Thursday, September 22, 2011

လတ်တလောများ

လတ်တလောများ
မောင်လွမ်းဏီ

ချွတ်ချော်တဲ့
လွှတ်တော်ကို ကြည့်ပြီး
ဤခရီးကား၊ မနီးသေးပါလား
တွေးမိတယ်။

ဇွတ်ခေါ်တဲ့
လွှတ်တော်ကို တွေ့ပြန်တော့
အများပြည်သူ သဘောမတူတဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ၇ လမ်းသွားမြေပုံ
ကြည့်လို့မမြင်ရတဲ့ ရုပ်စုံတွေအကြောင်း
မောင်းကြေးနင်းခတ်ချင်ပြန်။

လွှတ်နော်တဲ့
မော်လမြိုင်ငရဲခန်းရှေ့က
တကိုယ်တော်မိန်းမတယောက်
(ထောင်ဝင်စာ မစို့မပို့နဲ့)
သည်လျှောက် ဟိုလျှောက်
ဂေါက်နေတာတော့ မဟုတ်တန်ရာ။ ။

* နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော ကိုသက်ဦးနှင့်
ဇနီး ပြုံးပြုံးအေး (တာမွေ) မိသားစုသို့ ...


မောင်လွမ်းဏီ
၂၁-၉-၂၀၁၁

No comments: