Saturday, September 24, 2011

နေမျိုးအေးရဲ့ ကာတွန်းအတွေး

15 comments:

MMT said...

ဘာမှမလုပ်ပဲ ကဲ့ရဲ့ တာတော့ စိတ်ဓါတ် မရင့်ကျက်သူတိုင်း လုပ်တတ်တယ်။

RichardsonMoon said...

ဒေါက်တာလွဏ်းတို့ ကတော့ “ရိပ်မိမှတော့ ပြောင်ပြောင်ပေါ့” ထင်ပါရဲ့။ ဟုတ်စ။ ကောင်းဗျား။ အဆုံးမတော့ လူတွေဟာ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါဘဲ။

လင်္ကာ said...

မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုမှာ
ဒေါ်စုကိုဘေးဖယ်ထားလိုက်ရင်..
ဦးဝင်းတင်ကိုဘေးဖယ်ထားလိုက်ရင်..
မင်းကိုနိုင်ကိုဘေးဖယ်ထားလိုက်ရင်..
ကိုကိုကြီးကိုဘေးဖယ်ထားလိုက်ရင်..
.....
ဖယ်ထားလို့ မရပါဘူး။
လူတွေက သိပါတယ်။ သူ့ တန်ဖိုးနဲ့ သူ
ရှိပြီးသားပါ။ အဓိကကတော့စေတနာပေါ့။
ပထမတော့ ဒေါက်တာလွမ်းဆွေဘလော့က
မြန်မာဒီမိုကရေစီရေးအတွက်
လွတ်လပ်ရေးအတွက်လူမုန်းခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နေတယ်လို့ 
ယူဆမိပါရဲ့ ။ဒါပေမယ့်နောက်ပိုင်းမှာတော့
တဖြည်းဖြည်းနဲ့ သိသာလာတာက
ဒေါက်တာလွမ်းဆွေ ဟာ ဒေါ်အောင်ဆန်းစုကြည်
တိုက်ခိုက်ရေးသမားလုံးလုံးဖြစ်လာတာပါပဲ။
ဒေါ်စုတိုက်ခိုက်ရေးအတွက် ရှိသမျှလက်နက်
မျိုးစုံထုတ်သုံးတော့ပါပဲ။ ၅၅၀ ဇတ်တော်တွေ
ခုမှပိုဖတ်ကောင်းသဗျို့ ။ ဘာလို့ ဆိုတော့
အဲဒီမှာ သူကဇတ်တော်ပေါင်းရင် ဘယ်သူကဖြင့်
အဲဒီတုန်းဘယ်သူဖြစ်ခဲ့တယ်ပေါ့ အဲဒီလိုဇတ်ပေါင်း
တာကိုး။ အခုကျနော်တို့ ကြည့်နေတဲ့ဇတ်မှာ
ဒေါက်တာကြီးက
ဂုံးရုပ်နေရာကနေ သရုပ်ဆောင်နေရပုံပဲ။
သရုပ်ဆောင်ပီပြင်ချက်ကတော့ အကယ်ဒမီရှော့
ပဲဗျို့ ။
သူကတော့ သူ့ ကိုယ်သူ ဇတ်လိုက်ထင်နေပုံပဲ။
ဒါပေမယ့် ဂုံးရုပ်ဖြစ်နေတာမသိရှာဘူး။
သနားတော့သနားစရာပဲ။
ဒေါ်စုကိုပုဂ္ဂိုလ်မျိုးကိုတော့ ဝေဖန်ရေးမျက်နှာဖုံး
နဲ့ တိုက်ခိုက်ချင်သဗျ။ဒေါ်စုကိုဝေဖန်တာကို
မခံနိုင်တဲ့သူတွေတောင်သူကအပြစ်ပြော
ချင်သေးသဗျ။
ဒါပေမယ့် ဒေါက်တာကြီးက သူ့ ကိုဝေဖန်ရင်တော့
ဖြင့် ဆတ်ဆတ်ထိမခံပဲ။
ကျုပ် အိုင်ပီဆို သူ့ ဘလော့မှာ ဘာမှရေးလို့ 
မရအောင်ဘန်းပစ်တော့တာ။
ပြည်တွင်းမှာဆင်ဆာဖြတ်တဲ့ အကြောင်း
ဟောပြောပွဲနေတာတွေကြားဖူးတော့
အော်..သူကစာပေလွတ်လပ်ခွင့်မြတ်နိုးသူလို့ 
ထင်မိပါရဲ့ ။
တကယ်လဲဟုတ်ပါရဲ့ ။စာပေလွတ်လပ်ခွင့်ကတော့
သူဘလော့မှာသူရေးချင်ရာရေးသူတင်ချင်ရာတင်
သူဘန်းချင်ရာချင်ရာဘန်း။ ပြည်တွင်းက ဆင်ဆာ
အဖွဲ့ ထက်တောင်လက်သံပြောင်နေသေးတော့တယ်။
ဒါပေမယ့်ကိုယ်ကလည်းမနေနိုင် မထိုင်နိုင်
ရတဲ့ အပေါက်က၀င် ၀င်ပြီးတော့ ရေး။
နာမည်တွေ မျိုးစုံနဲ့ ဝင်ပြီး ရေးရသဗျို့ ။

