Saturday, October 15, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၅-၁၀-၂၀၁၁)

“အမြန်ဆုံးလွတ်မြောက်ပါစေ” လို့ မြန်မာပြည်သူတွေ ဆုတောင်းမေတ္တာပို့သနေကြတဲ့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ရဲ့ ပုံရိပ်တချို့ (FB-Ma Su Mon)
“ဟင်းယူမလာနဲ့၊ သတင်းယူလာခဲ့၊ ကျောင်းသားတွေ ဘာလုပ်နေလဲ” (မင်းကိုနိုင်) (FB-Min Kyaw Khine)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ပုံတူပန်းချီ (FB-Min Kyaw Khine)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ပုံတူပန်းချီ (FB-Min Kyaw Khine)
ဘလော်ဂါ နေဘုန်းလတ် အမြန်ဆုံး လွတ်မြောက်ပါစေ (FB-Do Kira)
ကာတွန်း ပံသုအောင် ‘ဧရာဝတီ’
ဘယ်တော့မှ မုသားမပြောပါနဲ့ (FB-Htar Htar Moe)
အဲ့လူကြီး နာမည်တော့ မမှတ်မိတော့ဘူး။ တပ်ပြေးလို့ အကျဉ်းကျခံခဲ့ရတယ်။ လေဖြတ်နေတယ်။ လာကြို မယ့်လူ မရှိဘူး။ လမ်းမလျှောက်နိုင်ဘူး။ တံခါးဝမရောက်ခင်ထိ ကျနော် ထမ်းခေါ်လာခဲ့တယ်။ သူတံခါးဝ ကျော်တော့ လူတွေကိုတွေ့တော့ ဝမ်းသာပြီး ငိုတယ်။ ကျနော်လည်း သူ့ကို ထမ်းရင်း မျက်ရည်ကျခဲ့ရတယ်။ သတင်းတောင် ဆက်မယူနိင်ခဲ့ပါဘူး။ မြောက်ဥက္ကလာမှာ နေတယ်လို့ ပြောပါတယ်။ ချမ်းမြသုခမှနေ၍ မြတ် မန္တလာထွန်းကားနဲ့ ပိုက်ဆံ ၅၀၀၀ ထည့်ပေးပြီး ရန်ကုန်ကို ပြန်ပို့လိုက်ပါတယ်။ အဲ့ဦးလေးကြီး ပြန်မှ ပြန် ရောက်ပါ့မလားလို့ ကျနော် စိုးရိမ်မိနေတယ်။ (FB-Kyaw Zay Win)
ကာတွန်း - တာတီး (ပြည်)

သမိုင်းမှာ မင်းတရားခံဖြစ်မယ်
တင်မိုး

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်။

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်။

တရားဆိုတာ
ညှာလည်းမညှာ၊ ညာလည်းမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာ ပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ ...။ ။

တင်မိုး
(တင်မိုးရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ၊ ပဌမနှိပ်ခြင်း၊ လမင်းတရာစာပေ၊၂၀၀၀ မှ ...)
(FB-Nyein Chan Aye)
မျက်မမြင် လမ်းလျှောက်တုတ်နေ့ (FB-Mg Ba Oo)
ကာတွန်း ငယ်လေး (မန်း)
ဆွမ်းခံရင်း ရေဘေးသင့် (FB-Soe Oo Han shared บร๊ะเจ้าโจ๊ก's photo)
ချစ်စရာ သမီးလေးနှင့် အတူ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် (FB-Witoriya General Hospital)
ပြေတီဦး မိသားစုနှင့်အတူ ... (FB-Witoriya General Hospital)
အိန္ဒြာကျော်ဇင် အမေနှင့် အမှတ်တရ ... (FB-Witoriya General Hospital)
ကိုလူမင်း မိသားစုနှင့်အတူ ... (FB-Witoriya General Hospital)

မှတ်ချက် ။ ။ ယခင်နေ့များက တင်ဆက်ခဲ့သည် “ဖေ့စ်ဘွတ်ခ်က အပြန်” ကဏ္ဍတွင် ဓာတ်ပုံများအောက်၌ credit များ ထည့်မပေးနိုင်ခဲ့မှုအပေါ် သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာရှင်များအား အနူးအညွတ် တောင်းပန်အပ်ပါသည်။

2 comments:

Anonymous said...

Facebook ကဓာတ်ပုံတွေကို အဲလိုပြန် တင်လို့ ရလားမရလား မကွဲပြားပါ၊ မူပိုင်ခွင့်၊ Privacy ဆိုတဲ့ဟာတွေကို တော့ အလေးအနက်စဉ်းစားသင့်ပါကြောင်း၊
ကိုလွင်

Anonymous said...

ကွဲပြားတာမကွဲပြားတာအရေးမကြီးပါဘူး။ ဗဟုသုတရတယ်ဆရာရေ။ နေ့တိုင်းတင်ပေးပါ။ ကျေးဇူးတင်ပါတယ်။

နန်းငယ်