Friday, September 16, 2011

မိုးအေး (DVB) တင်ဆက်သည့် “ဒီမိုကရေစီ ဆိတ်သုဉ်းမှုတွေ ရှိနေသရွှေ့ အာ ဏာရှင်အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရှိနေပါလိမ့်မယ်” (ရုပ်သံ)

ဘင်လာဒင်ကို အသေဖမ်းမိခဲ့ချိန်က လုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်ဟောင်းလေးပါ။ မေလ ၇ ရက်နေ့က ပြသခဲ့တဲ့ အစီအစဉ်ပါ။ ဘင်လာဒင်ကို သတ်ဖြတ်နိုင်ရုံနဲ့ အကြမ်းဖက်မှုတွေ ပျောက်ကွယ်သွားမှာမဟုတ်သလို အာလ် ခါအီးဒါးလိုအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ရင်တောင် အကြမ်းဖက်မှုတွေ ပျောက်ကွယ်မသွားနိုင်ပါဘူး။ ဒီမို ကရေစီ ဆိတ်သုဉ်းမှုတွေ ရှိနေသရွေ့ အာလ်ခါအီးဒါလို အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ သာမက အာဏာရှင်အစိုးရတွေကိုယ်တိုင်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရှိနေပါလိမ့်မယ်ဆိုတဲ့ အမေရိ ကန် သတင်းစာဆရာတဦးရဲ့အမြင်ကို သဘောကျလို့ ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ (အချိန်လု လုပ်ရတဲ့ အတွက် အစီအစဉ်ထဲမှာ copy rights တွေ မဖော်ပြနိုင်ခဲ့ပါဘူး။ အဓိက ကတော့ youtube နဲ့ ရိုက်တာကပဲ ဖြစ်ပါတယ်)။ (မိုးအေး)

No comments: