စွပ်စွဲချက်တွေကို နိုင်ငံသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ဥပဒေကြောင်းအရ ခုခံကာကွယ် သွားမယ်ဆိုတဲ့ မူဘာရက် ပြောခဲ့တဲ့အပေါ် သဘောကျလွန်းလို့ ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ။ အာဏာ အပြည့်အ၀ ရယူခဲ့ချိန်တုန်းကတော့ “နိုင်ငံသားအခွင့်အရေးတွေ၊ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေ ...” စတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့တဲ့ အီဂျစ်နိုင်ငံသားတိုင်းကို ရိုက်ချင်တိုင်းရိုက်၊ ဖမ်းချင်တိုင်းဖမ်း၊ သတ်ချင်တိုင်း သတ် လုပ်ခဲ့တဲ့ အာဏာရှင်ကြီးရဲ့ အပြောတွေဟာ သံဝေဂရစရာလို့ ပြောရမလား၊ ရယ်စရာပြက်လုံးတခုလို့ ပြောရမလား၊ ဘယ်လိုပြောရမယ်တော့ မသိပါဘူး။ သဘောကျလွန်းလို့ ဧပြီလ ၁၆ ရက်နေ့က ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ။ အစီအစဉ်ဟောင်းလေးပါ။ အီဂျစ်နိုင်ငံက နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြပေးစေချင်ပါတယ်လို့ အကြံပေးလာသူတွေအနေနဲ့ လောလောဆယ် ဒီအစီစဉ်လေးကိုပဲ အရင်ကြည့် ရှုခံစားနိုင်ဖို့ပါ။ နောက်ဆုံးအခြေအနေတွေ မကြာခင် ကြိုးစားတင်ပြပေးပါမယ်လို့ ...။ (မိုးအေး)
Thursday, September 1, 2011
မိုးအေး (DVB) တင်ဆက်သည့် “အီဂျစ်က အာဏာရှင်ဟောင်း မူဘာရက်ရဲ့ အပြောတွေဟာ သံဝေဂရစရာလား၊ ရယ်စရာပြက်လုံးလား” (ရုပ်သံ)
Posted by ဒေါက်တာလွဏ်းဆွေ at 7:24 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment