Thursday, September 29, 2011

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း
သတင်း - ဗွီအိုအေ (၂၈-၉-၂၀၁၁)

မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့်ရစေဖို့ နိုင်ငံတကာအသိုင်းအ၀န်းကလိုလားနေတဲ့ တချိန် တည်းမှာပဲ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေးအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အ နေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ရေးကို မျှော်လင့်နေပါတယ်။ အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲ တွေလုပ်သွားမယ်လို့ ကတိပေးထားတဲ့အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့နေရာမှာ တချိန်က ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးအင်အားစုတွေကို ဘေးဖယ်မထားဖို့ ကုလ သမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်အဖြစ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပါဝင်တာတွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်ထားပေမယ့် တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေးအ တွက် နိုင်ငံရေးပါတီတခုအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ လိုမယ်လို့ နိုင်ငံတကာအသိုင်းအ၀န်းက မြင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မာ့ခ်ဂရန့်တ် (Mark Grant) က ဆိုရင်လည်း နိုင်ငံရေးပါတီတခုအဖြစ် အစိုးရက အသိအမှတ်ပြုမထားတဲ့ NLD ပါတီကို မှတ်ပုံတင်ခွင့် ပေးတာလို အစိုးရ ဘက်က ဆောင်ရွက်တာတွေ မြင်ချင်တဲ့အကြောင်း ကုလသမဂ္ဂရုံးချုပ်မှာ အင်္ဂါနေ့နှောင်းပိုင်း ပြုလုပ်တဲ့ အ တွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

NLD ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာဖို့ ပါတီအနေနဲ့ မျှော်လင့်နေတဲ့အကြောင်း ပြောပါတယ်။

“NLD ပါတီ မှတ်ပုံတင်နိုင်မယ့် အခြေအနေတရပ်ဖြစ်ဖို့ လိုနေတယ်လို့ ကျနော်တို့ တွက်ထားပါတယ်။ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အချက်တွေကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါကြောင့် အဲဒီဆွေးနွေးပွဲ ရဲ့ သူတို့ မျှော်မှန်းထားတာတွေ ဖြစ်ပေါ်လာဖို့ စောင့်မျှော်နေတာ အခု နည်းနည်း နောက်ကျလာပြီဆိုတဲ့ သ ဘောတော့ တွေ့တယ်။ ဒါကြောင့် တကယ်လို့ NLD ပါတီအနေနဲ့ကတော့ မှတ်ပုံတင်နိုင်မယ့် အခြေအနေတခု ပေါ်ပေါက်လာရင်တော့ ကျနော်တို့ ဒီဟာကို စဉ်းစားဆုံးဖြတ်မှာပါ။ ကြိုတင်ဆုံးဖြတ်ထားတာတော့ မရှိပါဘူး”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဒီမိုကရေစီအခြေခံတွေ ကင်းမဲ့ တယ်ဆိုပြီး NLD ပါတီက ပြောဆိုခဲ့သလို မှတ်ပုံမတင်ဘဲ နေခဲ့တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီတခု မ ဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေက သဘောထားနေကြတာပါ။ ဒါပေမယ့်လည်း အစိုးရသစ် တက်လာပြီးတဲ့ နောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီရဲ့ အဓိက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို ဖြစ်ထွန်းမှုတွေ ရှိလာတဲ့အတွက် အခြေ အနေတွေ ပြောင်းလဲလာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောရာမှာလည်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားသလို ရှေ့လျှောက် ဆက် လုပ်သွားမှာလည်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုသွားတာပါ။ ဒီအတွက်လည်း မကြာခင်မှာ အပြောင်းအလဲ တွေ ဖြစ်လာလိမ့်မယ်လို့ သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဆေးဘက်ဆိုင်ရာ မနုဿဗေဒပညာရပ်အ တွက် မြန်မာနိုင်ငံမှာ လေ့လာခဲ့ဖူးသူ ပါမောက္ခ မိုနစ်ခ် စကစ်ဒ်မိုး (Monique Skidmore) တို့လို အကဲခတ် တွေက မြင်ပါတယ်။

“မြန်မာအစိုးရက သိပ်စကားပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလိုပြောတတ်တာ မဟုတ် ပါဘူး။ ဒီလို မှတ်ချက်ပေး ပြောဆိုတာတွေဟာ ထူးခြားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ် ဆို တာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားလူ အများအပြားလို သူ လည်း ယုံကြည်တဲ့အကြောင်း မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နဲ့ တွေ့ဆုံအပြီးမှာပဲ ကြေညာချက်တစောင် ထုတ် ပြန် ပြောဆိုခဲ့တာပါ။ ဒီလို တိုးတက်မှုတွေ ထွက်ပေါ်နိုင်တဲ့ အလားအလာတွေ ရှိနေပေမယ့်လည်း တချိန် တည်းမှာ အစိုးရအနေနဲ့ အားလုံးပါဝင်ခွင့်ရှိပြီး နောက်ပြန်ဆုတ်လို့မရတဲ့ အသွင်ကူးပြောင်းမှုတွေကို ဆောင် ကြဉ်းပေးမယ့် ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ရလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က တိုက် တွန်းထားတာပါ။

ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ NLD ပါတီအနေနဲ့လည်း အတွင်းရေးမှူးချုပ်နဲ့ တသဘော တည်း ရှိတဲ့အကြောင်း ပြောပါတယ်။

“မစ္စတာ ဘန်ကီမွန်း ပြောတဲ့ဟာကို ကျနော်တို့လည်း သဘောတူပါတယ်။ အခုဟာက ပြည်သူ့လွှတ်တော်နဲ့ အစိုးရသစ်တွေ ဖြစ်ပြီးတဲ့အခါမှာ သမ္မတရဲ့ အဖွင့်မိန့်ခွန်းရော၊ ပြီးတော့ ပြောကြားချက်တွေအရဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်။ အခု လုပ်တော့လုပ်နေတယ်၊ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်လာသေး ဘူး။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေများအဖွဲ့နဲ့ ဆွေးနွေးအပြီး မြန်မာနိုင်ငံက အခြေအ နေတွေအပေါ် သံတမန်တွေရဲ့ အားမရတဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံလည်း အ ဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) ရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက နိုင် ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ (Marty Natalegawa) ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းမှုတွေ ရှိနေ တာကို လက်ခံကြပေမယ့် ဆွေးနွေးပွဲအတွင်းမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ဒီထက်ပိုပြီး တိုးတက်မှု တွေကို မြင်တွေ့ချင်တဲ့ မျှော်လင့်ချက်တွေရှိနေတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

12 comments:

Anonymous said...

ကျနော်တို့ ခွေးနဲ့ညားတာထက်မှားခဲ့ပါသည်။

Anonymous said...

မထင်မှတ်ပဲ..ဆက်စပ်နေတာလေးများသိရှိစေဘို့...ဒါမှမြန်မာပြည်နိုင်ငံရေးရုပ်ပုံကို မြင်ဆကြည့်နိုင်မယ်.. http://www.yangonmedia.com/news/news_detail.asp?nid=4545

"ဦးပီတာလင်းပင်- မြန်မာပြည်ပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီး အဘက ပြန်ဝင်လာတာ၊ ပြန်မ၀င်လာတာ အသာထား။ ထောက်ခံဖို့ပြောတယ်။ ဒီကိုပြန်လာတဲ့ကိစ္စနဲ့ပတ်သက် ပြီး ဂျာမနီက ဦးနွယ်အောင်၊ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင် ကျော်တို့နဲ့ညှိနှိုင်းပြီး ပြန်ဝင်လာတာပါ။"ရန်ကုန်တိုင်းမ်- အဘနဲ့ညှိနှိုင်းခဲ့သူတွေကို ဆက်လိုက်ပါလာဖို့ ရှိပါလား။

ဦးပီတာလင်းပင်- သူတို့က ပြန်ဝင်လာဖို့အသင့်ပါပဲ။ ဒီဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ရင် ပြန်ဝင်လာကြမှာပါ။ အဘက ဦးဆုံးဝင်လာတာဖြစ်တဲ့အတွက်အောင်မြင်မယ် ဆိုရင် သူတို့ပြန်လာကြမှာပါ။ အဘက မကြောက်မရွံနဲ့ ပြန်လာတော့ တာဝန်ရှိသူတွေက အဆင်ပြေအောင်ထား ပေးထားတယ်။ ကိုယ်သွားချင်တဲ့နေရာသွားအနောက်က လိုက်တာမရှိဘူး။ အဘက အမေရိကားက ပထမဆုံးပြန် လာသူဆိုတော့ အကုန်လုံးက ၀မ်းသာအားရ ကြိုဆိုကြပါ တယ်။ အစကောင်းနေတော့ နောက်အလားအလာက ကောင်းဖို့ရှိပါတယ်။

Anonymous said...

ခွေးနဲ့ညားတာထက်မှားခဲ့ပါသည်.. လို့ဆိုတဲ့သူ.. ခင်ဗျားကို ကျောင်းသားတပ်မတော်က ဖိတ်ခေါ်နေပါတယ်.။ နွေးထွေးစွာကြိုဆိုနေပါတယ်..ကချင်တွေကလည်းမျှော်လင့်နေပါတယ်.။ volunteer/ hero လုပ်မယ်ဆိုရင် အဆင်သင့်ပါပဲတဲ့.။ .တော်လှန်ရေးထဲက ကိုယ့်အခန်းကိုသဘောမပေါက်ရင် တော်လှန်ရေးမကျရင်.. အဲဒီလို ပြစ်တင်ကြိမ်းဝါးနေရတာတွေနဲ့ပဲ အချိန်ကုန်သွားမယ်.။

Anonymous said...

ခွေးနဲ့ညားဘူးခဲ့လို့ အဲဒီအတွေ့ အကြုံကို သတိရသွားတာ မှတ်မိသွားတာဖြစ်မှာပေါ့ ဟီး. သူပြောတာကိုဘာသာပြန်ကြည့်တာ စော်ကားတာမဟုတ်ဘူး။ တချိုကကာလသားတွေက ပြောဘူးတယ် တချို့ကာလသားတွေငယ်ရွယ်စဉ်ကာလမှာလား ပုံပြင်ထဲမှာဆိုလား အဲဒီလို အကောင်ပလောင်တွေနဲ့ညားဖူးတယ်ဆိုပဲ.. ဟီး. စော်ကားတာမဟုတ်ဘူး သူများပြောတာတွေ သွားအမှတ်ရမိတာ.

သက်သက်ဦး said...

ဒီသတင်းကြားရတော့ တစ်မျိုးတော့၊တစ်မျိုးကြီးဘဲ၊ NLD ကအညံ့ခံတယ်ပြောရမလား။ဒီလို ပထမတော့ တွေးမိပါတယ်။လက်တွေ့ကျ လုပ်ဆောင်ရန်မှာလဲ ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အာင်ဆန်းစုကြည်၏ တနည်းတဖုံ ပူးပေါင်းဆာင်ရွက်မှု လမ်းစ ပြု နေတဲ့အပေါ်မှာ NLDအနေဖြင့် နိုင်ငံရေးပါးနပ်မှု ရှိရပါမယ်။ ။ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများ
အောင်မြင်စဉ်တစ်ချိန်ထဲ NLD ဟာအစိုးရ၏ ဥပဒေ
အရ တရားဝင်ပါတီဖြစ်နေရန်လိုအပ်ပါတယ်။ဒါမှ NLD အနေဖြင့် တရားဝင်ဆောင် ရွက်မှုတွေမှာ ပီပြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ် လို့လဲယူဆ မိပါတယ်။
တိုင်းပြည်ကို ကောင်းအောင်ဆောင်ရွက်ကြရမှာ
ဘယ်လိုဘဲလုပ်လုပ်(ကောင်းစေဘို့)သာရည်ရွယ်ပြီး တတ်နိုင်သလိုဝိုင်းဝန်း ဆောင်ရွက်ရန်လဲနိုင်ငံသားတွေကို တိုက်တွန်းပါတယ်။

Anonymous said...

တောင်လုပ်မြောက်လုပ် ထင်ရာလျှောက်လုပ်နေတဲ့ မိန်းမကြီးရေ ဒီလမ်းကို ရွေးမှတော့ နင့်အတွက် လူတွေ သေပေးစရာလိုခဲ့မလား မိန်းမကြီးရဲ့ ဦးနှောက်ရှိရှိလေး စဉ်းစားပါဦးကွဲ့ ပါတီမှတ်ပုံတင်တော့ကော နင်တို့ပါတီ တိုင်းပြည်အတွက် လုပ်ခွင့်ရမတဲ့လား လေးဖက်ပဲ ထောက်ပေးထားလိုက်တော့ မိန်းမကြီးရေ

Anonymous said...

