Tuesday, September 27, 2011
ရွှေဝါရောင် ၄ နှစ်ပြည့် အထိမ်းအမှတ် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်သည့် လူထု လှုပ်ရှားမှုကို စော်ကားမော်ကား ပြောဆိုရေးသားသည့်အတွက် စာဖတ်သူ ပြည် သူလူထု အကြီးအကျယ် ဒေါသထွက်နေကြသည့် Eleven Media Group ၏ ၀က်ဘ်ဆိုက်မှ သတင်းတပုဒ်
လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ဖြစ်ပွား၊ အမျိုးသားရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူများစု ပြောကြား
(Eleven Media Group၊ စက်တင်ဘာ ၂၆၊ ၂၀၁၁)
လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့ (၂၆-၉-၂၀၁၁) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံအနီး ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားရင် ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာ ဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။ “မြစ်ဆုံရေကာတာကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်း ဖြစ်နေတာကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့်ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့် တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေက ဖျက်လိုဖျက်စီးလုပ် မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်” ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်းက ပြောကြားခဲ့ပါသည်။
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာ ဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွား မှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က လည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှမလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ်၊ နိုင်ငံရေးအကျဉ်းသားတွေအရေး နှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသား ပြည်လည်ရင်ကြားစေ့ရေးကို နစ်နာအောင်လုပ်မယ်ဆိုရင်တော့ လွဲသွားလိမ့်မယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစု ခွဲဖို့ ပြောနေတာတွေ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်း ကြဖို့ ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး" ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါ သည်။
ဦးဝင်းကြိုင် (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်)
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တောင် မြန်မာဟာ အာရပ်ကမ္ဘာလို မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု ပြောကြားထားပြီးသားပါ။ အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း သက်ရောက်သလို မဖော် ဆောင်သင့်ဘူးလို့မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အ ခက်အခဲ ကိုယ်တင်ပြခွင့်၊ ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်း ဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့ ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါ ဘူး။ အခုလို လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ စစ်တပ်က တစ်ခါ အာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊ လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့ အခုလိုဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။ အခုလို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီလမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုးကြားရတာ ရည်ရွယ်ချက်တစ် မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။ အခုအချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း တောင်းယူလို့ ရနေတဲ့အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။ တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။ အခုခေတ်မှာ ထိပ် တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်းဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။ နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ လုပ်ကိုင်သင့်ပါတော့တယ်။ ဥပမာ ဧရာဝတီမြစ်ဆုံကိစ္စအတွက် ပညာရှင်တွေဟာ နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ ဆန့်ကျင်ကြပါတယ်။ ဒီလိုအေးချမ်းစွာနဲ့ တိုက်တွန်းရယူတဲ့ အဆင့် မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”
ဦးစိုးညွန့် (ဥက္ကဌ၊ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)
“အခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြသခွင့် ရလာကြပြီ။ ဒါပေမယ့် တိုင်းပြည်ဆူဆူပူပူ ဖြစ် လာပြီးတော့ သွားနေတဲ့ ရည်ရွယ်ချက် လမ်းစဉ်ကို အနှောက်အယှက်မဖြစ်စေချင်ဘူး။ အခုချိန်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ကာလပါ။ ဒီလို ဖြစ်ရပ်ကြောင့် သွားနေတဲ့ ရည်ရွယ်ချက် မပျက်စေချင် ဘူး။”
“ဆူးလေဘက်မှာလည်း လူတွေစုကြတယ်လို့ ပြောတယ်။ သန်လျင်ကအဖွဲ့တွေ၊ BG Group က လူတွေပါ တယ်လို့လည်း ကြားတယ်။ BG Group ဆိုတာ ဗိုလ်ချုပ်သွေးလှူအဖွဲ့လို့ ပြောပါတယ်။ ဒဂုံဘက်ကလာတဲ့ ဒေါ်နော်အုန်းလှတို့ အဖွဲ့တွေလည်း သက်ဆိုင်ရာက တားလို့ န၀ဒေး ရုပ်ရှင်ရုံနားကနေ လူစုခွဲပြန်သွားကြပြီ လို့ သိရတယ်” ဟု ဆူးလေဘုရားအနီးမှ စုဝေး၍ ရွှေဂုံတိုင်မီးပွိုင့်အနီးတွင် လူစုခွဲသွားသည့်အဖွဲ့နှင့် လိုက်ပါခဲ့ သူတစ်ဦးက ပြန်ပြောပြပါသည်။
ဆူးလေစေတီတော်အနီးမှ စုဝေးထွက်ခွာခဲ့သူအချို့၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခန့်
 - ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စုဝေး၍
မွန်းလွဲ(၁)နာရီကျော်ခန့်
 - ရွှေတိဂုံစေတီဘက်သို့ ဦးတည် ထွက်ခွာခဲ့။
- စတင်ထွက်ခွာစဉ်က (၅၀)ကျော်ခန့်ရှိပြီး အများစုသည် တီရှပ်အ၀ါရောင်များ ၀တ်ဆင်ထား။
မွန်းလွဲ(၂)နာရီခွဲခန့်
 - ရွှေဂုံတိုင်မီးပွိုင့် အနီးမှစ၍ လူစုခွဲသွားကြကြောင်း သိရ။
ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေးထွက်ခွာခဲ့သူများ၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခွဲခန့်
- ဒဂုံမြို့သစ်မြောက်ပိုင်း စုရပ်မှ BM ကား(၃)စီးဖြင့် ထွက်ခွာ။
- ဆူးလေစေတီတော်သို့ ဦးတည်ထွက်ခွာခြင်း ဖြစ်ကြောင်း သိရ။
မွန်းလွဲ(၁)နာရီကျော်ခန့်
- သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းဝမှတ်တိုင်အနီးမှ နေ၍ ဆက်မသွားရန် တားမြစ်။
- ယင်းကဲ့သို့ တားမြစ်သောကြောင့် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြ။
- န၀ဒေးမှတ်တိုင် အနီးတွင် အတန်ကြာ စုဝေးပြီးနောက် ဆုတောင်းမှုများ ပြုလုပ်။
မွန်းလွဲ(၂)နာရီ(၁၀)မိနစ်ခန့်
- သက်ဆိုင်ရာ၏ တားမြစ်ချက်အရ လူစုခွဲကာ ပြန်လည်ထွက်ခွာ သွားခဲ့ကြ။
- န၀ဒေးမှတ်တိုင်အနီးတွင် စုဝေးခဲ့သူ လူဦးရေ(၂၀၀)ခန့်ရှိ။
“ကျွန်တော်တို့ဟာ လမ်းလျှောက်ဖို့ ဆန္ဒလုံးဝမရှိတဲ့အတွက်ကြောင့် မြောက်ဒဂုံ မကွေးကျောင်းတိုက်နားက နေပြီးတော့ BM ကား (၃) စီး ငှားပြီး ဆူးလေဘုရားကို ထွက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ကို န၀ဒေးလမ်းဝမှတ်တိုင်အနားကနေပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကားမောင်းသမားတွေကို သူတို့ ရဲ့ယာဉ်လိုင်းချိန်ပြင်ပမှာ ပြေးဆွဲလို့ဆိုပြီး ထပ်မံမောင်းနှင်ခွင့်မပြုတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က လမ်းလျှောက်ပြီး သွားခဲ့ရတာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူအယောက်(၂၀၀) နီးပါးလောက် ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ အစိုးရဟာ ဟန်ချက်ညီညီ ဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖော်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ။ ဒီအဖွဲ့ကို ဦးဆောင်တဲ့သူတွေက ကိုဝေဠု၊ ဒေါ်နော်အုန်းလှ၊ ဦးဝင်းချိုတို့ ဖြစ်ပါတယ်။” ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေး၍ ကမ္ဘာအေးဘုရားလမ်း န၀ဒေးမှတ်တိုင်အနီးတွင် လူစုခွဲသွားသည့်အဖွဲ့နှင့် လိုက်ပါခဲ့သူတစ်ဦးက ပြန်ပြောပြ ပါသည်။
“အရမ်းကြီး ကြီးထွားလာမယ့် အဆင့်အထိ ဖြစ်လာမယ်လို့ မထင်ပါဘူး။ အခုလိုလုပ်တာကလည်း ဒီမိုကရေစီ အခွင့်အရေးနှင့်အညီ စမ်းသပ်လုပ်တယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း ထိပ် တိုက်တွေ့တဲ့နည်းကို မသုံးဘဲ ပြေလည်အောင် ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ပြီးသွားပါလိမ့်မယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ်ဆိုရင် မလိုလားအပ်တဲ့ အကြမ်းဖက်တာတွေ ကိုလုပ်မလာဘူးဆိုရင် ကောင်းပါတယ်။ နောက်ပြီး ထိန်းမနိုင်သိမ်းမရ အခြေအနေတွေ ဖြစ်မလာအောင် လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြိုးစားသွားရပါမယ်။ ပြည်သူတွေအနေနဲ့လည်း ပြည်သူ့အခွင့်အရေး ကို အသုံးချတယ်လို့ မြင်ပါတယ်။ လုံခြုံရေးပိုင်းက တာဝန်ရှိသူတွေအနေနဲ့လည်း ခေတ်စနစ်ပြောင်းသွားပြီ ဖြစ်တဲ့အတွက် အရင်လိုမျိုး ထိပ်တိုက်တွေ့တာတွေ မလုပ်ဘူးဆိုရင် ငြိမ်းငြိမ်းချမ်း ပြီးသွားမှာပါ” ဟု သတင်း စာဆရာ မောင်ဝံသက ပြောပြပါသည်။
“၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် နှစ်ပတ်လည်လုပ်ကြတာပါ။ အဲဒီတုန်းက သေဆုံးခဲ့တဲ့ သူတွေ၊ ထိခိုက်နစ်နာတဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှု ကုသိုလ်လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင် တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်” ဟု ပါဝင် ခဲ့သူတစ်ဦးက ပြောပြပါသည်။
“ကျွန်တော်တို့ ဆူးလေဘုရားဘက်ကို ထွက်မလာခင် ဒဂုံမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဆု တောင်းပွဲလုပ်ခဲ့ပါသေးတယ်။ ဆူးလေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆုတောင်းဖို့ ရည်ရွယ်ပြုလုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ကားကို သက်ဆိုင်ရာက တားတဲ့အခါမှာလည်း ကျွန်တော်တို့အဖွဲ့တွေ ဆင်းပြီး လမ်းလျှောက်ခဲ့ ကြပါတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း အော်တာ လက်ခုပ်တီးတာတွေ ဘာမှမလုပ်ခဲ့ကြပါဘူး။ ပြီးတော့ လမ်းဘေးပလက်ဖောင်းပေါ် တက်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းထိုင်ပြီး ဆုတောင်းတယ်။ ခဏနေတော့ သက် ဆိုင်ရာတာဝန်ရှိသူတွေ ရောက်လာတယ်။ ပြန်ခိုင်းတယ်။ ကျွန်တော်တို့လည်း မိနစ်ပိုင်းအတွင်း လူစုခွဲပြီး ပြန် ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ပျက်စီးစေလို့တဲ့ ရည်ရွယ်ချက်မရှိပါဘူး” ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ဘာတွေပြောကြတယ်၊ ဘာတွေ ဆုတောင်းကြတယ်တော့ သေချာမသိပါဘူး။ ကမ္ဘာအေးဘုရားလမ်းမှာ လမ်းတွေ နည်းနည်းပိတ်သွားတယ်။ ဆူပူတွေမပြုလုပ်ကြဘဲ ကိုယ်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော် ထုတ်ကြဖို့ လိုပါတယ်” ဟု ကမ္ဘာအေးဘုရားလမ်းနေ အသက် ၄၀ ၀န်းကျင်အရွယ်ရှိ ဦးအေးသန်းက ပြော ကြားခဲ့သည်။
ဆူးလေစေတီ၌ ဆုတောင်းအမျှဝေမှုများ ပြုလုပ်ခဲ့သူများသည် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြန်လည်လူစုခွဲခဲ့ ကြကြောင်း သတင်းရရှိပါသည်။
“စကြားခါစကတော့ တစ်ယောက်စကား တစ်ယောက်နဲ့ တော်တော်ကြီးတယ်ထင်ခဲ့တာ။ သေချာသိရတော့မှ သိပ်မများဘူးဆိုတာ သိရတယ်။ ဒီဘက်မှာတော့ အေးအေးချမ်းချမ်းပါပဲ” ဟု တာမွေမြို့နယ်၌ နေထိုင်သူ တစ်ဦးက ပြောပြသည်။
“ဖုန်းနဲ့ လှမ်းပြောလို့ သိလိုက်ရတာပါ။ ညနေ လေးနာရီခွဲလောက် မြို့ထဲရောက်တော့ အားလုံး ပုံမှန်အတိုင်း ပါပဲ” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါသည်။
“သိလိုက်ရတဲ့အချိန်တုန်းက ကန်တော်ကြီးထဲ ရောက်နေတာ။ မသိလိုက်ကြပါဘူး။ ပြန်ထွက်မှပဲ သိလိုက်ရ တယ်” ဟု မင်္ဂလာဒုံမြို့နယ်မှ လူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
ယနေ့ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲကြောင့် မြောက်ဥက္ကလာ၊ န၀ဒေး၊ ဆူးလေနှင့် ကမ္ဘာအေး ဘုရားလမ်း တစ်လျှောက် ရွှေဂုံတိုင်မီးပွိုင့်အထိ လူအများလှုပ်လှုပ်ရှားရှားဖြစ်ပေါ်ခဲ့ပြီး ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် အားလုံး အေးအေးချမ်းချမ်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြီးဆုံးခဲ့ကြောင်း သိရပါသည်။ ဆန္ဒထုတ်ဖော်မှုများ ပြု လုပ်ခဲ့ရာ နေရာအချို့မှလွဲ၍ ကျန်နေရာများတွင်မူ ပုံမှန်အနေအထားတိုင်း ရှိနေခဲ့ကြောင်း သိရှိရပါသည်။
“နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊ ဆန္ဒပြလိုက်ဆိုတာထက် ပိုပြီး ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်။ လူအများစုရဲ့ဆန္ဒဆိုတာ လူအများစုရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါ တယ်။ ဆန္ဒပြတာမဟုတ်ဘူးဆိုပေမယ့် အများပြည်သူအကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော်သောင်းနင်း ဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact ရှိတယ်။ ဆူးလေဘုရားမှာ ဆန္ဒပြသူက (၇၀) ကျော်၊ သ တင်းယူသူက (၁၀၀) ကျော်ရှိတယ်။ တချို့သတင်းထောက်တွေက သတင်းကြိုရထားကြတယ်။ အလုပ်ဆို တာ အရွေ့မရှိဘဲနဲ့ အလုပ်မပြီးမြောက်ဘူးဆိုတာ နိုင်ငံရေးကို လုပ်ကိုင်နေတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ် ရှားသူတွေအနေနဲ့ သိသင့်ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ Bird eye view ဆိုတာ နယ်ပယ်အသီးသီးမှာရှိပါတယ်။ တိုင်းပြည်ရဲ့ရေရှည်အကျိုး၊ ဒုက္ခတွေခံစားနေရတဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်ကတော့ ဒီနေ့ဖြစ်ရပ်ကို လုံးဝသဘောမကျ ဘူး” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ဒီလင့်ခ်မှာ မူရင်းကို ဖတ်ရှုနိုင်ပါတယ်
79 comments:
Unknown said...
ဘာစာဖတ်သူ ပြည်သူလူထုလဲ၊ ခင်ဗျားတစ်ယောက်ထဲ ဒေါသထွက်နေတာ မဟုတ်လားဗျ။ ပြည်တွင်းက လူထုအများစုရော၊ အပြင်ရောက်နေတဲ့ ကိုယ့်ပညာနဲ့ ကိုယ့်ရှာစားနေတဲ့ ရိုးရိုးလူတွေရော (ခင်ဗျားတို့လို နိုင်ငံရေးအခွင့်ထူးခံ၊ တတိယနိုင်ငံသွားချင်သူတွေမဟုတ်)
အလဲဗင်းကို ထောက်ခံတယ်။
Anonymous said...
တော်ကြာဒီလိုလူတွေကြောင့်အစိုးရကအကြောင်း
ပြချက်ရသွားပီးနိုင်ငံရေးအကျဉ်းသားတွေလွှတ်
ပေးဘို့ကြန့်ကြာသွားရင်ဆိုတာမျိုးအဲဒီမြောက်ဒဂုံ
ကလူတွေမစဉ်းကြဘူးလား?
ELEVENကိုထောက်ခံတယ်
Anonymous said...
သိပ်ဒေါသထွက်တာပေါ့ ကျော်ဆန်းကိုချော့ဖို့ လူစွာဝင်လုပ်တာပဲ မသိတာမှတ်လို့  မင်းတို့ အလံရှူးတွေ သိပ်တော်ပါတယ် ELEVEN ရေ
Anonymous said...
အင်း ပြီးတာကတော့ပြီးသွားပါပြီ တယောက်နဲ့တယောက်အပြစ်တင်နေမယ့်အစား ရှေ့ဘာဆက်လုပ်ကြမလဲသာ စည်းဝေးကြပါ
sarpawtun said...
သတင်းကို သတင်းအတိုင်းရေးတာ မင်းတို့ကို သံတော်ဦးတင်နေရဦးမလား။ မှတ်ထား မင်းတို့လို အတင်းထိုင်ပြောနေတဲ့ အတင်းသမားမဟုတ်ဘူး သတင်းသမား နားမလည်ရင် သတင်းသမားကျင့်ဝတ်သူငယ်တန်းဖတ်စာပြန်သင်ကြ။ အလဲဗင်းကိုထောက်ခံတယ်။ ပြည်တွင်းက ခက်ခက်ခဲခဲရပ်တည်နေရတဲ့ သတင်းဆိုက် သတင်းသမားအားလုံးကို ထောက်ခံတယ်။
Anonymous said...
ဒါဆို ဒီမိုကစေီလုပ်ဖို့ ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့။ အစကတည်းက ဒီလိုဆိုရင် ဒီမိုကရေစီတိုက်ပွဲအတွက် သေသွားကြတဲ့သူတွေ နှမြောစရာကြီး၊ အဲဒီလူတွေ အသေခံပြီး ဒီမိုကရေစီတိုက်ပွဲဝင်တာ ဗမာပြည်ဒီမိုကရေစီနဲ့ ပိုဝေးသွားသလိုဖြစ်သွားင်္ပြ။ အာဏာရှင်တွေ ဒီမိုကရေစီပေးတာကို ထိုင်စောင့်နေကြ နောင် နှစ်ပေါင်းတစ်ရာ၊ အခုမှ အင်ဒိုနီးရှား စတိုင်။ စင်ကာပူစတိုင် စီးပွားရေးကို သူတို့အလိုကျ ဖွင့်ပေးင်္ပြးတော နိုင်ငံရေးကို နားပိတ်၊ မျက်စိပိတ်ထားမယ်။ ဒါကို အဟုတ်ကြီးထင်ပြီး ကျေနပ်နေရင်တော အဲဒီ ပြည်သူနဲ့ထိုက်တန်တဲ့ အစိုးပဲရလာ လိမ့်မည်၊
Anonymous said...
We are also agreed with Eleven Media Dr Than Htut Aung .We survive ourself and hate all exile political suckers .
ပုဂံသား said...
ပေါလိုက်တဲ့ စာရေးသူနဲ့ တင်ပေးတဲ့ ကိုလွဏ်းဆွေ။ ကျုပ်တို့ကတော့ အပြင်က ဘေးလွတ်ရာမှာနေ သူပုန်ကို အင်တာဗျူး သတင်းလုပ်တင်နေတဲ့ ခင်ဗျားတို့ထက် အပုံကြီး အလဲဗင်းကို ယုံကြည်တယ် ထောက်ခံတယ်။
Anonymous said...
Eleven ကို ဆက်ပြီး ထောက်ခံပါ။ မင်း အစ်မတွေ၊ ညီမတွေ မက နောက်ဆို မင်း အမေရော စစ်အစိုးရရဲ့ ပင်တိုင် ဖာသည် ဘဝ ကျရောက်သွားမယ်။
Anonymous said...
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊အမျိုးသားပြန်လည်သင့်
မြတ်ရေးကိုဦးတည်နေသောကာလဖြစ်သဖြင့်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုပျက်ပြားစေမည့်အပြုအမူများ။
အိမ်တွင်ထမင်းစားရေသောက်တာကအစဆင်ခြင်ကြစေလိုပါသည်။သို့မဟုတ်ပါကနောက်ကွယ်ကအကြောင်းရင်းကို
ဖေါ်ထုတ်အရေးယူခံရနိုင်ပါသည်။
ကိုဇေ said...
ကို လွမ်းဆွေခင်ဗျား ပြည်တွင်းမှာသာဆို elevenလို ထောင်နှုတ်ခမ်းနင်းပြီး ဧရာဝတီမြစ်ဆုံဆည်ကိစ္စ ပြောရဲပါ့မလား။
ခင်ဗျားလို မြန်မာပြည်ဒီမိုကရေစီရသွားရင် ခွက်ပျောက်သွားမှာ စိုးရိမ်နေသူ ပြည်ပက ဒီမိုအရေခြုံသူများသာ
ပြည်သူ့ဘက်ကရပ်တည်နေတဲ့ eleven ကို အပြစ်ပြောနေတာ။
ကျုပ်ကတော့ eleven ကိုထောက်ခံတယ်ဗျို့  ။ ခင်ဗျား eleven ကို ပုတ်ခတ်နေလို့ ခင်ဗျားတန်ဖိုးတက်လာမယ်မထင်နဲ့။
စာဖတ်ပရိသတ်က ခင်ဗျားပြောသမျှယုံရလောက်အောင် မအတော့ဘူးဗျာ
Anonymous said...
ကိုဇေ ဆိုတဲ့ လူကြီးရေ...မင်းက ပြည်သူတွေ မ “ အ ” ဘူးလို့ ပြောတယ်နော်။ စစ်အစိုးရရဲ့ လက်ထက်မှာ ပြည်သူတွေ “ အ“ ဘယ်ကမလဲကွာ။ စစ်ကျွန်ဘဝ ဖာသည်တွေ ဖြစ်ရတာ မင်း မိသားစု အပါဝင်လေ။ အဲဒါ တို့ ဗိုလ်ချုပ်၊ မင်းဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တာနော်။ အလကား မဟုတ်ဘူးကွ။ မင်း အပါဝင် ပြည်သူတွေ အများစုက “ အ “ စစ်ကျွန်ဘဝနဲ့ “ အ “ မင်းမို့လို့ ပြောရဲတယ်ကွ။ မျက်လုံးပိတ်၊ နားပိတ်၊ ဥနှောက်တွေ သေနေရတာလေ။
နောက်ဆို မင်းမှာ မိန့်မရရင်လည်း ဒီအတိုင်း ဖြည်နေအုံးမယ်ကွ။ ဗိုလ်ချုပ်..