ဒီစာကိုလည်း save ထားပြီးမှ တင်ရတယ်ဗျို့ ။
နို့ မိုဆိုလက်ညောင်းခံရေးထားတာ ဖျက်ပစ်တော့
လက်ညောင်းတာပဲအဖတ်တင်လို့ 
ကဲ၊ ဒေါက်တာကြီးရေ
ဂုံးရုပ်ကြီးရေ
ဒီတခေါက်ကတော့ဒီလောက်ပဲဗျို့ 

လှမောင် said...

ဖတ်တတ်မယ်ဆိုရင် ကာတွန်းဆရာရေးထားတာ သူ့ကိုယ်ပိုင်စကားတခုမှမပါဘူး ကာတွန်းထဲထည့်ဆွဲထားပြီဆိုရင် နိုင်ငံရေး Discourse မှာ လေးလေးနက်နက်တွေးစရာ လွဲချော်နိုင်မှုတွေ ရှိနေလို့ပဲ
နိုင်ငံတကာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တွေအားလုံး နိုင်ငံရေးကာတွန်းဆွဲမခံရဖူးတာမရှိဘူး ။
ဒါကိုသိပ်နာနေတယ်ဆိုရင် ဘယ်လောက်တောကျပြီး အမြင်ကျဉ်းသေးတယ်ဆိုတာကို ဟစ်တိုင်မှာလာကြေငြာတာပဲ ။ ဒီလာပြောတဲ့အထဲက ပြန်ဝေဖန်တယ်ဆိုတာ Fact အပေါ်မှာ Concept တစ်ခုခု ကို ကိုင်ပြီး ချေဖျက်နိုင်တဲ့အရည်အချင်းများရှိမလားလို့ဖတ်ကြည့်လိုက်မိပါတယ် ခွက်ခွက်ကိုလန်ရော။
အပြင်လောကကို နည်းနည်းလေးဖြစ်ဖြစ်ခေါင်းပြူကြည့်လိုက်ပါ။ ပြီးတော့ ကိုယ့်တိုင်းပြည်ထဲကိုပြန်လာပြီးတော့လဲ ပြန်ကြည့်လိုက်ပါ ။ ကိုယ့်ခေါင်းဆောင်မှားများမှားသွားခဲ့ရင် ဆိုတဲ့ စိတ်မရှိပဲ ကိုးကွယ်ယုံသက်သက်သာ တတ်တဲ့
သိသမျှကတော့ ခုချိန်မှာ အန်တီ စုသွားနေတဲ့လမ်းကြောင်းကို လုံးဝ ကာကွယ်ဖို့  အန်တီစု စိတ်မပြောင်းဖို့ ကို ကြံ့ဖွတ်အစိုးရနဲ့ သူတို့ ပြန်ကြားရေးဌာနအပါအ၀င် အားလုံးက ၀ိုင်းဝန်း ကြိုးပမ်းနေတယ်။ သူတို့ လူတွေ ပဲ ခုလို စာတွေရေးပြီး အန်တီစုကို သတိပေးနေတဲ့သူတွေကို တိုက်ခိုက်ခိုင်းနေတယ် သတိရှိကြဖို့ ပါ။

Thu said...

ဆိုချင်တာကတော့ အဖွားကြီး လုပ်နေ တာကို မကျေနပ်တဲ့ မကြိုက်တဲ့ ဓားပြလိုလူတွေ တလှည့်လောက် လှေထိုးပြီး ရောင်းဝယ်ကြည့်ပါလားလို့ ပြောချင်ပါတယ်။
http://fine-leaves.blogspot.com/2011/09/blog-post_24.html

Thu said...

Saya Lwan,
If you are being liberal, like to see Ko Zaw Min's post in your blog:
http://fine-leaves.blogspot.com/2011/09/blog-post_24.html

လင်္ကာ said...

ဟဲဟဲ ထင်တဲ့အတိုင်းပဲ ။ဖျက်တာပဲဗျ။
ဆက်လုပ်ဗျို့ 
ဂုံးရုပ်ကဂုံးရုပ်အလုပ်ဆက်လုပ်ဗျို့ 
အားပေးနေပါတယ်

သားသား said...

အသက် ၆၅ နှစ်ကျော် အဘွားအို ကို ဒီလို ရေးရဲ့ သတ္တိကို လေးစားပါတယ် ။ ကျုပ်ကို ဆက်သွယ်ချင်ရင် ၈၄၃၉၅၅၁၃ singapore ကို ဆက်ပေးပါ၊ ခင်ဗျား ဆက်သွယ်ခ ကုန်ကျခကို ပေးပါ့မယ် ။

လင်္ကာ said...

ကိုဇော်မင်းဆောင်းပါးမပြောနဲ့ ကျုပ် ကွန်မင့်တောင်
တင်ပေးရဲ တာမဟုတ်ဘူးဗျ။ အပေါ်မှာလက်ညောင်းခံပြီးရေးထားတာ
ဖျက်ပစ်သဗျို့ ။ သူ့ ကို ဂုံးရုပ်လို့ ပြောလို့ 
တော်တော်စိတ်နာသွားပုံပဲ
ကျလည်း ကျပါပေ့ ဒေါက်တာကြီးရယ်

pan pan said...

ဆရာနေမျိုးအေး... တရားခံဖြစ်တော့မယ် ..ကိုယ့်စိတ်ကိုက ဒီလိုပြစ်မှာချင်လို့ဆိုရင် မပြောတတ်ပါဘူး... စကားတစ်လုံးထက် စာတစ်လုံး ပုံတစ်ပုံက သမိုင်းတင်တတ်တာမို့ သတိထားစေချင်ပါတယ် ..ကျောင်းကြီးကြီး ကျောင်းသားများများကို အုပ်ချုပ်နေရတဲ့သူမို့ ဆင်ခြင်ရအောင် စေတနာနဲ့ သတိပေးပါတယ်

မိုးည said...

ဆရာနေမျိုးအေးခင်ဗျာ.....ကောက်ကျစ်မှုတွေအမျိုးမျိုးကို ဖြတ်ကျော်၊ နှစ်နှစ်ဆယ်ကျော် လောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားခံရတဲ့ မုဆိုးမကြီး တစ်ယောက်နဲ့
နရာ တစ်ဆိတ်လောက်လဲကြည့်ပါလား...
ဝေဖန်တာကိုကြိုဆိုပါတယ်နည်းနည်းစောနေသလာလို့ဗျာ.ပွဲကမပြီးသေးပါဘူး..ဝေဖန်တာစောနေသေးတော့ ကြည့်မကောင်းဘူးပေါ့...

ရွှေတုတ် said...

123456....ANK နဲ့... သားသားရယ်...စိတ်ကြီးလှချည်လား။

ဒီမိုကရေစီလေ...ကိုယ်မြင်တာလေးတွေ လွတ်လွတ်လပ်လပ်ထုပ်ဖေါ်ခွင့်မရှိဘူးလား။ ခင်ဗျားတို့ကစစ်တပ်ကိုဝေဖန်ရင် ၀မ်းမြောက်ဝမ်းသားနဲ့လက်ခုပ်တီးသလောက်...ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာကျတော့... အင်တိုက်အားတိုက်ကိုဝိုင်းဆဲနေကျပါလား။ ဒါလားဒီမိုကရေစီကိုမြတ်နိုးတာ။ ဟိုကောင်တွေကိုဝေဖန်ရင်ဒီမိုကရေစီ။ ငါတို့လေးစားတဲ့ အဖွားကြီးကိုထိရင် သေမယ့်သာပြင်ဆိုတဲ့အချိုမျိုးပါလားဗျာ။ ဟားဟားဟား....ရှက်စရာကောင်းလိုက်တာ..ဆရာလွဏ်းရေဆက်လုပ်ဗျာ။ အားပေတယ်။

သားသား said...

