နိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်မရောက်ခင်
ပြည်ပကလူတွေ အရင်ပြန်ကြမှာတဲ့လား (ဦးဝင်းတင်နဲ့ မေးခွန်းများ)
ပြည်ပကလူတွေ အရင်ပြန်ကြမှာတဲ့လား (ဦးဝင်းတင်နဲ့ မေးခွန်းများ)
မိုးမခ၊ စက်တင်ဘာ ၁၃၊ ၂၀၁၁
လွန်ခဲ့တဲ့ စနေနေ့က ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့စဉ်မှာ မေးမြန်းခဲ့တဲ့ မေးခွန်းအစိတ်အပိုင်းတခုကတော့ ပြည်ပက မြန်မာတွေ လုံခြုံအေးချမ်း စိတ်ချစွာ အိမ်ပြန်လာခွင့် ရှိပြီလား၊ မိသားစုတွေ၊ မိဘတွေ၊ သားသမီး တွေ စောင့်မျှော်နေရာ နေအိမ်တွေဆီ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်က ပြန်ရောက်မလာသေးခင်မှာ ပြည်ပက မြန်မာတွေက အိမ်ပြန်ကြဖို့ အဆင်သင့်နေပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
မိုးမခ ။ ။ ဆရာရေ … အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်ခွင့်မရှိသေးခင်မှာ ပြည်ပ က မိသားစုနဲ့ ခွဲခွာနေရသူတွေက အိမ်ပြန်ကြဖို့အတွက် အခြေအနေတွေ ပေးနေပြီလို့ ဆိုနိုင်မလားခင်ဗျာ။
ဦးဝင်းတင် ။ ။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရဲ့ လွတ်မြောက်ခွင့်နဲ့ ပြည်ပမှာရှိနေတဲ့ မြောက်မြားစွာသော မြန်မာပြည်သားတွေရဲ့ အိမ်ပြန်လာခွင့်နဲ့က တပိုင်းဆီလို့ သတ်မှတ်မလားလို့ မေးစရာပေါ်လာတယ်။ ဒါ ကြောင့် ဒီလိုမေးလာတယ်လို့ မြင်တယ်။ တနည်းအားဖြင့်ကတော့ ဆက်စပ်မှုရှိနေတယ်လို့တော့ ပြောလို့ရ တယ်။ မြန်မာပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ နိုင်ငံရေးသမားတွေ မဟုတ်ဘူးပေါ့ကွာ။ တ ချို့က မိမိတို့ နိုင်ငံရေးယုံကြည်ချက်တွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တိုင်းပြည်ကို စွန့်ခွာရသူတွေ၊ ထွက် ခဲ့ရသူတွေ၊ ပြည်ပြေးတွေလို့ ဆိုနိုင်ပေမယ့် တချို့တွေကတော့ ရေကြည်ရာမြက်နုရာ ထွက်ခွာသွားသူတွေရှိ တယ်။ တချို့တွေကတော့ ဒုက္ခသည်တွေအဖြစ်နဲ့ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ပြည်ပနိုင်ငံ တွေကို ရောက်ရှိသွားသူတွေလည်း ရှိတယ်။ ခုဆိုရင် ကမ္ဘာအနှံ့မှာ မြန်မာတွေ ရောက်ရှိနေပြီဖြစ်တယ်။ အ ရင်က မကြားဖူးခဲ့တဲ့ ဥရောပနိုင်ငံတွေမှာ အာဖရိကနိုင်ငံတွေမှာ ရောက်နေကြတာကို တွေ့နေရတယ်။ အဲ သည်လို လူတွေအားလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့တော့ တတန်းတည်း မတူဘူးပေါ့။ အဲသလိုမျိုး အ တူတူပဲလို့တော့ သဘောထားလို့တော့ မရဘူးပေါ့။
မိုးမခ ။ ။ အဲသည်လို အခြေအနေမျိုးနဲ့ဆိုရင် ပြည်ပကလူတွေကို ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ လိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်ပေးစရာအထိ မလိုဘူးလားဆရာ။
ဦးဝင်းတင် ။ ။ အာဏာပိုင်တွေရဲ့အမိန့်တွေ၊ ပြစ်ဒဏ်တွေကြောင့် ထောင်ထဲမှာ အကျဉ်းကျနေသူတွေဟာ လွတ်ငြိမ်ချမ်းသာခွင့်ရရှိမှသာ ထောင်တွင်းက လွတ်မြောက်ခွင့်ရမှာဖြစ်တယ်။ သူတို့ဘာသာ သူတို့ ထောင် ထဲက လမ်းလျှောက်ပြီး ထွက်လာလို့မှ မရတာပဲ။ ဒါပေမယ့် ပြည်ပမှာ ရောက်နေသူတွေကတော့ အဲသည်လို လွတ်ငြိမ်းချမ်းသာခွင့်အထိ မလိုဘူးလို့ ပြောချင်ပြောလို့ရတာပေါ့။ ဒါကို ဥပဒေပညာရှင်တွေက အသေးစိတ် ပြောနိုင်မှာ ဖြစ်ပါတယ်။ အဲသည်မှာ ကျနော် ပြောနိုင်တာတခုကတော့ ပြည်ပကို ရောက်ရှိနေသူတွေမှာ နှစ် ပိုင်းတော့ ခွဲခြားလို့ရနိုင်မယ်။ တပိုင်းကတော့ သူတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့တန်းတူပဲ၊ နိုင်ငံရေးလုပ် ရင်း ပြည်ပကို ရောက်သွားကြတယ်။ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေကြောင့် လှုပ်ရှားမှုတွေ ပြောဆိုရေး သားမှုတွေကြောင့် ဖမ်းဆီးထောင်ချ ချုပ်နှောင်ခြင်းမခံရပေမယ့် မြန်မာပြည်မကို စွန့်လွှတ်ရသူ၊ ထွက်ခွာ ရောက်ရှိသွားသူတွေက တပိုင်းဖြစ်တယ်။ နောက်တပိုင်းကတော့ သူတို့ဘ၀ရှေ့ရေးအတွက်၊ စီးပွားရေး၊ ပ ညာရေးအတွက် ရေကြည်ရာမြက်နုရာကို ထွက်ခွာသွားသူတွေက တပိုင်းရှိတယ်။ အဲသည်ထဲမှာ နိုင်ငံရေးခံ ယူချက်တွေ လှုပ်ရှားမှုတွေကြောင့် မဟုတ်ပေမယ့် အသက်ဘေးကြောင့် ထွက်ပြေးစွန့်ခွာရသူ မြန်မာတိုင်း ရင်းသားမိသားစုတွေဟာ နယ်စပ်ဒေသတွေကနေ ဒုက္ခသည်စခန်းထဲကို ရောက်သွားသူတွေ၊ အဲသည်ကနေ ပြည်ပကို ရောက်ရှိသွားသူတွေရှိတယ်။ အဲဒါကြောင့် ပြည်ပမှာရှိတဲ့ မြန်မာလူထုတွေထဲက အချို့အစိတ်အ ပိုင်းကိုတော့ နိုင်ငံရေးအကျဉ်းသားတွေလိုမျိုး amnesty တစုံတရာ ပေးမှသာလျှင် အဲသည်လို ကမ်းလှမ်းမှ လက်ခံမှသာလျှင် ဖြစ်နိုင်မယ်လို့တော့ ပြောလို့ရမယ်ထင်တယ်။
မိုးမခ ။ ။ အဲသည်တော့ ခေတ်အဆက်ဆက်မှာ စစ်အစိုးရရဲ့ လိုက်လံဖမ်းဆီး နှိပ်စက်မှုတွေ၊ နှိမ်နှင်းမှု တွေကြောင့် ပြည်ပကို ထွက်ပြေးရောက်ရှိသွားသူတွေ၊ တိုင်းပြည်ကို စွန့်ခွာသွားရသူတွေကို ဆရာက သတ် မှတ်ပြီး ပြောလိုက်တဲ့သဘောပေါ့နော် ဆရာ။
ဦးဝင်းတင် ။ ။ ဟုတ်တယ်။ လက်ရှိအစိုးရနဲ့ ယခင်စစ်အစိုးရအဆက်ဆက်က နာမည်တပ်သလိုမျိုး ပြည် ပြေးတွေလို့ ခေါ်မလား၊ နိုင်ငံရေးဝရမ်းပြေးများလို့ ခေါ်မလား၊ နိုင်ငံရေးတိမ်းရှောင်နေသူများလို့ ခေါ်မလား၊ ခေါ်ချင်တာ ခေါ်ပေါ့လေ။ ဒီလူတွေကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို စဉ်းစား သလိုမျိုး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သတ်မှတ်ပြီး ထုတ်ပြန်ရမယ်၊ သူတို့ကို အဲသည်လို လုပ်ပေးရ မယ်လို့ ထင်တယ်။
မိုးမခ ။ ။ ဒါဆိုရင် ပြည်ပရောက်နေတဲ့ အခြားသော အစိတ်အပိုင်း မြန်မာပြည်သူပြည်သားတွေကို ကျ တော့ကောဆရာ။ သူတို့အတွက် ဘယ်လို အာမခံချက်၊ လုံခြုံစိတ်ချရမှုတွေ ပေးဖို့လိုအပ်မလဲ။
ဦးဝင်းတင် ။ ။ အဲသည်လိုအပိုင်းတွေကိုတော့ တရုတ်ပြည်ရဲ့ ပြည်ပရောက်တွေကို ဖိတ်ခေါ်တဲ့ ပုံသဏ္ဍာန် မျိုးနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားရမယ်လို့ ပြောချင်တယ်။ တရုတ်ပြည်ပရောက်တွေထဲမှာ စီးပွားရေး၊ ပညာရေး၊ စား ၀တ်နေရေး၊ မိသားစုအရေးတွေအတွက် ထွက်ခွာသွားသူတွေကို တရုတ်အစိုးရကိုယ်တိုင်ကလည်း တိုင်းပြည် ကို ပြန်လာကြဖို့၊ ရင်းနှီးမြုပ်နှံကြဖို့၊ ထူထောင်ကြဖို့ ဖိတ်ခေါ်ခဲ့တာတွေ ရှိတယ်။ တရုတ်က လူတွေကို ကြော် ငြာတွေ၊ ၀ါဒဖြန့်ချိတာတွေ အစီအစဉ်တွေ ကြေညာပြီး ထုတ်ပြန်ပြီး ပြန်ခေါ်တာတွေ လုပ်တယ်။ မျိုးချစ်တွေ ဆိုတာ တိုင်းပြည်ထူထောင်ဖို့ ပြန်လာကြတယ်ဆိုတာမျိုး ထုတ်ပြန်တာ ကြော်ငြာတာတွေ လုပ်တယ်။
မိုးမခ ။ ။ ဒါဆိုရင် မြန်မာပြည်မှာက တရုတ်ပြည်ကြီးလိုမျိုး ပြန်လည်ထူထောင်ရေးအတွက် အခြေအနေ တွေ ပေးနေပြီ။ အဆင်သင့်ဖြစ်နေပြီ ဆိုတာမျိုးတွေ ရှိနေပြီလား။ ထုတ်ပြန်ထားတွေကော ရှိလို့လားဆရာ။
ဦးဝင်းတင် ။ ။ တရုတ်ပြည်မှာက အဲသည်ပြည်တွင်းမှာ လုပ်ငန်းကိုင်ငန်း အခွင့်အရေးတွေ၊ အလုပ်တွေ၊ အစိုးရကိုယ်တိုင်က ရေးဆွဲထားတဲ့ စီမံကိန်းတွေ အဆင်သင့် ရှိနေတယ်။ ရင်းနှီးမြုပ်နှံစရာတွေကလည်း ရှိ နေတယ်။ အဲသည်နေရာတွေမှာ သူတို့အမျိုးသားတွေကို ကြိုဆိုဖို့ တရုတ်စကားလည်း တတ်မယ်။ နိုင်ငံတ ကာအတွေ့အကြုံလည်း ရှိတဲ့သူတို့လူမျိုးတွေကို အစိုးရအဆင့်သာမက ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်တွေမှာပါ ကြိုဆိုနေကြတာမျိုးဖြစ်တယ်။ မြန်မာပြည်တွင်းမှာက စစ်တပ်က အာဏာသိမ်းပြီး မကြာခင် လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလည်း ဗိုလ်ချုပ်ခင်ညွန့်တို့တွေက ပြည်ပရောက် မြန်မာလုပ်ငန်းရှင်တွေ၊ ပညာသည်တွေကို ဖိတ် ခေါ်ပြီး မြန်မာပြည်တွင်းမှာ လိုက်ပြ၊ ခေါ်ပြီး စကားပြောတာတွေ လုပ်ခဲ့ဖူးတာတွေရှိတယ်။ အဲသည်နောက် ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်သွားခဲ့တယ်ဆိုတာကို ပြန်ကြည့်ဖို့လိုတယ်။ ပြန်လေ့လာသုံးသပ်ကြည့်ဖို့လိုတယ်။
မိုးမခ ။ ။ ဟုတ်ကဲ့။ အဲသည်တုန်းကကော၊ အခုချိန်မှာပါ မြန်မာပြည်မှာက လူ့အခွင့်အရေးချိုးဖောက်မှု တွေ ရှိနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်။ တရားမျှတတဲ့ ဥပဒေနဲ့ လွတ်လပ်မှု အာမခံချက်တွေ မရှိဘူး၊ ခုချိန်ထိမှာလည်း မြန်မာပြည်မှာက အထွေထွေ ချွတ်ခြုံကျနေတဲ့အချိန်ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ဥပ မာလိုမျိုး စီးပွားရေးအခွင့်အလမ်းတွေ အာမခံချက်တွေ ပေးနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ကျနော်တို့က ပြောမယ်ဆိုရင်ကော ဆရာ။
ဦးဝင်းတင် ။ ။ တိုင်းပြည်မှာက လက်ရှိအခြေအနေမှာ ဆင်းရဲကျပ်တည်းမှုတွေ ရှိနေတယ်။ တိုင်းရင်းသား ဒေသတွေမှာလည်း ပြည်တွင်းစစ်မီးတွေ တောက်လောင်နေတယ်။ အဲသည်လို အခြေအနေမျိုးမှာ မြန်မာပြည် ကို ပြန်လာဖို့ ဖိတ်ခေါ်တယ်၊ ကြိုဆိုတယ်ဆိုရင် သူတို့တတွေက ပြန်လာပြီးတော့ သူတို့တွေမှာ သူတို့ရဲ့ စီး ပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နေမှုထိုင်မှုဘ၀တွေ အဆင်မပြေဘူး၊ အာမခံချက်တွေ အခွင့်အလမ်းတွေ မရ ဘူးဆိုရင် မကောင်းပေဘူးလို့တော့ ပြောချင်ပါတယ်။ ကျနော်တို့ကလည်း ပြည်ပက သာမန်မြန်မာမိသားစု တွေ ပြန်လာချင်တာကို ကြိုဆိုချင်ပါတယ်။ သို့သော်လည်း မြန်မာပြည်နဲ့ ပြည်သူပြည်သားတွေအတွက် မှန် ကန်တဲ့ အနေအထား၊ ကောင်းမွန်တဲ့ အနေအထား ဘာတွေရှိသလဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ပြည်ပက မြန်မာမိသားစုတွေကိုယ်တိုင်က စဉ်းစား၊ ဆွေးနွေး၊ သုံးသပ်ကြဖို့လည်း လိုအပ်လိမ့်မယ်လို့ ကျနော်က ပြော ချင်ပါတယ်။ ။
No comments:
Post a Comment