`လေးဖက်ပဲထောက်ပေးလိုက်တော့လို့ ´မင်းအမေကို သွားခိုင်းပါလား ... မင်း အဲ့လောက်တော့မမိုက်ရိုင်းသင့်ဘူး
တစ်နိုင်ငံလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်း လူတွေရဲ့ လေးစားမှုကိုခံရသလို.. တစ်ကမ္ဘာလုံးရဲ့ အလေးထားမှုကိုလဲ ခံရတယ်..
ဒီလို အာဂမိန်းမသားမျိုးကို မင်း အဲ့လောက်မိုက်ရိုင်းရဲ
တယ်ဆိုတော့ လူရော ဟုတ်သေးရဲ့လား .... မပြီးခင်ဗမာမမြင်စေနဲ့တဲ့ ... သူက လမ်းဘေးမှာ
ကုန်းနေတဲ့
ဲ့မင်းအမေလိုမိန်းမမျိုးတော့မဟုတ်ဘူး..
အဲ့ဒါတော့အသေချာဆုံးပဲ ...
မသေချာတာကတော့ သူလဲ လူသားထဲကလူတစ်ယောက်မို့ အမှားတွေတော့ရှိနိုင်တယ်ဆိုတာပါပဲ ... သူမရဲ့အမှားတွေက ပြည်သူခွင့်မလွတ်နိုင်လောက်အောင် ဖြစ်နေခဲ့ရင်
သူမကို ပြည်သူကဒဏ်ခတ်လိမ့်မယ် .. လေးဖက်ကုန်းပေးဖို့တောင် အချိန်မှီမယ်မထင်ဘူး .. အဲ့ဒါလေးတော့ မင်းသိထား ....

Thu said...

As a cliché quote says, “There are no permanent allies, no permanent friends, only permanent interests”.
She convinces practical way after long struggling over two decades.
A request is show your comments politely.

Anonymous said...

ဒေါက်တာလွဏ်းဆွေ ခင်ဗျားရောဘယ်လိုမြင်သလည်းဗျ။ သိချင်တယ်ဗျာ.။ ပြောကြည့်ပါဦး။ ဒေါ်စုကိုတိုက်ခိုက်နေခဲ့တဲ့သူတချို့တော့ ပြည်တော်ပြန်ဝင်ဘို့ချောင်းနေကြလေရဲ။ "ရင်ခုံတာဟာ ဒိုင်းနမိုင်း..ဒိုင်းနမိုင်း..လောင်စာလေးတွေပေါက်ကွဲသွား" ဆိုတဲ့သီချင်းကလေးသတိရပြီး သူတို့နဲ့ဆက်စပ်စဉ်းစားမိတယ်။

Anonymous said...

She is so Bitchy

Has she ever remember once her slogan

My head is bloody but Unbow?

How many students, monk and patron died for her and NLD? suffering in Jail?

SHE IS BITCH

Anonymous said...

နိုင်ငံရေးနဲ့လဲဘာမှမသက်ဆိုင်၊ ဘယ်လိုအမြင်မျိုးကိုမှလဲ တန်ဖိုးရှိစွာမပေးနိုင်တဲ့ အသားလွတ်ပုဂ္ဂိုလ်ရေးရိုင်းပျမှုတွေဟာ မြန်မာပြည်ရဲ့ လူမျိုး၊ဘာသာ ကိုအထင်အမြင်သေးရှုံ့ချစရာဖြစ်စေပါတယ်။ ဒီလို ကွန်မင့်တွေကိုတင်ပေးတဲ့ ဆရာလွဏ်းဆွေရဲ့ ဘလောဂ့်ကို အံ့သြမိပါတယ်။ ဆရာအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ Informative ဖြစ်မယ့် ဘလောဂ့်တစ်ခုကိုတောက်လျှောက်ထိမ်းသိမ်းလာခဲ့တာပါ။ဆရာခင်ဗျာ တစ်ဆိတ် ပြန်စဉ်းစားကြည့်ပေးပါခင်ဗျာ။အနှောက်အယှက်ဖြစ်ရလို့ပါ။ ဒီလောက်ရိုင်းပျနေတာ ပွန်ဆိုဒ်မဟုတ်ပါခင်ဗျာ။ ဒေါ်စုဖြစ်စေ၊ အစိုးရဖြစ်စေ ဘယ်သူ့ရဲ့လုပ်ရပ်ကိုဝေဖန်သည်ဖြစ်စေ သိက္ခာနှင့်အဆင့်အတန်းကိုတော့ထိမ်းသိမ်းသင့်ပါတယ်လို့ပြောပါရစေခင်ဗျာ။

Anonymous said...

ဒေါက်တာလွမ်းဆွေက ကျန်ဆဲစာတွေဖြုတ်ပြီး သူဆဲထားတာ(လို့ယူဆလို့ရသည်)တော့ချန်ထားပုံရတယ်။ ကိုယ့်ဆိုဒ်ပဲကိုယ်လုပ်ချင်သလိုလုပ်မယ်ဆိုရင်တော့..ဘယ်တရားပါ့မလည်းဆရာရယ်.။