မာပြည်သူပြည်သားများ သိရှိပြီး တနည်း နည်းဖြင့် အရေးယူပေးနိုင်ပါရန် ဒေါက်တာလွဏ်းဆွေပေးစာကဏ္ဍမှတစ်ဆင့် တင်ပြအသိပေးအပ်ပါသည်။
အ.မ.က (၂) ကမာရွတ်ရှိ အနှိမ်ခံဆရာမများနှင့် ကျောင်းသားမိဘများ
ဝိုင်လူးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို
ပြင်းပြင်းထန်ထန် နှိမ်နင်းပေးရန် တင်ပြခြင်း
ပြင်းပြင်းထန်ထန် နှိမ်နင်းပေးရန် တင်ပြခြင်း
ကော့သောင်းမြို့တွင် ၀ိုင်လူးဆိုသော ဒုစရိုက်ဂိုဏ်းအုပ်စုများ ကျက်စားလျက်ရှိပါသည်။ ၀ိုင်လူး ဒုစရိုက်ဂိုဏ်း များ၏ ၀ိုင်းဖွဲ့၊ အုပ်စုလိုက်အနိုင်ကျင့်မှုကြောင့် အပြစ်မဲ့သည့်ပြည်သူများ အမြဲတမ်း စိုးရိမ်ပူပန်နေကြရပါသည်။ ဒီနှစ်သီတင်းကျွတ်အတွင်းမှာပင်လျှင် အုပ်စုဖွဲ့ အနိုင်ကျင့်မှုကြောင့် အပြစ်မဲ့လူတယောက် ဆေးရုံတင်လိုက်ရ သည်ဟူသော စိတ်မချမ်းသာစရာ သတင်းကို ကြားခဲ့ရပါသည်။
နောက်ထပ်တင်ပြချင်သည်မှာ မူးယစ်ဆေးဝါးကိစ္စ
ကော့သောင်းမြို့၏ အမှောင်ကျသောနေရာတော်တော်များများတွင် မူးယစ်ဆေးဝါးများသုံးစွဲလျက်ရှိကြသည်။ ထိုသို့သော မူးယစ်ဆေးဝါးများ သုံးစွဲမှုကြောင့် အမှားလုပ်ရမှာကို အတင့်ရဲလာပြီး ဒုစရိုက်အလုပ်များကို ကျူး လွန်ကြသည်။ ထိုသို့သော အခြေအနေများကြောင့် ကော့သောင်းမြို့တွင် ရန်ပွဲပေါင်းများစွာ ဖြစ်ပွားပြီး မြို့အ တွင်း ရမ်းကားနေသည့်အတွက်ကြောင့် အပြစ်မဲ့လူထုများ စိုးရိမ်ထိတ်လန့် ပူပင်နေကြရသည်။
အဲဒီအခြေအနေများတွင် တာဝန်ရှိသောပုဂ္ဂိုလ်များက ကိုယ်နှင့်မဆိုင်သလိုပင် နေကြသည်။ ထိုအမှုတွေနှင့် အဓိကတာဝန်ရှိသည်မှာ ရဲပင်ဖြစ်သည်။ ရဲများသည် ထိုကဲ့သို့ နေ့တိုင်းဖြစ်ပျက်နေသည်ကို အရေးယူသော် လည်း ခင်နေသည့်၊ ဆွေမျိုးတော်စပ်သည့်အတွက်များကြောင့် သိလျက်ပင် အရေးမယူမှုများလည်း ရှိနေပါ သည်။ မူးယစ်ဆေးဝါးသုံးစွဲနေကြသည့် နေရာများကိုလည်း လူတိုင်းလိုလိုပင်သိကြသည်။ အဲဒီနေရာများတွင် ၀င်ရောက်ဖမ်းဆီးမှုများကို ထိထိရောက်ရောက် အရေးယူမည်ဆိုလျှင် အလွန်သာယာလှပသည့် မြို့ကလေး သည် ပိုပြီးသာယာလှပလာလိမ့်မည်ဟု ယုံကြည်ပါသည်။ ရမ်းကားသည့်လူများကို ဗွေဆော်ဦးအနေနှင့် ပြင်း ပြင်းထန်ထန် အရေးယူပေးမည်ဆိုလျှင် ကော့သောင်းမြို့လူထုများ စိတ်ချမ်းသာကြမည်ကိုလည်း မြင်ယောင် မိပါသည်။