ကျော်ကျော်ဦး said...
ကိုဇေ ပြောတာ ထောပ်ခံမှန်ကန်ပါတယ်. အခုချိန်မှာ မြန်မာပြည်အပြင်က ဒီမိုကရေစီ ကိုအကြောင်းပြပြီး တောင်းစားနေသော သူတောင်းစားအဖွဲ့ အစည်းများ နှင့် ပြည်တွင်းမှ တင်အောင်မြင့်ဦးနှင့်ကျော်ဆန်းတို့ အဖွဲ့ က စေ့စပ်ရေးကိုလက်မခံပါ။ သူတို့ ၏ ခွက်ပျောက်သွားမှာကို အလွန်းစိုရိမ်ပါသည်။ ထို့ ကြောင့် ဖြစ်သည့်နည်းဖြင့် ဆူပူဆန္ဒပြမှုကို ဖန်တီးယူနေပါသည်။ ဤနည်းဖြင့် ပြည်ပမှ သူတောင်းစားအဖွဲ့ အစည်းများက US နှင့် EURO,AUSYနိုင်ငံများမှ ဆက်လက်တောင်းစားခြင်း ခိုလှုံခွင့် ခွင်များဆက်လက်ဖန်တီးနိုင်ပါသည်။ ပြည်တွင်း ဒမြအဖွဲ့  တင်အောင်မြင့်ဦး နှင့် ကျော်ဆန်း အဖွဲ့ က တိုင်းပြည်အတွင်း ဆက်လက်အာဏာတည်မြဲရန် နှင့် မိမိအကျိုးအတွက် အသုံးချပြီး တိုင်းပြည်ကို ဖာ သူတောင်းစားနိုင်ငံအဖြစ် သွတ်သွင်းနေပါသည်။ ထိုသူများသည် တိုင်းပြည်၏ ဘုံရန်သူအစစ်ဖြစ်ပါသည်။
Anonymous said...
ဆန္ဒပြလို့စစ်တပ်ကအာဏာပြန်သိမ်းမှာ
သိပ်ကြောက်နေရင်လည်း..ထမီခြုံပြီးအိမ်တံ
ခါးပိတ်နေရုံပဲရှိတော့တယ်ဗျာ။လုပ်သင့်တာကိုငြိမ်းချမ်းစွာပဲ
သူတို့လုပ်ခဲ့ကြတာပဲ..စမ်းသပ်မှု့လုပ်ခွင့်လဲရှိတာပဲ.ဒေါ်စုလဲ
သူ့နည်းလမ်းနဲ့သူလုပ်နေတာကိုဒီလိုဆန္ဒပြတာနဲ့ နှောက်
ယှက်ရာ ရောက်သွားတယ်လို့ဘယ်သူက
100%ပြောရဲပါသလဲ?ကြွေကျလာမယ့်အချိန်စောင့်မနေပဲ
တစ်ခါတစ်ခါခူးစားလိုက်တာလဲနည်းလမ်းတစ်ခုပဲမဟုတ်
ဘူးလား?မမှန်ဘူးဆိုရင်တောင် မမှားဘူးလို့မြင်ပါတယ်။
Anonymous said...
ဒါပေမယ့် နောက်ကွယ်ကကြိုးကိုင်မှု့တွေ
ကိုတော့သတိထားရမှာကတော့အမှန်ပါဘဲ
Anonymous said...
လူလိမ်တွေ
Anonymous said...
မင်းကဖာအကြောင်းတော်တော်ပြောတယ်သိပ်ကြိုက်တယ်နဲ့ တူတယ်မင်းလိုအဆင့်နဲ့ ဒါတွေဝင်မပြောပါနဲ့သနတယ်
Anonymous said...
ဒေါက်တာသန်းထွ၌အောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ ရှိတယ်လို့ ပြောရ
အောင် သူက ဒီနိုင်ငံရဲ့ သမ္မတလား (ဒါမှမဟုတ်) ဒီအစိုးရနဲ့ နီးနီးစပ်စပ်ရှိနေတဲ့ သူလား ...
ပေါင်းနုတ်မြှောက်စားပဲလား ....
Anonymous said...
မြန်မာပြည်မှာ ပြည်သူကို လာလာနားချပြီး ပေါင်းစားပြီး ကောင်းစာနေတဲ့ မီဒီယာသမားတွေ အများကြီး၊ "ဒါကို ပေါ်လစီစကားအရ မီဒီယာကို မီဒီယာနဲ့တိုက်ခြင်း" လို့ ခေါ်တယ်။ ပြည်သူ လူညံ့များမဟုတ်ပါ။ တော်ခွင့်မရသေးလိုပါ။
Anonymous said...
ကိုယ်က သတ္တိမရှိလို့ လမ်းမလျှောက်ရဲရင်တောင် လမ်းမှာတော့ ပိတ်မရပ်သင့်ဘူး။ လက်ခုပ်မတီးရဲရင်တောင် လက်နဲ့တော့ မကာသင့်ဘူး။
Anonymous said...
ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့် အမြင်ကို ပြည်တွင်း သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းခြင်းဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြောသည်။
“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့”
Anonymous said...
အန်တီ မကြိုက်တာ ကိုလုပ်နေတယ်။ ခေါင်းဆောင်စကား နားမထောင်ဘူး ဆိုတာတွေက ... ကိုယ်တိုင်ရေး (ပုံပြင်တွေ) ပါ ။
Anonymous said...
ပြည်သူကို လျှောတွက်တဲ့သူတွေပေါ့ဗျ။ တိုင်းပြည်က ဒီလိုဖြစ်သွားတာက နိုင်ငံရေးအဆိပ်သင့်မှုကြောင် ဖြစ်သွားတာ။ ပြည်သူတိုင်းဟာ ပြည်သူနိုင်ငံရေးကို လုပ်ဆောင်နိုင်မှသာ ပြည်သူစိတ်ကြိုက်အစိုးရ တနည်း ပြည်သူပါဝါသည် အုပ်စိုးသူအစိုးရထံ ပြန်လည်စီးဆင်းနိုင်ပေမည်။ ပြည်သူ့နိုင်ငံရေးသည် ပါတီနိုင်ငံရေးထက် အများကြီးမြင့်ပါတယ်။ ပါတီနိုင်ငံရေးသမားများသည် ပြည်သူကို ဆရာလာလုပ်၍မရ၊ လက်ခံလိမ်မည်မဟုတ်၊ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စု တိုကို ပြည်သူက ချစ်ခင်လေးစားအားကိုးခြင်းသည် ပြည်သူ့နိုင်ငံရေးခေါင်ဆောင်များ ဖြစ်ခြင်းကြောင့်ဖြစ်တယ်။
Anonymous said...
ဒီနေ့ အန်အယ်ဒီပွဲကို ဒေါ်နော်အုန်းလှတို့ မစန္ဒာဦးတို့လည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။
Anonymous said...
စာဖတ်သူအနေနဲ့  အလဲဗင်း က သတင်းကြောင့် နဲနဲတော့ စိတ်အနှောက်အယှက် ဖြစ်သွားတာတော့ အမှန်ပါ။ ချက်ချင်းသတင်းတက်လာပြီး အများစုက ဆိုတဲ့အရေးအသားကြောင့်ပါ။ ဆုတောင်းတဲ့ သူတွေက သူတို့ လုပ်နေကြ အလုပ်ကို လုပ်တာပါ။ အာဏာရူး တွေက တားလို့ လမ်းလျှောက် ဖြစ်သွားတာပါ။ အစိုးရမှာ အစီအစဉ် ရှိတယ်ဆိုရင် ဘာ့ကြောင့်ရေငုံနေ ပါသလဲ။ ဒေါ်နော်အုံးလှတို့ အဖွဲ့ က သိသလောက် ပြောရရင် သန်းရွှေခေတ်ကတည်းက မကြောက်မရွံ့ နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြဲသတိတရနဲ့  လွတ်မြောက် ဖို့ ဆုတောင်းနေတဲ့အဖွဲ့ ပါ။
ဒီနေ့ လည်း အဖွဲ့ ချုပ်ရုံးက အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က အဖြေပေးပြီးပါပြီ။
အားလုံးကျေနပ်ကြမယ်ထင်ပါတယ်။
Anonymous said...
တကယ်ထူးခြားနေတာက ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ ကျနော်အမြင်ကတော့ ရှင်း၏။
အကြမ်းမဖက်သော လှုပ်ရှားမှုတွင် နည်း (၃)မျိုး ရှိသည်။
(၁) protest and persuasion ဆန့်ကျင်ခြင်းနှင့်ဆွဲဆောင်ခြင်း
(၂) noncooperation မပူးပေါင်းမဆောင်ရွက်ခြင်း
(၃)nonviolent intervention ၀င်ရောက်စွက်ဖက်ခြင်း တို့ဖြစ်သည်။
... လက်နက်ကိုင်စစ်ပွဲတိုင်းတွင် စစ်ဆင်ရေး မဟာဗျူဟာ ရှိသလို အကြမ်းမဖက်တော်လှန်ရေးတွင်လည်း မဟာဗျူဟာ (၃)မျိုးရှိသည်။ မတရားသောအမိန့်မှန်သမျှ ဆန့်ကျင်ကြ ဟူသော တင်းမာသည့်ဗျူဟာသည် အနှစ် ၂၀ ကြာခဲ့ပြီ။ ယနေ့ နေပြည်တော်သို့ ခရီးပေါက်နေသည့် အန်တီစုအပေါ် အားမလိုအားမရ ဖြစ်နေကြသည့် အသံတွေက တစီစီ ကြားနေရသည်။
ကျနော်က ဒီလိုမြင်သည်။ ( protest ) ဆန့်ကျင်ခြင်း၏ နေရာတွင် ( persuasion )ဆွဲဆောင်ခြင်းဖြင့် အစားထိုးပြီးနောက် ဘောလုံးပွဲကို ပြေးကြည့်လိုက်သည်။ အဲဒီနောက်မှာတော့ (intervention) ငြိမ်းချမ်းသောနည်းဖြင့် ၀င်ရောက်စွက်ဖက်ရေးအတွက် ရန်သူကို မိတ်ဆွေဖွဲ့ခြင်းပင်ဖြစ်သည်။
အန်တီစုက သူ့လမ်းသူသွားခြင်းဖြစ်၏။ တကယ်လိုအပ်တာက ကျှန်တော်တို့က ကျှန်တော်
ယုံကြည်တဲ့လမ်းက သွားဖို့ဖြစ်သည်။ ရပ်မနေသင့်။ တန့်မနေသင့်။ အားပျော့တာတွေ အားလျှော့တာတွေ။
အလုပ်မဖြစ်တာတွေ။ စိတ်ညစ်တာတွေကို ဖယ်ထုတ်၍ လုပ်သင့်တာတွေ ဆက်လုပ်ကြရင်း လာမည့်
( PEPOLE POWER TWO ) ကြီးမှာ ဆုံကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။
Anonymous said...
