Wednesday, September 14, 2011

မိုးအေး (DVB) တင်ဆက်သည့် “အာဏာရှင် ဂဒါဖီဘက်ကနေ ရပ်တည်ခဲ့တဲ့ တရုတ်အစိုးရ လစ်ဗျားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးပြီ” (ရုပ်သံ)

ကိုယ်ကျိုးစီးပွားအခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို စွဲကိုင်ထားတဲ့ တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့ လစ်ဗျားနိုင်ငံ မှာ အတိုက်အခံတွေဘက်က မရပ်တည်ဘဲ ဂဒါဖီဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ ဂဒါဖီ ပြုတ်ကျသွားချိန်မှာ တော့ လစ်ဗျားအတိုက်အခံတွေက တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်လုပ်ခွင့်မပေးတော့ဘဲ တော် လှန်ရေးမှာ ကူညီပေးခဲ့တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အစားထိုးလုပ်ခွင့်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။ လူ့အခွင့်အရေးထက် ပြည်တွင်းလောင်စာ လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရေးက အဓိကလို့ ကွန်မြူနစ်အစိုးရက ခံယူပါတယ်။ လစ်ဗျားအရေးဟာ ပြည်တွင်းရေးပဲ ဖြစ်တယ် တရုတ်အရေးမဟုတ်ဘူးလို့ ကွန်မြူနစ်အစိုးရက ခံယူပါတယ်။ ဂဒါဖီကို နိုင်ငံတကာ ဝေဖန်ချိန်မှာ ဂဒါဖီရဲ့ရွက်ဖျဉ်တဲကြီးမှာ ၂ နိုင်ငံ စီးပွားရေးစာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ တရုတ်ကွန်မြူနစ်အစိုးရကို လက်တုံ့ပြန် တဲ့အနေနဲ့ လစ်ဗျားအတိုက်အခံတွေကလည်း ခပ်ပြတ်ပြတ်ပဲပြောလာပါတယ်။ ဂဒါဖီဖြုတ်ချရေးမှာ ကူညီခဲ့တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုပဲ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုလာတာပါ။ လစ်ဗျားလူထု တော်လှန်ရေးဟာ အာဏရှင်ဂဒါဖီမိသားစုကို ဖြုတ်ချနိုင်ရုံမက တရုတ်ရဲ့ကိုယ်ကျိုးစီးပွားအခြေခံတဲ့ နိုင်ငံခြား ရေးမူဝါဒတွေကိုပါ ပြောင်းလဲစေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေအပေါ် အခြေခံရင်း ဒီတပတ် စက်တင်ဘာ ၁၀ ရက် အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)

2 comments:

---- said...

အရမ်းကောင်းတဲ့ တင်ဆက်မှုပါ။ တင်ဆက်သူ အိုင်ဒီယာက ပိုလို့ တောင်ကောင်းပါကြောင်း။

linlinn said...

ကောင်းလိုက်တာ တဘို့ပဲကြည့်တဲ့ တရုတ် နောက်ဆက်တွဲဆိုးကျိုးတွေလူမျိုးတုန်းတဲ့ထိ ဖြစ်ပါစေဗျာ