ကော့သောင်းမြို့၏ အေးချမ်းသော လူထုအားလုံးသည် မြန်မာတနိုင်ငံလုံးရှိ ပြည်သူအစိုးရဟု ဟစ်ကြွေးနေ သော သက်ဆိုင်သူအားလုံး၏ ကြိုးပမ်းမှုကို စောင့်မျှော်ကြည့်ရှုနေကြမည်ဖြစ်သည်။
ကော့သောင်းမြို့ခံတဦး
3 comments:
ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ သိသလောက် ကတော BBC,DVB<RFA မှာပါတဲ့ သတင်း တွေကို ကောင်းနိုးရာရာတွေ စုပြီး အထက်ကို တင်ရတယ် ၊ဆရာလွဏ်းဆွေဆိုဒ် ကသတင်းဆိုပြီး တင်တာမတွေ့ဘူးဘူး။ဒါကြောင့် BBC,DVB<RFA မှာ ပါအောင် ရေးပေးပါ
စာဖတ်ကြည့်ယုံနဲ့တောင်။ပဲခူးသူ၊ပဲခူးသားတွေ
ဘယ်လောက်ခံပြင်းဒေါသထွက်နေလဲ
ဆိုတာသိသာပါတယ်။ဒီစာကိုတောင်
drlunsweဆိုဒ်မှာဖော်ပြနိုင်ဖို့ဆိုတာ
စွန့်စားပြီးလုပ်ရတဲ့အလုပ်
ဆိုတာမြန်မာပြည်မှနေတဲ့သူတိုင်း
ခံစားသိရှိနိုင်ပါတယ်။တိုင်တဲ့စာရေးသူ
ကိုပြောချင်းတာမြန်မာပြည်အနှံ့
အပြားမှာအုပ်ချုပ်သူလူတန်းစား
သူတို့နဲ့ဆက်စပ်တဲ့သူတွေရဲ့၊
ဒုက္ခပေးမူကိုခင်ဗျာတို့နဲ
့ထပ်တူမြန်မာတစ်ပြည်လုံးခံစားနေရတာပါ။
မြန်မာပြည်ရဲ့ပြည်သူ့ရဲ၊ပြည်သူ့ဝန်ထမ်း၊
ဌာနဆိုင်ရာ၊လ၀ကဆိုတာတွေကမြန်မာပြည်သူလူထုကို၊
စိတ်ဆင်းရဲမူများစွာဒုက္ခများစွာပေးတဲ့ဌာနတွေ
ဆိုတာမြန်မာနိုင်ငံသားတိုင်သိရှိပါတယ်။ အဲဒီစနစ်ကိုဘယ်သူချေဖျက်ပေးနိုင်မလဲဆိုတာ၊
ကျွန်တော်တို့နိုင်ငံသားတွေရဲ့တာဝန်တွေပါပဲဗျာ။
ကျွန်တော်တို့မခံနိုင်တာကိုမခံနိုင်တဲ့အကြောင်းတော့ပြောပိုင်ခွင့်၊
တောင်ဆိုပိုင်ခွင့်ရှိပါတယ်စိတ်ဆင်းမူများစွာနဲ့မြန်မာပြည်ပါ။
နောက်ဆုံးပြောချင်တာကချီးပေးသန့်စင်အကြောင်းပါ။
လမ်းပြကြယ်ဦးအေးမြင့်ကမ္ဘာကသိပုဂ္ဂိုလ်ပါ။လူ့အခွင့်အရေးပုဂ္ဂိုလ်
ကြီးမြန်မာပြည်မှာစာန်လျောသွားတာမထူးဆန်ပါဘူး။
မင်းတို့ပဲခူးကလူငယ်တွေ အထူးသဖြင့် ဆိုင်ရာ ဆိုင်ရာရပ်ကွက်ကလူငယ်တွေက ညီညီညွတ်ညွတ်နဲ့သာ
ဝိုင်းဝန်းပြီး ဆွမ်းကြီးလောင်းပေးကြပါ ... အဲ့ဒီချီးပေသန့်ဇင်ဆိုတဲ့ ခွေးအိုခွေနနဲ့ သူတပည့်ခွေးဝဲစားတွေ ခေါင်းမထောင်နိုင်ပါဘူး မကြာမကြာသာ ၀ိုင်းဝိုင်းသမကြပါ
ဒီလိုခွေးဝဲစားတွေက ငြိမ်နေရင် လိုက်ဟောင်ပြီး ရန်မူနေမှာပဲ .. တက်ကြွတဲ့ လူငယ်တွေက အုပ်စုကောင်းကောင်းနဲ့ လက်သည်မပေါ်အောင် ၀ိုင်းပြီးဆွမ်းကြီးလောင်းရင် ဒီခွေးတွေ မဟောင်နိုင်တော့ပါဘူး .... လူငယ်တွေ ညီညွတ်ကြပါ ... ဒါဟာ ရပ်ကွက်အရေး မြို့အရေး နိုင်ငံအရေးပါပဲ
Post a Comment