မနေ့ကလုပ်တဲ့ ဆန္ဒပြတာကို အန်တီစုက GOOD တဲ့ဗျာ။ ကဲဆက်ပြီးတော့ အိုးကမပူ ဆလောင်းက ပူနေကြတဲ့ ပညာရှင်ကြီးတွေ တော်တန်သင့်ပြီ။
Anonymous said...
အခုလိုလုပ်တာ ဒေါ်စုက လက်မခံဘူးတဲ့ဗျာ။ အလဲဗင်းမီဒီယာဂရုက ဆရာ့ဆရာကြီးတွေက ဘယ်တုန်းက ပြောထားတာကို ကိုးကားသလဲဆို အရှေ့အလယ်ပိုင်းက ဆူပူမှုတွေနဲ့ ပြောင်းလဲသလို မြန်မာက ပြောင်းလဲမှာလားလို့
ဒေါ်စုလွတ်ခါစက မေးထားတဲ့အင်တာဗျူးက အဖြေကိုယူပြီး ခုတုံးလုပ် ရေးသွားတယ်။ အဲဒိကို ဆရာ့ဆရာကြီးတွေက ဒေါ်စုတောင် ပြောလာပြီဆိုပြီ အထင် ဝင်ဖွားနေတာ။ ဒီနေ့မေးတော့ အဲဒိလိုဖြေတယ် ရှင်ပြီလား။
ရေသောက်လိုက်အုံးမယ် ရှင်းပြရတာ မောတယ်။
Anonymous said...
လူထု ဆိုတဲ့ နာမည် မြန်မြန် ဖြုတ်လိုက်ပါ ခေါ်စရာ အမည်သညာက ငရဲစိန်ဝင်း အမည်ပေးလိုက်ပါ၏ သူတို့က ဈေးမီးရှို့တာမှမဟုတ်တာ ဘုရားမှာ ဆုတောင်းသွားတာပါ
ကားသမားတွေလဲ ဘုရားဆို ဘယ်ကားငှါးငှါး လိုက်မှာပါ အတွေးတွေမလွန်ပါနဲ့ ဇောက်ထိုးစိန်ဝင်း
Anonymous said...
သိုင်းဝတ္တူထဲကလိုပြောရရင် မသင်္ကာဖွယ်ရာ ရနံ့ကိုရလိုက်တယ်လို့ပြောရမယ်..တကယ့်တကယ်ရေးကြီးတဲ့ တိုင်းပြည်ရဲ့အရေးကိစ္စမှာ ထင်မှတ်မထားတဲ့ အစိုးရနဲ့ပလဲနံပသင့်နေတဲ့ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ နောက် နယ်ပယ်ပေါင်းစုံက လူစုံပါလာတယ် တိုင်းပြည်အသွင်ကူးပြောင်းရေးမှာ အင်အားကောင်းလာတဲ့ တွန်းအားတွေဖြစ်လာတယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူတွေ အံ့သြ၀မ်းမြောက်ခဲ့ရတယ် ဒါပေမယ့်...ဒီလူတွေဟာ သူတို့သာမှန်တယ် သူတို့လုပ်သာသည်သာ ပညာရှင်ဆန်တယ် သူတို့လျောက်တဲ့လမ်းသည်သာလျင် ပြည်သူတွေလျောက်မယ့် ပန်းတိုင်ကို အရောက်သွားနိုင်မယ်လို့ တဖက်သတ်တယူသန် ယူဆလာတယ် ပြည်သူ့ရဲ့အရှေ့မှာ ပြည်သူရဲ့အနောက်မှာ ပြည်သူ့ရဲ့ဘေးမှာ မရှိတော့ပဲ တဖြေးဖြေးနဲ့ ခေါင်းပေါ်တက်လာတဲ့သဘောမှာရှိတယ် ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ကိုယ့်ယုံကြည်ချက်နဲ့ လုပ်တဲ့သူတွေကိုပါ ဖျက်လိုဖျက်ဆီးလုပ်နေတယ်လို့ သမိုင်းတရားခံဖြစ်အောင်အထိ စွတ်စွဲလာတယ်. အသွင်မတူ ငါ့ရန်သူပုံစံနဲ့အပြင်မှာမှ တကယ့်ကို ဆရာသမားကြီးတွေလိုပုံစံနဲ့ အပေါ်စီးကနေ နိုင်ထက်စီးနင်းဆက်ဆံလာတဲ့သဘောမှာ မြင်ရတယ် စိတ်ထဲမှာ တစ်ခုခုတော့ မှားနေပြီလို့ထင်တယ်..
Anonymous said...
eleven reporter များ ရောင်ဝါးဝါး ၀ါးမခြပါနဲ့ သတင်းထောက်ဆိုတာ တိကျမှပြေရ၏
Anonymous said...
eleven အပါ​အဝင္အျ​ပစ္တ​င​္ေ​န​သူ​ေ​တြ ကို​အာဏာ​ရွ​င​္
ပါ​တ​ယ်။ eleven လို​ပိုင်မှေ​ရးြေ​ပာ​တာ​မ​ဟုတ်ဘဲ
၉​၀%ေ​ထာင်ကျနို​င် ပါ​တ​ယ်။ေ​သြး​ရဲ​ရင္လုပ္လိုက္ပါ။ဒီ​မို
ကေ​ရ​စီ​ေ​ဖာ​္ေ​ဆာ​င​္ေ​န​တယ္ဆို​ျ​ပီး​ဖ​မ​္း အံုး​မွာ​ပါ။ ဒါ​ေ​ပ​မဲ့
eleven ေ​တာ့​မ​ပါ​ဘူး​စိတ္ခ်။
Anonymous said...
ဆန္ဒထုတ်ဖေါ် လမ်းလျှောက်သင့်မသင့်အပေါ် နိုင်ငံရေး ခေါင်းဆောင်နှင့် လူငယ်များအကြား အမြင်ကွဲပြားလျက်ရှိသည်။
အန်အယ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “ ခုတောင်းဆိုချက် ၃ရပ်ကတော့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ပါပဲ။ ကျနော်ပြောချင်တာက အခြေအနေ အချိန်အခါပေါ့။ တိုင်းပြည်မှာ ပြေလည်ငြိမ်းချမ်းဖို့ ကြိုးစားနေပါတယ်။ အပြောင်းလဲ ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ခေါင်းဆောင်ပိုင်းက ကြိုးပမ်းနေတယ်လို့ မြင်တယ်။ ခုလို အချိန်မှာ အဟန့်အတားဖြစ်စေမဲ့ အနှောင့်အယှက်မျိုးတော့ မဖြစ်သင့်ပါဘူး” ဟု တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသည်။
ဆူးလေ စေတီ ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ ကိုဟန်ဝင်းအောင်ကမူ မိမိတို့အနေနဲ့ ထောင်တွင်းရှိနိုင်ငံရေး အကျဥ်းသားများကို ပွင့်လင်းမြင်သာသော ခေတ်ကြီးကို ကိုယ်တိုင်မြင်တွေ့ခံစားစေလိုသော ရည်ရွယ်ချက်ရှိကြောင်းနှင့် ယခုလို ဆုတောင်း ဆန္ဒဖော်ထုတ်ရခြင်းမှာ အပြုသဘောဆောင်သည့် စိတ်ဖြင့် ပြည်သူ့သဘောထားကို ဖော်ထုတ်ပေးလိုသော ရည်ရွယ်ချက်သာ ဖြစ်သည်ဟု ပြောဆိုသည်။
ဆုတောင်းပွဲ ပါဝင်ခဲ့သူ ဒလမြို့နယ်မှ လူငယ်တဦးက “ မြစ်ဆုံရေကာတာ ဆောက်တဲ့ စီမံကိန်းကို ပြည်သူလူထုတရပ်လုံးကလဲ မလိုလားဘူး။ သံဃာတွေရဲ့ နှစ်ပတ်လည်လဲဖြစ်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အတွက်လဲ ဆုတောင်းပေးချင်လို့ပါ ” သူ့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြောသည်။
ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးကမူ ၎င်းတို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်းသာ ဖြစ်သဖြင့် သူ့အနေဖြင့် အပြစ်မပြောလိုကြောင်းနှင့် ခေါင်းဆောင်ပိုင်းများ လုပ်ဆောင်နေသည့် ပြန်လည်သင့်မြတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အပေါ် အနှောင့်အယှက်မဖြစ်ဟု သူ့အနေဖြင့် ထင်မြင်ကြောင်း ပြောဆိုလိုက်သည်။
Anonymous said...
လူထုကိုကန့်ကွက်ရအောင် ပါတီတွေကို လူထုကအလုပ်အကျွေးပြုရမှာလား၊ ပါတီတွေက လူထုကို အလုပ်အကျွေးပြုရမှာလား။
သူတို့လမ်းစဉ်ပေါ်ရေးအတွက်ကိုပဲ လူတွေက အောင့်အီးသီးခံပေးရဦးမှာလား။ ဒေါ်စုမရှိတာနဲ့တုံးအောက်ကဖားလို အသံသာထွက်ပြီး ဘာမှဖြစ်မလာတဲ့ အဖွဲ့အစည်းက လ...ူကြီးတွေ။ အခုဒီအခြေအနေထိရောက်အောင်လည်း လူထုအုံကြွမှုတွေက အဆင့်ဆင့်တွန်းပို့လို့ ဖြစ်ပေါ်လာတာပဲမဟုတ်လား။ လူထုလိုချင်တာပေးပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နိုင်ဖို့ နိုင်ငံရေးသမားတွေက ကြိုးစားကြပေါ့။ အာရုံတွေလွဲမသွားကြနဲ့ဦး။ တိုင်းရင်းသားဒေသတွေမှာ အသေအကျေတိုက်ခိုက်ခံနေရပြီ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်အစိုးရကို ပြည်သူ့ဆန္ဒသိအောင်တော့ပြရမယ်။ အဲဒါတွေအကောင်အထည်ဖော်ဖို့က နိုင်ငံရေးကိုဦးဆောင်နေပါတဲ့ဆိုတဲ့သူတွေက ညှိနှိုင်းပေးကြပေါ့။ အဲဒါမှမလုပ်နိုင်ဘူးဆိုရင်လည်း ဘေးထွက်ထိုင်နေလိုက်။ ဘုမပြောနဲ့။
Anonymous said...
လူတစ်ယောက်က အဲသလို ထင်နေရုံနဲ့ အမြင်မတူစရာလား။ လုပ်စရာရှိတာ လုပ်ရမှာဘဲ။ အပြောင်းအလဲဖြစ်ချင်ရင် မတရားဖမ်းထားတဲ့ လူတွေကို အမြန်လွှတ်ပေးရုံပဲပေါ့။ ဒီလူတွေကို မလွှတ်ဘဲနဲ့ ဒီမိုကရေစီစကားပြောတာ သိပ်စောလွန်းတယ်ထင်တယ်။
ဒီအစိုးရအဖွဲ့ဟာ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် အစိုးရပါ။ အရမ်းယုံရင်တော့ ခက်လိမ့်မယ်။ လုပ်စရာရှိတာ လုပ်တာ အကောင်းဆုံးပါဘဲ။
Anonymous said...
ဟန်ဝင်းအောင် ထောင်နှစ်ခါကျပြီးပြီ သူရဲ့ ထပ်ပေးဆပ်ရဲတဲ့ သတ္တိကိုလေးစားတယ်။ သူနဲ့ အတူ ဒီအချိန်အခါမှာ ရဲရဲဝံ့ဝံ ဆန္ဒဖေါ်ထုတ်ရဲသူတွေ အားလုံးကို အလေးပြုပါတယ် ။
Anonymous said...
ကိုမိုးသီးကလည်း ဒီလိုပြောတယ်ဗျာ ----
ရွှေဝါရောင်လှုပ်ရှားမှု ၄ နှစ်မြောက် ကို ထောက်ခံတယ်။ မှန်ကန်မှုရှိတဲ့အပြင် တောင်းဆိုချက်တွေဟာ တရားမျှတမှုလဲရှိတယ်။ ---- တဲ့ ကဲ ဘာပြောချင်သေးလဲ
Anonymous said...
ဆုတောင်းပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောကြားရာမှာ … "ယခုလို ကျနော်တို့ပြည်သူတွေအားလုံး စုပေါင်းပြီး ပြုရတဲ့ ကုသိုလ်၊ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်မှာ ကျဆုံးခဲ့သူ ရဟန်းရှင်လူ အာဇာနည်အပေါင်းကို ရည်စူးပြီး ပြုလုပ်ရတဲ့ ကုသိုလ်တွေကို တိုင်တည်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးမှာ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ တိုင်းရင်းသူလူမျိုးတွေ ဘေးအန္တရာယ်တွေက ကင်းလွတ်ပါစေ။ ပြည်တွင်းငြိမ်းချမ်းရေး ရပါစေ။ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကိုလည်း ပြည်သူ့ဆန္ဒနဲ့ အညီ ဆောင်ရွက်နိုင်ရပါစေ။ မိခင် ဧရာဝတီ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ လို့ ဆုတောင်ပါတယ်။ တိုင်တည်ပါတယ်။" လို့ ပြောကြားလိုက်ပါတယ်။
Anonymous said...
သူတို့ ၀ဘ်ဆိုဘ်မှာ သူတို့ဆရာကို ချီးမွမ်းနေကြလေရဲ့ တကယ့်ကို ရှက်ကြောပြတ်တွေ
Anonymous said...
လုပ်နေတဲ့သူတွေကို အမှားအမှန်ဆိုတာထက် အကျိုးအပြစ်ဆိုတာချည်းပဲ ဒီလောက် ဖိပြောနေတာ နားကို မလည်တော့ဘူး သူပြောတဲ့ Bird Eye View ဆိုတာ သူကိုယ်တိုင် ရော နားလည်ရဲ့လားမသိဘူး လူတိုင်းမှာ မတူညီကွဲပြားတဲ့ ခံယူချက် ယုံကြည်ချက်တွေ ရှိတယ် ကိုယ်သွားတဲ့လမ်းအတိုင်း မလိုက်လို့ ဖျက်လိုဖျက်စီးလုပ်တယ်ဆိုတဲ့ စွတ်စွဲချက်က သူက မီဒီယာသမားဖြစ်တဲ့အတွက် မပြောထိုက်ဘူး
Anonymous said...
ဒေါက်တာ သန်းထွတ်အောင် မလုပ်ချင်ရင် ထိုင်နေပါ။ ဘေဘိုင် ဘူပြောတော့ မလုပ်ပါနဲ့ သတင်းသမားတယောက် ကျင့်ဝတ်ကိုလည်း ပြန်တွေးကြည့်ပါအုံး။ သတင်းသမားဆိုတာ နိုင်ငံသမားမဟုတ်နော်။
Anonymous said...
ကြောက်ချေးပါပြီး သွေးရူးသွေးတန်းနဲ့ တွေ့ရာပြောတာပါ နအဖကြောက်တာ လူထုအုံကြွမှု သိန်းစိန်ကြောက်တာ လူထုလမ်းပေါ်ထွက်မှာဘဲ ဒါသူတို့အတွက် တစ္ဆေ
Anonymous said...
“အရမ်းကြီးကြီးထွားလာမယ့် အဆင့် အထိဖြစ်လာမယ်လို့ မထင်ပါဘူး။ အခုလိုလုပ်တာကလည်း ဒီမိုကရေစီ အခွင့်အရေးနှင့် အညီ စမ်းသပ်လုပ်တယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း ထိပ်တိုက်တွေ့တဲ့နည်းကို မသုံးဘဲ ပြေလည်အောင် ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ပြီးသွားပါလိမ့်မယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ်ဆိုရင် မလိုလားအပ်တဲ့ အကြမ်းဖက်တာ တွေကိုလုပ်မလာဘူးဆိုရင် ကောင်းပါ တယ်။ နောက်ပြီး ထိန်းမနိုင်သိမ်း မရ အခြေအနေတွေ ဖြစ်မလာအောင်လည်း သက်ဆိုင်ရာတာ ၀န်ရှိသူတွေ က ကြိုးစားသွားရပါမယ်။ ပြည်သူ တွေအနေနဲ့လည်း ပြည်သူ့အခွင့်အရေးကို အသုံးချတယ် လို့မြင်ပါတယ်။ လုံခြုံရေးပိုင်းက တာဝန်ရှိသူ တွေအနေနဲ့လည်းခေတ်စနစ် ပြောင်း သွားပြီဖြစ်တဲ့အတွက် အရင်လိုမျိုး ထိပ်တိုက်တွေ့တာတွေမလုပ်ဘူး ဆိုရင် ငြိမ်းငြိမ်းချမ်းပြီးသွားမှာပါ” ဟု သတင်းစာဆရာ မောင်ဝံသ
သူ့ကိုပဲ တည့်တည့်ပြောနေတာပဲ ၀ါ၇င့်သတင်းစာဆရာကြိးများနဲ့ လူအများစုက ကန့်ကွက်လို့ဆိုတဲ့သဘောထားမှာ သူ့ဆောင်းပါးမှာကို ကန့်ကွက်တာ သူနဲ့ဦးစိန်ဝင်းပဲရှိတယ် အဲ့တာ သူက CEO အဆင့်ကနေ ၀ါရှင့်သတင်းစာဆရာကြီး စာရင်း သူ့ဘာသာသွင်းသလားမသိဘူး နောက်ပီး လူအများစု ကန့်ကွက်ဆိုတဲ့နေရာမှာ သတင်းတင်တဲ့အချိန် လူတောင် မသိသေးဘူး ဆန္ဒပြတဲ့သူတွေတောင် လမ်းပေါ်မှာပဲ ရှိသေးတယ် အခြေအနေတောင် အဖြူအမည်းမသဲကွဲသေးပဲ ကိုယ်ပြောချင်တာကို ထင်ရာဆွဲရေးတာ ဒါ မီဒီယာသမားမပီသဘူးပဲ
Anonymous said...
people can do/think freely.eleven madia group hasn't a right to blame.You do business .They do non profit/violent action.They know they
can arrest.GOVERMENT is totally lier.People are lord of bullshit government & eleven group.Activists may be arrested by good goverment but
Than Htut Aung surely safe.
Anonymous said...
အဆင့်ဆင့်ပြောင်းလဲတိုးတက်လာမူဖြစ်လို့ ငြင်သာတယ် နူးညံ့တယ် အထိခံလို့မဖြစ်ဘူး အတိမ်းစောင်းမခံနိုင်ဘူး.အဲ့တာကြောင့် အားလုံး ရေငုံ နူတ်ပိတ်ခေါင်းငုံ့နေကြပါ လမ်းမလျောက်ပါနဲ့ဘုရားဝတ်ပြုမဆုတောင်းပါနဲ့စက်တင်ဘာတော်လှန်ရေး အသက်ပေးသူတွေကို မေ့ထားပေးကြရမယ် ရွှေဝါရောင်အကျီမ၀တ်ပါနဲ့ တောင်းဆိုချက် မလုပ်ပါနဲ့ အာဏာပိုင်တွေ အာရုံနောက်အောင် မလုပ်ပါနဲ့ အာဏာသိမ်းခံရမယ် အမိန့်အရ ပုံ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲသူများနှင့် မုန့်ဆီကြော်က ဘယ်မှာမှန်း နုတ်ခမ်းနာနဲ့တည့်ပါမလား ဆိုသူများ CEO
Anonymous said...
ကန့်ကွက်သူတွေက အဲကွန်းခန်းထဲက ကုလားထိုင်ပေါ် အခန့်သားထိုင်ပြီး အမြင်နဲ့သုံးသပ်ပြီးေ-ာက်ပြစ်ပြောနေတဲ့ CEO အဆင့်ရှိတဲ့သူ လမ်းလျောက်နေသူတွေက မြင်ရုံနဲ့ မတရားတဲ့ အာဏာရှင်စနစ်ဆိုးအောက်ကနေ စစ်မှန်တဲ့ စနစ်ပြောင်းတာကို ဘယ်လောက် မွတ်သိပ်နေတယ်ဆိုတာ သိသာစေတဲ့ အခြေခံပြည်သူ
Anonymous said...
ဒီဆန္ဒပြတဲ့သူတွေမှာ တကယ်လို့ အကြမ်းဖက်အနှိမ်နင်းခံရရင် အမြင့်ဆုံးက ထောင်ကျနိုင်တယ် အနိမ့်ဆုံးက အရိုက်အပုတ် အထုအထောင်းခံရနိုင်တယ် ဒါပေမယ့် သူတို့ ဆန္ဒပြကြတယ် သူတို့ရဲ့ ဆန္ဒက စစ်မှန်တဲ့ စနစ်တစ်ခု ပြောင်းလဲတာ မြင်ချင်တယ် မတရားအဖမ်းဆီးအကျှုဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်စေချင်တယ် ဧရာဝတီကို ကယ်တင်နိုင်ဖို့ သူတို့ဘ၀တွေကို ရင်းတယ် အဲ့ဒီ့အတွက် သူတို့ရဲ့ ငြိမ်းချမ်းတဲ့လူပ်ရှားမူကို အပြည့်အ၀ ထောက်ခံတယ် လေးစားတယ် ဂုဏ်ယူတယ်
Anonymous said...
၁။ ကျမ အမြင်တော့ အထိမ်းအမှတ်နေ့ ကို ဒီလို ငြိမ်းချမ်းစွာဖြင့် ဆုတောင်းမေတ္တာ ပို့တာဟာ တိုင်းပြည်ဆူပူအောင် ဖန်တီးနေတာမဟုတ်သလို တဖက်က တွေ့ ဆုံဆွေးနွေးရေး ကို မည်သို့ မှ ထိခိုက်မှုတစုံတရာ မရှိနိုင်ပါဘူး။ ဆူပူလှုံ့ဆော်မှု နဲ့ ဆန္ဒဖော်ဆောင်မှု ဆို... တာ ကွဲပြားပါတယ်။
၂။ အစိုးရက ဒီမို လမ်းကြောင်းကို သွားနေပါတယ်၊ ဖော်ဆောင်နေပါတယ် လို့ အမြဲပြောနေသလို လူထုကြီးကလည်း အစိုးရအတွက် စမ်းသပ်မှုလုပ်ပေးရပါလိမ့်မယ်။ ဒါမှသာလျှင် အစိုးရ ရဲ့ အားနည်း ၊ အားသာချက်ကို ပြည်သူလူထုက သက်သေပြနိုင်မှာဖြစ်ပါတယ်။
၃။ အခု လို ဆုတောင်းပွဲတွေ မှာ အစိုးရက တစုံတရာ ဖိနှိပ်မှု ၊ ပစ်ဒဏ်ချမှတ်မှု မျိုး မလုပ်ခဲ့ ပါက ပြည်သူလူထုက လက်ရှိအစိုးရက တကယ့်ကို ဒီမို လမ်းကြောင်းကို ဥိးတည်နေပါတယ်လို့ ပြောလို့ ရနိုင်သလို၊ အကယ်လို့ သာ အစိုးရက တစုံတရာ ဖိနှိပ်မှု မျိုး လုပ်လာမယ်ဆိုရင် အစိုးရကို ပြည်သူလူထုကြီးကအသိသက်သေ အဖြစ် ဒီမို လမ်းကြောင်းမှ သွေဖီ နေတယ်ဆိုတာကို သက်သေပြနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံ ရဲ့ တည်ငြိမ် အေးချမ်းမှု့ နှင် ဆူပူမှု့ ဆိုသည်မှာ ထိုနိုင်ငံအားအုပ်ချုပ်နေသော အစိုးရဧ။် လုပ်ဆောင်ချက် ပေါ်တွင် အများကြီး မူတည်ပါသည်။
Anonymous said...
သူတို့က ခုမှ ထလုပ်တာလည်း မဟုတ်.. အဖမ်းခံရနိုငတဲ့ကြားက အပတ်စဉ် အင်္ဂါ ၀တ်ပြုဆုတောင်း မှန်မှန်လုပ်ခဲ့ကြတဲ့သူတွေ..။ ကြည့်လည်း စွပ်စွဲကြပါကွယ်တို့...
Anonymous said...
မိုးထဲရေထဲမှာ အဖမ်းခံရနိုင်တယ် ထောင်ချရင် ဘ၀ပါပျက်နိုင်တယ် အဆိုးဆုံးက လက်နတ်ကိုင်တွေက ရိုက်သတ်ပစ်သတ်တာ ခံရနိုင်တယ်ဆိုတာ သိသိနဲ့ ဆန္ဒပြကြသူတွေဟာ စိတ်ခံစားချက်တစ်ခုတည်းနဲ့ လမ်းပေါ်ထွက်တာမဟုတ်ဘူးဆိုတာတော့ သိသင့်တယ် ဒီမိုကရေစီပြောင်းလဲမူဖြစ်စဉ် ဆိုတာလည်း ဘာအတွက်နဲ့မှ နောက်ပြန်ဆုတ်စရာအကြောင်းမရှိဘူး ဒါဒီမိုကရေစီနည်းကျကျ ငြိမ်းချမ်းစွာ ဆန္ဒပြတာဖြစ်တယ် အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် ပြည်သူတွေက မရိုးမသားနဲ့ ဖျက်လိုဖျက်စီးလုပ်တယ်ဆိုတာ ဘာတစ်ခုမှ မမြင်ဘူး
Anonymous said...
ဦးစိန်ဝင်းကြီး အရင်တုန်းက နိုင်ငံရေးလူပ်ရှားမူမရှိလို့ NLD ရုံးကို အမြောက်နဲ့ထုမယ်ဆို.. အခု ပြည်သူတွေ ဆန္ဒပြတော့ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်ဆိုတော့ ဘာဆက်လုပ်ရမှာလဲ ဟင်..
Anonymous said...
ဘုရားသားတော်တွေ သွေးမြေကျခဲ့ရတဲ့ ထောင်သွင်းအကျဉ်းကျခံရတဲ့ ဘုန်းကြီးကျောင်းဝင်းတွေ မီးလောက်တိုက်အသွင်းခံရတဲ့ စစ်ဖိနပ်နဲ့အနင်းခံရတဲ့ စက်တင်ဘာနှစ်ပတ်လည်ဖြစ်တယ် ဒါဧရာဝတီမြစ်တခုလုံး ကောသွားနိုင်တဲ့ မြစ်ဆုံအရေးဖြစ်တယ် ဒါ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာဖော်ပြတဲ့ပြည်သူ့ဆန္ဒဖြစ်တယ် ဒီ့အတွက် ဘာအကြောင်းပြချက်နဲ့မှ ဘယ်သူကမှ ဘယ်လိုလူမျိုးကမှ ပြည်သူ့ဆန္ဒကို ပြောပိုင်ခွင့်မရှိဘူး အရောင်ဆိုးခွင့်မရှိဘူး တားပိုင်ခွင့်မ၇ှိဘူး ဖျက်လိုဖျက်စီးလုပ်နေတယ်လို့ စွတ်စွဲပိုင်ခွင့်မရှိဘူး
Anonymous said...
“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” တဲ့ ...ကဲ..ဘယ်နဲ့ ရှိစ ဆရာ့ ဆရာကြီးများလို့ ဘဲ မေးလိုက်ချင်တော့တယ်....ဒီတော့ ကျွန်တော်တို့ Golden Land မြန်မာပြည်မှာ အဝါရောင်လွှမ်း ဖို့ အမေစု ခွင့်ပြုလိုက်ပါပြီ....ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘုရားတွေပေါ်မှာ...ဘုန်းကြီးကျောင်းတွေမှာ...ကျွန်တော်တို့...ဆုတောင်းကြမယ်..လမ်းမတွေပေါ်မှာ ကြွေးကြော်ဖို့မလိုပါ...ပိုစတာကိုင်ဆွဲဖို့မလိုပါ....ကျွန်တော်တို့ရဲ့ အမျိုးသားရေးကြွေးကြော်သံများဟာ... မနေ့က တီရှပ်အဝါရောင်ဝတ် သူရဲကောင်း ၁၀၀ ကျော်လို တီရှပ်တွေပေါ်မှာဘဲ ဖော်ပြပါမယ်...အသံ မမြည်တဲ့ ကြွေးကြော်သံများနဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချကြပါစို့
Anonymous said...
ပြည်သူတွေရဲ့ ရင်ထဲရှိတာကို ဖော်ထုတ်တာဟာ အချိန်အခါ မလိုဘူးထင်ပါတယ်။ ပြည်သူတွေရဲ့ ရင်ထဲက အစိုင်အခဲတခုကို ဖြေရှင်းပေးနိုင်တာကမှ အရည်အချင်းရှိတဲ့ အစိုးရဖြစ်လာမှာပါ။ တဖြည်းဖြည်းနဲ့ ပြောင်းလဲရမယ်ဆိုတာ အခုမှ သိတဲ့အစိုးရအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော်ကာလမှာတုံးက လက်နက်ကိုင်ပြီါ် ဘာတွေလုပ်နေခဲ့သလဲ....
Anonymous said...
အမျိုးသားရင်ကြားစေ့ရေး လုပ်နေတဲ့အချိန်မို့လို့ ပြည်သူလူထုကို ဆန္ဒမပြရ၊ မအော်ရ၊ မဆူရ၊ တုတ်တုတ်မလှုပ်ရ ဆိုရင် အဲဒီလိုလုပ်ပြီးမှ ရလာတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သံသယ ဖြစ်စရာကောင်းတဲ့ အမျိုးသားရင်ကြားစေ့ရေးပဲ ဖြစ်ပါလိမ့်မယ်။
ဆန္ဒပြတယ်ဆိုတာ ပြည်သူလူထုရဲ့ မွေးရာပါ ကိုယ်ပိုင်အခွင့်အရေးဗျ။
အရင်ကတည်းက သေနတ်နဲ့ လူတွေကို လမ်းပေါ်ပစ်သတ်ထားလို့ ဆန္ဒမပြတာ။ ခု ပြ တဲ့အခါမှာလည်း ငြိမ်းချမ်းစွာ အေးချမ်းစွာ စည်းကမ်းရှိစွာ ပြနေတာကို ဘာအတွက်ကြောင့်မှ၊
... ဘယ်အကြောင်းအချက်ကြောင့်မှ၊ ဘယ်သူကမှ တားပိုင်ခွင့်မရှိပါဘူး။
ပြည်သူလူထုကို ကာကွယ်ပေးမယ့် ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက၊ မီဒီယာတွေက ပြည်သူလူထုရဲ့ အခွင့်အရေးကို မှ ကာကွယ်မပေးရင်တော့ ပြည်သူလူထုနဲ့ဘာမှ မဆိုင်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ ဖြစ်ကုန်ပါလိမ့်မယ်။
ပြည်သူ said...
အမျိုးသားရင်ကြားစေ့ရေး အချိန်အခါဖြစ်ပါသဖြင့် ပြည်သူအများ တိတ်တိတ်လေးနေပေးကြပါရန်မေတျွှာရပ်ခံအပ်ပါတယ်ခင်ဗျား။ စစ်သားတွေက ဆူဆူပူပူ အသံတွေကြားသွားရင် အချိန်မရွေး အာဏာပြန်သိမ်းနိုင်ပါတယ်။
* said...
NLD က အောက်ကြေးနဲ့ ဝင်တော့မှာ။ NLD ကျရုံးပြီ။ စစ်အာဏာရှင် စနစ်နိုင်သွားပြီ။ ဒေါ်စုက စစ်အာဏာရှင် ဒေါက်တိုင် တစ်တိုင် ဖြစ်လာပါလိမ့်မယ်။
* said...
ခုလည်း သိမ်းထားတာပဲ။ ဘယ်တုန်းက ပေးဘူးလို့လည်း။ အရူးတွေ။ ထန်းလျက်ချ ကြွေးတာလောက်ကို အမြီးလေးနံ့ နေတာ။ နိုင်ငံရေး ခေါင်းဆောင်တွေတဲ့ ရှက်စရာကောင်းလိုက်တာ။
* said...
NLD နဲ့ ဒေါ်စု တောင်းဆိုတာ ဘာတစ်ခုမှ ဖြစ်မလာဘူး။ ခုဘာလို့ ခေါ်တွေ့တာလဲ။ နိုင်ငံတကာ အသိအမှတ်ပြုစေချင်လို့။ စစ်ကျွန်ဇာတ်သွင်းမယ့် စနစ်ကို နိုင်ငံတကာက ထောက်ခံလာဖို့။ ဒေါ်စုကသာ အစိုးရနဲ့ ပေါင်းသွားပြီဆို ပြီးပြီ။ ဇာတ်လမ်းက သိမ်းသွားပြီ။ နောက် နှစ်ပေါင်း ရာချီထိ စစ်ပွဲတွေ ဖြစ်ကြဦးမှာပဲ။ ကမ္ဘာကလည်း နောက်တော့ သိလာပါလိမ့်မယ်။ မှားယွင်းသော ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးခြင်း ဆိုတာကိုပေါ့။
* said...
လူအခွင့်အရေး၊ လူ့အခွင့်အရေး အော်နေတဲ့ လူတွေ။ လူလိုနားလည်လို့ လူလို တင်ပြတောင်ဆိုတာကို တားဆီးဖို့ အပြစ်တင်ဖို့ လုပ်လာတာ နွားဇာတ်ပြန်သွင်းချင်နေတာပဲ။ လှုပ်ရှားမှုကို ထောက်ခံပြီး ဒီထက်ပိုတဲ့ အခွင့်အရေးကို တောင်းဆိုရမယ်။ သေနတ်နဲ့ လာပစ်တယ်ဆိုလည်း မင်းသားခေါင်းဆောင်းနေတဲ့ ဘီလူး၊ ဘီလူးဟာ ဘီလူးပဲ။ ဘယ်တော့မှ လူဖြစ်မလာဘူး။ ဟန်ဆောင်နေတာပဲ ရှိတယ်။ ဘီလူးဟာ ဘီလူးပါပဲ။
Anonymous said...