nga ခင်ဗျားတောင်းပန်ပါတယ်။ ညကလည်း နည်းနည်းမူးသွားလို့ပါ ပြီးတော့ ဒီကာတွန်းကို တွေ့ လိုက်တာနဲ့ စိတ်ထဲတော်တော် စိတ်မကောင်းဖြစ်သွားလို့ပါ ၊ နေမျိုးအေးဆိုတာ ကျွန်တော်တို့ ကြိုက်တဲ့ ကာတွန်းဆရာလည်းဖြစ်နေလို့ပါ ။ ဒီဆရာဆီက ဒီလိုတွေးတယ်ဆိုတော့ ယူကြုံးမရ ဖြစ်မိပါတယ် ၊ ကိုယ့်ကိုယ် ကိုယ်ဖျက် သံချေးတက်တဲ့ ။ အားလုံးအသိပါ ဒီမိုကရေစီ ရပြီ မရပြီဆိုတာပါ၊ ဒီမိုကရေစီဆိုတာကို နားမလယ်တဲ့ လူတစ်စုဆီက ဒီမိုကရေစီကို ရအောင်လုပ်ယူရတာ လွယ်လွယ်ကူကူ မဟုတ်ဘူးဆိုတာ ဒီအရေးကို လုပ်နေတဲ့ သူတိုင်းနားလယ်ပါတယ်၊ လွပ်လပ်စွာရေးသားတယ်ဆိုတာကို မူအရ လက်ခံပါတယ်။ အာဏာပိုင်တွေ အလိုကျလုပ်ပြတာဟာ လူသားမဆန်ပါဘူး၊ ကျွန်တော့်အနေနဲ့လည်း nld ပါတီဝင်လည်း မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မျက်စိ စုံမှိတ်ပြီး ထောက်ခံနေတာ မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်မှားတာတွေ ရှိခဲ့ပါတယ် ၊ ဒါပေမယ့်  ဘဝတစ်ခုလုံးကို မြုတ်နှံပြီး မြန်မာပြည် နိုင်ငံ အရေးလုပ်နေတဲ့ အဘွားအို ငယ် တစ်ယော်ကို ဒီလို ဝေဖန်ရဲတဲ့ ကလောင်ရမ်းကားတစ်ယောက်ကို ပြောတာပါ ၊

kslwin said...

ဝေဖန်တာက လွယ်ပါတယ်။
ဒါထက် အကျိုးသင့်အကြောင်းသင့် သုံးသပ်ပြီးတော့ အပြုသဘော ဝေဖန်နိုင်ဖို့က ခက်ပါတယ်။

သူများလုပ်တာကို ဝေဖန်ဖို့ထက် ကိုယ့်ကိုကို ဘယ်လောက် အလုပ်လုပ်ပြနိုင်သလည်း ပြန်ဝေဖန်ဖို့က ပိုခက်ပါတယ်။

ဒါထက်ဒါထက် ဝေဖန်ခံနိုင်ရဲ မှတ်ကျောက်တင်ခံရဲ ပြီး ရဲရဲရင့်ရင့် ဆုံးဖြတ်လုပ်ကိုင်ရဲ ဖို့က အခက်ဆုံးဖြစ်ပါတယ်။

ကိုယ်တွေကိုယ်တွေ လုပ်နေတဲ့ အလုပ်တွေသည် .. လွယ်သလားခက်သလား စဉ်းစားကြပါကုန်..

Thu said...

CG အာရှရေးရာ ညွှန်ကြားရေးမှူး Robert Templer က - မြန်မာပြည်မှာ နိုင်ငံရေး ဖြစ်စဉ်တွေက မြန်မြန် ဆန်ဆန် ရှေ့ကိုရွေ့နေပါတယ်။ အဲဒီဖြစ်စဉ်တွေဟာ အကောင်းမြင်အဆန်ဆုံး လေ့လာသူတွေတောင် ထင်မြင် မျှော်လင့်ထားတာတွေ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ အနေနဲ့ အရင်ကလို ခပ်ဝေးဝေးကနေ သံသယနဲ့ ကြည့်နေရမယ့် အချိန် မဟုတ်တော့ပါဘူး။ မြန်မာပြည် အပြောင်းအလဲ ဖြစ်စဉ်အပေါ် အားပေး ထောက်ကူနိုင်ရေး အတွက် ဒီပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်ကြဖို့ အရေးကြီးပါတယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ http://www.rfa.org/burmese/news/icg-government-09222011184957.html