Thursday, October 13, 2011

ဇာဂနာ ပြောသော “လွှတ်တော်အမတ်ရဲ့ အိုင်ကျူ”

ဇာဂနာ ပြောသော “လွှတ်တော်အမတ်ရဲ့ အိုင်ကျူ”
ကိုကျော်ကျော်သိန်း (ဗီအိုအေ)

ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံး ဟာသက တော့ ...

“အိုင်စတိုင်းနဲ့ လူ ၄ ယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စ တိုင်းရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ် ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန်ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။

နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲရှိတယ် အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြော တယ်။ ကျနော်ကတော့ ၁၂၀ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင် ကျူ ၅၀ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲတဲ့”

အဲဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မြစ်ကြီးနားထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင် ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ဗီအိုအေ မြန်မာ ပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံးဟာသတခု ဖြစ်ပါတယ်။

23 comments:

Anonymous said...

ဟားဟား။အိုင်ကျူ ၅၀ ဆိုတာ..ဒေါင်းဆင်ဒရုန်း (Down Syndrome)ဖြစ်နေတဲ့ လူတွေရဲ့ အိုင်ကျူပေါ့။ တကိုယ်ရေသန့်ရှင်းရေးနဲ့ အိပ်စား ကာမ ပဲရတယ်။ အလုပ်ဆိုရင်လဲ တံမြက်စည်းလှဲ၊ ကြိမ်ထိုး စတဲ့ ရိုးစင်းတဲ့ အလုပ်မျိုးသာ လုပ်နိုင်တဲ့၊ ခိုင်းလို့ရတဲ့ အိုင်ကျူပေါ့။ ကိုဇာဂနာတို့ကတော့ အပီ ဆော်တာပဲ။

Anonymous said...

hahah :P Yes...They are not qualified

MK said...

ဒါဆို ချုပ်ကြီးတို့တသိုက် အိုင်ကျူက -50 လောက်ဖြစ်နေမယ်နဲ့တူတယ်

Anonymous said...

“အိုင်စတိုင်းနဲ့ လူ 5 ယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စ တိုင်းရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ် ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန်ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။

နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲရှိတယ် အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြော တယ်။ ကျနော်ကတော့ ၁၂၀ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။

နောက်တစ်ယောက်ကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင် ကျူ ၅၀ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲတ

နောက်ဆုံးလူတစ်ယောက်ကျတော့ ရယ်နေပြီးတော့အိုင်းစတိုင်းကိုပြောသွားတယ်... ကျွန်တော်က အိုင်ကျူ ၂၅ တောင်မပြည့်ဘူးဗျတဲ့ ဒါပေမယ့် အထက်က ပြက်လုံးလေးခုကတော့ ကျွန်တော်ပြက်တာဗျတဲ့”

Anonymous said...

You are absolutely right.
I never heard of discussion about important issue like business law. All think about their own region with narrow vision and very minor issue.

MK said...

အဲ့ဒါပဲ အာဏာရူးတွေဖက်ကကြည့်ပြန်တော့လဲ လက်ဖမိုး အတိုက်အခံတွေဖက်ကကြည့်ပြန်တော့လဲ လက်ဖဝါး အဲ့လို တဖက်မြင် စောက်တလွဲအယူအဆတွေရှိနေသ၍ တိုင်းပြည်လဲ နာ ပြည်သူလဲ နာပဲ ၊ အဲ့ဒီမှာတင် အာဏာရူးကို သက်ဆိုးရှည်အောင် အရိုးကိုက်ပြီး ဟောင်ပေးနေတဲ့ ကောင်တွေလဲပါတယ်၊ ဒီမို ဒီမို အော်ပြီး နိုင်ငံရေးဗန်းပြလုပ်စားတဲ့ အချောင်နှိုက်တွေလဲပါတယ် ၊ ဒါတွေကြောင့် နှစ်ပေါင်းများစွာကြာနေတာ အဲ့ဒါတွေမပြင်သ၍ကတော့ မြန်မာ့ဝဋ်ဒုက္ခ ကမ္ဘာကုန်ကျယ်သ၍ တည်စေသောဝ် ပဲ

Anonymous said...

ဇာဂနာရဲ့  ဗကပရဲ့ အိုင်ကျူ ကတော ၂၀၀ ပါ

Anonymous said...

ဦးဇာဂနာရေ နည်းနည်းတော့  လျှော့ဦးဗျ ၁၀၀ လောက်တော့ လုပ်လိုက် နည်းနည်းလွန်သွား လားလို့  ဟီးဟီး :D

Bahan said...

Wow! What a quick response from Maung Kyaw San's cronies -- one said with mocking-back, Zarganar's IQ is 25, the other was - branded Zarganar to be a COMMUNIST. The reality is, we should accept that the comedian make comedy and humor. So what! Just sit back, relax and laugh out loud rather than barking back over whatever people make.

Anonymous said...

အိုင်းစတိုင်း က ထိုင်းနယ်စပ်ကို ရောက်တော့ အေအေပီပီ က ပြောတယ် သူတို့အိုင်ကျူက ၄၂၀ တဲ့။ အိုင်းစတိုင်း မျက်မှောင်ကြုပ်တယ်။ ဟား ဘိုကြည် မင်းတို့ အိုင်ကျူက မြင့်လှချည်းလား။ နျူကလီးယား ဖစ်ဆစ် အသစ်ထွင်တာလား။ မောင်တိတ်နိုင်က အိုင်းစတိုင်းကို လှောင်ကြည့်ကြည့်တယ်။ “ ၄၂၀” ဆိုတာ သူခိုး အိုင်ကျူကို ပြောတာဗျ။ ခင်ဗျားက ဂဏာန်းမြင့်တိုင်း အိုင်ကျူကောင်းတယ် မထင်နဲ့။ နယ်စပ်မှာ သီအိုရီတွေအားလုံးဗြောင်းပြန်၊ အိုင်းစတိုင်းလည်း ဦးပညာဇောတ ( နတ်ဇော) ထံ ဘုန်းကြီးဝတ်တော့မယ်တဲ့။ အမေရိကားထွက်သွားတဲ့ ရွှေဝါရောင်ကိုယ်တော်တွေလည်း အိုင်ကျူဘယ်လောက်လဲ ဟိဟိ

Anonymous said...

ကိုဇာဂနာရေ ဟာသတွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုပဲပြောဆိုနေကြရင် ပြီးတော့မတဲ့လား။ လွှတ်တော်တခုလဲုံးက အိုင်ကျူ (၅၀) နဲ့ ဟာသလုပ်တာ မထောက်ခံနိုင်ဘူး။ သူတို့ထဲမှာ တချို့က ခင်ဗျားတို့တတွေ လွတ်အောင် ကြိုးပမ်းနေကြတဲ့သူတွေ။ အသိအမှတ်မပြုသင့်ဘူးလား။

Guest said...

ဟားဟား

ဇာဂနာ တွယ်ထည့်လိုက်တာ အိုင်ကျူ ၅၀ အောက် နအဖ ခွေးတွေ ယမ်းပုံမီးကျ ဖြစ်နေပြီ

Anonymous said...

လက်နက်မဲ့တဲ့ လူထုကို ရှေ့ကထွက် အသေခံ ခိုင်း နောက်ကွယ်ကကြိုးကိုင်တဲ့ ၈၈လိုင်း ကို ဇာဂနာက ပြန်တင်နေချင်ပုံ ရတယ်။ ကွန်မြူနစ်လို့  အခေါ်ခံရ တာနဲသေး။ အိုင်ကျူ သုည ဆိုတာ သူမှအစစ်။

Anonymous said...

ဟားဟားဟား။ ပျက်လုံးကို ပျက်လုံးလိုမမြင်ကြဘူးကိုး။ ကိုဇာဂနာရဲ့ ဇဝန ဥာဏ်ကို လေးစားတယ်။ သူ့ကို ဝေဖန်းတဲ comments ပေးတဲ့သူတွေက သနားစရာကောင်းတယ်။

Anonymous said...

ဒီ ကွန်မင့်တချို.မှာ စစ်ခွေးနံ.လေး အတော်သင်းနေပါလား။
ပြည်သူတွေ အားကိုးရတဲ့ တပ်မတော်သားဋ္ဌကီးဘ၀ကို ပြန်မရောက်ချင်တော့ဘူးလား။ စစ်အာဏာရှင် လက်အောက်မှာ အရိုးအရင်းကိုက်ရနိုး မျှော်တလင့်လင့်နဲ. ပြည်သူတွေကို ရန်တိုက်ပေးရတဲ့ ဘ၀ကို မရွံဘူလား။

အလဲ့။ သတ်လျှိုပုံလေးက အတော်ကျလောက်တယ်။
"လက်နက်မဲ့တဲ့ လူထုကို ရှေ့ကထွက် အသေခံ ခိုင်း နောက်ကွယ်ကဋ္ဌကိုးကိုင်တဲ့ ၈၈လိုင်း ကို ဇာဂနာက ပြန်တင်နေချင်ပုံ ရတယ်။"

အမေစုရယ်၊ ဇာဂနာရယ်၊ ၈၈လိုင်းရယ်၊ ပြည်သူရယ်ကို တခါထဲ ထိုးခွဲလိုက်ပုံက ဗိုလ်ချုပ်မှုးဋ္ဌကီးသန်းရွှေ တပည့် ပီသလိုက်တာ။ တော်ပါပေတယ်။

ရိုးနေပြီ ကိုယ့်လူ။ ဒီပျက်လုံး မရီရတော့ဘူး။ နောက်ထပ်ထွင်ပါဦး။ မထွင်တတ်ရင် ပုပ်နေတဲ့ သီးနှစ်သီးဆီ သွားသင်လိုက်အုံး။
ပုံ ... ပူနောင်ချပ်ချိန်း နောင်းဘိန်နောင်

Anonymous said...

ကို ဇာဂနာ ရေ .. …
တိုင်းပြည် အဆင့်အတန်း မြင့် မြင့် ဖြစ် အောင် စလုပ်ရအုံး မယ် ကြံတုန်း မို့ ဝေဖန်ရေး အဆင့်အတန်း တွေ အတွက် ခွင့်လွတ်ပေး လိုက် ပါဗျာ .. ..
ကို ဇာဂနာ .. .. ထွက်လာပြီ ဆိုတော့ ထုံးစံ အတိုင်း သူတို့ ရဲ့ ကိုယ်ပိုင် ဟာသ ထွင်လုံး တွေလည်း ကို ဇာဂနာ ရဲ့ ပြက်လုံး ပါ ဆိုပြီး ဖြန့် ကြမှာလည်း .. … သိကြပြီး သား ပါ .. .. ချင့်ချိန် နိုင်ကြပါစေ .. ..
တိုင်းပြည် ကောင်းကျိုး သယ်ပိုး ဦးရွက် နေကြတဲ့ အနုပညာ သမား တွေရဲ့ တန်ဘိုး ကို လည်း ပြည်သူ အများ သိနား လည် နိုင် ကြပါစေ .. ..

Ko Nay said...

ဟုတ်တယ် ဗျို့ … .. .. သတိရှိ ကြပါ .. …

Min Lu said...

ကို ဇာဂနာ ရေ .. …
တိုင်းပြည် အဆင့်အတန်း မြင့် မြင့် ဖြစ် အောင် စလုပ်ရအုံး မယ် ကြံတုန်း မို့ ဝေဖန်ရေး အဆင့်အတန်း တွေ အတွက် ခွင့်လွတ်ပေး လိုက် ပါဗျာ .. ..
ကို ဇာဂနာ .. .. ထွက်လာပြီ ဆိုတော့ ထုံးစံ အတိုင်း သူတို့ ရဲ့ ကိုယ်ပိုင် ဟာသ ထွင်လုံး တွေလည်း ကို ဇာဂနာ ရဲ့ ပြက်လုံး ပါ ဆိုပြီး ဖြန့် ကြမှာလည်း .. … သိကြပြီး သား ပါ .. .. ချင့်ချိန် နိုင်ကြပါစေ .. ..
တိုင်းပြည် ကောင်းကျိုး သယ်ပိုး ဦးရွက် နေကြတဲ့ အနုပညာ သမား တွေရဲ့ တန်ဘိုး ကို လည်း ပြည်သူ အများ သိနား လည် နိုင် ကြပါစေ .. ..

အမေ့သား said...

အရမ်းကောင်းတဲ့ စကားလုံးတွေပါ ဦးဇာဂနာရဲ.စကားလုံးတွေကို အရမ်းလေးစားပါတယ် .. . .. . .

အမေ့သား said...

အရမ်းတော်တဲ့ ဦးဇာဂနာပါ .. . ပျက်လုံးတိုင်းအရမ်းမြင့်တယ် ..

အမေ့သား said...

ဦးဇာဂနာ လွတ်မြောက်လာတဲ့အတွက်လည်း အရမ်းဝမ်းသာမိပါတယ် . . .. ..

Anonymous said...

ကိုဇာဂနာပြောတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ပျံဂျားရေးဝံချီးဖြစ်နေတယ်ဆိုတော့ အဲ့ဒီမဏ္ဍိုင်နဲ့ထောက်ထားတဲ့ဖက်က အတော်လေးနိမ့်ဆင်းနေမှာပေါ့နော် အလွန်ဆုံးရှိလှ ငါးပေးနှစ်လက်မလောက်ရှိမယ်ထင်တယ်။

Unknown said...

very good
I like best