တနေ့က ဝတ်ပြုဆုတောင်းပွဲကို ဝေဖန်မဲ့လူတွေဟာ အင်္ဂါဆုတောင်းပွဲ ဆိုတာဘယ်ကဖြစ်ပေါ်လာသလဲ၊ဘာ့ကြောင့်ဖြစ်ပေါ်လာရသလဲသမိုင်းကြောင်းကိုလေ့လာဖို့လိုတယ်။ နောက်ပြီးတော့ စက်တင်ဘာတော်လှန်ရေးမဖြစ်ခင်မှာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာအဖမ်းမခံရချိန်မှာဖမ်းဆီခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ရန်ကုန်မြို့ထဲကဘုရားအဆူဆူမှာလှည့်ပြီးဝတ်ပြုဆုတောင်းပွဲတွေလုပ်ခဲ့ကြတယ်။ လောင်စာဆီပြဿနာ ပေါ်တော့ ပြည်သူ့ဖက်ကမားမားမတ်မတ်ရပ်ပြီးလမ်းမပေါ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြတယ်။ ဝေဖန်မဲ့သူတွေသမိုင်းကိုအရင်လေ့လာပြီးမှ ဝေဖန်စေချင်တယ်။အဲ့ဒီလိုသမိုင်းအစဉ်အလာတွေနဲ့စခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်မှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ ကျောင်းသားတွေစုပေါင်းပြီးတော့ဧရာဝတီကိုကယ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဘုရားပေါ် မှာ ဆုတောင်းတာ ဘာမှားသလဲ? သူတို့တွေ ဝတ်ပြုဖို့သွားတယ်။ မသွားရဘူးလို့အာဏာပိုင်တွေတားတယ်။ တားတဲ့အတွက် ရောက်တဲ့နေရာ လမ်းဘေးပလက်ဖောင်းကနေ ဝတ်ပြုဆုတောင်းခဲကြရတယ်။ ဒါဘာမှ အကြမ်းဖက်တာမပါဘူး။ ရင်ကြားစေ့ရေးကို ဖျက်လုပ်ဖျက်ဆီးလုပ်တာမပါဘူး။ ဝေဖန်မယ် ဆိုရင် သမိုင်းကို လေ့လာပြီးမှ ဝေဖန်ပါ။
RichardsonMoon said...
ဒေါ်စုပြောသည် ဆိုသောစကား ကို သေချာစွာ လေ့လာသင့် သည်ဟုထင်ပါသည်။
“စေတနာနှင့် အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့ အတွက် ကောင်းတာပေါ့”
၁)စေတနာ (တွန်းအား)
၂)အားလုံးကောင်းဘို့ (ရည်ရွယ်ချက်)
၃)ဆုတောင်းတာ (အလုပ်)
ဦးဆောင်သူ၊ ပါဝင်သူ၊ ထောက်ခံသူ၊ ကန့်ကွက်သူ တွေအားလုံး မိမိတို့၏ တွန်းအား နှင့် ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန် သုံးသပ်ပြီးမှ ရင့်ကျက်တည်ငြိမ်စွာ လုပ်ဆောင်သင့်သည်ဟု ထင်ပါသည်။ တပြိုင်နက်မှာပင် ဒေါ်စုကိုယ်တိုင်က အပြောင်းအလဲအတွက် ငြိမ်းချမ်းပျော့ပြောင်းစွာ ဆောင်ရွက်သွားမည်ဟု၎င်း၊ လက်ရှိအခြေအနေမှာ ပြောင်းလဲမှုအတွက် လမ်းစပေါ်နေပြီဟူ၍၄င်း ပြောကြားထားသည်ကို သတိချပ်သင့်ပါသည်။ ထိုစကားအပေါ် လူသိရှင်ကြား သံသယဖြစ်မှု၊ ရှုံ့ချမှု၊ ပျက်ရယ်လှောင်ပြောင်များ (ဘက်နှစ်ဘက်စလုံး၌)ရှိနေသည်ဆိုသော အချက်ကိုလည်း အထူးသတိမူသင့်ပါသည်။ ဒေါ်စုပြောသော
ပြောင်းလဲခြင်းလမ်းစ အတိုင်းအတာတခု၏ သာဓကအဖြစ် မိမိတို့ကိုယ်တိုင် ယ္ခုဖြစ်ရပ်မှ လက်တွေ့သိရှိနိုင်ကြပြီ ဟုလည်း ထောက်ပြ လိုပါသည်။ ဒေါ်စု က
ကောင်းတယ်ပြောတယ် ဆက်လုပ်ရမယ်၊ ပိုပြီးလုပ်ရမယ်ဟု မိမိတို့လိုသလို ကောက်ချက်ဆွဲခြင်း မှာ ဒေါ်စုလက်နှင့်ရေးသည်ကို ခြေနှင့်ဖျက်ရာ ကျမကျ သေချာစွာ စဉ်းစားကြစေလိုပါသည်။
၈၈ အရေးအခင်း ဒေါက်တာမောင်မောင် သမ္မတ အဖြစ်တာဝန်ယူ ပြီးနောက် ပြည်သူတွေလမ်းပေါ် လွပ်လပ်စွာဆန္ဒပြ ခွင့်ရခဲ့ကြရာ ကိုယ့်အရှိန် ကိုယ်မထိန်းနိုင်သည် အထိဖြစ်ခဲ့ကြသည်ကို သိမီသူတိုင်း အမှတ်ရကြပါလိမ့်မည်။ ကိုယ့်ကိုကိုယ်လဲ မထိန်းနိုင် ဘယ်သူထိန်း၍မှလည်း မရခဲ့သောထိုကာလ “အင်အားပြမှုများ“ ၏ အကျိုးဆက်များကိုလည်း (ယ္ခုတိုင် ခံစားနေကြရဆဲမို့) မမေ့သင့်ကြပါ။ ပြီးတော့ လမ်းပေါ်လူစုလူဝေးတိုင်း၌ “အပမှီ” တတ်သော သဘောရှိသည်ကို သိထားသင့်ကြပါသည်။
သတင်းစာ ဆရာကြီးများအပါအဝင် ယနေ့ကိစ္စအတွက် စိုးရိမ်ပူပန်ကြသူများမှာ ထို “အပမှီ” ခြင်းအတွေ့အကြုံများ ကြောင့်ဖြစ်မည်ဟု ယူဆပါသည်။ မိမိတို့ ဝိုင်းဝန်းကုစားနေကြသည့် နာတာရှည် အမိမြန်မာပြည်ကြီးအား မည်သည့် အကြောင်းကြောင့်နှင့်မျှ ဆေးအတွက်မလေးစေသင့်ပါ။
Anonymous said...
အန်တီနားလည်တာက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဲဒီတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတာလည်း အမျိုးသားပြန်လည်
သင့်မြတ်ရေးအတွက် အထောက်အကူပြုမှာပေါ့။ (အောင်ဆန်းစုကြည်)
Anonymous said...
ကျနော့်သဘောထားကျနော် ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီစစ်အစိုးရနဲ့  ဆွေးနွေးနေတာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ်ဆိုတာ မဟုတ်ဘူးလို့  ကျနော်ယူဆတယ်။ ဘာမှ ငြိမ်စရာမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။ လွှတ်ရမယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။ တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက်ဆိုပြီးတော့ မလိုလားဘူးဆိုတာတော့ ..အဲဒါတော့ မမှန်ဘူးလို့ ကျနော်ထင်တယ်။
(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)
Anonymous said...
အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှု လုပ်ရပ်ကောင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
The Voice Weekly
ရန်ကုန်၊ စက်တင်ဘာလ ၂၇
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲများ ကျင်းပနေမှုအပေါ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း The Voice Weekly သို့ ပြောကြားသည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး The Voice Weekly က ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို့ မှတ်ချက်ပေး ရှုမြင်ပါသနည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းအဖြစ် ရှုမြင်ကြောင်း ပြောကြားခြင်း ဖြစ်သည်။
" ကောင်းဖို့အတွက် ဆုတောင်းတာ ကောင်းတာပေါ့။ အဓိက စေတနာနဲ့ အားလုံးရဲ့ ကောင်းကျိုးအတွက် ဆုတောင်းတာပဲ " ဟု ဒေါ်အောင်ဆန်းစုကြည်က ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်သော သူ၏အမြင်ကို ထုတ်ဖော် ပြောဆိုသည်။
ရန်ကုန်မြို့တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ဆက်တိုက် ဖြစ်ပေါ်နေပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ဆူးလေ စေတီတော်တွင် လည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရွှေတိဂုံ စေတီတော်တွင်လည်းကောင်း နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။
Anonymous said...
ကျပ်မပြည့်ကျော်ဆန်းနဲ့ ပေါင်းစားပြီး စောက်ကြီးစောက်ကျယ်တွေ လျှောက်ပြောနေတဲ့ အလဲဗင်း သန်းထွဋ်အောင်တော့ စောက်ရှက်အကြီးအကျယ်ကွဲပြီ။ ကလိန်ကကျစ်အတွင်းစိတ်တွေ အကုန်ပေါ်ပြီ။ ကောင်းတယ် မှတ်ကရော
Anonymous said...
အဲဒိနေ့က စီတန်းလှည့်လည်သူတွေဟာဘာ
ခံယူချက်မှရှိလို့မဟုတ်ပါဘူး အလုပ်အကိုင်က
လဲမရိုတော့ နေ့စားခလေးရလို့ပါ
နော်အုံးလှတို့လိုပေါ့
Anonymous said...
သြော် ... ခင်ဗျားရဲ့ မိသားစုဝင်ထဲက တစ်ယောက်လောက်သာ နိုင်ငံရေး အကျဉ်းသား အဖြစ်နဲ့ ထောင်ထဲမှာ ရှိနေရင် ခင်ဗျား ဒီလို စကားမျိုး ပြောနိုင်ပါ့မလား .....
Anonymous said...
ဆူကြပူကြ ဖြစ်လာပြီဆိုရင် သူ့ဂျာနယ် မရောင်းရ ဖြစ်မှာ သူလည်း စိုးရိမ်မှာပေါ့ဗျာ။ ကိုယ်ချင်းလည်း စာပေးကြပေါ့။ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မလုပ်သင့်ဘူးဆိုရင် အင်မတန် အပြောင်းအလွဲ မြန်လွန်းတဲ့ အင်တာနက် ခေတ်ကြီးမှာ ပြည်သူ့အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေပါ အချက်အလက်တွေကို ဘယ်လို ပြင်ဖို့ လုပ်ကြမှာလဲ။ လွှတ်တော်ထဲ မရောက်ရောက်အောင် မတရား မဲခိုးထားတဲ့ ကြံ့ဖွတ်အမတ်တွေနဲ့ ပြင်ကြမှာလား၊ စစ်သားတမတ်သားတွေနဲ့ ပြင်ကြမှာလား။ စဉ်းစားပါဦး CEOကြီးရယ်။ ဆရာလူထုစိန်ဝင်းကို အသုံးချနေတာတွေကို ရပ်တန်းက ရပ်သင့်ပြီ။ ခင်ဗျားပြောခဲ့တာတွေမှာ ထောက်ခံသင့်တာကို ထောက်ခံခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ သတင်းအလုပ် မဟုတ်ဘူးဆိုတာကိုတော့ သတိချပ်ပါ။ သတင်းထောက်တွေက ပင်ပင်ပန်းပန်း ရှာဖွေလာတဲ့ သတင်းတွေကို ခင်ဗျားက လစာလေးပေးထားပြီး Bird Eye View နဲ့ ကြည့်နိုင်ပေမယ့် နိုင်ငံရေးဆိုတာ နေရာတကာမှာ Bird Eye View နဲ့ လိုက်ကြည့်နေရင် ရေပေါ်ဆီနိုင်ငံရေးအမြင်တွေပဲ ရလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။ ဒီတစ်ခါတော့ ခင်ဗျားကောက်ချက်က ခင်ဗျား ကိုယ်ကျိုးစီးပွားနဲ့ မကင်းဘူးလို့ပဲ မှတ်ချက်ပေးတော့မယ်ဗျို…။
hjk said...
ဘာမှအရိပ်အကဲအချေနေကိုမမှန်းဆတတ်ကြဘူးအလွန် ကြမ်းကြုတ်တဲ့သူကိုယဉ်ပါးအောင် လူကြီးတွေညင် ညင် သာသာ လမ်းကြောင်းမှန်ကိုဆွဲခေါ်နေကြချိန်မှာ ခုလိုဆူပူမှုလုပ်တော့အရင်လိုဖိနှိပ်မှုတွေထပ်လုပ်ရင်မခက်ဘူးလား ခုလိုဆန္ဒပြမှုတွေဟာ ပြုပြင်ပြောင်းလဲမှုတွေ
အတွက်ဘယ်လောက်နှေးကွေးစေခဲ့တယ်ဆိုတာ လက်တွေ့ မသိကြသေးဘူးလား အချေနေနဲ့ အချိန်အခါအလိုက် လှုပ်ရှားရတယ် ဆန္ဒပြသင့်တုန်းက
ပြခဲ့ကြတာမှန်တယ် ခုချိန်မှာရေလာမြောင်းပေးလုပ်ရ
မယ် အပြင်မှာဆန္ဒပြလို့ အထဲကလူတွေ မလွှတ်နိုင်သေးဘူးဆိုရင်ဘယ်လို လုပ်မလဲ လူထုအင်အားမဟုတ်ဖဲ နဲနဲလေးသွားပြလိုကတော့ ထောင်ထဲဝင်ရရုံပဲရှိမယ်
aung zin said...
မသိလို့ မေးပါရစေ အဲလဗင်က အင်းတာဗျူးထားတဲ့ လူတွေရဲ ထင်မြင်ချက်က လူထုကို ကိုယ်စားပြုပါသလာ???လုထုကို ကိုယ်စာပြုတဲ့ဘာအလုပ်တွေထက် အစို၇ကို မျက်နှာချိုသွေးခဲ့တဲ့လူတွေပါ(လူထုဦးစိန်ဝင်မှအပ).အဲဒီလူတွေကို မေးသလို့  နော်အုံးလှ ဦးဝင်ချိုး နဲ့ နိုင်ငံေ၇းအကျဉ်ကျသမားတွေရဲ့ မိသာစုဝင်တွေကိုပါ မေးမြန်းပြီး ထည့်ရေးသင့်ပါတယ် အခုလို တဖက်သတ်ေ၇းထားတာကတော့ မတ၇ားဘူးထင်ပါတယ်
aung zin said...
သန်းထွဍ်အောင် ခင်ဗျားးးးးးမီဒီယာ ၁ ယောက်လားး ဆရာဝန် ၁ ယောက်လာ ကိုယ်တိုင်ပြန်သုံးသပ်ပါ. မီဒီယာလောက က သတင်းသမား ၁ လို့ ခံယူထားရင်တော့ သတင်သမားက အကြောင်းကိုပဲေ၇းရပါတယ်။ အကျိုးကိုမရေး၇ဘူ (အခု ဆုတောင်းတာအကြောင်းပဲ၇ှိသေးတယ် ဘာဖြင့်လာတယ် ဆိုတာမသိသေးသလို့  ဘာတွေဖြင့်လာမယ်ဆိုတာကိုေ၇းတာကတော့ ဘောင်ကျော်တာလာ ဖားတာလာတော့ ကာယကံ၇ှင်ကိုယ်တိုင်ပဲသိမှာပါ)သေချာမှတ်ထားပါ...ဆရာပြောလိုက်တဲ့ မကြာခင်မှာ နိုင်ငံရေးအကျဉ်သမားတွေလွှတ်ဖို့ ၇ှိတယ်ဆိုတဲ့ ဆ၇ာစကားကို ဆ၇ာကိုယ်တိုင်ဘယ်လို့ တာဝန်ယူမှာလဲဆို တာကို အချိန်ကဆုံးဖြတ်ပေးတာကို အားလုံးက စောင့်ကြည့်ကြတာပေါ့
eveningstar said...
အမြင်မတူတဲ့ ကိစ္စတွေကို ယဉ်ယဉ်ကျေးကျေး ပြောကြဆိုကြတာ ပိုကောင်းပါတယ်...EMG ရဲ့အမှားက တစ်ဘက်အမြင်ကိုပဲ ဇွတ်ပြောသွားခဲ့တာပဲ..တခြားတစ်ဘက်ရဲ့အမြင်ကို အမှားလို့ prejudice လုပ်ခဲ့ပါတယ်.. သတင်းသမားဟာ စေတနာမထည့်ဘဲ..သတင်းကိုပဲရေးရမှာပါ...သတင်းသမားအလုပ်ကို မလုပ်ဘဲ နိုင်ငံရေးသမားအလုပ် လုပ်ခဲ့တာပါ.ခေါင်းစဉ်ကိုတော့ သူတို့လောကြီးလို့ မှားခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါပြီ..ဒါပေမယ့် သူတို့ရဲ့စေတနာကိုတော့ ကျွန်တော်တို့လေးစားရပါ့မယ်...
Anonymous said...
စိတ်ကောင်းမရှိမှန်း ပေါ်လွင်နေတဲ့ စာနယ်ဇင်းပျက် EMG ကို ဘာလေးစားရမှာလဲ။ မင်းပဲလေးစား။ ငါမပါဘူး။
Anonymous said...
ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် လမ်းပေါ်ထွက် ဆန္ဒပြရဲတဲ့ သူရဲကောင်းတွေကို အားပေးဂုဏ်ပြုရမဲ့အစား အခုလို မစ္ဆရိယစိတ်နဲ့ရေးလိုက်တယ်ဆိုတော့ စိတ်ဓာတ်ကလေးတွေ အောက်တန်းကျတာကို ဖော်ပြလိုက်တာပေါ့ အလဲဗင်းရေ။ တိုင်းပြည်နဲ့လူမျိုးအပေါ်မပြောနဲ့ သူရဲကောင်းတွေအပေါ်တောင် စေတနာမထားတဲ့ မင်းတို့ရဲ့စိတ်ဓာတ်ကို မယုံရေးချမယုံ မယုံ။
မြန်မာပြည်သူတွေအနေနဲ့ သူရဲကောင်းတွေကို စော်ကားတဲ့ အလဲဗင်းတိုက်က ထုတ်သမျှဂျာနယ်တွေကို အားမပေးသင့်တော့ပါဘူး။ တတ်နိုင်သလောက်ဝယ်ပြီး မီးရှို့ဆန္ဒပြသင့်ပါတယ်။ အီးအီးကုံးသင့်ပါတယ်ခင်ဗျား။
Anonymous said...
အလဲဗင်း ခွေးလေခွေးလွင့်တွေ အို့ အို့ အို့ အို့
အလဲဗင်း အလဲဗင်း မီးရှို့ မီးရှို့
Anonymous said...
ELEVEN က ရေးသားတင်ဆက်ပုံ အားနည်းသွားတယ်လို့ မြင်ပါတယ် .. ဒါပေမယ့် သူတို့စိုးရိမ်တာကိုတော့ နားလည်ပေးသလို ထောက်လဲ ထောက်ခံပါတယ် ..
မင်းနောင်ရိုး said...
စေတနာသက်သက်ဆိုရင်တော့ ကောင်းပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ဒီအချိန်မှာ တိုင်းပြည်အကျိုးအတွက် ကို ပထမ ဦးစားပေးစဉ်းစားရပါမယ်။
Anonymous said...
အေးချမ်းစွာဖြင့် တိုင်းပြည်ကို အပြုသဘောပြုပြင်ပြောင်းလဲနေသော နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို အမနာပ ပြောဆိုရေးသား လိုပါသလား....?
ပြည်ထောင်စုဝန်ကြီးများကို ပုတ်ခတ်ပြောဆိုခြင်း ၊ ဂုဏ်သရေညိုးနွမ်းအောင် ရေးသားခြင်း ဆဲဆိုခြင်း စွပ်စွဲပြောကြားခြင်းများ ကို တရားဝင်သဖွယ် ရေးသားလိုပါသလား ?
ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရနှင့် လွှတ်တော်များကို အသရေ ဖျက်သည့်ရေးသားချက်များကို ကမ္ဘာသို့ ပြန့်နှံ့လိုပါသလား ?
အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတ နိုင်ငံကို အပုတ်ချရေးသားလိုပါသလား ?
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်နေသော နိုင်ငံတော်စီမံကိန်းမှန်သမျှကို ကန့်ကွက်ကြောင်း နှင့် ပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်လိုပါသလား ..?
ခိုင်မြဲလျက်ရှိသည့် တရုတ် - မြန်မာ ဆက်ဆံရေး ပျက်စီးရာပျက်စီးကြောင်း ရေးသားလှုံ့ဆော်လိုပါသလား..?
ပြည်တွင်းတွင်နေထိုင်လျှက်ရှိသော တရုတ်လူမျိုးများနှင့် မြန်မာလူမျိုးတို့ကြား ပဋိပက္ခ ဖြစ်ပွားစေမည့် အကြောင်းအရာများကို ရေးသားကာ နိုင်ငံရေးအမြတ်ထုတ်လိုပါသလား ?
နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေသော ရေးသားချက် များကို ရေးသားပြီး နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်လိုပါသလား ?
မြန်မာနိုင်ငံတွင်သတင်းလွတ်လပ်ခွင့်ရရှိနေပြီဖြစ်ပါ၍ ပြည်ပ မီဒီယာများနှင့်ဆက်သွယ်ရန်မလိုတော့ပါ
ELEVEN MEDIA GROUP ၏ အွန်လိုင်းစာမျက်နှာ http://www.weeklyeleven.com/ တွင် Comment များဝင်ရောက်ရေးသားခြင်းဖြင့် အခမဲ့ ရေးသားလှုံ့ဆော် နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
သင်သာအစိုးရကိုပုတ်ခတ်ရေးသားရန်သေချာပါစေ ELEVEN မှသင့် Comment များကို ဖြတ်တောက်မည်မဟုတ်ကြောင်း တာဝန်ယူသည် ။
ထို့အပြင် အလဲဗင်းမီဒီယာ ဂရုပ်၏ CEO ဒေါက်တာသန်းထွဋ်အောင်အား ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်ထားသည်များကိုလည်း အဆိုပါစာမျက်နှာတွင်ပင် အခမဲ့ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိစေအပ်ပါသည်။
တိုင်းပြည်အခြေအနေ ဆိုးသည်ထက်ဆိုးအောင် ကြိုးစားနေတဲ့
ELEVEN MEDIA GROUP
http://doctorsatephwar.blogspot.com/2011/09/eleven-commet.html